OGA Dota PIT Final မှာ ထင်မထားလောက်တဲ့ လက်စွမ်းတွေနဲ့ ချန်ပီယံဖြစ်ခဲ့တဲ့ Na’Vi

 

OGA Dota PIT Season 4: Eu/CIS ကိုတော့ ဒီဇင်ဘာ ၁၅ရက်နေ့ကနေ ၁၈ရက်အထိ လေးရက်တာ ကျင်းပခဲ့ပါတယ်။ Invited ရှစ်သင်းပဲ ပါဝင်သလို ဆုကြေးဟာလည်း အမေရိကန်ဒေါ်လာ ၁ သိန်းခွဲပါပဲ။

ဒီပြိုင်ပွဲမှာတော့ Navi အသင်းဟာ Live to Win, Alliance တို့ကို အနိုင်ရရှိခဲ့ပြီး Upper Bracket Final မှာတော့ OG ကို ရှုံးနိမ့်ခဲ့ပေမယ့်လည်း Lower Bracket Final မှာ Team Nigma ကို 2-1 ဆိုတဲ့ ရလဒ်နဲ့ ပြန်နိုင်ခဲ့ပြီး Grand Final ကို တက်ရောက်နိုင်ခဲ့ပါတယ်။ Grand Final မှာတော့ ထင်မထားလောက်အောင်ပဲ OG ကို 3-0 ဆိုတဲ့ ရလဒ်နဲ့ အစွမ်းပြနိုင်ခဲ့ပြီး ပထမဆုကို ထိုက်ထိုက်တန်တန် အနိုင်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

Game 1 – OG အသင်း အနေနဲ့ Phoenix, Magnus, Gyrocopter, Puck, Tusker တို့ကို ရွေးချယ်ခဲ့ပြီး Navi အသင်းကတော့ Lina, Slardar, Phantom Assassin, Oracle, Silencer တို့ကို ရွေးချယ်ခဲ့ပါတယ်။ ပွဲစစချင်းမှာပဲ smoke gank နဲ့ OG အသင်းက ၄ ယောက်ရယ်၊ Navi အသင်းက ၅ ယောက်ရယ် battle ဆိုင်ရာမှာတော့ OG အသင်းဟာ Slardar တစ်ကောင်ကိုပဲ သတ်နိုင်ခဲ့ပြီး Navi အသင်းကတော့ Phoenix, Puck, Tusker တို့ကို ရရှိခဲ့ပါတယ်။

V-tune ရဲ့ PA ဟာ double kills ရရှိခဲ့ပြီး Laning Stage မှာ တော်တော်လေး အဆင်ပြေခဲ့ပါတယ်။ ၁၀ မိနစ်လောက် မှာတော့ OG အသင်းရဲ့ ၄ ယောက်ဟာ mid tower ကို လာယူရင်းနဲ့ Gyro ဟာ Oracle, Silencer, Lina တို့ကို သတ်နိုင်ခဲ့ပါတယ်။ Navi အသင်းရဲ့ PA ကတော့ ပွဲစထဲက networth ထိပ်ဆုံးမှာ ရောက်ရှိနေပြီး ၁၂ မိနစ်မှာပဲ battle fury ကို ရရှိခဲ့ပါတယ်။

မိနစ် ၂၀ အထိ hero kills ဟာ 17-13 နဲ့ OG အသင်းက ဦးဆောင်နိုင်ခဲ့ပေမယ့် team networth ကွာခြားချက် 1k ပဲရှိခဲ့လို့ ပွဲဟာ အတော်လေး မျှခဲ့ပါတယ်။ PA ရဲ့ battle fury, deso, bkb ရတဲ့အချိန် မှာတော့ Navi အသင်းဟာ ပွဲကို ပြန်လည် ဦးဆောင်နိုင်ခဲ့ပြီး ၃၁ မိနစ်မှာ ဆိုင်ခဲ့တဲ့ battle မှာတော့ OG အသင်းဟာ team wide ဖြစ်ခဲ့ပြီး Navi အသင်းကလည်း PA က လွဲလို့ ကျန်တဲ့ ၄ ယောက်လုံး ပေးခဲ့ရပါတယ်။ PA အတွက်တော့ အဲဒီ battle မှာ အတော်လေး အမြတ်ထွက်ခဲ့ပြီး carry အချင်းချင်းမှာကို 7k networth လောက်အထိ အသာရခဲ့ပါတယ်။

