[Zawgyi]

အသက်မပြည့်သူတွေကို ဂိမ်းစွဲလမ်းခြင်းက ကာကွယ်နိုင်မယ့် တရုတ်နိုင်ငံရဲ့ ဥပဒေသစ်

 

တရုတ်နိုင်ငံမှာ အသက် ၁၈ နှစ် မပြည့်သေးတဲ့ အရွယ်မရောက်သေးသူများ ဂိမ်းစွဲခြင်း ပြဿနာကို ဖြေရှင်းဖို့အတွက် စီမံချက်ဥပဒေအချို့ကို ကြေညာခဲ့ပါတယ်။ မကြာသေးမီက သတ်မှတ်ခဲ့ပြီး ယခုအချိန်မှာ အသက်ဝင်နေပြီဖြစ်ပြီဖြစ်တဲ့ ဒီဥပဒေမှာ အရွယ်မရောက်သေးသူများ ဂိမ်းကစားနိုင်မယ့်အချိန်ကို ကန့်သတ်ခြင်းနဲ့ ဂိမ်းအတွင်း ငွေကြေးသုံးစွဲမှု ကန့်သတ်ခြင်းများ ပါဝင်ပါတယ်။

ဒီဥပဒေအရ အွန်လိုင်းဂိမ်းများဟာ အရွယ်မရောက်သေးသူများကို ည ၁၀ နာရီကနေ မနက် ၈ နာရီအထိ ဂိမ်းကစားခြင်းကို တားမြစ်ထားပါတယ်။ ကစားနိုင်မယ့်အချိန်အတိုင်းအတာကိုလည်း ကန့်သတ်ထားလို့ တနင်္လာနေ့ကနေသောကြာနေ့အထိ တစ်ရက်ချင်းစီမှာ မိနစ် ၉၀ စီသာ ကစားခွင့်ပြုထားပြီး စနေ တနင်္ဂနွေနဲ့ အစိုးရ ရုံးပိတ်ရက်များမှာတော့ တစ်ရက်ကို ၃ နာရီအထိ ကစားနိုင်ကြမှာဖြစ်ပါတယ်။

အရွယ်မရောက်သေးသူများ ဂိမ်းအကောင့်ထဲမှာ ထည့်သွင်းသိမ်းဆည်းထားနိုင်မယ့် ငွေကြေးပမာဏကိုလည်း ကန့်သတ်ထားပါတယ်။ ၁၆ နှစ်မပြည့်သေးသူများဟာ မိမိတို့ရဲ့ အကောင့်ထဲမှာ ဒေါ်လာ ၃၀ (ယွမ် ၂၀၀) အထိသာ ထည့်ထားနိုင်မှာဖြစ်ပြီး ၁၆ နှစ်နဲ့ ၁၈ နှစ်ကြား လူငယ်များကတော့ ၅၇ ဒေါ်လာ (ယွမ် ၄၀၀) အထိသာ ထည့်သွင်းထားနိုင်မှာပါ။

“Six Main Measures of Anti-Addiction Guidelines for Minors” လို့ အမည်ပေးထားတဲ့ ကြေညာချက်အရ အရွယ်မရောက်သေးသူများ ဂိမ်းစွဲခြင်း တိုက်ဖျက်ရေး စီမံချက် ၆ ခုကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

(၁) အွန်လိုင်းဂိမ်းများပေါ်မှာ နာမည်အရင်းကိုသာ အသုံးပြုရန် ကန့်သတ်ခြင်း။

ဂိမ်းကစားသူများအားလုံးကို အွန်လိုင်းပေါ်မှာ နာမည်အရင်းနဲ့သာ ကစားကြဖို့ ကန့်သတ်လိုက်ပါတယ်။ ဒီလိုသတ်မှတ်လိုက်တဲ့အတွက် ကစားသူအားလုံးဟာ မိမိတို့ရဲ့ ဂိမ်းအကောင့်များမှာ ကိုယ်ဘယ်သူဘယ်ဝါဆိုတာကို ထင်ထင်ရှားရှား ဖော်ပြဖို့ လိုအပ်သွားခဲ့ပါတယ်။

