[Unicode]

MyGalaxy အသင်း ချန်ပီယံဖြစ်သွားတဲ့ PUBG Mobile မြန်မာ ချန်ပီယံရှစ် ၂၀၂၀

 

မြန်မာနိုင်ငံရဲ့ အကောင်းဆုံး PUBG Mobile အသင်းအဖြစ် သက်သေပြနိုင်မယ့် PUBG Mobile Myanmar Championship (PMMC 2020) ကိုတော့ Online Tournament အဖြစ် မတ်လ ၂၉ နဲ့ ၃၀ ရက်နေ့တွေမှာ ကျင်းပခဲ့ပါတယ်။ အစက Yangon Convention Center မှာ ခမ်းခမ်းနားနား ကျင်းပဖို့ ရည်ရွယ်ထားခဲ့ပေမယ့် COVID-19 ကပ်ရောဂါ ပြန့်နှံနေမှုကြောင့် Online ပြိုင်ပွဲအဖြစ် ပြောင်းလဲခဲ့ရတာ ဖြစ်ပါတယ်။

စုစုပေါင်း ဆုကြေးငွေ ကျပ်သိန်း (၅၀၀) ပေးအပ်ခဲ့တဲ့ PMMC 2020 မှာတော့ MyGalaxy က အနိုင်ရဗိုလ်စွဲသွားခဲ့ပြီး ပထမဆု ကျပ်သိန်း (၁၅၀) ကိုပိုင်ဆိုင်သွားနိုင်ခဲ့ပါတယ်။ ချန်ပီယံ MyGalaxy အသင်းနဲ့အတူ ဒုတိယ၊ တတိယ၊ စတုတ္ထ ရရှိသွားကြတဲ့ Yangon Galaticos, Deus Esports နဲ့ Team Scott အသင်း (၄) သင်းလုံးဟာ PUBG Mobile Club Open (PMCO) SEA Wildcard Final ကို ဝင်ရောက်ကစားခွင့် ရရှိမှာပဲ ဖြစ်ပါတယ်။

PMCO SEA Wild Card မှာတော့ အရှေ့တောင်အာရှမှ အသင်းကောင်းများနဲ့အတူ Online Tournament အဖြစ် ယှဉ်ပြိုင်ရမှာဖြစ်ပြီး ထိပ်ဆုံး ၃ သင်းဝင်ပါက PMCO SEA Final ကိုတော့ ဗီယက်နမ် နိုင်ငံမှာ ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။ PUBG Mobile ဟာ မြန်မာနိုင်ငံမှာတော့ လူစိတ်ဝင်စားမှု အများဆုံး ဂိမ်းတစ်ခုဖြစ်တာမို့လို့ နိုင်ငံတကာစင်မြင့်ထက်မှာ ဘယ်လောက် လက်စွမ်း ပြနိုင်မလည်းဆိုတာ စောင့်ကြည့်ရမှာပါ။

MyGalaxy အသင်းရဲ့အကြောင်း

MyGalaxy အသင်းကို ၂၀၁၉ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး Claw Esports မှ Manage လုပ်နေတာ ဖြစ်ပါတယ်။ အရင် Team Galaxy နာမည်နဲ့ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး နောက်ပိုင်း MyTel မှ Sponsor ပေးအပ်ကာ MyGalaxy လို့ပြောင်းလဲခဲ့တာပဲ ဖြစ်ပါတယ်။

MyGalaxy ရဲ့ ကစားသမားတွေကတော့ icy, miracle, 4chen, maybe နဲ့ vrkat တို့ပဲဖြစ်ပါတယ်။ Miracle, 4chen, icy နဲ့ maybe တို့ဟာ Troopers နဲ့ Team Spirit ကစားသမားဟောင်းများ ​ဖြစ်ကြပါတယ်။

