မြန်မာအသင်းတွေကို မြင်တွေခွင့်ရနိုင်မယ့် ၂၀၂၁ Dota2 ရာသီသစ် ယနေ့စမည်

 

2021 DPC Season ရဲ့ ပထမဆုံး Open Qualifier ကို ယနေ့စတင်မှာ ဖြစ်ပါတယ်။ SEA အတွက် DPC ပထမ ရာသီကတော့ ဖေဖော်ဝါရီ (၂၇) မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။ စုစုပေါင်း ဆုကြေးငွေကတော့ ဒေါ်လာ (၂၈၀,၀၀၀) ပါ။

ပွဲ Format ကတော့ ဇန်နဝါရီ ၄,၅,၆,၇ ရက်တွေမှာ Open Qualifier (၄) ခု ယှဉ်ပြိုင်ရမှာဖြစ်ပြီး Qualifier တစ်ခုစီရဲ့ ထိပ်ဆုံး (၂) သင်းက နောက်အဆင့်ကို တက်ရောက်ရမှာပါ။ Open Qualifier (1) မှာတော့ မြန်မာအသင်းတွေဖြစ်တဲ့ Yangon Galaticos, X.Veteran နဲ့ No Grim တို့ ပါဝင်ယှဉ်ပြိုင်ကြမှာပါ။ Burmese Ghouls ကတော့ Open Qualifier (2) မှာ စတင်ပါဝင်မှာပါ။ အခြားမြန်မာအသင်းတွေလည်း ရှိနိုင်ပါသေးတယ်။

Closed Qualifier ကိုတော့ 496 Gaming, SMG Esports (ex-IO Esports), Execretion, Smart Omega (ex-Adroit), Vice Esports, Galaxy Racer, Cignal Ultra, Neon Esports တို့က ဖိတ်ကြားခံထားရပါတယ်။ Closed Qualifier ကို Double Elimination Format နဲ့ Bo3 ယှဉ်ပြိုင်ရမှာပါ။

Closed Qualifier မှ ထိပ်ဆုံး (၄) သင်းက Upper Division ကို တက်ရောက်မှာဖြစ်ပြီး Upper Division အတွက် Direct Invite ရထားတဲ့ TNC, Fnatic, T1, BOOM တို့နဲ့ ယှဉ်ပြိုင်ရမှာပါ။

Closed Qualifier အောက်ဆုံး (၄) သင်းကတော့ Open Qualifier (၄) ခုက တက်လာတဲ့ (၈) သင်းနဲ့ ပေါင်းပြီး (၆) သင်းစီ အုပ်စု (၂) စုခွဲကာ Round Robin Bo2 စနစ်နဲ့ ထပ်မံ ယှဉ်ပြိုင်ရမှာပါ။ အုပ်စု (၂) ခုစီက ထိပ်ဆုံး (၄) သင်းက Lower Division အဆင့်အနေနဲ့ ယှဉ်ပြိုင်ခွင့်ရမှာ ဖြစ်ပါတယ်။

Upper Division (၈) သင်းနဲ့ Lower Division (၈) သင်းတို့ဟာ အုပ်စုပါတ်လည်စနစ်နဲ့ Bo3 ယှဉ်ပြိုင်ရမှာပါ။ Upper Division က အောက်ဆုံး (၂) သင်းက ရာသီကုန်ရင် Lower Division ကို ဆင်းရမှာဖြစ်ပြီး Lower Division က ထိပ်ဆုံး (၂) သင်းက Upper Division ကို တက်ရောက်ခွင့်ရမှာပါ။

Lower Division က အောက်ဆုံး (၂) သင်းကတော့ ပြိုင်ပွဲက ထွက်ရမှာဖြစ်ပြီး နောက်ရာသီမှာ ယှဉ်ပြိုင်မယ့် Open Qualifier က (၂) သင်းက သူတို့နေရာကို အစားဝင် ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။ SEA ရဲ့ ထိပ်ဆုံး (၃) သင်းက လာမယ့် Major ပြိုင်ပွဲကို တက်ရောက်ခွင့်ရမှာပါ။

ပထမဆုံး DPC စနစ်သစ်ဟာ Open Qualifier (4) ခုတောင် ရှိတဲ့အပြင် တစ်ခုစီက (၂) သင်းတောင် နောက်အဆင့်ကို တက်ရောက်ခွင့်ရမှာမလို့ မြန်မာအသင်းတွေအတွက် အလွန်ကောင်းမွန်တဲ့ အခွင့်အရေးတစ်ခုလို့ မြင်မိပါတယ်။ နောက်အဆင့်မှာလည်း Closed Qualifier က ဆင်းလာမယ့် အောက်ဆုံး (၄) သင်း (ဥပမာ – Cignal Ultra, Vice Esports, IO Esports, 496 Gaming စသည်တို့) ဟာလည်း မြန်မာအသင်းတွေ သူတင်ကိုယ်တင် ယှဉ်ပြိုင်နိုင်မယ့် အဆင့်တစ်ခုမှာ ရှိနေပါသေးတယ်။

Close Qualifier Bracket

စာရေးသူအမြင်အရတော့ မြန်မာအသင်း အနည်းဆုံး တစ်သင်းခန့်ကို လာမယ့် DPC Lower Division မှာ မြင်တွေ့ခွင့် ရနိုင်ဖွယ်ရှိပြီး ထင်မှတ်မထားတဲ့ လက်စွမ်းတွေသာ ထုတ်ပြနိုင်ခဲ့မယ်ဆိုရင် Upper Division ဆိုတာ အိပ်မက်တစ်ခုထက် ပိုနီးစပ်တဲ့ အခြေအနေမှာ ရှိနေမှာဖြစ်ပါတယ်လို့ ထင်မြင်မိပါတယ် ခင်ဗျာ။