[Unicode]

Brawl Stars ဂိမ်းရဲ့ ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံလိုက်ရတဲ့ BLACKPINK အဖွဲ့ဝင် Lisa

 

နာမည်ကျော်အမျိုးသမီးဂီတအဖွဲ့ BLACKPINK ရဲ့ ပင်တိုင် dancer နဲ့ K-pop အဆိုတော်တစ်ဦးဖြစ်သူ Lisa ဟာ Supercell ရဲ့ Brawl Stars ဂိမ်းမှာ ကိုယ်စားလှယ်တစ်ဦးအဖြစ် ခန့်အပ်ခြင်းကို ခံခဲ့ရပါတယ်။ အဓိကအားဖြင့်တော့ Brawl Stars China ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးအဖြစ် Lisa ကို ခန့်အပ်ခဲ့တာဖြစ်ပြီး မကြာသေးမီက ထွက်ပေါ်လာခဲ့တဲ့ Weibo ပေါ်က ဗီဒီယိုတစ်ခုအတွင်းမှာ ဒီအကြောင်းကို အတည်ပြုကြေညာခဲ့တာဖြစ်ပါတယ်။

ယင်းဗီဒီယိုအတွင်းမှာတော့ Lisa ဟာ legendary brawler တစ်ကောင်ဖြစ်တဲ့ Spike ရဲ့ ပုံတူအရုပ်လေးကို ကိုင်ဆောင်ထားတာကို တွေ့မြင်ရမှာပါ။ Brawl Stars ဂိမ်းဟာ တကယ်ကို စိတ်ပျော်ရွှင်မှုပေးနိုင်တဲ့အတွက် ကစားသူများကို လာရောက်ကစားကြည့်စေလိုကြောင်းကိုလည်း ယင်းဗီဒီယိုအတွင်းမှာပဲ Lisa က ပြောသွားခဲ့ပါသေးတယ်။

မိုဘိုင်းလ်ဂိမ်းများနဲ့ ပတ်သက်တဲ့ Lisa ရဲ့ လှုပ်ရှားမှုအနေနဲ့ကတော့ ယခုတစ်ကြိမ်ဟာ ပထမဆုံး မဟုတ်ပါဘူး။ MMORPG ဂိမ်းတစ်ခုဖြစ်တဲ့ Ragnarok M: Eternal Love နဲ့ နာမည်ကြီး Candy Crush တို့လို ဂိမ်းများကလည်း Lisa ကို ခန့်အပ်မှုများ ပြုလုပ်ခဲ့ဖူးပါတယ်။ ဒါ့အပြင် သူမဟာ ကိုယ်တိုင်လည်း ဂိမ်းကစားသူတစ်ဦးဖြစ်ပြီး Animal Crossing: New Horizons တို့လို ဂိမ်းများကို ကစားပြခဲ့ဖူးပါသေးတယ်။

Lisa playing Animal Crossing

Supercell ရဲ့ Brawl Stars ဟာ မိုဘိုင်းလ် MOBA အမျိုးအစား ဂိမ်းတစ်ခုဖြစ်ပြီး ၂၀၁၈ နှစ်ကုန်ပိုင်းလောက်မှာမှ ထွက်ရှိလာခဲ့တာပါ။ Brawl Stars ဟာ အခြား MOBA ဂိမ်းများရဲ့ လွှမ်းမိုးမှုကြောင့် အောင်မြင်ကျော်ကြားဖို့ ပုံမှန်ထက်အားပျော့နေခဲ့ပေမယ့် စတင်ထွက်ရှိခဲ့စဉ်ကတော့ တစ်လအတွင်းမှာ ဝင်ငွေ ဒေါ်လာ ၆၃ သန်းကျော်ရရှိခဲ့တဲ့ဂိမ်းတစ်ခုလည်းဖြစ်ပါတယ်။

ငွေကြေးကုန်ကျခံနိုင်တဲ့ဂိမ်းကုမ္ပဏီကြီးများဟာ နာမည်ကျော်အနုပညာရှင်များကို ယင်းတို့ရဲ့ဂိမ်းများ ပိုမိုအောင်မြင်စေဖို့အတွက် ခန့်အပ်မှုများ ပြုလုပ်လာကြပါတယ်။ Brawl Stars ဂိမ်းအတွက် Lisa ကို ခန့်အပ်လိုက်ခြင်းဟာလည်း Supercell ရဲ့ ထူးခြားတဲ့လှုပ်ရှားမှုတစ်ခုဖြစ်တာကြောင့် ဖော်ပြလိုက်ရပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: oneesports.gg


[ZawGyi]

Brawl Stars ဂိမ္းရဲ႕ ကိုယ္စားလွယ္အျဖစ္ ခန္႔အပ္ခံလိုက္ရတဲ့ BLACKPINK အဖြဲ႕ဝင္ Lisa