ထူးထူးခြားခြားအနေနဲ့ vrkat ကတော့ Streamer တစ်ယောက်ဖြစ်တဲ့အပြင် ပြည်တွင်း နာမည်ကြီး Dota1 နဲ့ Dota2 အသင်းတော်တော်များများမှာ ၂၀၀၉ ခုနှစ်လောက်ကတည်းက Pro ကစားသမားအဖြစ် ဝင်ရောက်ကစားခဲ့ဖူးသူ တစ်ယောက်ပါ။ ပြည်တွင်း ချန်ပီယံဆုများအပြင် ပြည်ပပြိုင်ပွဲများကိုပါ ဝင်ရောက်ယှဉ်ပြိုင်ဖူးတဲ့ အတွေ့အကြုံများကိုလည်း ပိုင်ဆိုင်ထားပါတယ်။

Vrkat (ညာအစွန်) with Team G7 in Malaysia

MyGalaxy, Yangon Galaticos, Deus Esports နဲ့ Team Scott တို့ဟာ လာမယ့် ဧပြီလ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ စင်္ကာပူ၊ ဘရူနိုင်း စတဲ့နိုင်ငံက အသင်းတွေနဲ့ PMCO SEA Wildcard ပြိုင်ပွဲအဖြစ် Online ယှဉ်ပြိုင်ရတော့မှာပဲ ဖြစ်ပါတယ်။ ထိုပြိုင်ပွဲကိုတော့ PUBG Mobile ရဲ့ တရားဝင် Facebook Page မှာ တိုက်ရိုက်ကြည့်ရှုနိုင်ပါတယ်။ COVID-19 ဖြစ်ပွားနေပေမယ့်လည်း Gaming Noodle ကနေ သတင်းတွေနဲ့ အခြားစိတ်ဝင်စားဖွယ်ရာ အကြောင်းအရာအသစ်တွေကို တင်ဆက်ပေးသွားဦးမှာမလို့ စောင့်မျှော်ကြည့်ရှုပေးကြပါ ခင်ဗျာ။


[ZawGyi]

MyGalaxy အသင္း ခ်န္ပီယံျဖစ္သြားတဲ့ PUBG Mobile ျမန္မာ ခ်န္ပီယံရွစ္ ၂၀၂၀

 

ျမန္မာႏိုင္ငံရဲ႕ အေကာင္းဆုံး PUBG Mobile အသင္းအျဖစ္ သက္ေသျပႏိုင္မယ့္ PUBG Mobile Myanmar Championship (PMMC 2020) ကိုေတာ့ Online Tournament အျဖစ္ မတ္လ ၂၉ နဲ႔ ၃၀ ရက္ေန႔ေတြမွာ က်င္းပခဲ့ပါတယ္။ အစက Yangon Convention Center မွာ ခမ္းခမ္းနားနား က်င္းပဖို႔ ရည္႐ြယ္ထားခဲ့ေပမယ့္ COVID-19 ကပ္ေရာဂါ ျပန႔္ႏွံေနမႈေၾကာင့္ Online ၿပိဳင္ပြဲအျဖစ္ ေျပာင္းလဲခဲ့ရတာ ျဖစ္ပါတယ္။

စုစုေပါင္း ဆုေၾကးေငြ က်ပ္သိန္း (၅၀၀) ေပးအပ္ခဲ့တဲ့ PMMC 2020 မွာေတာ့ MyGalaxy က အႏိုင္ရဗိုလ္စြဲသြားခဲ့ၿပီး ပထမဆု က်ပ္သိန္း (၁၅၀) ကိုပိုင္ဆိုင္သြားႏိုင္ခဲ့ပါတယ္။ ခ်န္ပီယံ MyGalaxy အသင္းနဲ႔အတူ ဒုတိယ၊ တတိယ၊ စတုတၳ ရရွိသြားၾကတဲ့ Yangon Galaticos, Deus Esports နဲ႔ Team Scott အသင္း (၄) သင္းလုံးဟာ PUBG Mobile Club Open (PMCO) SEA Wildcard Final ကို ဝင္ေရာက္ကစားခြင့္ ရရွိမွာပဲ ျဖစ္ပါတယ္။

