Epic League မှာ လက်စွမ်းပြပြီး NaVi ကို အနိုင်ယူခဲ့တဲ့ OG (ပွဲပြီး သုံးသပ်ချက်)

 

TI နှစ်ထပ်ကွမ်း OG အသင်းဟာ TI9 ပြီးတည်းက JerAx ထွက်သွားခဲ့ပြီး Ana ဟာလည်း နောက်နှစ်အထိ အနားယူမယ်လို့ ပြောခဲ့ပါတယ်။ Ceb ကလည်း အသင်းမှ ခဏတာ နားမယ်လို့ ကြေညာခဲ့ပါတယ်။ N0tail နဲ့ Topson နှစ်ယောက်သာ ကျန်တော့တဲ့ OG အသင်းဟာ Sumail, Midone, Saksa တို့ကိုခေါ်ခဲ့ပြီး ပြိုင်ပွဲတွေ ဆက်ပြိုင်ခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။

၂၀၂၀ ဇူလိုင်လလောက်မှာတော့ Sumail ဟာ အသင်းက ထွက်ခဲ့ပြီး Ceb ဟာလည်း active player ပြန်ဖြစ်ခဲ့ပါတယ်။ Ceb ပြန်ရောက်လာတဲ့အပေါ် Topson ကလည်း ”I always like to play with Ceb” ဆိုပြီး အင်တာဗျူးတစ်ခုမှာဖြေခဲ့ပါသေးတယ်။ သူတို့အသင်းအတွက် Ceb ဟာ key player လို့ ဆိုနိုင်ပါတယ်။ Ceb ပြန်ရောက်ပြီး OG အသင်းဟာ အရင်ကထက်ပိုမိုကောင်းမွန်ခဲ့ပေမယ့်လည်း ထင်သလောက်တော့ မအောင်မြင်ခဲ့ပါဘူး။

Epic League မှာတော့ OG အသင်းရဲ့ Team Playstyle ဟာ အရင်ကထက် ပိုပြီး ထူးခြားနေခဲ့ပါတယ်။ အရင်ကဆို OG အသင်းဟာ ဘယ်လိုအခြေအနေပဲ ရောက်ရောက် တစ်ပွဲလုံး Aggressive ဆော့ကစားခဲ့တာပါ။ Play in stage မှာတော့ Live To Win နဲ့ တွေ့ခဲ့ပြီး နိမ့်နေတဲ့အနေအထားမျိုးမှာ အတင်းတွေ လိုက်မချဘဲ Midone ရဲ့ farming space ကို လုံလုံလောက်လောက်ပေးခဲ့ပြီးမှ Team Fights တွေ လိုက်ချပြီး အနိုင်ယူသွားခဲ့တာ တွေ့ရပါတယ်။ Lower Bracket ပွဲစဉ်မှာ YES နဲ့ Navi တို့ကိုလည်း 2-0 ဆိုတဲ့ ရလဒ်တွေနဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။

Game 1 – Navi အသင်းဟာ Sven, Lina, Void Spirit, Undying, Zeus တို့ကို ရွေးချယ်ခဲ့ပြီး OG အသင်းကတော့ IO, Ursa, Shadow Demon, Tiny, Underlord တို့ကို ရွေးချယ်ခဲ့ပါတယ်။ Navi အသင်းဟာ Mid, Offlane နှစ်လမ်းအသာနဲ့ ဆော့နိုင်ခဲ့ပြီး Sven ဟာလည်း Jungle မှာ လုံလောက်တဲ့ farming တွေကို ရရှိနေပါတယ်။ အစောပိုင်းတွေမှာ Topson ရဲ့ Tiny ဟာ လှုပ်လှုပ်ရှားရှား ရှိခဲ့တယ် ဆိုပေမယ့်လည်း hero kill ရနိုင်လောက်တဲ့အထိတော့ damage မလောက်ခဲ့ပါဘူး။

Iceberg Zeus ကတော့ ၁၁ မိနစ်မှာ hero kill 6 ကောင်ထိရရှိခဲ့ပါတယ်။ ၁၄ မိနစ်မှာပဲ Zeus ဟာ Aghanim’s Scepter ပါလာခဲ့ပြီး OG အသင်းအတွက်တော့ battle ဘယ်လိုမှ ယှဉ်ချလို့ မနိုင်ခဲ့ပါဘူး။

Midone Ursa ဟာ ၁၃ မိနစ် battle fury နဲ့အတူ တစ်ဖက်အသင်းရဲ့ sven နဲ့ အပြိုင် farm နေခဲ့ပါတယ်။ Navi အသင်းဟာ Ursa ကိုသတ်ဖို့ ကြိုးစားတိုင်းမှာလည်း IO relocate တွေနဲ့ sacrifice လုပ်နိုင်ခဲ့ပါတယ်။ Navi အသင်းဟာ hero kills တွေ ရရှိခဲ့ပေမယ့်လည်း networth ပိုင်းမှာတော့ OG ဘက်က သာနေခဲ့ပါတယ်။

