[Unicode]

2019 မြန်မာနိုင်ငံရဲ့ Google ရှာဖွေမှုမှာ ပါဝင်လာတဲ့ Esports ဂိမ်းများ

 

ကမ္ဘာကျော် search engine ကုမ္ပဏီကြီး Google ဟာ ပြီးခဲ့တဲ့ ၂၀၁၉ တစ်နှစ်တာအတွင်းမှာ ရှာဖွေမှုအများဆုံးဖြစ်ခဲ့တဲ့ Trending Searches စာရင်းများကို မကြာသေးမီက ထုတ်ပြန်ပေးခဲ့ပါတယ်။ ယင်းစာရင်းများကို ကမ္ဘာ့နိုင်ငံများအတွက် နှစ်စဉ်ထုတ်ပြန်ပေးနေကျ ဖြစ်ပေမယ့် မြန်မာနိုင်ငံအတွက် စာရင်းကတော့ ၂၀၁၉ မှာမှ ပထမဆုံးအကြိမ် ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။

2019 Google Trending Data

၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ရှာဖွေမှုအများဆုံးပြုလုပ်ခဲ့တဲ့ Trending Search ၁၀ ခုကတော့ အောက်ပါအတိုင်းဖြစ်ကြပါတယ်။

၁။ Thanos
၂။ Unicode font
၃။ Gboard
၄။ Call of Duty
၅။ PUBG
၆။ 9Apps
၇။ H5Game
၈။ XXXHolic Rei
၉။ Redmi Note 7
၁၀။ Jung Joon Young

ယင်းတို့ထဲမှာမှ နံပါတ် ၄ နေရာမှာ ဖော်ပြထားတဲ့ Call of Duty နဲ့ နံပါတ် ၅ နေရာမှာ ဖော်ပြထားတဲ့ PUBG တို့ဟာ Esports ဂိမ်းများဖြစ်ကြပါတယ်။ မြန်မာနိုင်ငံမှ Google သုံးစွဲသူများ Call of Duty ကို ရှာဖွေရာမှာ အများဆုံးအသုံးပြုခဲ့တဲ့ စကားစုများကတော့ call of duty, call of duty mobile, call of duy download, call of duty mobile apk နဲ့ call of duty mobile download တို့ ဖြစ်ကြပြီး PUBG မှာတော့ pubg mobile, pubg download, pubg apk, pubg lite နဲ့ pubg hack တို့ ဖြစ်ကြပါတယ်။

Call of Duty နဲ့ PUBG တို့ဟာ PC နဲ့ မိုဘိုင်းလ် ၂ ခုလုံးအတွက် ထုတ်လုပ်ထားတဲ့ဂိမ်းများဖြစ်ကြပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ ဂိမ်းများကို ရှာဖွေရာမှာ မိုဘိုင်းလ်နဲ့ ပတ်သက်တဲ့ စကားလုံးများဖြစ်ကြတဲ့ mobile နဲ့ apk တို့ကို အသုံးပြုမှုနှုန်း များပြားတဲ့အတွက် မိုဘိုင်းလ်ဂိမ်းများ ပိုမိုခေတ်စားနေကြောင်း တွေ့ကြရမှာပါ။

၂၀၁၉ တစ်နှစ်တာလုံးမှာ PUBG ကို ရှာဖွေမှုဟာ Call of Duty ကို ရှာဖွေမှုထက် ပိုမိုများပြားခဲ့ပါတယ်။ Call of Duty Mobile ဟာ ထွက်ရှိလာခဲ့တဲ့ ၂၀၁၉ အောက်တိုဘာလဝန်းကျင်လောက်မှာ ရှာဖွေမှုနှုန်းအများဆုံးဖြစ်ခဲ့ပေမယ့် ထိုအချိန်မှာတောင် PUBG ကို မမီပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံအတွင်းမှာ PUBG ဟာ Call of Duty ထက် ပိုမိုရေပန်းစားကြောင်း သိရှိကြရမှာပါ။

မြန်မာနိုင်ငံအတွက် Google က ဖော်ပြထားတဲ့ Trending Searches မှာ မပါဝင်ပေမယ့် လွန်စွာခေတ်စားနေတာကတော့ Mobile Legends: Bang Bang (MLBB) ပါ။ မိုဘိုင်းလ်ဂိမ်းသီးသန့်ဖြစ်တဲ့ MLBB ကို ရှာဖွေခဲ့မှုဟာလည်း PUBG ကို ရှာဖွေခဲ့မှုနဲ့ အပြိုင် များပြားခဲ့ကြောင်း တွေ့ရပါတယ်။ ဒါ့အပြင် PUBG နဲ့ MLBB ကို ရှာဖွေခဲ့မှုဟာ Dota 2, CS: GO, World of Warcraft စတဲ့ PC ဂိမ်းများထက်လည်း ပိုမိုများပြားပါတယ်။ ဒီအချက်များက မြန်မာနိုင်ငံမှာ PC ဂိမ်းများထက် မိုဘိုင်းလ်ဂိမ်းများ ပိုမိုခေတ်စားနေကြောင်း ထပ်မံပေါ်လွင်စေပါတယ်။

