“ေဒၚလာ သန္းေပါင္း ၇၁၀ ေက်ာ္ အသုံးျပဳတည္ေဆာက္မယ့္ Esports park နဲ႔ တရုတ္တို႔ရဲ႕ Esports အေပၚအားေပးမႈမ်ား”

 

[For Zawgyi]

တရုတ္အင္တာနက္နည္းပညာနဲ႔ ဂိမ္းကုမၸဏီတစ္ခုျဖစ္တဲ့ NetEase ဟာ တရုတ္ယြမ္ ၅ ဘီလီယံေက်ာ္ (ေဒၚလာ သန္းေပါင္း ၇၁၀ ေက်ာ္) အသုံးျပဳျပီး esports park တစ္ခုကို ရွန္ဟိုင္းမွာ တည္ေဆာက္မယ့္အေၾကာင္း ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ ဒီ esports park မွာ esport နဲ႕ သက္ဆိုင္တဲ့ပြဲမ်ားနဲ႕ project မ်ားကို ျပဳလုပ္မွာျဖစ္သလို ထိပ္တန္း class-A အဆင့္ရွိတဲ့ ဘက္စုံသုံး esports stadium ရုံၾကီး တစ္ခုလည္းပါဝင္မွာပါ။

Esports Stadium ၾကီးဟာ စတုရန္းမီတာ ၅၀၀၀၀ ေက်ာ္ က်ယ္ျပန္႔ကာ ခုံ ၅၀၀၀ ေက်ာ္ ဝင္ဆန္႔မွာ ျဖစ္ျပီး esport ဂိမ္းပြဲမ်ားကို ေကာင္းစြာ က်င္းပႏိုင္မွာျဖစ္ပါတယ္။ အထူးသျဖင့္ Blizzard ရဲ႕ Overwatch League (OWL) ျပိဳင္ပြဲမ်ားကို က်င္းပဖုိ႔ အဓိကေနရာၾကီးလည္း ျဖစ္လာႏိုင္ပါတယ္။ Product design မ်ား၊ အသင္း development မ်ားနဲ႔ talent building တို႔လို project မ်ား ျပဳလုပ္ႏိုင္မွာပါ။

NetEase ဟာ Blizzard Enterment ရဲ႕ တရုတ္ႏိုင္ငံပိုင္းဆိုင္ရာ ဂိမ္းထုတ္ေဝေရးနဲ႔ ျဖန္႔ခ်ိေရးကို တာဝန္ယူထားတဲ့ကုမၸဏီ ျဖစ္ျပီး the Shanghai Dragons လို႔ အမည္ရတဲ့ ရွန္ဟိုင္းကိုယ္စားျပဳ Overwatch အသင္းတစ္ခုကိုလည္း ပိုင္ဆိုင္ထားပါတယ္။ ဒါေၾကာင့္ ဒီ esports park မွာ Blizzard ရဲ႕ ဂိမ္းမ်ားနဲ႔ ပတ္သတ္တာေတြကို လုပ္ေဆာင္သြားမွာ အေသခ်ာပါ။

NetEase ရဲ႕ gaming ပိုင္းဆိုင္ရာ ဥကၠဌျဖစ္သူ Ding Yingfeng ကေတာ့ ဒီ project ဟာ အေကာင္အထည္ေဖာ္ေနျပီျဖစ္ျပီး ပထမဆုံးအဆင့္ကို တည္ေဆာက္ေနျပီလို႔ ရွန္ဟိုင္းမွာျပဳလုပ္ခဲ့တဲ့ Global Esports Conference မွာ ေျပာၾကားသြားခဲ့ပါတယ္။ ဒီေၾကညာခ်က္ဟာ ရွန္ဟုိင္းရဲ႕အစိုးရအဖြဲ႔က တရုတ္ esports ေလာက ဖြံ႕ျဖိဳးေစဖုိ႔ တြန္းအားေပးေနခ်ိန္မွာ ထြက္ေပၚလာတာပါ။