(၂) အရွယ်မရောက်သေးသူများ ဂိမ်းကစားနိုင်မယ့် အချိန်ကို ကန့်သတ်ခြင်း။

အသက် ၁၈ နှစ် မပြည့်သေးသူများအားလုံးကို ည ၁၀ နာရီကနေ မနက် ၈ နာရီအထိသာ ဂိမ်းကစားခွင့်ကို ရပ်တန့်ထားမှာ ဖြစ်ပါတယ်။ ကျောင်းဖွင့်ရက်များမှာ တစ်ရက်ကို မိနစ် ၉၀ စီသာ ကစားခွင့်ပြုထားပြီး ပိတ်ရက်များမှာတော့ ၃ နာရီ စီ ကစားခွင့်ပြုထားပါတယ်။

(၃) အရွယ်မရောက်သေးသူများ ဂိမ်းအတွင်း အသုံးပြုနိုင်မယ့် ငွေကြေးပမာဏကို ကန့်သတ်ခြင်း။

အသက် ၈ နှစ်အောက် ကလေးသူငယ်များကို ဂိမ်းအတွင်းမှာ ငွေကြေးအသုံးပြုခွင့်နဲ့ ဝယ်ယူခွင့် မပြုတော့ပါဘူး။ အသက် ၈ နှစ် နဲ့ ၁၆ နှစ်ကြား လူငယ်များဟာ တစ်ခေါက်ကို ယွမ် ၅၀ အများဆုံးအသုံးပြုပြီး တစ်လကို ယွမ် ၂၀၀ အထိသာ ဂိမ်းအတွင်းဝယ်ယူမှုများ ပြုလုပ်နိုင်မှာပါ။ အသက် ၁၆ နှစ် နဲ့ ၁၈ နှစ်ကြား လူငယ်များကိုတော့ တစ်ခေါက်ကို ယွမ် ၁၀၀ စီ နဲ့ တစ်လကို ယွမ် ၄၀၀ အထိ အများဆုံး ဝယ်ယူဖို့ ကန့်သတ်ထားပါတယ်။

(၄) ဂိမ်းကုမ္ပဏီများရဲ့ ကြီးကြပ်စောင့်ကြည့်မှုကို တိုးမြှင့်စေခြင်း။

(၅) အသက်အရွယ်သတ်မှတ်ချက်စနစ်ကို လေ့လာသုံးသပ်ပြီး အကောင်အထည်ဖော်ခြင်း။

(၆) အရွယ်မရောက်သေးသူ ကလေးသူငယ်များ မိမိကိုယ်ကို တာဝန်ယူမှုပြုလုပ်စေရန် မိဘများ၊ ကျောင်းများနဲ့ လူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်းများက အားပေးဖို့ တိုက်တွန်းခြင်း။

အရွယ်မရောက်သေးသူ ကလေးသူငယ်များ အွန်လိုင်းဂိမ်းများကို နည်းစနစ်တကျ မှန်ကန်စွာ ကစားတတ်လာပြီး ကျန်းမာရေးအတွက် အလေ့အကျင့်ကောင်းများ ရရှိလာအောင် ယင်းတို့ရဲ့ ပတ်ဝန်းကျင်က အားပေးကူညီမှုများ ပြုလုပ်ဖို့ တိုက်တွန်းထားပါတယ်။

တရုတ်အစိုးရပိုင်း တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရတော့ ယခု စီမံချက်များဟာ အရွယ်မရောက်သေးသူများ စိတ်ရော ကိုယ်ပါ ကျန်းမာလာအောင် ကာကွယ်မှု ပြုလုပ်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ “ယခုကြေညာချက်ဟာ ဂိမ်းကော်ပိုရေးရှင်းများ ပိုမိုတာဝန်ယူမှုရှိလာစေဖို့ ဖိအားပေးခြင်းတစ်ခုပါ။ လက်ရှိအချိန်မှာ ရင်ဆိုင်နေရတဲ့ ဂိမ်းနဲ့ ပတ်သတ်တဲ့ ပြဿနာများကို ဖြေရှင်းခြင်းလည်း ဖြစ်ပါတယ်။” လို့လည်း ပြောသွားခဲ့ပါတယ်။