MPL-MM S3 Main Event (Credit: MLBB-MM)

မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများမှာ PC ဂိမ်းကစားသူများထက် မိုဘိုင်းလ်ကစားသူများ ပိုမိုများပြားကြောင်း ယခင်စစ်တမ်းများအရလည်း သိရှိထားခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် အခြားအရှေ့တောင်အာရှနိုင်ငံများရဲ့ Trending Searches စာရင်းများမှာတော့ မိုဘိုင်းလ်ဂိမ်းများနဲ့ ပတ်သက်တဲ့ ရှာဖွေမှုများ မပါဝင်ပါဘူး။ ဒါကြောင့် မြန်မာအင်တာနက်အသုံးပြုသူများဟာ အခြားနိုင်ငံသားများထက် မိုဘိုင်းလ်ဂိမ်းများအပေါ် စိတ်ဝင်စားမှု ပိုမိုများပြားကြောင်း ယူဆလို့ ရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ၂၀၁၉ တစ်နှစ်တာလုံး PUBG ကို ရှာဖွေမှုဟာ အခြား Trending Search ၉ ခုလုံးထက် ပိုမိုများပြားနေတာကိုလည်း တွေ့ရပါတယ်။ တစ်ချို့ Trending Search များဟာ PUBG ကို ခေတ္တကျော်လွန်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ပြန်လည် ထိုးကျသွားခဲ့ပါတယ်။ ဒါကြောင့် မြန်မာအင်တာနက်အသုံးပြုသူများဟာ ၂၀၁၉ အတွင်းမှာ PUBG အပါအဝင် ဂိမ်းများကို အခြားအရာများထက် ပိုမို စိတ်ဝင်စားခဲ့ကြကြောင်းလည်း မြင်တွေ့ကြရမှာပါ။

Trending Searches မှာ မဖော်ပြထားပေမယ့် ရှာဖွေမှုများပြားခဲ့တဲ့ စကားလုံးများလည်း ရှိပါတယ်။ ဥပမာအားဖြင့် “Myanmar” ဆိုတဲ့ စကားလုံးဟာ ဖော်ပြထားခဲ့တဲ့ Trending Searches စကားလုံးများထက် ရှာဖွေခံရမှု ပိုမိုများပြားခဲ့ပါတယ်။ Google ဟာ ယေဘုယျဆန်တဲ့ ရှာဖွေမှုများနဲ့ အချို့ ရှာဖွေမှုများကိုတော့ Trending Searches စာရင်းကနေ ချန်လှပ်ထားခဲ့ကြောင်း ယူဆလို့ ရပါတယ်။

အချုပ်အားဖြင့် ဆိုရရင် မြန်မာနိုင်ငံမှာ မိုဘိုင်းလ်ဂိမ်းများ လွန်စွာ ခေတ်စားလာနေကြောင်း ကောက်ချက်ချကြရမှာပါ။ ယခု ၂၀၂၀ မှာ ကမ္ဘာ့မိုဘိုင်းလ် Esports လောကဟာလည်း ပိုမိုထွန်းကားလာဖို့ အလားအလာကောင်းများ ရှိနေပါတယ်။ ဒါကြောင့် အနာဂတ်မိုဘိုင်းလ် Esports လောကမှာ ကမ္ဘာကို ရင်ဘောင်တန်းနိုင်မယ့် မြန်မာမိုဘိုင်းလ် gamer များ ပေါ်ထွက်လာစေဖို့ မျှော်လင့်ကြရမှာပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက် ရှိပါတယ်။

Ref: trends.google.com/trends/yis/2019/GLOBAL/


[Zawgyi]

2019 ျမန္မာနိုင္ငံရဲ့ Google ရွာေဖြမွုမွ ပါဝင္လာတဲ့ Esports ဂိမ္းမ်ား

 

ကမၻာေက်ာ္ search engine ကုမၸဏီၾကီး Google ဟာ ျပီးခဲ့တဲ့ ၂၀၁၉ တစ္ႏွစ္တာအတြင္းမွာ ရွာေဖြမႈအမ်ားဆုံးျဖစ္ခဲ့တဲ့ Trending Searches စာရင္းမ်ားကို မၾကာေသးမီက ထုတ္ျပန္ေပးခဲ့ပါတယ္။ ယင္းစာရင္းမ်ားကုိ ကမၻာ့ႏိုင္ငံမ်ားအတြက္ ႏွစ္စဥ္ထုတ္ျပန္ေပးေနက် ျဖစ္ေပမယ့္ ျမန္မာႏိုင္ငံအတြက္ စာရင္းကေတာ့ ၂၀၁၉ မွာမွ ပထမဆုံးအၾကိမ္ ထုတ္ေပးခဲ့တာ ျဖစ္ပါတယ္။