Navi အသင်းဟာ ၁၉ မိနစ်မှာ rosh ယူပြီးပြီးချင်း God’s Strength cooldown effect နည်းနေတဲ့ Sven က bot 2nd tower ကို defend ရင်း aegis ဆုံးရှုံးခဲ့တဲ့အပြင် နောက်တစ်ခေါက်ပါ ထပ်သေသွားခဲ့ပါတယ်။ Navi အသင်းအတွက် ဆိုးရွားတဲ့ battle တစ်ခုပါ။ Sven, Void Spirit, Lina ၃ကောင်တည်းနဲ့ OG တစ်သင်းလုံးကို battle ဆိုင်ရာမှာတော့ အကျအရှုံးများခဲ့ပါတယ်။ အဲဒီ Team fight ဟာ OG အသင်းအတွက် Winning point ဖြစ်ခဲ့ပါတယ်။

နောက်ပိုင်း battle တွေမှာ OG အသင်းဟာ Ursa ဦးဆောင်မှုနဲ့အတူ team fight တွေမှာ နိုင်ခဲ့ပါတယ်။ ၃၃ မိနစ်အရောက်မှာတော့ Navi အသင်းဟာ ဘယ်လိုမှ ယှဉ်ဆော့မနိုင်တော့ဘဲ Game 1 ကို အရှုံးပေးခဲ့ရပါတယ်။ Midone Ursa ရဲ့ Score ဟာ 12/2/10 အထိ ရရှိခဲ့ပြီး တစ်ဖက်အသင်း Carry ရဲ့ networth ထက် 10k အထိ အသာစီးရခဲ့ပါတယ်။

Game 2 – OG အသင်းဟာ Game 1, Game 2 ရဲ့ banning phase တွေမှာ တစ်ဖက်အသင်းကစားသမားတွေရဲ့ အကြမ်းဆုံး hero တွေကို respect အနေနဲ့ ban ခဲ့တာတွေ တွေ့ရပါတယ်။ Navi အသင်းဟာ Lina, Lifestealer, Undying, Mars, Kunkka တို့ကို ရွေးချယ်ခဲ့ပြီး OG အသင်းကတော့ IO, Sven, Shadow Shaman, Pugna, Tidehunter တို့ကို ရွေးချယ်ခဲ့ပါတယ်။

Game 2 မှာ Navi အသင်းဟာ Game 1 ထက်ကို ပိုကောင်းခဲ့ပါတယ်။ Laning Stage တွေသာမက ၁၅ မိနစ်လောက်ထိကို 15-2 scores နဲ့အတူ networth 5k အသာနဲ့ ဆော့နိုင်ခဲ့ပါတယ်။ Topson Pugna ဟာ Meteor Hammer ကို first item အဖြစ် ရွေးချယ်ခဲ့ပြီး တစ်ဖက်အသင်းရဲ့ attention ကိုလည်း တော်တော်လေး ရခဲ့ပါတယ်။ Sven ဟာ IO ရဲ့ relocate အားကိုးနဲ့ အကြောက်အလန့်မရှိဘဲ enemy ရဲ့ 3rd tower လောက်ထိကို farm နေခဲ့ပါတယ်။

၂၅ မိနစ်လောက်မှာတော့ OG ဟာ Navi ရဲ့ team fight တွေကို ပြန်လည် ခုခံနိုင်ခဲ့ပါတယ်။ မိနစ် ၃၀မှာ Hero kills ဟာ 30-10 ထိ ပြတ်နေပေမယ့်လည်း networth 1k လောက်ပဲ Navi အသင်းအနေနဲ့ သာခဲ့ပါတယ်။
IO, Pugna ရဲ့ Healing တွေနဲ့အတူ Sven ဟာ aegis ပိုင်ဆိုင်ထားတဲ့ Navi အသင်းကိုပါ ရင်ဆိုင်နိုင်ခဲ့ပြီး ၃၄ မိနစ်အတိမှာပဲ ပွဲကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ Midone ရဲ့ Sven ဟာ Game 2 မှာလည်းအကောင်းဆုံး လုပ်ပြနိုင်ခဲ့ပြီး KDA အနေနဲ့ 11/1/3 အထိ ရရှိခဲ့ပါတယ်။

OG အသင်းဟာ ယနေ့ညမှာတော့ Team Liquid နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရရှိတဲ့အသင်းကတော့ Lower Bracket Final ကို ရောက်ရှိမှာဖြစ်ပါတယ်။ OG အသင်းအနေနဲ့ အကောင်းမွန်ဆုံးအခြေအနေ ပြန်ရောက်ရှိနေပြီလားဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။
#palatar