PMCO SEA Wild Card မွာေတာ့ အေရွ႕ေတာင္အာရွမွ အသင္းေကာင္းမ်ားနဲ႔အတူ Online Tournament အျဖစ္ ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး ထိပ္ဆုံး ၃ သင္းဝင္ပါက PMCO SEA Final ကိုေတာ့ ဗီယက္နမ္ ႏိုင္ငံမွာ ယွဥ္ၿပိဳင္ရမွာပဲ ျဖစ္ပါတယ္။ PUBG Mobile ဟာ ျမန္မာႏိုင္ငံမွာေတာ့ လူစိတ္ဝင္စားမႈ အမ်ားဆုံး ဂိမ္းတစ္ခုျဖစ္တာမို႔လို႔ ႏိုင္ငံတကာစင္ျမင့္ထက္မွာ ဘယ္ေလာက္ လက္စြမ္း ျပႏိုင္မလည္းဆိုတာ ေစာင့္ၾကည့္ရမွာပါ။

MyGalaxy အသင္းရဲ႕အေၾကာင္း

MyGalaxy အသင္းကို ၂၀၁၉ ခုႏွစ္မွာ စတင္ဖြဲ႕စည္းခဲ့ၿပီး Claw Esports မွ Manage လုပ္ေနတာ ျဖစ္ပါတယ္။ အရင္ Team Galaxy နာမည္နဲ႔ စတင္ဖြဲ႕စည္းခဲ့တာျဖစ္ၿပီး ေနာက္ပိုင္း MyTel မွ Sponsor ေပးအပ္ကာ MyGalaxy လို႔ေျပာင္းလဲခဲ့တာပဲ ျဖစ္ပါတယ္။

MyGalaxy ရဲ႕ ကစားသမားေတြကေတာ့ icy, miracle, 4chen, maybe နဲ႔ vrkat တို႔ပဲျဖစ္ပါတယ္။ Miracle, 4chen, icy နဲ႔ maybe တို႔ဟာ Troopers နဲ႔ Team Spirit ကစားသမားေဟာင္းမ်ား ​ျဖစ္ၾကပါတယ္။

ထူးထူးျခားျခားအေနနဲ႔ vrkat ကေတာ့ Streamer တစ္ေယာက္ျဖစ္တဲ့အျပင္ ျပည္တြင္း နာမည္ႀကီး Dota1 နဲ႔ Dota2 အသင္းေတာ္ေတာ္မ်ားမ်ားမွာ ၂၀၀၉ ခုႏွစ္ေလာက္ကတည္းက Pro ကစားသမားအျဖစ္ ဝင္ေရာက္ကစားခဲ့ဖူးသူ တစ္ေယာက္ပါ။ ျပည္တြင္း ခ်န္ပီယံဆုမ်ားအျပင္ ျပည္ပၿပိဳင္ပြဲမ်ားကိုပါ ဝင္ေရာက္ယွဥ္ၿပိဳင္ဖူးတဲ့ အေတြ႕အႀကဳံမ်ားကိုလည္း ပိုင္ဆိုင္ထားပါတယ္။

Vrkat (ညာအစြန္) with Team G7 in Malaysia

MyGalaxy, Yangon Galaticos, Deus Esports နဲ႔ Team Scott တို႔ဟာ လာမယ့္ ဧၿပီလ ၄ ရက္နဲ႔ ၅ ရက္ေန႔ေတြမွာ ဖိလစ္ပိုင္၊ ကေမာၻဒီးယား၊ စကၤာပူ၊ ဘ႐ူႏိုင္း စတဲ့ႏိုင္ငံက အသင္းေတြနဲ႔ PMCO SEA Wildcard ၿပိဳင္ပြဲအျဖစ္ Online ယွဥ္ၿပိဳင္ရေတာ့မွာပဲ ျဖစ္ပါတယ္။ ထိုၿပိဳင္ပြဲကိုေတာ့ PUBG Mobile ရဲ႕ တရားဝင္ Facebook Page မွာ တိုက္႐ိုက္ၾကည့္ရႈႏိုင္ပါတယ္။ COVID-19 ျဖစ္ပြားေနေပမယ့္လည္း Gaming Noodle ကေန သတင္းေတြနဲ႔ အျခားစိတ္ဝင္စားဖြယ္ရာ အေၾကာင္းအရာအသစ္ေတြကို တင္ဆက္ေပးသြားဦးမွာမလို႔ ေစာင့္ေမွ်ာ္ၾကည့္ရႈေပးၾကပါ ခင္ဗ်ာ။