ရွန္ဟိုင္းရဲ႕အစိုးရအဖြဲ႔ဟာ esports ေစ်းကြက္ကုိ ပိုမိုၾကီးမားလာေစဖုိ႔ ဆုံးျဖတ္ထားျပီး esports ေနရာမ်ား တည္ေဆာက္ျခင္းနဲ႔ လည္ပတ္ျခင္းတို႔ကို သတ္မွတ္တဲ့ စံခ်ိန္စံႏႈန္းမ်ားနဲ႔အညီ ျပဳလုပ္ေစဖုိ႔ ခ်မွတ္ခဲ့ပါတယ္။ ေဒၚလာ ၃ ဘီလီယံေက်ာ္ တန္ဖိုးရွိတဲ့ esports ေစ်းကြက္ၾကီးကို ၂၀၂၀ မွာ ပိုင္ဆိုင္ေစဖုိ႔လည္း ဆုံးျဖတ္ထားခဲ့ၾကပါတယ္။

တရုတ္ႏိုင္ငံရဲ႕ အျခားေနရာမ်ားမွာလည္း esports town မ်ား ဖြင့္လွစ္ျပီးျဖစ္လုိ႔ ဒီ project ဟာ ေလာေလာဆယ္မွာေတာ့ ေနာက္ဆုံးေပၚတည္ေဆာက္မႈျဖစ္ပါတယ္။ ဟန္က်ိဳးမွာ ေဒၚလာ သန္း ၂၈၀ ေက်ာ္တန္ esports town ကို ျပီးခဲ့တဲ့ႏွစ္က ဖြင့္လွစ္ခဲ့ျပီး LGD gaming ရဲ႕ ပြဲမ်ားကို အဓိကထားျပဳလုပ္ဖုိ့ ရည္ရြယ္ပါတယ္။

တရုတ္ဟာ ၂၀၂၂ ခုႏွစ္အထိ အနည္းဆုံး project ေပါင္း ၁၄ ခု ထပ္လုပ္ဦးမွာျဖစ္ျပီး esports academy တစ္ခု နဲ႔ ဟိုတယ္တစ္ခု ပါဝင္သလို ေဆးရုံတစ္ခုေတာင္ ပါဝင္မွာလည္း ျဖစ္ပါတယ္။ အားေပးမႈမ်ားနဲ႔အတူ တရုတ္ esports ေလာက ကေတာ့ မခန္႔မွန္းႏိုင္ေလာက္ေအာင္ ဆက္လက္တိုးတက္ဦးမွာပဲ ျဖစ္ပါေတာ့တယ္။ ဂိမ္းအေၾကာင္းအရာမ်ားနဲ႔ esports သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္လ်က္ရွိပါတယ္။

#GamingNoodle #Esports #ComBo


“ဒေါ်လာ သန်းပေါင်း ၇၁၀ ကျော် အသုံးပြုတည်ဆောက်မယ့် Esports park နဲ့ တရုတ်တို့ရဲ့ Esports အပေါ်အားပေးမှုများ”

[For Unicode]

တရုတ်အင်တာနက်နည်းပညာနဲ့ ဂိမ်းကုမ္ပဏီတစ်ခုဖြစ်တဲ့ NetEase ဟာ တရုတ်ယွမ် ၅ ဘီလီယံကျော် (ဒေါ်လာ သန်းပေါင်း ၇၁၀ ကျော်) အသုံးပြုပြီး esports park တစ်ခုကို ရှန်ဟိုင်းမှာ တည်ဆောက်မယ့်အကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒီ esports park မှာ esport နဲ့ သက်ဆိုင်တဲ့ပွဲများနဲ့ project များကို ပြုလုပ်မှာဖြစ်သလို ထိပ်တန်း class-A အဆင့်ရှိတဲ့ ဘက်စုံသုံး esports stadium ရုံကြီး တစ်ခုလည်းပါဝင်မှာပါ။

Esports Stadium ကြီးဟာ စတုရန်းမီတာ ၅၀၀၀၀ ကျော် ကျယ်ပြန့်ကာ ခုံ ၅၀၀၀ ကျော် ဝင်ဆန့်မှာ ဖြစ်ပြီး esport ဂိမ်းပွဲများကို ကောင်းစွာ ကျင်းပနိုင်မှာဖြစ်ပါတယ်။ အထူးသဖြင့် Blizzard ရဲ့ Overwatch League (OWL) ပြိုင်ပွဲများကို ကျင်းပဖို့ အဓိကနေရာကြီးလည်း ဖြစ်လာနိုင်ပါတယ်။ Product design များ၊ အသင်း development များနဲ့ talent building တို့လို project များ ပြုလုပ်နိုင်မှာပါ။

