လူငယ်သွေးသစ်တွေကို ရှာဖွေဖို့အတွက် Project စတင်မယ့် Na’Vi

ကမ္ဘာကျော် Esports အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Natus Vincere (Na’Vi) ဟာ အသင်းရဲ့ မျိုးဆက်သစ်တွေကို မွေးထုတ်ပေးဖို့အတွက် “NAVI Esports Camp” ဆိုတဲ့ project ကို မေလ ၆ ရက်နေ့မှာ စတင်ခဲ့ပါတယ်။

အမြင့်ဆုံးဆိုတဲ့ အောင်မြင်မှုတွေရရှိထားနိုင်ခဲ့ပြီး လက်ရှိလဲ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ Dota2 နဲ့ CSGO အသင်းတွေ အပြင် အခြား Competitive FPS Game အမျိုးအစားတွေဖြစ်တဲ့ Fortnite, Paladin, PUBG, Apex Legend နဲ့ Rainbow Six အသင်းတွေ ကိုပါ ပိုင်ဆိုင်ထားတဲ့ Na’Vi ဟာ သူတို့ရဲ့ Project အသစ်ကိုတော့ အများထင်သလို အကျပိုင်းရောက်နေတဲ့ Dota2 အသင်းကို ပြန်လည်မွေးဖွားဖို့ မဟုတ်ပဲ Na’Vi.junior ဆိုပြီး လူငယ် CSGO အသင်းတစ်ခု ထပ်မံဖွဲ့စည်းဖို့ပဲ ဖြစ်ပါတယ်။

လတ်တလော Starseries i-League Season 7 Champion ရရှိထားတဲ့ Na’Vi ဟာ CSGO ထိပ်သီးအသင်းတစ်သင်းပါ။ အဆိုပါ လူငယ်အသင်းကို စီစစ်ရွေးချယ်ပြီး နည်းပြဖို့ကိုတော့ HellRaisers CSGO ရဲ့ နည်းပြဟောင်း “aMi” ကို ခေါ်ယူ တာဝန်ပေးအပ် ထားပါတယ်။

လျှောက်ထားလိုသူတွေအတွက် လိုအပ်ချက်တွေကတော့

၁။ အသက် ၁၆ ကနေ ၁၉ အတွင်းဖြစ်ရပါမယ်။
၂။ FACEIT Rank 10 ရှိရပါမယ်။
၃။ ရုရှားစကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်ရပါမယ်။
၎။ Na’Vi ရဲ့ Camp ရှိရာ ယူကရိန်းနိုင်ငံ ကိဖ် မြို့သို့ ယာယီပြောင်းရွေ့နိုင်ရပါမယ်။

အဆိုပါ အချက်အလက်တွေ ပြည့်စုံပါက မေလ ၆ ရက်ကနေ ၁၆ ရကိနေ့အထိ ဤ Link မှာ ဝင်ရောက်လျှောက်ထားနိုင်ပါတယ်။

လျှောက်ထားသူတွေအနက်မှ ၁၀ ဦးကိုသာ Na’Vi Esports Camp Project အတွက် ရွေးချယ်မှာဖြစ်ပြီး သြဂုတ်လအထိ စခန်းသွင်း လေ့ကျင့်စေမှာဖြစ်ပါတယ်။

အဆိုပါ ၁၀ ဦးထဲကမှ ၅ ဦးကို Na’Vi.junior CSGO အသင်းအဖြစ် စာချုပ်ချုပ်မှာဖြစ်ပြီး သူတို့ရဲ့အသင်းကြီးအတွက် မျိုးဆက်သစ်တွေ လေ့ကျင့်ထောက်ပံ့ပေးမှာပဲ ဖြစ်ပါတယ် ခင်ဗျာ။

Source : HLTV

Image Credit to smartlaunch