[Zawgyi]

ျမန္မာ Dota2 ကစားသမား အေျပာင္းအေရႊ႕ Update

 

The International 2019 (TI9) ေနာက္ပိုင္း နိုင္ငံတကာမွာ လည္း Dota2 ကစားသမား အေျပာင္းအေရြ႕နဲ႔ ေကာလဟာလေတြ ဆက္တိုက္ျဖစ္ေပၚေနသလို ျမန္မာမွာလည္း MESL ၿပိဳင္ပြဲၿပီး ေနာက္ပိုင္း ျဖစ္ပ်က္ေနတဲ့ Dota2 ကစားသမား အေျပာင္းအေရႊ႕ေလးေတြကို ေဖာ္ျပလိုက္ပါတယ္။

အေျပာင္းအေရႊ႕ေတြကို ေဖာ္ျပရာမွာလည္း ျမန္မာရဲ့ ႀကီး (၄) ႀကီးလို့ဆိုရမယ့္ Team Cyanide (ex-RG), Outworld, King Panda Gaming နဲ႔ Yangon Galaticos စတဲ့ Tier-1 အသင္းေတြရဲ့ အေျပာင္းအလဲေတြကိုသာ ေဖာ္ျပသြားမွာ ျဖစ္ပါတယ္။ ေအာက္ပါ အခ်က္အလက္ေတြကိုလည္း ျပည္တြင္းကစားသမားမ်ားနဲ႔ ကာယကံရွင္မ်ားထံမွ အတက္နိုင္ဆုံး စုေဆာင္းေရးသားေပးထားျခင္း ျဖစ္ၿပီး မွားယြင္းမွု တစ္စုံတစ္ရာ ရွိပါက စာေရးသူ၏ ေပါ့ေလၽွာ့မွုသာ ျဖစ္ပါတယ္ ခင္ဗ်ာ။

1. Team Cyanide

MESL ကစားေနစဥ္အခ်ိန္ကတည္းက Reckoning Esports(RG) ကေန ထြက္ခြာလာတဲ့ RapRap ဟာ သူရဲ့ ကစားေဖာ္ေဟာင္းေတြျဖစ္တဲ့ Kenji, ShowTi, Leo နဲ႔ Insane တို့နဲ႔ ျပန္လည္ ပူးေပါင္းၿပီ Team Cyanide ကို ေရာက္ရွိသြားပါတယ္။ MESL ခ်န္ပီယံျဖစ္ခဲ့သလို ျမန္မာ နိုင္ငံရဲ့ လက္ရွိ လက္တြဲအၾကာဆုံး လူစာရင္းဟာ ျပန္လည္ေပါင္းစည္းသြားတာကေတာ့ က်န္အသင္းေတြအတြက္ သတင္းေကာင္း မဟုတ္ေလာက္ပါဘူး။

ကိုယ့္ေျမကိုယ့္ေရမွာ Training Camp ျပန္ဆင္းၿပီး စိတ္ခ်မ္းခ်မ္းသာသာနဲ႔ ေလ့က်င့္ရမွာ ျဖစ္လို့ လက္စြမ္းတိုးတက္မွုေတြကိုပါ ျမင္ေတြ႕ရနိုင္ပါတယ္။ Team Cyanide အေနနဲ႔ အထိုင္က်ၿပီးသား လူစာရင္းကို ပုံမွန္လက္စြမ္းသာ ထိန္းသိမ္းနိုင္ခဲ့မယ္ဆိုရင္ ဒီနိုင္ငံရဲ့ အေကာင္းဆုံး Dota2 အသင္းဆိုတဲ့ ဂုဏ္ပုဒ္ကို ပိုင္ဆိုင္ထားနိုင္ဦးမွာပါ။

 

2. King Panda Gaming (KPG)

BOD Cyber and Joy Cyber Dota2 Tournament Champion “KPG”