2019 Google Trending Data

၂၀၁၉ ခုႏွစ္အတြင္း ျမန္မာႏိုင္ငံမွာ ရွာေဖြမႈအမ်ားဆုံးျပဳလုပ္ခဲ့တဲ့ Trending Search ၁၀ ခုကေတာ့ ေအာက္ပါအတိုင္းျဖစ္ၾကပါတယ္။

၁။ Thanos
၂။ Unicode font
၃။ Gboard
၄။ Call of Duty
၅။ PUBG
၆။ 9Apps
၇။ H5Game
၈။ XXXHolic Rei
၉။ Redmi Note 7
၁၀။ Jung Joon Young

ယင္းတို႔ထဲမွာမွ နံပါတ္ ၄ ေနရာမွာ ေဖာ္ျပထားတဲ့ Call of Duty နဲ႔ နံပါတ္ ၅ ေနရာမွာ ေဖာ္ျပထားတဲ့ PUBG တို႔ဟာ Esports ဂိမ္းမ်ားျဖစ္ၾကပါတယ္။ ျမန္မာႏိုင္ငံမွ Google သုံးစြဲသူမ်ား Call of Duty ကို ရွာေဖြရာမွာ အမ်ားဆုံးအသုံးျပဳခဲ့တဲ့ စကားစုမ်ားကေတာ့ call of duty, call of duty mobile, call of duy download, call of duty mobile apk နဲ႔ call of duty mobile download တို႔ ျဖစ္ၾကျပီး PUBG မွာေတာ့ pubg mobile, pubg download, pubg apk, pubg lite နဲ႔ pubg hack တို႔ ျဖစ္ၾကပါတယ္။

Call of Duty နဲ႔ PUBG တို႔ဟာ PC နဲ႔ မိုဘိုင္းလ္ ၂ ခုလုံးအတြက္ ထုတ္လုပ္ထားတဲ့ဂိမ္းမ်ားျဖစ္ၾကပါတယ္။ ဒါေပမယ့္ ျမန္မာႏိုင္ငံမွာေတာ့ ဂိမ္းမ်ားကို ရွာေဖြရာမွာ မိုဘိုင္းလ္နဲ႔ ပတ္သက္တဲ့ စကားလုံးမ်ားျဖစ္ၾကတဲ့ mobile နဲ႔ apk တို႔ကို အသုံးျပဳမႈႏႈန္း မ်ားျပားတဲ့အတြက္ မိုဘိုင္းလ္ဂိမ္းမ်ား ပိုမိုေခတ္စားေနေၾကာင္း ေတြ႔ၾကရမွာပါ။

၂၀၁၉ တစ္ႏွစ္တာလုံးမွာ PUBG ကို ရွာေဖြမႈဟာ Call of Duty ကို ရွာေဖြမႈထက္ ပုိမိုမ်ားျပားခဲ့ပါတယ္။ Call of Duty Mobile ဟာ ထြက္ရွိလာခဲ့တဲ့ ၂၀၁၉ ေအာက္တိုဘာလဝန္းက်င္ေလာက္မွာ ရွာေဖြမႈႏႈန္းအမ်ားဆုံးျဖစ္ခဲ့ေပမယ့္ ထိုအခ်ိန္မွာေတာင္ PUBG ကို မမီပါဘူး။ ဒါေၾကာင့္ ျမန္မာႏိုင္ငံအတြင္းမွာ PUBG ဟာ Call of Duty ထက္ ပိုမိုေရပန္းစားေၾကာင္း သိရွိၾကရမွာပါ။

ျမန္မာႏိုင္ငံအတြက္ Google က ေဖာ္ျပထားတဲ့ Trending Searches မွာ မပါဝင္ေပမယ့္ လြန္စြာေခတ္စားေနတာကေတာ့ Mobile Legends: Bang Bang (MLBB) ပါ။ မိုဘိုင္းလ္ဂိမ္းသီးသန္႔ျဖစ္တဲ့ MLBB ကို ရွာေဖြခဲ့မႈဟာလည္း PUBG ကို ရွာေဖြခဲ့မႈနဲ႔ အျပိဳင္ မ်ားျပားခဲ့ေၾကာင္း ေတြ႔ရပါတယ္။ ဒါ့အျပင္ PUBG နဲ႔ MLBB ကို ရွာေဖြခဲ့မႈဟာ Dota 2, CS: GO, World of Warcraft စတဲ့ PC ဂိမ္းမ်ားထက္လည္း ပိုမိုမ်ားျပားပါတယ္။ ဒီအခ်က္မ်ားက ျမန္မာႏိုင္ငံမွာ PC ဂိမ္းမ်ားထက္ မိုဘိုင္းလ္ဂိမ္းမ်ား ပိုမိုေခတ္စားေနေၾကာင္း ထပ္မံေပၚလြင္ေစပါတယ္။

