[Zawgyi]

ReckoninG Esports ႏွင့္ လမ္းခြဲခဲ့ၿပီး Team Cyanide ကိုေရာက္ရွိသြားတဲ့ ျမန္မာ Dota2 အသင္း

 

ျမန္မာနိုင္ငံရဲ့ လက္ရွိတစ္ခုတည္းေသာ နိုင္ငံျခား အသင္းတစ္သင္းမွာေဆာ့ေနတဲ့ ကစားသမားေတြျဖစ္တဲ့ Kenji, ShowTi, RapRap, Insane နဲ႔ Leo တို့ဟာ အိႏၵိယအသင္း Reckoning Esports ကေနထြက္ခြာၿပီး ျမန္မာအသင္းတစ္သင္းျဖစ္တဲ့ Team Cyanide ကို ေျပာင္းေရြ႕သြားခဲ့ပါတယ္။

Team Cyanide ဆိုတာဘာလဲ?

Team Cyanide ဆိုတာကေတာ့ ျမန္မာအဖြဲ႕အစည္းတစ္ခုျဖစ္ၿပီး ၂၀၁၉ ဇြန္လမွာ စတင္ဖြဲ႕စည္းခဲ့ပါတယ္။ သူတို့ရဲ့ ပထမအသင္းကေတာ့ Mobile Legends အသင္းျဖစ္ၿပီး စဖြဲ႕ၿပီးမၾကာခင္မွာလည္း MESL ခ်န္ပီယံဆုကို Burmese Ghouls, Claw Esports, Yangon Galaticos စတဲ့ အသင္းႀကီးေတြကို ေက်ာ္ျဖတ္ၿပီး ထိုက္ထိုက္တန္တန္ ရယူနိုင္ၿပီး ျမန္မာကိုယ္စားျပဳအေနနဲ႔ SEA Games မွာပါယွဥ္ၿပိဳင္ခြင့္ရရွိထားတယ္လို့ သိရပါတယ္။ ဒါ့အျပင္ လက္ရွိက်င္းပေနတဲ့ MPL Season (3) မွာလည္း Team Cyanide MLBB အသင္းက ထိပ္ဆုံး ၈ သင္းအဆင့္ကို ေရာက္ရွိေနၿပီပဲ ျဖစ္ပါတယ္။ ယေန႔ စက္တင္ဘာလ (၁) ရက္ေန႔မွာေတာ့ Team Cyanide ရဲ့ စာမ်က္ႏွာသစ္တစ္ခုအေနနဲ႔ သူတို့ရဲ့ Dota2 အသင္းကိုေၾကညာခဲ့ပါတယ္။

 

ကစားသမားေတြကေတာ့ အရင္ Team Veteran အသင္းသားေဟာင္းေတြျဖစ္သလို ReckoninG Esports ကေနထြက္ရွိလာၾကတဲ့

1. Leo
2. Insane
3. ShowTi
4. RapRap
5. Kenji

တို့ပဲ ျဖစ္ပါတယ္။ ထို (၅) ေယာက္ဟာ လက္တြဲေဆာ့လာတာ ႏွစ္အေတာ္ၾကာခဲ့ၿပီျဖစ္သလို ျမန္မာနိုင္ငံရဲ့ အေကာင္းဆုံး Dota2 အသင္းလို့ဆိုရေလာက္ေအာင္ ပါဝင္ယွဥ္ၿပိဳင္တဲ့ ပြဲစဥ္တိုင္းနီးနီးပို ခ်န္ပီယံဆု ရယူနိုင္တဲ့ အသင္းပဲ ျဖစ္ပါတယ္။ လက္ရွိ Training Camp အေနနဲ႔ Team Cyanide အသင္း တည္ရရွိရာ (၈) မိုင္မွာ ေလ့က်င့္ေနထိုင္ေနတယ္လို႔ သိရွိရပါတယ္။

Team Cyanide Dota2 အသင္းရဲ့ ေရွ႕ဆက္လမ္းခရီးကိုေတာ့ အားလုံးက စိတ္ဝင္စားေနၾကၿပီျဖစ္ၿပီး ပထမဆုံး Tournament ျဖစ္တဲ့ WESG 2019 ျမန္မာလက္ရည္စစ္ပြဲမွာလည္း ထိပ္ဆုံး ၄ သင္းအဆင့္ကို ေရာက္ရွိေနၿပီပဲ ျဖစ္ပါတယ္။ Team Cyanide Dota2 ကိုလည္း ေရွ႕ဆက္ေအာင္ျမင္မွုေတြကို ဆက္လက္ထိမ္းသိမ္းထားနိုင္ဖို့ ဆုေတာင္းေပးလိုက္ပါတယ္။

ေျပာင္းေရြ႕ျခင္းရဲ့ ေနာက္ကြယ္က ျဖစ္ရပ္မွန္အေၾကာင္းအရာကိုေတာ့ ကာယကံရွင္မ်ားက မေျဖရွင္းေသးသလို အသင္းေဟာင္း ReckoninG Esports ကလည္း တရားဝင္ သတင္းထုတ္ျပန္မွုေတြမလုပ္ေသးလို့ ဘာေတြဆက္ျဖစ္ဦးမယ္ဆိုတာကေတာ့ စိတ္ဝင္စားဖို့ ေကာင္းေနပါတယ္။ ေနာက္ဆက္တြဲ သတင္းမ်ားရွိပါကလည္း တင္ဆက္ေပးသြားဦးမွာျဖစ္လို့ Gaming Noodle မွာ ေစာင့္ေမၽွာ္ေပးၾကပါ ခင္ဗ်ာ။