MESL Grand Final ရဲ့ ရွုံးနိမ့္မွုအေပၚ ျပန္လာနိုင္ဖို့အတြက္ KPG ကေတာ့ Team Cyanide လိုမဟုတ္ပဲ လူအေျပာင္းအလဲ တစ္ခုျပဳလုပ္ခဲ့ပါတယ္။
KPG စတင္တည္ေထာင္ကတည္းက ပါဝင္ခဲ့တဲ့ Offlaner “Kalay” ဟာ အသင္းနဲ႔ လမ္းခြဲခဲ့ၿပီး လစ္လပ္ေနတဲ့ ေနရာအတြက္ Kelvin Lay ကို ေခၚယူခဲ့ပါတယ္။ Kelvin Lay ကေတာ့ Rank 300 ေက်ာ္ရွိၿပီး အရင္ TNT အသင္းရဲ့ Captain/Drafter တစ္ေယာက္လည္း ျဖစ္ပါတယ္။

TNT အသင္းမွာ Position-5 Support Role ေဆာ့ခဲ့ေပမယ့္ KPG မွာေတာ့ Position-4 Semi-support role ကို ေျပာင္းေဆာ့မွာ ျဖစ္ၿပီး Kalay99 က Offlane ေျပာင္းေဆာ့မွာပါ။ MESL ပြဲမွာ KPG ရဲ့ Coach အျဖစ္ပါဝင္ခဲ့တဲ့ Kelvin Lay ဟာ ယခု KPG ရဲ့ Captain/Drafter Role ကိုပါ တြဲဖက္ တာဝန္ယူသြားမွာပါ။ ဒီလူစာရင္းက မွန္ကန္တယ္ဆိုတာ သက္ေသျပမယ့္ တစ္ခ်က္ကေတာ့ မၾကာခင္က က်င္းပခဲ့တဲ့ BOD Cyber & Joy Cyber ရဲ့ Tournament မွာ KPG အသင္းက ပထမဆု ရရွိခဲ့ပါတယ္။ အဆိုပါၿပိဳင္ပြဲမွာေတာ့ အသင္းႀကီး အမ်ားစု မပါဝင္ခဲ့ေပမယ့္ KPG အတြက္ Team Cyanide ရဲ့ သရဖူကို အရယူဖို့ တြန္းအားတစ္ခုေတာ့ ျဖစ္ေစမွာပါ။

 

3. Outworld

MESL Regular Season မွာ ဒုတိယ ရရွိခဲ့ေပမယ့္ Main Event မွာ ထင္သေလာက္ လက္စြမ္းမျပနိုင္ခဲ့တဲ့ Outworld ကလည္း ကစားသမား ၂ ဦး အေျပာင္းအလဲ ျပဳလုပ္ခဲ့ပါတယ္။ Outworld စဖြဲ႕ကတည္းကေရာ အရင္ Eternal အသင္းထဲကပါဝင္ခဲ့တဲ့ Captain/Support “Scorpion” နဲ႔ Offlaner “Hy” တို့ ၂ ေယာက္ဟာ ပညာေရးကိစၥမ်ားေၾကာင့္ အသင္းကထြက္ခြာသြားလို့ ကစားသမားသစ္ ၂ ေယာက္နဲ႔ ျပန္လည္အစားထိုးခဲ့ပါတယ္။

Scorpion ေနရာအတြက္ “Mesmerize” ကိုေခၚယူခဲ့ၿပီး Hy ေနရာအတြက္ေတာ့ “GreeN” ကို ေရြးခ်ယ္ခဲ့ပါတယ္။ Mesmerize (အမည္ရင္း Ring Naw) ကေတာ့ ေစာင့္ၾကည့္ရမယ့္ မ်က္ႏွာသစ္ ကစားသမားတစ္ဦးျဖစ္ၿပီး အသက္ ၂၂ နဲ႔ Rank ကေတာ့ 1400 ေက်ာ္ရွိၿပီး Support Role ေဆာ့မွာပါ။ ယခု Outworld ကေတာ့ Mesmerize ရဲ့ ပထမဆုံး အသင္းပဲ ျဖစ္ပါတယ္။ GreeN ကေတာ့ TNT နဲ႔ King Panda Gaming က ကစားသမားေဟာင္းတစ္ဦးျဖစ္ၿပီး Offlane ကစားသမားေကာင္း တစ္ဦးလည္း ျဖစ္ပါတယ္။ သူရဲ့ အေတြ႕အၾကဳံနဲ႔ လက္စြမ္းေတြက Outworld အသင္းရဲ့ လိုအပ္ေနတဲ့ ဟာကြက္ေတြကို ျဖည့္စည္းနိုင္မယ္လို့ ယူဆရပါတယ္။