Magnus ရဲ့ RP တွေ ကောင်းခဲ့ပေမယ့်လည်း burst damage မလောက်တာတွေ၊ Oracle ရဲ့ False Promise နဲ့ save တာတွေကြောင့် OG အသင်းဟာ အကျအရှုံးများခဲ့ပါတယ်။ ၃၇ မိနစ်မှာ Navi အသင်းရဲ့ roshan ယူတာကို OG အသင်းအနေနဲ့ နှောင့်ယှက်ရင်းနဲ့ Magnus, Puck, Tusker တို့ကို ရရှိခဲ့ပြီး high ground တက်လာခဲ့ပါတယ်။ High ground pushing မှာလည်း အဆင်ပြေခဲ့ပြီး OG အသင်းဟာ Navi အသင်းကို Game 1 အရှုံးပေးခဲ့ရပါတယ်။

Game 2 – Navi အသင်းက Chen, Storm Spirit, Rubick, Ursa, Pangolier တို့ကိုရွေးချယ်ခဲ့ပြီး OG အသင်းကတော့ Keeper of the Light, Puck, Lifestealer, Enigma, Sandking တို့ကိုရွေးချယ်ခဲ့ပါတယ်။ ပွဲစစချင်းမှာပဲ Lifestealer ဟာ Chen, Ursa, Pangolier, Rubick တို့ကြောင့် သေခဲ့ရပြီး Chen က hero kill ရရှိခဲ့ပါတယ်။

Iceberg ရဲ့ Storm Spirit ဟာ ၅ မိနစ်မတိုင်ခင်မှာပဲ mid မှာ Puck ကို နှစ်ခေါက်သတ်နိုင်ခဲ့ပါတယ်။ Game 2 မှာတော့ Navi ဟာ လမ်း၃လမ်းလုံးမှာ အဆင်ပြေခဲ့ပါတယ်။ ၁၁ မိနစ်မှာ orchid ရခဲ့တဲ့ Storm Spirit ကတော့ OG အသင်းရဲ့ Lifestealer ကို ထပ်သတ်နိုင်ခဲ့ပါသေးတယ်။ Navi အသင်းဟာ ၁၅ မိနစ်မှာပဲ roshan ယူနိုင်ခဲ့ပြီး aegis နဲ့ Storm ဟာ battle တွေမှာ တစ်ယောက်ချင်း pick up လုပ်နိုင်ခဲ့ပါတယ်။

Enigma အနေနဲ့ comeback ဖို့ ကောင်းမွန်တဲ့ black hole ဆွဲနိုင်ဖို့ dagger farm နေခဲ့ပေမယ့်လည်း Storm Spirit ရဲ့ လိုက်သတ်မှုတွေကြောင့် farm လို့ အဆင်မပြေခဲ့ပါဘူး။ Chen ရဲ့ units တွေနဲ့ jungle မှာ farm နေတဲ့ Enigma နေရာကို မြင်ခဲ့ရပြီး Storm ဟာ လိုက်သတ်နိုင်ခဲ့ပါတယ်။ Ghost Scepter ပဲ ဝယ်ထားတဲ့ Topson ရဲ့ Puck ကိုလည်း Storm ရဲ့ Orchid နဲ့ပဲ အဖြေရှာနိုင်ခဲ့ပါတယ်။ OG အသင်းအနေနဲ့ ဘယ်လိုမှ ယှဉ်မဆော့နိုင်တော့ဘဲ ၂၃ မိနစ်မှာတင် GG ခေါ်ခဲ့ပြီး Game 2 ကိုပါ အရှုံးပေးခဲ့ရပါတယ်။

Game 3 – Navi အသင်းက Lina, Doom, Undying, Batrider, Terrorblade တို့ကို ရွေးချယ်ခဲ့ပြီး OG အသင်းကတော့ Earth Spirit, Phantom Assassin, Nature’s Prophet, Silencer, Dark Seeker တို့ကို ရွေးချယ်ခဲ့ပါတယ်။

Game 3 မှာတော့ OG အသင်းဟာ အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်ခဲ့ပြီး Navi အသင်းဘက်ကို အစောပိုင်း မိနစ်တွေမှာ ဖိကစားနိုင်ခဲ့ပါတယ်။ Jungle Farming လုပ်နေတဲ့ Terrorblade ကိုပါ Topson ရဲ့ Silencer နဲ့ Earth Spirit တို့ဟာ သတ်နိုင်ခဲ့ပါတယ်။