ကမ္ဘာ့အကြီးဆုံးဂိမ်းစျေးကွက်များထဲကတစ်ခုကို ပိုင်ဆိုင်ထားတဲ့ တရုတ်နိုင်ငံဟာ ယင်းနိုင်ငံတွင်းဂိမ်းစျေးကွက်ကို ထိန်းချုပ်ဖို့ ကြိုးစားနေတာ ကြာမြင့်ခဲ့ပါပြီ။ ယခင်က ပြုလုပ်ခဲ့တဲ့ စီမံချက်များအရ အကြမ်းဖက်မှုကို အားပေးကြောင်း ယူဆခြင်းခံရတဲ့ဂိမ်းများ(ဥပမာ PUBG နဲ့ Fortnite) ကို ဖယ်ရှားခဲ့သလို Overwatch တို့လို အချို့သောဂိမ်းများကိုလည်း ပြုပြင်ခြင်းများ လုပ်စေခဲ့ပါတယ်။ တရုတ်အစိုးရမှ စျေးကွက်အတွင်း ဖြန့်ချိထားတဲ့ ပြည်တွင်း ပြည်ပဂိမ်းများအားလုံးကို ထိန်းချုပ်မှုများ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။

တရုတ်ဂိမ်းစျေးကွက်အတွင်းက အရွယ်မရောက်သေးတဲ့ ကစားသူဦးရေဟာ ၂၀ ရာခိုင်နှုန်းထက် နည်းသလို ယင်းတို့ထဲမှာ ဂိမ်းအတွက် ငွေကြေးသုံးစွဲသူကလည်း နည်းပါးလှပါတယ်။ ဒါကြောင့်လည်း ယခု စီမံချက်များဟာ နိုင်ငံရဲ့ ဂိမ်းစျေးကွက်ကို မထိခိုက်စေပဲ အရွယ်မရောက်သေးသူများအတွက်သာ အကျိုးဖြစ်ထွန်းစေမယ်လို့ အများက သုံးသပ်နေကြပါတော့တယ်။

မိဘတွေကလည်း သားသမီးတွေကို ကြည့်ရှုစောင့်ရှောက်ပြီး သွန်သင်ဆုံးမဖို့ အချိန်မရှိကြတော့တဲ့ တရုတ်လို နိုင်ငံမျိုးမှာ ယခုလို ဥပဒေမျိုးဟာ လူငယ်တွေရဲ့ အနာဂတ်ကို တိုးတက်စေနိုင်ပြီး ဂိမ်းစီးပွားရေးကိုလည်း ထိခိုက်မှုနည်းပါတယ်လို့ ယူဆရပါတယ်။Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။

Source: VPesports


[Zawgyi]

အသက္မျပည့္သူေတြကို ဂိမ္းစြဲလမ္းျခင္းက ကာကြယ္ႏိုင္မယ့္ တ႐ုတ္ႏိုင္ငံရဲ႕ ဥပေဒသစ္

 

တ႐ုတ္ႏိုင္ငံမွာ အသက္ ၁၈ ႏွစ္ မျပည့္ေသးတဲ့ အ႐ြယ္မေရာက္ေသးသူမ်ား ဂိမ္းစြဲျခင္း ျပႆနာကို ေျဖရွင္းဖို႔အတြက္ စီမံခ်က္ဥပေဒအခ်ိဳ႕ကို ေၾကညာခဲ့ပါတယ္။ မၾကာေသးမီက သတ္မွတ္ခဲ့ၿပီး ယခုအခ်ိန္မွာ အသက္ဝင္ေနၿပီျဖစ္ၿပီျဖစ္တဲ့ ဒီဥပေဒမွာ အ႐ြယ္မေရာက္ေသးသူမ်ား ဂိမ္းကစားႏိုင္မယ့္အခ်ိန္ကို ကန္႔သတ္ျခင္းနဲ႔ ဂိမ္းအတြင္း ေငြေၾကးသုံးစြဲမႈ ကန္႔သတ္ျခင္းမ်ား ပါဝင္ပါတယ္။