NetEase ဟာ Blizzard Enterment ရဲ့ တရုတ်နိုင်ငံပိုင်းဆိုင်ရာ ဂိမ်းထုတ်ဝေရေးနဲ့ ဖြန့်ချိရေးကို တာဝန်ယူထားတဲ့ကုမ္ပဏီ ဖြစ်ပြီး the Shanghai Dragons လို့ အမည်ရတဲ့ ရှန်ဟိုင်းကိုယ်စားပြု Overwatch အသင်းတစ်ခုကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် ဒီ esports park မှာ Blizzard ရဲ့ ဂိမ်းများနဲ့ ပတ်သတ်တာတွေကို လုပ်ဆောင်သွားမှာ အသေချာပါ။

NetEase ရဲ့ gaming ပိုင်းဆိုင်ရာ ဥက္ကဌဖြစ်သူ Ding Yingfeng ကတော့ ဒီ project ဟာ အကောင်အထည်ဖော်နေပြီဖြစ်ပြီး ပထမဆုံးအဆင့်ကို တည်ဆောက်နေပြီလို့ ရှန်ဟိုင်းမှာပြုလုပ်ခဲ့တဲ့ Global Esports Conference မှာ ပြောကြားသွားခဲ့ပါတယ်။ ဒီကြေညာချက်ဟာ ရှန်ဟိုင်းရဲ့အစိုးရအဖွဲ့က တရုတ် esports လောက ဖွံ့ဖြိုးစေဖို့ တွန်းအားပေးနေချိန်မှာ ထွက်ပေါ်လာတာပါ။

ရှန်ဟိုင်းရဲ့အစိုးရအဖွဲ့ဟာ esports ဈေးကွက်ကို ပိုမိုကြီးမားလာစေဖို့ ဆုံးဖြတ်ထားပြီး esports နေရာများ တည်ဆောက်ခြင်းနဲ့ လည်ပတ်ခြင်းတို့ကို သတ်မှတ်တဲ့ စံချိန်စံနှုန်းများနဲ့အညီ ပြုလုပ်စေဖို့ ချမှတ်ခဲ့ပါတယ်။ ဒေါ်လာ ၃ ဘီလီယံကျော် တန်ဖိုးရှိတဲ့ esports ဈေးကွက်ကြီးကို ၂၀၂၀ မှာ ပိုင်ဆိုင်စေဖို့လည်း ဆုံးဖြတ်ထားခဲ့ကြပါတယ်။

တရုတ်နိုင်ငံရဲ့ အခြားနေရာများမှာလည်း esports town များ ဖွင့်လှစ်ပြီးဖြစ်လို့ ဒီ project ဟာ လောလောဆယ်မှာတော့ နောက်ဆုံးပေါ်တည်ဆောက်မှုဖြစ်ပါတယ်။ ဟန်ကျိုးမှာ ဒေါ်လာ သန်း ၂၈၀ ကျော်တန် esports town ကို ပြီးခဲ့တဲ့နှစ်က ဖွင့်လှစ်ခဲ့ပြီး LGD gaming ရဲ့ ပွဲများကို အဓိကထားပြုလုပ်ဖို့ ရည်ရွယ်ပါတယ်။

တရုတ်ဟာ ၂၀၂၂ ခုနှစ်အထိ အနည်းဆုံး project ပေါင်း ၁၄ ခု ထပ်လုပ်ဦးမှာဖြစ်ပြီး esports academy တစ်ခု နဲ့ ဟိုတယ်တစ်ခု ပါဝင်သလို ဆေးရုံတစ်ခုတောင် ပါဝင်မှာလည်း ဖြစ်ပါတယ်။ အားပေးမှုများနဲ့အတူ တရုတ် esports လောက ကတော့ မခန့်မှန်းနိုင်လောက်အောင် ဆက်လက်တိုးတက်ဦးမှာပဲ ဖြစ်ပါတော့တယ်။ ဂိမ်းအကြောင်းအရာများနဲ့ esports သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်လျက်ရှိပါတယ်။

#GamingNoodle #Esports #ComBo