၁၀ မိနစ်မှာတင် Silencer ဟာ hero kills ၄ ကောင် အထိ ရယူနိုင်ခဲ့ပါတယ်။ ၁၁ မိနစ်မှာပဲ Null လေးခု၊ Power Treads နဲ့ item အသစ်ဖြစ်တဲ့ Witch Blade တို့ကို ရရှိခဲ့ပြီး networth အပေါ်ဆုံးကနေ ဦးဆောင်နေခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ PA နဲ့ Silencer ဟာ Doom, Flaming Lasso တို့ကြောင့် battle တိုင်း လိုလိုသေခဲ့ရပြီး OG အသင်း အကျအရှုံးများခဲ့ပါတယ်။ V-tune ရဲ့ Terrorblade ဟာ battle fury ပါတဲ့ PA ထက် networth အတော်လေးများခဲ့ပါတယ်။

၃၂ မိနစ်မှာပဲ OG အသင်းဟာ smk ganking တွေနဲ့အတူ Terrorblade ကို သတ်ဖို့ ကြိုးစားပေမယ့် မအောင်မြင်ခဲ့ဘဲ လေးယောက်ပြန်သေခဲ့ရပါတယ်။ အဲဒီ battle အပြီးမှာပဲ Navi အသင်းဟာ mega နှစ်လမ်းရရှိခဲ့ပါတယ်။ Navi အသင်း အနေနဲ့တော့ OG အသင်းအတွက် farming space လုံး၀ မပေးဘဲ ပွဲကို ဦးဆောင်ခဲ့ပါတယ်။

OG အသင်းအနေနဲ့တော့ ၃၉ မိနစ်မှာ နောက်ဆုံး smk gank နဲ့အတူ battle လာဆိုင်ဖို့ ကြိုးစားပေမယ့် Batrider ကိုသာ ရရှိခဲ့ပြီး PA, Prophet, Darkseeker တို့ကို ပြန်ပေးခဲ့ရပါတယ်။ Navi အသင်းကတော့ ကျန်နေတဲ့ mega ကို ယူနေရင်း buyback လုပ်လာတဲ့ PA ကိုပါ ထပ်ရရှိခဲ့ပါတယ်။ OG အသင်းအနေနဲ့ ကျန်တဲ့ heros တွေနဲ့ defend ဖို့ ကြိုးစားခဲ့ပေမယ့် Terrorblade ရဲ့ Metamorphosis နဲ့ ပစ်ချက်တွေအောက်မှာ ကျရှုံးခဲ့ရပြီး ၄၁ မိနစ်မှာပဲ GG ခေါ်ခဲ့ပြီး OGA Dota PIT S4:Eu/CIS မှာတော့ ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ သုံးပွဲလုံးမှာတော့ Navi အသင်းဟာ Morphling, IO တို့ကို respect ban အဖြစ် ban ခဲ့ပါတယ်။

7.28 Patch အသစ် ထွက်ထွက်ချင်းမှာပဲ Final day ဖြစ်လို့ အကုန်လုံးက ဘယ် items တွေ၊ ဘယ်လို draft တွေနဲ့ ဆော့မလဲ ဆိုတာ စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေတဲ့ညမှာပဲ Meta Breaker အသင်းလို့ ပြောလို့ရတဲ့ OG အသင်းဟာ Navi အသင်းကို 3-0 ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရပါတယ်။ OG အတွက်တော့ ပြီးခဲ့တဲ့ EPIC League Division 1 မှာလည်း VP ကို 3-2 ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီး ဒုတိယဖြစ်ခဲ့ပါသေးတယ်။

Final ပွဲစဉ်မှာတော့ Aghanim’s Shard ဝယ်တဲ့ အကြိမ်အရေအတွက်ဟာလည်း သုံးပွဲလုံးမှာမှ ၁၀ ခုပဲ ရှိခဲ့ပါတယ်။ items အသစ်တွေထဲကလည်း Fluffy Hat, Witch Blade, Gleipnir တို့ကိုသာ ဝယ်ခဲ့တာ တွေ့ရပါတယ်။ Patch အသစ်နဲ့အတူ နောက်လာမယ့် ပြိုင်ပွဲတွေမှာ ဘယ်အသင်းတွေက ဘယ်လို draft တွေနဲ့ ဆော့ကစားမလဲဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
#palatar