 

4. Yangon Galaticos (YG)

YG Roster at MESL

ျပင္ဆင္မွုအားေကာင္းေကာင္းနဲ႔ MESL မွာယွဥ္ၿပိဳင္ခဲ့ေပမယ့္ မွန္းခ်က္နဲ႔ ႏွမ္းထြက္ မကိုက္ပဲ Main Event (၄) သင္းအနက္ အဆင့္(၄)သာ ရရွိခဲ့လို့ သူတို့ရဲ့ Dota2 အသင္းကို ေျမလွန္ခဲ့ပါတယ္။ TNT ကစားသမားေဟာင္း ၂ ဦးျဖစ္တဲ့ Skill Lay နဲ႔ LuN (ရန္နိုင္) တို့ ၂ ဦးသာ အသင္းမွာ ဆက္လက္ထားရွိၿပီး ယခင္ အေျချပဳ တည္ေဆာက္ခဲ့တဲ့ “Thet Oo” လို ကစားသမားမ်ိဳးသာမက “Arman” နဲ႔ “LuffY” တို့နဲ႔ပါ လမ္းခြဲခဲ့ပါတယ္။

အသင္းကို ျပန္လည္တည္ေဆာက္ရာမွာေတာ့ မႏၲေလးက ကစားသမား ၂ ေယာက္ရယ္ ရန္ကုန္က ကစားသမား ၁ ေယာက္ရယ္ ေခၚယူခဲ့ပါတယ္။ Mandalay AllStar နဲ႔ Central အသင္းက Mid Player “Zaw Rain” နဲ႔ Offlaner “Minato” တို့ကို ေခၚယူခဲ့ပါတယ္။ ၂ ဦးလုံးက Rank 500 နဲ႔ 700 ေက်ာ္မွာ အသီးသီး ရပ္တည္ေနလို့ ေလၽွာ့တြက္လို့မရမယ့္ ကစားသမား ၂ ဦးပဲ ျဖစ္ပါတယ္။ Carry အေနနဲ႔ကေတာ့ Tier-2 အဆင့္ အသင္းေတြျဖစ္တဲ့ NoX နဲ႔ Flash Gaming တို့မွာ က်င္လည္ခဲ့ဖူးတဲ့ “Zipzap” ကို ေရြးခ်ယ္ခဲ့ပါတယ္။ အေတြ႕အၾကဳံရွိ Carry player ပီပီ Skill Lay နဲ႔ LuN တို့ရဲ့ ထိန္းခ်ဳပ္မွု ေအာက္မွာ ပိုမို တိုးတက္လာဦးမွာျဖစ္ၿပီး ကစားသမားေဟာင္းေတြရဲ့ လက္စြမ္းကို မွီၿပီး ေက်ာ္တက္နိုင္ဖို့အတြက္ကေတာ့ ဆက္လက္ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။

 

အထက္ပါ (၄) သင္းဟာ လက္ရွိ က်င္းပေနတဲ့ ဆုေၾကးေငြ ၃၃ သိန္းေက်ာ္တန္ ICT Challenge ၿပိဳင္ပြဲနဲ႔ ျမန္မာကိုယ္စားျပဳအသင္းေရြးခ်ယ္မယ့္ WESG 2019 မွာလည္း ထိပ္ဆုံး ၄ သင္းအဆင့္ကို ေရာက္ရွိေနၾကၿပီး Main Event ကို ဆက္လက္ယွဥ္ၿပိဳင္ရမွာပါ။ အထက္မွာ ေဖာ္ျပခဲ့တဲ့ လူစာရင္းကေတာ့ လက္ရွိ WESG နဲ႔ ICT Challenge ကို ယွဥ္ၿပိဳင္ၾကမွာ ျဖစ္ၿပီး ထိုၿပိဳင္ပြဲ ၂ ခုၿပီးရင္လည္း မၾကာခင္ စတင္ေတာ့မယ့္ Acer Predator League မတိုင္ခင္ အေျပာင္းအလဲ ေတြ ထပ္မံ ေတြ႕ရွိရဦးမလား? အသင္းပိုင္ရွင္ေတြကပဲ စိတ္ရွည္ရွည္နဲ႔ အခ်ိန္ေပးဦးမလားဆိုတာေတာ့ ဆက္လက္ေစာင့္ၾကည့္ရေအာင္ ခင္ဗ်ာ။