ဒီဥပေဒအရ အြန္လိုင္းဂိမ္းမ်ားဟာ အ႐ြယ္မေရာက္ေသးသူမ်ားကို ည ၁၀ နာရီကေန မနက္ ၈ နာရီအထိ ဂိမ္းကစားျခင္းကို တားျမစ္ထားပါတယ္။ ကစားႏိုင္မယ့္အခ်ိန္အတိုင္းအတာကိုလည္း ကန္႔သတ္ထားလို႔ တနလၤာေန႔ကေနေသာၾကာေန႔အထိ တစ္ရက္ခ်င္းစီမွာ မိနစ္ ၉၀ စီသာ ကစားခြင့္ျပဳထားၿပီး စေန တနဂၤေႏြနဲ႔ အစိုးရ ႐ုံးပိတ္ရက္မ်ားမွာေတာ့ တစ္ရက္ကို ၃ နာရီအထိ ကစားႏိုင္ၾကမွာျဖစ္ပါတယ္။

အ႐ြယ္မေရာက္ေသးသူမ်ား ဂိမ္းအေကာင့္ထဲမွာ ထည့္သြင္းသိမ္းဆည္းထားႏိုင္မယ့္ ေငြေၾကးပမာဏကိုလည္း ကန္႔သတ္ထားပါတယ္။ ၁၆ ႏွစ္မျပည့္ေသးသူမ်ားဟာ မိမိတို႔ရဲ႕ အေကာင့္ထဲမွာ ေဒၚလာ ၃၀ (ယြမ္ ၂၀၀) အထိသာ ထည့္ထားႏိုင္မွာျဖစ္ၿပီး ၁၆ ႏွစ္နဲ႔ ၁၈ ႏွစ္ၾကား လူငယ္မ်ားကေတာ့ ၅၇ ေဒၚလာ (ယြမ္ ၄၀၀) အထိသာ ထည့္သြင္းထားႏိုင္မွာပါ။

“Six Main Measures of Anti-Addiction Guidelines for Minors” လို႔ အမည္ေပးထားတဲ့ ေၾကညာခ်က္အရ အ႐ြယ္မေရာက္ေသးသူမ်ား ဂိမ္းစြဲျခင္း တိုက္ဖ်က္ေရး စီမံခ်က္ ၆ ခုကေတာ့ ေအာက္ပါအတိုင္း ျဖစ္ပါတယ္။

(၁) အြန္လိုင္းဂိမ္းမ်ားေပၚမွာ နာမည္အရင္းကိုသာ အသုံးျပဳရန္ ကန္႔သတ္ျခင္း။

ဂိမ္းကစားသူမ်ားအားလုံးကို အြန္လိုင္းေပၚမွာ နာမည္အရင္းနဲ႔သာ ကစားၾကဖို႔ ကန္႔သတ္လိုက္ပါတယ္။ ဒီလိုသတ္မွတ္လိုက္တဲ့အတြက္ ကစားသူအားလုံးဟာ မိမိတို႔ရဲ႕ ဂိမ္းအေကာင့္မ်ားမွာ ကိုယ္ဘယ္သူဘယ္ဝါဆိုတာကို ထင္ထင္ရွားရွား ေဖာ္ျပဖို႔ လိုအပ္သြားခဲ့ပါတယ္။