 

နာမည္ေက်ာ္အမ်ိဳးသမီးဂီတအဖြဲ႕ BLACKPINK ရဲ႕ ပင္တိုင္ dancer နဲ႔ K-pop အဆိုေတာ္တစ္ဦးျဖစ္သူ Lisa ဟာ Supercell ရဲ႕ Brawl Stars ဂိမ္းမွာ ကိုယ္စားလွယ္တစ္ဦးအျဖစ္ ခန္႔အပ္ျခင္းကို ခံခဲ့ရပါတယ္။ အဓိကအားျဖင့္ေတာ့ Brawl Stars China ရဲ႕ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးအျဖစ္ Lisa ကို ခန္႔အပ္ခဲ့တာျဖစ္ၿပီး မၾကာေသးမီက ထြက္ေပၚလာခဲ့တဲ့ Weibo ေပၚက ဗီဒီယိုတစ္ခုအတြင္းမွာ ဒီအေၾကာင္းကို အတည္ျပဳေၾကညာခဲ့တာျဖစ္ပါတယ္။

ယင္းဗီဒီယိုအတြင္းမွာေတာ့ Lisa ဟာ legendary brawler တစ္ေကာင္ျဖစ္တဲ့ Spike ရဲ႕ ပုံတူအ႐ုပ္ေလးကို ကိုင္ေဆာင္ထားတာကို ေတြ႕ျမင္ရမွာပါ။ Brawl Stars ဂိမ္းဟာ တကယ္ကို စိတ္ေပ်ာ္႐ႊင္မႈေပးႏိုင္တဲ့အတြက္ ကစားသူမ်ားကို လာေရာက္ကစားၾကည့္ေစလိုေၾကာင္းကိုလည္း ယင္းဗီဒီယိုအတြင္းမွာပဲ Lisa က ေျပာသြားခဲ့ပါေသးတယ္။

မိုဘိုင္းလ္ဂိမ္းမ်ားနဲ႔ ပတ္သက္တဲ့ Lisa ရဲ႕ လႈပ္ရွားမႈအေနနဲ႔ကေတာ့ ယခုတစ္ႀကိမ္ဟာ ပထမဆုံး မဟုတ္ပါဘူး။ MMORPG ဂိမ္းတစ္ခုျဖစ္တဲ့ Ragnarok M: Eternal Love နဲ႔ နာမည္ႀကီး Candy Crush တို႔လို ဂိမ္းမ်ားကလည္း Lisa ကို ခန္႔အပ္မႈမ်ား ျပဳလုပ္ခဲ့ဖူးပါတယ္။ ဒါ့အျပင္ သူမဟာ ကိုယ္တိုင္လည္း ဂိမ္းကစားသူတစ္ဦးျဖစ္ၿပီး Animal Crossing: New Horizons တို႔လို ဂိမ္းမ်ားကို ကစားျပခဲ့ဖူးပါေသးတယ္။

Lisa playing Animal Crossing

Supercell ရဲ႕ Brawl Stars ဟာ မိုဘိုင္းလ္ MOBA အမ်ိဳးအစား ဂိမ္းတစ္ခုျဖစ္ၿပီး ၂၀၁၈ ႏွစ္ကုန္ပိုင္းေလာက္မွာမွ ထြက္ရွိလာခဲ့တာပါ။ Brawl Stars ဟာ အျခား MOBA ဂိမ္းမ်ားရဲ႕ လႊမ္းမိုးမႈေၾကာင့္ ေအာင္ျမင္ေက်ာ္ၾကားဖို႔ ပုံမွန္ထက္အားေပ်ာ့ေနခဲ့ေပမယ့္ စတင္ထြက္ရွိခဲ့စဥ္ကေတာ့ တစ္လအတြင္းမွာ ဝင္ေငြ ေဒၚလာ ၆၃ သန္းေက်ာ္ရရွိခဲ့တဲ့ဂိမ္းတစ္ခုလည္းျဖစ္ပါတယ္။

ေငြေၾကးကုန္က်ခံႏိုင္တဲ့ဂိမ္းကုမၸဏီႀကီးမ်ားဟာ နာမည္ေက်ာ္အႏုပညာရွင္မ်ားကို ယင္းတို႔ရဲ႕ဂိမ္းမ်ား ပိုမိုေအာင္ျမင္ေစဖို႔အတြက္ ခန္႔အပ္မႈမ်ား ျပဳလုပ္လာၾကပါတယ္။ Brawl Stars ဂိမ္းအတြက္ Lisa ကို ခန္႔အပ္လိုက္ျခင္းဟာလည္း Supercell ရဲ႕ ထူးျခားတဲ့လႈပ္ရွားမႈတစ္ခုျဖစ္တာေၾကာင့္ ေဖာ္ျပလိုက္ရပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

source: oneesports.gg