[Unicode]

မြန်မာ Dota2 ကစားသမား အပြောင်းအရွှေ့ Update

 

The International 2019 (TI9) နောက်ပိုင်း နိုင်ငံတကာမှာ လည်း Dota2 ကစားသမား အပြောင်းအရွေ့နဲ့ ကောလဟာလတွေ ဆက်တိုက်ဖြစ်ပေါ်နေသလို မြန်မာမှာလည်း MESL ပြိုင်ပွဲပြီး နောက်ပိုင်း ဖြစ်ပျက်နေတဲ့ Dota2 ကစားသမား အပြောင်းအရွှေ့လေးတွေကို ဖော်ပြလိုက်ပါတယ်။

အပြောင်းအရွှေ့တွေကို ဖော်ပြရာမှာလည်း မြန်မာရဲ့ ကြီး (၄) ကြီးလို့ဆိုရမယ့် Team Cyanide (ex-RG), Outworld, King Panda Gaming နဲ့ Yangon Galaticos စတဲ့ Tier-1 အသင်းတွေရဲ့ အပြောင်းအလဲတွေကိုသာ ဖော်ပြသွားမှာ ဖြစ်ပါတယ်။ အောက်ပါ အချက်အလက်တွေကိုလည်း ပြည်တွင်းကစားသမားများနဲ့ ကာယကံရှင်များထံမှ အတက်နိုင်ဆုံး စုဆောင်းရေးသားပေးထားခြင်း ဖြစ်ပြီး မှားယွင်းမှု တစ်စုံတစ်ရာ ရှိပါက စာရေးသူ၏ ပေါ့လျှော့မှုသာ ဖြစ်ပါတယ် ခင်ဗျာ။

 

1. Team Cyanide

MESL ကစားနေစဉ်အချိန်ကတည်းက Reckoning Esports(RG) ကနေ ထွက်ခွာလာတဲ့ RapRap ဟာ သူရဲ့ ကစားဖော်ဟောင်းတွေဖြစ်တဲ့ Kenji, ShowTi, Leo နဲ့ Insane တို့နဲ့ ပြန်လည် ပူးပေါင်းပြီ Team Cyanide ကို ရောက်ရှိသွားပါတယ်။ MESL ချန်ပီယံဖြစ်ခဲ့သလို မြန်မာ နိုင်ငံရဲ့ လက်ရှိ လက်တွဲအကြာဆုံး လူစာရင်းဟာ ပြန်လည်ပေါင်းစည်းသွားတာကတော့ ကျန်အသင်းတွေအတွက် သတင်းကောင်း မဟုတ်လောက်ပါဘူး။

ကိုယ့်မြေကိုယ့်ရေမှာ Training Camp ပြန်ဆင်းပြီး စိတ်ချမ်းချမ်းသာသာနဲ့ လေ့ကျင့်ရမှာ ဖြစ်လို့ လက်စွမ်းတိုးတက်မှုတွေကိုပါ မြင်တွေ့ရနိုင်ပါတယ်။ Team Cyanide အနေနဲ့ အထိုင်ကျပြီးသား လူစာရင်းကို ပုံမှန်လက်စွမ်းသာ ထိန်းသိမ်းနိုင်ခဲ့မယ်ဆိုရင် ဒီနိုင်ငံရဲ့ အကောင်းဆုံး Dota2 အသင်းဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားနိုင်ဦးမှာပါ။

 

2. King Panda Gaming (KPG)

BOD Cyber and Joy Cyber Dota2 Tournament Champion “KPG”

