[Unicode]

တရုတ်အသင်းများ စုစည်းပြီး Dota 2 League ပြိုင်ပွဲ ပြုလုပ်ကျင်းပမည်

 

COVID-19 ပြဿနာကြောင့် လက်ရှိအခြေအနေအရ တရုတ် Dota 2 အသင်းများဟာ နိုင်ငံတကာပြိုင်ပွဲများကို သွားရောက်ယှဉ်ပြိုင်ဖို့ မလွယ်ကူလှပါဘူး။ ယခုနှစ် DPC season ရဲ့ ESL One Los Angeles Major နဲ့ Epicenter Major များဟာလည်း ရွှေ့ဆိုင်းခံထားရပြီး ဘယ်အချိန်မှ ပြန်လည်ကျင်းပမယ်ဆိုတာကို မသိကြရသေးလို့ လတ်တလောမှာ Dota 2 ပြိုင်ပွဲကြီးများ ဆိတ်သုန်းလျက်ရှိပါတယ်။ ဒါကြောင့် တရုတ်ပရော်ဖက်ရှင်နယ် Dota 2 အဖွဲ့ကြီး (CDA) က ကြေညာချက်တစ်ခုကို မကြာသေးမီက ပြုလုပ်လိုက်ပါတယ်။

ဒီလိုကြေညာလိုက်တဲ့အကြောင်းကို Invictus Gaming (IG) က တရုတ်လူမှုကွန်ယက် Weibo ပေါ်မှာ ရေးသားထားခဲ့ပါတယ်။ ကြေညာချက်အရတော့ ရွှေ့ဆိုင်းခံထားရတဲ့ Major ပြိုင်ပွဲများ ပြန်လည်ကျင်းပဖို့ စောင့်ဆိုင်းနေကြရတဲ့အချိန်အတွင်းမှာ CDA အဖွဲ့ကြီးက ဦးဆောင်ကာ တရုတ်အသင်းများကို စုစည်းပြီး Dota 2 league ပြိုင်ပွဲ ပြုလုပ်ကျင်းပသွားမယ်လို့ ဆိုပါတယ်။

COVID-19 ကူးစက်ခံရခြင်းကို ရှောင်ရှားနိုင်ဖို့အတွက် ပြိုင်ပွဲဝင်အသင်းများဟာ ပွဲစဉ်များအားလုံးကို အွန်လိုင်းကနေသာ ကစားကြရမှာပါ။ ကြေညာချက်အတွင်းမှာ ပါဝင်ခဲ့တဲ့ တရုတ်အသင်း ၈ သင်းကတော့ Vici Gaming, PSG.LGD, Invictus Gaming, Team Aster, Royal Never Give Up, Keen Gaming, Newbee နဲ့ EHOME တို့ပဲ ဖြစ်ကြပါတယ်။

ပြိုင်ပွဲ စတင်ကျင်းပမယ့် အချိန်အတိအကျကိုတော့ ကြေညာချက်အတွင်းမှာ ပြောကြားထားခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့် လက်ရှိမှာ ကျင်းပဖို့ကြေညာထားတဲ့ Dota 2 ပြိုင်ပွဲဆိုလို့ WeSave! Charity Play ပွဲနဲ့ Rivalry No Major No Problem ပွဲငယ် ၂ ပွဲသာ ရှိတာမို့ တရုတ် Dota 2 league ဟာ အချိန်မဆွဲပဲ အမြန်ဆုံး စတင်မယ်လို့ ယူဆရပါတယ်။

IG ရဲ့ Webio ပို့စ်အတွင်း ရေးသားချက်များထဲမှာတော့ “အွန်လိုင်းပေါ်ကနေ ပြုလုပ်မယ့် ဒီပြိုင်ပွဲကို stream ပေါ်ကနေ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာပါ။ ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများ၊ stream လွှင့်မယ့် ဝက်ဘ်ဆိုက်လိပ်စာများနဲ့ အသေးစိတ်အချက်အလက်များကို နောက်ပိုင်းမှာ ဆက်လက် ကြေညာသွားမှာဖြစ်ပါတယ်။

ဒီပြိုင်ပွဲဟာ အခက်အခဲများကြုံတွေ့နေကြရတဲ့ ယခုအချိန်ကို အတူတကွလက်တွဲရင်ဆိုင်နိုင်ဖို့ အထောက်အကူတစ်ခုဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ဒီရောဂါပြဿနာကြီးကို တစ်ကမ္ဘာလုံး ကျော်လွှားသွားနိုင်ကြပြီး အရာအားလုံး ပုံမှန်အနေအထားအတိုင်း အမြန်ဆုံးပြန်ဖြစ်လာဖို့ကိုလည်း မျှော်လင့်လျက်ရှိကြပါတယ်” အစရှိသဖြင့် ပါဝင်ခဲ့ပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: vpesports


[ZawGyi]

တ႐ုတ္အသင္းမ်ား စုစည္းၿပီး Dota 2 League ၿပိဳင္ပြဲ ျပဳလုပ္က်င္းပမည္

 

