ITFA (Independent Tele Football Association) မွ ၾကီးမႈးက်င္းပမည့္ Fifa Pro Club World Cup အတြက္ Asia Qualifier မ်ား စတင္ေနျပီျဖစ္ပါတယ္။ အဆုိပါ Qualifier တြင္ ျမန္မာလက္ေရြးစဥ္ Fifa Pro Club အသင္းဟာ Oman, Singapore, Malaysia တုိ႔ႏွင့္အတူ Group C တြင္ ဝင္ေရာက္ယွဥ္ျပဳိင္လ်က္ရွိပါတယ္။

ပထမဆုံး အုပ္စုဖြင့္ပြဲမွာေတာ့ Oman အသင္းကုိ ပထမအေက်ာ့ အေဝးကြင္းတြင္ 0 – 0 ၊ အိမ္ကြင္းတြင္ 2 – 1 ျဖင့္အနုိင္ရျပီး ရမွတ္ (၄) မွတ္ျဖင့္ အမွတ္ေပးဇယား၏ ဒုတိယေနရာမွာ ရပ္တည္လ်က္ရွိပါတယ္။ လာမယ့္ တနဂၤေႏြေန႔မွာေတာ့ Myanmar Pro Club အသင္းဟာ Singapore အသင္းႏွင့္ ယွဥ္ျပဳိင္သြားရမွာျဖစ္ပါတယ္။


FIFA pro club ဟာ FIFA 19 တြင္ပါဝင္ေသာ Game Mode တစ္ခုျဖစ္ပါတယ္။ FIFA pro club ဟာ တစ္သင္းလုံးကုိ ကစားသမားတစ္ဦးတည္းက ထိန္းခ်ဴပ္ရျခင္း မဟုတ္ဘဲ ကစားသမား (၁၁) ဦးက မိမိ Position အတုိင္း တစ္ေယာက္တစ္ေနရာစီ ထိန္းခ်ဴပ္ကစားရသည့္ Game ျဖစ္ပါတယ္။ ျမန္မာျပည္တြင္းမွာလည္း FIFA 19 Club မ်ားရွိျပီး ျပီးခဲ့သည့္ ရက္သတၱပတ္ကတင္ ပထမဆုံးျမန္မာ Pro Club League ကုိလည္း ေအာင္ျမင္စြာ က်င္းပျပီးစီးခဲ့ျပီး Pro Club အသင္းတစ္သင္းျဖစ္တဲ့ VI Kings မွ အနုိင္ရဗုိလ္စြဲခဲ့ပါတယ္။

FIFA Pro Club World Cup မွာ ျမန္မာကုိယ္စားျပဳ ဝင္ေရာက္ယွဥ္ျပဳိင္လ်က္ရွိေသာ ျမန္မာအသင္း၏ ဝင္ေရာက္ယွဥ္ျပဳိင္မႈမ်ားအား ေအာက္တြင္ေဖာ္ျပထားေသာ MFPC official Facebook Page တြင္ အခ်ိန္နဲ႕တစ္ေျပးညီ တုိက္ရုိက္ ထုတ္လႊင့္ေပးလ်က္ရွိတဲ့အတြက္ ဝင္ေရာက္ၾကည့္ရွဴအားေပးနုိင္ပါတယ္။

https://www.facebook.com/MFifaproclub/

 

#GamingNoodle #FIFA19 #MFPC


[Unicode]

 

ITFA (Independent Tele Football Association) မှ ကြီးမှုးကျင်းပမည့် Fifa Pro Club World Cup အတွက် Asia Qualifier များ စတင်နေပြီဖြစ်ပါတယ်။ အဆိုပါ Qualifier တွင် မြန်မာလက်ရွေးစဉ် Fifa Pro Club အသင်းဟာ Oman, Singapore, Malaysia တို့နှင့်အတူ Group C တွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပါတယ်။

ပထမဆုံး အုပ်စုဖွင့်ပွဲမှာတော့ Oman အသင်းကို ပထမအကျော့ အဝေးကွင်းတွင် 0 – 0 ၊ အိမ်ကွင်းတွင် 2 – 1 ဖြင့်အနိုင်ရပြီး ရမှတ် (၄) မှတ်ဖြင့် အမှတ်ပေးဇယား၏ ဒုတိယနေရာမှာ ရပ်တည်လျက်ရှိပါတယ်။ လာမယ့် တနင်္ဂနွေနေ့မှာတော့ Myanmar Pro Club အသင်းဟာ Singapore အသင်းနှင့် ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

FIFA pro club ဟာ FIFA 19 တွင်ပါဝင်သော Game Mode တစ်ခုဖြစ်ပါတယ်။ FIFA pro club ဟာ တစ်သင်းလုံးကို ကစားသမားတစ်ဦးတည်းက ထိန်းချူပ်ရခြင်း မဟုတ်ဘဲ ကစားသမား (၁၁) ဦးက မိမိ Position အတိုင်း တစ်ယောက်တစ်နေရာစီ ထိန်းချူပ်ကစားရသည့် Game ဖြစ်ပါတယ်။ မြန်မာပြည်တွင်းမှာလည်း FIFA 19 Club များရှိပြီး ပြီးခဲ့သည့် ရက်သတ္တပတ်ကတင် ပထမဆုံးမြန်မာ Pro Club League ကိုလည်း အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီး Pro Club အသင်းတစ်သင်းဖြစ်တဲ့ VI Kings မှ အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။

FIFA Pro Club World Cup မှာ မြန်မာကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသော မြန်မာအသင်း၏ ဝင်ရောက်ယှဉ်ပြိုင်မှုများအား အောက်တွင်ဖော်ပြထားသော MFPC official Facebook Page တွင် အချိန်နဲ့တစ်ပြေးညီ တိုက်ရိုက် ထုတ်လွှင့်ပေးလျက်ရှိတဲ့အတွက် ဝင်ရောက်ကြည့်ရှူအားပေးနိုင်ပါတယ်။

https://www.facebook.com/MFifaproclub/

 

#GamingNoodle #FIFA19 #MFPC