MESL Grand Final ရဲ့ ရှုံးနိမ့်မှုအပေါ် ပြန်လာနိုင်ဖို့အတွက် KPG ကတော့ Team Cyanide လိုမဟုတ်ပဲ လူအပြောင်းအလဲ တစ်ခုပြုလုပ်ခဲ့ပါတယ်။ KPG စတင်တည်ထောင်ကတည်းက ပါဝင်ခဲ့တဲ့ Offlaner “Kalay” ဟာ အသင်းနဲ့ လမ်းခွဲခဲ့ပြီး လစ်လပ်နေတဲ့ နေရာအတွက် Kelvin Lay ကို ခေါ်ယူခဲ့ပါတယ်။ Kelvin Lay ကတော့ Rank 300 ကျော်ရှိပြီး အရင် TNT အသင်းရဲ့ Captain/Drafter တစ်ယောက်လည်း ဖြစ်ပါတယ်။

TNT အသင်းမှာ Position-5 Support Role ဆော့ခဲ့ပေမယ့် KPG မှာတော့ Position-4 Semi-support role ကို ပြောင်းဆော့မှာ ဖြစ်ပြီး Kalay99 က Offlane ပြောင်းဆော့မှာပါ။ MESL ပွဲမှာ KPG ရဲ့ Coach အဖြစ်ပါဝင်ခဲ့တဲ့ Kelvin Lay ဟာ ယခု KPG ရဲ့ Captain/Drafter Role ကိုပါ တွဲဖက် တာဝန်ယူသွားမှာပါ။ ဒီလူစာရင်းက မှန်ကန်တယ်ဆိုတာ သက်သေပြမယ့် တစ်ချက်ကတော့ မကြာခင်က ကျင်းပခဲ့တဲ့ BOD Cyber & Joy Cyber ရဲ့ Tournament မှာ KPG အသင်းက ပထမဆု ရရှိခဲ့ပါတယ်။ အဆိုပါပြိုင်ပွဲမှာတော့ အသင်းကြီး အများစု မပါဝင်ခဲ့ပေမယ့် KPG အတွက် Team Cyanide ရဲ့ သရဖူကို အရယူဖို့ တွန်းအားတစ်ခုတော့ ဖြစ်စေမှာပါ။

 

3. Outworld

MESL Regular Season မှာ ဒုတိယ ရရှိခဲ့ပေမယ့် Main Event မှာ ထင်သလောက် လက်စွမ်းမပြနိုင်ခဲ့တဲ့ Outworld ကလည်း ကစားသမား ၂ ဦး အပြောင်းအလဲ ပြုလုပ်ခဲ့ပါတယ်။ Outworld စဖွဲ့ကတည်းကရော အရင် Eternal အသင်းထဲကပါဝင်ခဲ့တဲ့ Captain/Support “Scorpion” နဲ့ Offlaner “Hy” တို့ ၂ ယောက်ဟာ ပညာရေးကိစ္စများကြောင့် အသင်းကထွက်ခွာသွားလို့ ကစားသမားသစ် ၂ ယောက်နဲ့ ပြန်လည်အစားထိုးခဲ့ပါတယ်။

Scorpion နေရာအတွက် “Mesmerize” ကိုခေါ်ယူခဲ့ပြီး Hy နေရာအတွက်တော့ “GreeN” ကို ရွေးချယ်ခဲ့ပါတယ်။ Mesmerize (အမည်ရင်း Ring Naw) ကတော့ စောင့်ကြည့်ရမယ့် မျက်နှာသစ် ကစားသမားတစ်ဦးဖြစ်ပြီး အသက် ၂၂ နဲ့ Rank ကတော့ 1400 ကျော်ရှိပြီး Support Role ဆော့မှာပါ။ ယခု Outworld ကတော့ Mesmerize ရဲ့ ပထမဆုံး အသင်းပဲ ဖြစ်ပါတယ်။ GreeN ကတော့ TNT နဲ့ King Panda Gaming က ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး Offlane ကစားသမားကောင်း တစ်ဦးလည်း ဖြစ်ပါတယ်။ သူရဲ့ အတွေ့အကြုံနဲ့ လက်စွမ်းတွေက Outworld အသင်းရဲ့ လိုအပ်နေတဲ့ ဟာကွက်တွေကို ဖြည့်စည်းနိုင်မယ်လို့ ယူဆရပါတယ်။