(၂) အ႐ြယ္မေရာက္ေသးသူမ်ား ဂိမ္းကစားႏိုင္မယ့္ အခ်ိန္ကို ကန္႔သတ္ျခင္း။

အသက္ ၁၈ ႏွစ္ မျပည့္ေသးသူမ်ားအားလုံးကို ည ၁၀ နာရီကေန မနက္ ၈ နာရီအထိသာ ဂိမ္းကစားခြင့္ကို ရပ္တန႔္ထားမွာ ျဖစ္ပါတယ္။ ေက်ာင္းဖြင့္ရက္မ်ားမွာ တစ္ရက္ကို မိနစ္ ၉၀ စီသာ ကစားခြင့္ျပဳထားၿပီး ပိတ္ရက္မ်ားမွာေတာ့ ၃ နာရီ စီ ကစားခြင့္ျပဳထားပါတယ္။

(၃) အ႐ြယ္မေရာက္ေသးသူမ်ား ဂိမ္းအတြင္း အသုံးျပဳႏိုင္မယ့္ ေငြေၾကးပမာဏကို ကန္႔သတ္ျခင္း။

အသက္ ၈ ႏွစ္ေအာက္ ကေလးသူငယ္မ်ားကို ဂိမ္းအတြင္းမွာ ေငြေၾကးအသုံးျပဳခြင့္နဲ႔ ဝယ္ယူခြင့္ မျပဳေတာ့ပါဘူး။ အသက္ ၈ ႏွစ္ နဲ႔ ၁၆ ႏွစ္ၾကား လူငယ္မ်ားဟာ တစ္ေခါက္ကို ယြမ္ ၅၀ အမ်ားဆုံးအသုံးျပဳၿပီး တစ္လကို ယြမ္ ၂၀၀ အထိသာ ဂိမ္းအတြင္းဝယ္ယူမႈမ်ား ျပဳလုပ္ႏိုင္မွာပါ။ အသက္ ၁၆ ႏွစ္ နဲ႔ ၁၈ ႏွစ္ၾကား လူငယ္မ်ားကိုေတာ့ တစ္ေခါက္ကို ယြမ္ ၁၀၀ စီ နဲ႔ တစ္လကို ယြမ္ ၄၀၀ အထိ အမ်ားဆုံး ဝယ္ယူဖို႔ ကန္႔သတ္ထားပါတယ္။

(၄) ဂိမ္းကုမၸဏီမ်ားရဲ႕ ႀကီးၾကပ္ေစာင့္ၾကည့္မႈကို တိုးျမႇင့္ေစျခင္း။

(၅) အသက္အ႐ြယ္သတ္မွတ္ခ်က္စနစ္ကို ေလ့လာသုံးသပ္ၿပီး အေကာင္အထည္ေဖာ္ျခင္း။

(၆) အ႐ြယ္မေရာက္ေသးသူ ကေလးသူငယ္မ်ား မိမိကိုယ္ကို တာဝန္ယူမႈျပဳလုပ္ေစရန္ မိဘမ်ား၊ ေက်ာင္းမ်ားနဲ႔ လူမႈပတ္ဝန္းက်င္အသိုင္းအဝိုင္းမ်ားက အားေပးဖို႔ တိုက္တြန္းျခင္း။

အ႐ြယ္မေရာက္ေသးသူ ကေလးသူငယ္မ်ား အြန္လိုင္းဂိမ္းမ်ားကို နည္းစနစ္တက် မွန္ကန္စြာ ကစားတတ္လာၿပီး က်န္းမာေရးအတြက္ အေလ့အက်င့္ေကာင္းမ်ား ရရွိလာေအာင္ ယင္းတို႔ရဲ႕ ပတ္ဝန္းက်င္က အားေပးကူညီမႈမ်ား ျပဳလုပ္ဖို႔ တိုက္တြန္းထားပါတယ္။