[Unicode]

ReckoninG Esports နှင့် လမ်းခွဲခဲ့ပြီး Team Cyanide ကိုရောက်ရှိသွားတဲ့ မြန်မာ Dota2 အသင်း

 

မြန်မာနိုင်ငံရဲ့ လက်ရှိတစ်ခုတည်းသော နိုင်ငံခြား အသင်းတစ်သင်းမှာဆော့နေတဲ့ ကစားသမားတွေဖြစ်တဲ့ Kenji, ShowTi, RapRap, Insane နဲ့ Leo တို့ဟာ အိန္ဒိယအသင်း Reckoning Esports ကနေထွက်ခွာပြီး မြန်မာအသင်းတစ်သင်းဖြစ်တဲ့ Team Cyanide ကို ပြောင်းရွေ့သွားခဲ့ပါတယ်။

Team Cyanide ဆိုတာဘာလဲ?

Team Cyanide ဆိုတာကတော့ မြန်မာအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၂၀၁၉ ဇွန်လမှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ သူတို့ရဲ့ ပထမအသင်းကတော့ Mobile Legends အသင်းဖြစ်ပြီး စဖွဲ့ပြီးမကြာခင်မှာလည်း MESL ချန်ပီယံဆုကို Burmese Ghouls, Claw Esports, Yangon Galaticos စတဲ့ အသင်းကြီးတွေကို ကျော်ဖြတ်ပြီး ထိုက်ထိုက်တန်တန် ရယူနိုင်ပြီး မြန်မာကိုယ်စားပြုအနေနဲ့ SEA Games မှာပါယှဉ်ပြိုင်ခွင့်ရရှိထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် လက်ရှိကျင်းပနေတဲ့ MPL Season (3) မှာလည်း Team Cyanide MLBB အသင်းက ထိပ်ဆုံး ၈ သင်းအဆင့်ကို ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။ ယနေ့ စက်တင်ဘာလ (၁) ရက်နေ့မှာတော့ Team Cyanide ရဲ့ စာမျက်နှာသစ်တစ်ခုအနေနဲ့ သူတို့ရဲ့ Dota2 အသင်းကိုကြေညာခဲ့ပါတယ်။

ကစားသမားတွေကတော့ အရင် Team Veteran အသင်းသားဟောင်းတွေဖြစ်သလို ReckoninG Esports ကနေထွက်ရှိလာကြတဲ့

1. Leo
2. Insane
3. ShowTi
4. RapRap
5. Kenji

တို့ပဲ ဖြစ်ပါတယ်။ ထို (၅) ယောက်ဟာ လက်တွဲဆော့လာတာ နှစ်အတော်ကြာခဲ့ပြီဖြစ်သလို မြန်မာနိုင်ငံရဲ့ အကောင်းဆုံး Dota2 အသင်းလို့ဆိုရလောက်အောင် ပါဝင်ယှဉ်ပြိုင်တဲ့ ပွဲစဉ်တိုင်းနီးနီးပို ချန်ပီယံဆု ရယူနိုင်တဲ့ အသင်းပဲ ဖြစ်ပါတယ်။ လက်ရှိ Training Camp အနေနဲ့ Team Cyanide အသင်း တည်ရရှိရာ (၈) မိုင်မှာ လေ့ကျင့်နေထိုင်နေတယ်လို့ သိရှိရပါတယ်။

Team Cyanide Dota2 အသင်းရဲ့ ရှေ့ဆက်လမ်းခရီးကိုတော့ အားလုံးက စိတ်ဝင်စားနေကြပြီဖြစ်ပြီး ပထမဆုံး Tournament ဖြစ်တဲ့ WESG 2019 မြန်မာလက်ရည်စစ်ပွဲမှာလည်း ထိပ်ဆုံး ၄ သင်းအဆင့်ကို ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။ Team Cyanide Dota2 ကိုလည်း ရှေ့ဆက်အောင်မြင်မှုတွေကို ဆက်လက်ထိမ်းသိမ်းထားနိုင်ဖို့ ဆုတောင်းပေးလိုက်ပါတယ်။

ပြောင်းရွေ့ခြင်းရဲ့ နောက်ကွယ်က ဖြစ်ရပ်မှန်အကြောင်းအရာကိုတော့ ကာယကံရှင်များက မဖြေရှင်းသေးသလို အသင်းဟောင်း ReckoninG Esports ကလည်း တရားဝင် သတင်းထုတ်ပြန်မှုတွေမလုပ်သေးလို့ ဘာတွေဆက်ဖြစ်ဦးမယ်ဆိုတာကတော့ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ နောက်ဆက်တွဲ သတင်းများရှိပါကလည်း တင်ဆက်ပေးသွားဦးမှာဖြစ်လို့ Gaming Noodle မှာ စောင့်မျှော်ပေးကြပါ ခင်ဗျာ။