 

4. Yangon Galaticos (YG)

YG Roster at MESL

ပြင်ဆင်မှုအားကောင်းကောင်းနဲ့ MESL မှာယှဉ်ပြိုင်ခဲ့ပေမယ့် မှန်းချက်နဲ့ နှမ်းထွက် မကိုက်ပဲ Main Event (၄) သင်းအနက် အဆင့်(၄)သာ ရရှိခဲ့လို့ သူတို့ရဲ့ Dota2 အသင်းကို မြေလှန်ခဲ့ပါတယ်။ TNT ကစားသမားဟောင်း ၂ ဦးဖြစ်တဲ့ Skill Lay နဲ့ LuN (ရန်နိုင်) တို့ ၂ ဦးသာ အသင်းမှာ ဆက်လက်ထားရှိပြီး ယခင် အခြေပြု တည်ဆောက်ခဲ့တဲ့ “Thet Oo” လို ကစားသမားမျိုးသာမက “Arman” နဲ့ “LuffY” တို့နဲ့ပါ လမ်းခွဲခဲ့ပါတယ်။

အသင်းကို ပြန်လည်တည်ဆောက်ရာမှာတော့ မန္တလေးက ကစားသမား ၂ ယောက်ရယ် ရန်ကုန်က ကစားသမား ၁ ယောက်ရယ် ခေါ်ယူခဲ့ပါတယ်။ Mandalay Allstar and Central အသင်းက Mid Player “Zaw Rain” နဲ့ Offlaner “Minato” တို့ကို ခေါ်ယူခဲ့ပါတယ်။ ၂ ဦးလုံးက Rank 500 နဲ့ 700 ကျော်မှာ အသီးသီး ရပ်တည်နေလို့ လျှော့တွက်လို့မရမယ့် ကစားသမား ၂ ဦးပဲ ဖြစ်ပါတယ်။ Carry အနေနဲ့ကတော့ Tier-2 အဆင့် အသင်းတွေဖြစ်တဲ့ NoX နဲ့ Flash Gaming တို့မှာ ကျင်လည်ခဲ့ဖူးတဲ့ “Zipzap” ကို ရွေးချယ်ခဲ့ပါတယ်။ အတွေ့အကြုံရှိ Carry player ပီပီ Skill Lay နဲ့ LuN တို့ရဲ့ ထိန်းချုပ်မှု အောက်မှာ ပိုမို တိုးတက်လာဦးမှာဖြစ်ပြီး ကစားသမားဟောင်းတွေရဲ့ လက်စွမ်းကို မှီပြီး ကျော်တက်နိုင်ဖို့အတွက်ကတော့ ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

 

အထက်ပါ (၄) သင်းဟာ လက်ရှိ ကျင်းပနေတဲ့ ဆုကြေးငွေ ၃၃ သိန်းကျော်တန် ICT Challenge ပြိုင်ပွဲနဲ့ မြန်မာကိုယ်စားပြုအသင်းရွေးချယ်မယ့် WESG 2019 မှာလည်း ထိပ်ဆုံး ၄ သင်းအဆင့်ကို ရောက်ရှိနေကြပြီး Main Event ကို ဆက်လက်ယှဉ်ပြိုင်ရမှာပါ။ အထက်မှာ ဖော်ပြခဲ့တဲ့ လူစာရင်းကတော့ လက်ရှိ WESG နဲ့ ICT Challenge ကို ယှဉ်ပြိုင်ကြမှာ ဖြစ်ပြီး ထိုပြိုင်ပွဲ ၂ ခုပြီးရင်လည်း မကြာခင် စတင်တော့မယ့် Acer Predator League မတိုင်ခင် အပြောင်းအလဲ တွေ ထပ်မံ တွေ့ရှိရဦးမလား? အသင်းပိုင်ရှင်တွေကပဲ စိတ်ရှည်ရှည်နဲ့ အချိန်ပေးဦးမလားဆိုတာတော့ ဆက်လက်စောင့်ကြည့်ရအောင် ခင်ဗျာ။