တ႐ုတ္အစိုးရပိုင္း တာဝန္ရွိသူတစ္ဦးရဲ႕ ေျပာၾကားခ်က္အရေတာ့ ယခု စီမံခ်က္မ်ားဟာ အ႐ြယ္မေရာက္ေသးသူမ်ား စိတ္ေရာ ကိုယ္ပါ က်န္းမာလာေအာင္ ကာကြယ္မႈ ျပဳလုပ္ျခင္း ျဖစ္တယ္လို႔ ဆိုပါတယ္။ “ယခုေၾကညာခ်က္ဟာ ဂိမ္းေကာ္ပိုေရးရွင္းမ်ား ပိုမိုတာဝန္ယူမႈရွိလာေစဖို႔ ဖိအားေပးျခင္းတစ္ခုပါ။ လက္ရွိအခ်ိန္မွာ ရင္ဆိုင္ေနရတဲ့ ဂိမ္းနဲ႔ ပတ္သတ္တဲ့ ျပႆနာမ်ားကို ေျဖရွင္းျခင္းလည္း ျဖစ္ပါတယ္။” လို႔လည္း ေျပာသြားခဲ့ပါတယ္။

ကမာၻ႔အႀကီးဆုံးဂိမ္းေစ်းကြက္မ်ားထဲကတစ္ခုကို ပိုင္ဆိုင္ထားတဲ့ တ႐ုတ္ႏိုင္ငံဟာ ယင္းႏိုင္ငံတြင္းဂိမ္းေစ်းကြက္ကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားေနတာ ၾကာျမင့္ခဲ့ပါၿပီ။ ယခင္က ျပဳလုပ္ခဲ့တဲ့ စီမံခ်က္မ်ားအရ အၾကမ္းဖက္မႈကို အားေပးေၾကာင္း ယူဆျခင္းခံရတဲ့ဂိမ္းမ်ား(ဥပမာ PUBG နဲ႔ Fortnite) ကို ဖယ္ရွားခဲ့သလို Overwatch တို႔လို အခ်ိဳ႕ေသာဂိမ္းမ်ားကိုလည္း ျပဳျပင္ျခင္းမ်ား လုပ္ေစခဲ့ပါတယ္။ တ႐ုတ္အစိုးရမွ ေစ်းကြက္အတြင္း ျဖန္႔ခ်ိထားတဲ့ ျပည္တြင္း ျပည္ပဂိမ္းမ်ားအားလုံးကို ထိန္းခ်ဳပ္မႈမ်ား ျပဳလုပ္ထားႏိုင္ခဲ့ပါတယ္။

တ႐ုတ္ဂိမ္းေစ်းကြက္အတြင္းက အ႐ြယ္မေရာက္ေသးတဲ့ ကစားသူဦးေရဟာ ၂၀ ရာခိုင္ႏႈန္းထက္ နည္းသလို ယင္းတို႔ထဲမွာ ဂိမ္းအတြက္ ေငြေၾကးသုံးစြဲသူကလည္း နည္းပါးလွပါတယ္။ ဒါေၾကာင့္လည္း ယခု စီမံခ်က္မ်ားဟာ ႏိုင္ငံရဲ႕ ဂိမ္းေစ်းကြက္ကို မထိခိုက္ေစပဲ အ႐ြယ္မေရာက္ေသးသူမ်ားအတြက္သာ အက်ိဳးျဖစ္ထြန္းေစမယ္လို႔ အမ်ားက သုံးသပ္ေနၾကပါေတာ့တယ္။

မိဘေတြကလည္း သားသမီးေတြကို ၾကည့္ရႈေစာင့္ေရွာက္ၿပီး သြန္သင္ဆုံးမဖို႔ အခ်ိန္မရွိၾကေတာ့တဲ့ တ႐ုတ္လို ႏိုင္ငံမ်ိဳးမွာ ယခုလို ဥပေဒမ်ိဳးဟာ လူငယ္ေတြရဲ႕ အနာဂတ္ကို တိုးတက္ေစႏိုင္ၿပီး ဂိမ္းစီးပြားေရးကိုလည္း ထိခိုက္မႈနည္းပါတယ္လို႔ ယူဆရပါတယ္။Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။

Source: VPesports