MPL-MM S3 Main Event (Credit: MLBB-MM)

ျမန္မာႏိုင္ငံအပါအဝင္ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားမွာ PC ဂိမ္းကစားသူမ်ားထက္ မိုဘိုင္းလ္ကစားသူမ်ား ပိုမိုမ်ားျပားေၾကာင္း ယခင္စစ္တမ္းမ်ားအရလည္း သိရွိထားခဲ့ျပီးျဖစ္ပါတယ္။ ဒါေပမယ့္ အျခားအေရွ႕ေတာင္အာရွႏိုင္ငံမ်ားရဲ႕ Trending Searches စာရင္းမ်ားမွာေတာ့ မိုဘိုင္းလ္ဂိမ္းမ်ားနဲ႔ ပတ္သက္တဲ့ ရွာေဖြမႈမ်ား မပါဝင္ပါဘူး။ ဒါေၾကာင့္ ျမန္မာအင္တာနက္အသုံးျပဳသူမ်ားဟာ အျခားႏိုင္ငံသားမ်ားထက္ မိုဘိုင္းလ္ဂိမ္းမ်ားအေပၚ စိတ္ဝင္စားမႈ ပိုမိုမ်ားျပားေၾကာင္း ယူဆလို႔ ရပါတယ္။

ဒါ့အျပင္ ျမန္မာႏိုင္ငံရဲ႕ ၂၀၁၉ တစ္ႏွစ္တာလုံး PUBG ကို ရွာေဖြမႈဟာ အျခား Trending Search ၉ ခုလုံးထက္ ပိုမိုမ်ားျပားေနတာကိုလည္း ေတြ႔ရပါတယ္။ တစ္ခ်ိဳ႕ Trending Search မ်ားဟာ PUBG ကို ေခတၱေက်ာ္လြန္ႏိုင္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ ျပန္လည္ ထိုးက်သြားခဲ့ပါတယ္။ ဒါေၾကာင့္ ျမန္မာအင္တာနက္အသုံးျပဳသူမ်ားဟာ ၂၀၁၉ အတြင္းမွာ PUBG အပါအဝင္ ဂိမ္းမ်ားကို အျခားအရာမ်ားထက္ ပိုမို စိတ္ဝင္စားခဲ့ၾကေၾကာင္းလည္း ျမင္ေတြ႕ၾကရမွာပါ။

Trending Searches မွာ မေဖာ္ျပထားေပမယ့္ ရွာေဖြမႈမ်ားျပားခဲ့တဲ့ စကားလုံးမ်ားလည္း ရွိပါတယ္။ ဥပမာအားျဖင့္ “Myanmar” ဆိုတဲ့ စကားလုံးဟာ ေဖာ္ျပထားခဲ့တဲ့ Trending Searches စကားလုံးမ်ားထက္ ရွာေဖြခံရမႈ ပိုမိုမ်ားျပားခဲ့ပါတယ္။ Google ဟာ ေယဘုယ်ဆန္တဲ့ ရွာေဖြမႈမ်ားနဲ႔ အခ်ိဳ႕ ရွာေဖြမႈမ်ားကိုေတာ့ Trending Searches စာရင္းကေန ခ်န္လွပ္ထားခဲ့ေၾကာင္း ယူဆလို႔ ရပါတယ္။

အခ်ဳပ္အားျဖင့္ ဆုိရရင္ ျမန္မာႏိုင္ငံမွာ မိုဘိုင္းလ္ဂိမ္းမ်ား လြန္စြာ ေခတ္စားလာေနေၾကာင္း ေကာက္ခ်က္ခ်ၾကရမွာပါ။ ယခု ၂၀၂၀ မွာ ကမၻာ့မိုဘိုင္းလ္ Esports ေလာကဟာလည္း ပိုမိုထြန္းကားလာဖုိ႔ အလားအလာေကာင္းမ်ား ရွိေနပါတယ္။ ဒါေၾကာင့္ အနာဂတ္မိုဘိုင္းလ္ Esports ေလာကမွာ ကမၻာကို ရင္ေဘာင္တန္းႏိုင္မယ့္ ျမန္မာမိုဘိုင္းလ္ gamer မ်ား ေပၚထြက္လာေစဖုိ႔ ေမွ်ာ္လင့္ၾကရမွာပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ ရိွပါတယ္။

Ref: trends.google.com/trends/yis/2019/GLOBAL/