COVID-19 ျပႆနာေၾကာင့္ လက္ရွိအေျခအေနအရ တ႐ုတ္ Dota 2 အသင္းမ်ားဟာ ႏိုင္ငံတကာၿပိဳင္ပြဲမ်ားကို သြားေရာက္ယွဥ္ၿပိဳင္ဖို႔ မလြယ္ကူလွပါဘူး။ ယခုႏွစ္ DPC season ရဲ႕ ESL One Los Angeles Major နဲ႔ Epicenter Major မ်ားဟာလည္း ေ႐ႊ႕ဆိုင္းခံထားရၿပီး ဘယ္အခ်ိန္မွ ျပန္လည္က်င္းပမယ္ဆိုတာကို မသိၾကရေသးလို႔ လတ္တေလာမွာ Dota 2 ၿပိဳင္ပြဲႀကီးမ်ား ဆိတ္သုန္းလ်က္ရွိပါတယ္။ ဒါေၾကာင့္ တ႐ုတ္ပေရာ္ဖက္ရွင္နယ္ Dota 2 အဖြဲ႕ႀကီး (CDA) က ေၾကညာခ်က္တစ္ခုကို မၾကာေသးမီက ျပဳလုပ္လိုက္ပါတယ္။

ဒီလိုေၾကညာလိုက္တဲ့အေၾကာင္းကို Invictus Gaming (IG) က တ႐ုတ္လူမႈကြန္ယက္ Weibo ေပၚမွာ ေရးသားထားခဲ့ပါတယ္။ ေၾကညာခ်က္အရေတာ့ ေ႐ႊ႕ဆိုင္းခံထားရတဲ့ Major ၿပိဳင္ပြဲမ်ား ျပန္လည္က်င္းပဖို႔ ေစာင့္ဆိုင္းေနၾကရတဲ့အခ်ိန္အတြင္းမွာ CDA အဖြဲ႕ႀကီးက ဦးေဆာင္ကာ တ႐ုတ္အသင္းမ်ားကို စုစည္းၿပီး Dota 2 league ၿပိဳင္ပြဲ ျပဳလုပ္က်င္းပသြားမယ္လို႔ ဆိုပါတယ္။

COVID-19 ကူးစက္ခံရျခင္းကို ေရွာင္ရွားႏိုင္ဖို႔အတြက္ ၿပိဳင္ပြဲဝင္အသင္းမ်ားဟာ ပြဲစဥ္မ်ားအားလုံးကို အြန္လိုင္းကေနသာ ကစားၾကရမွာပါ။ ေၾကညာခ်က္အတြင္းမွာ ပါဝင္ခဲ့တဲ့ တ႐ုတ္အသင္း ၈ သင္းကေတာ့ Vici Gaming, PSG.LGD, Invictus Gaming, Team Aster, Royal Never Give Up, Keen Gaming, Newbee နဲ႔ EHOME တို႔ပဲ ျဖစ္ၾကပါတယ္။

ၿပိဳင္ပြဲ စတင္က်င္းပမယ့္ အခ်ိန္အတိအက်ကိုေတာ့ ေၾကညာခ်က္အတြင္းမွာ ေျပာၾကားထားခဲ့ျခင္း မရွိပါဘူး။ ဒါေပမယ့္ လက္ရွိမွာ က်င္းပဖို႔ေၾကညာထားတဲ့ Dota 2 ၿပိဳင္ပြဲဆိုလို႔ WeSave! Charity Play ပြဲနဲ႔ Rivalry No Major No Problem ပြဲငယ္ ၂ ပြဲသာ ရွိတာမို႔ တ႐ုတ္ Dota 2 league ဟာ အခ်ိန္မဆြဲပဲ အျမန္ဆုံး စတင္မယ္လို႔ ယူဆရပါတယ္။

IG ရဲ႕ Webio ပို႔စ္အတြင္း ေရးသားခ်က္မ်ားထဲမွာေတာ့ “အြန္လိုင္းေပၚကေန ျပဳလုပ္မယ့္ ဒီၿပိဳင္ပြဲကို stream ေပၚကေန တိုက္႐ိုက္ထုတ္လႊင့္ျပသသြားမွာပါ။ ၿပိဳင္ပြဲစည္းမ်ဥ္းစည္းကမ္းမ်ား၊ stream လႊင့္မယ့္ ဝက္ဘ္ဆိုက္လိပ္စာမ်ားနဲ႔ အေသးစိတ္အခ်က္အလက္မ်ားကို ေနာက္ပိုင္းမွာ ဆက္လက္ ေၾကညာသြားမွာျဖစ္ပါတယ္။

ဒီၿပိဳင္ပြဲဟာ အခက္အခဲမ်ားႀကဳံေတြ႕ေနၾကရတဲ့ ယခုအခ်ိန္ကို အတူတကြလက္တြဲရင္ဆိုင္ႏိုင္ဖို႔ အေထာက္အကူတစ္ခုျဖစ္လာလိမ့္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္။ ဒီေရာဂါျပႆနာႀကီးကို တစ္ကမာၻလုံး ေက်ာ္လႊားသြားႏိုင္ၾကၿပီး အရာအားလုံး ပုံမွန္အေနအထားအတိုင္း အျမန္ဆုံးျပန္ျဖစ္လာဖို႔ကိုလည္း ေမွ်ာ္လင့္လ်က္ရွိၾကပါတယ္” အစရွိသျဖင့္ ပါဝင္ခဲ့ပါတယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

source: vpesports