Unicode

ထိုင်း၊ မြန်မာနဲ့ မလေးရှားနိုင်ငံမှ တက္ကသိုလ်ကိုယ်စားပြုအသင်းတွေ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ Dota2 University Champion (DUC) တတိယမြောက်ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြုအသင်းဖြစ်တဲ့ ဒဂုံတက္ကသိုလ် (Dagon University) Dota2 အသင်းက ချန်ပီယံဆုအဖြစ် ဗိုလ်စွဲသွားခဲ့ပါတယ်။

DUC ပြိုင်ပွဲဟာ ထိုင်းနိုင်ငံရှိ Common Ground အဖွဲ့အစည်းမှ နှစ်စဉ်ဦးစီးကျင်းပနေကျ တက္ကသိုလ်ပေါင်းစုံ Dota2 ပြိုင်ပွဲတစ်ခုပါ။ ယခင်နှစ် DUC ၂၀၁၈ ပြိုင်ပွဲမှာ မြန်မာအသင်းတွေ စတင်ပါဝင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ် (YU) နဲ့ သန်လျှင် နည်းပညာတက္ကသိုလ် (TTU) တို့ဟာ နောက်ဆုံးအဆင့်အဖြစ် ဘန်ကောက်မြို့မှာ ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပေမယ့် နောက်ဆုံး Grand Final ကိုတော့ တက်ရောက်ခွင့် မရခဲ့ကြပါဘူး။

ဒီနှစ်မှာတော့ DUC III အတွက် ပြည်တွင်း Qualifier ကို Yangon University Esports Community (YUeC) က ဦးစီးကျင်းပပေးခဲ့ပြီး ဒဂုံတက္ကသိုလ် (DU) နဲ့ မြန်မာရေကြောင်းပညာတက္ကသိုလ် (MMU) တို့မှ မြန်မာကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

Main Event ကို နိုဝင်ဘာ ၂၉ မှ ဒီဇင်ဘာ ၁ ရက်နေ့အထိ ထိုင်းနိုင်ငံ Khon Kaen မြို့ရှိ Focus Arena မှာ ကျင်းပခဲ့ပါတယ်။ ပြိုင်ပွဲကိုတော့ မြန်မာနိုင်ငံမှ DU နဲ့ MMU တို့အပြင် မလေးရှားနိုင်ငံမှ IBS နဲ့ ICATS ကောလိပ်၊ ထိုင်းတက္ကသိုလ်များဖြစ်ကြတဲ့ KMUTNB, ABAC, KUMTT နဲ့ CU တို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

မြန်မာကိုယ်စားပြုဖြစ်တဲ့ MMU မှာတော့ နာမည်ကြီး ကစားသမားတွေ အဖြစ် Michiki နဲ့ BG Dota2 မှ Mg Gent တို့ပါဝင်ခဲ့ပြီး DU မှာတော့ ပြည်တွင်းအတွေ့အကြုံရင့်ကစားသမားတွေအဖြစ် Support Duo ဖြစ်တဲ့ Thar Layy နဲ့ ZxG, NoX Esports မှ Carry ကစားသမား ShaungFu တို့ ပါဝင် ယှဉ်ပြိုင်ခဲ့ကြပါတယ်။

Main Event ပြိုင်ပွဲကို ရှုံးထွက် Best of three format နဲ့ ယှဉ်ပြိုင်ခဲ့ကြပြီး MMU အသင်းကတော့ ABAC အသင်းကို ရှုံးနိမ့်ခဲ့ကာ Top 8 အဆင့်နဲ့ ကျေနပ်ခဲ့ရပါတယ်။ DU အသင်းကတော့ ထိုင်းတက္ကသိုလ်များဖြစ်တဲ့ KMUTT နဲ့ CU တို့ကို 2-0, 2-1 ဆိုတဲ့ ရလဒ်များနဲ့ Grand Final ကို တက်လှမ်းနိုင်ခဲ့ပြီး Grand Final မှာ MMU ကို အနိုင်ယူလာခဲ့တဲ့ ABAC ကို 3-0 နဲ့ လက်စွမ်းပြအနိုင်ယူပြီး ချန်ပီယံဆုကို ထိုက်ထိုက်တန်တန် ရရှိသွားခဲ့ပါတယ်။

ပြိုင်ပွဲတစ်ခုလုံးရဲ့ Prize pool ကတော့ Thai Baht 150,000 ဖြစ်ပြီး ပထမရရှိခဲ့တဲ့ DU အသင်းက Baht 60,000 (မြန်မာကျပ်ငွေ သိန်း ၃၀ ခန့်) ရရှိခဲ့ပြီး Top 8 ဖြစ်တဲ့ MMU ကတော့ Baht 7,500 (မြန်မာကျပ်ငွေ ၃၇၀,၀၀၀ ခန့်) ရရှိသွားခဲ့ပါတယ်။

Dota2 University Champion ပြိုင်ပွဲမှာ ထိုင်းနဲ့ မလေးရှားက တက္ကသိုလ်တွေကို ကျော်ဖြတ်ပြီး အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ ဒဂုံတက္ကသိုလ်ကို Gaming Noodle မှ ဂုဏ်ပြုလိုက်ရပါတယ် ခင်ဗျာ။

#GamingNoodle

Unicode

ထိုင္း၊ ျမန္မာနဲ႔ မေလးရွားႏိုင္ငံမွ တကၠသိုလ္ကိုယ္စားျပဳအသင္းေတြ ပါဝင္ယွဥ္ၿပိဳင္ခဲ့တဲ့ Dota2 University Champion (DUC) တတိယေျမာက္ၿပိဳင္ပြဲမွာ ျမန္မာကိုယ္စားျပဳအသင္းျဖစ္တဲ့ ဒဂုံတကၠသိုလ္ (Dagon University) Dota2 အသင္းက ခ်န္ပီယံဆုအျဖစ္ ဗိုလ္စြဲသြားခဲ့ပါတယ္။

DUC ၿပိဳင္ပြဲဟာ ထိုင္းႏိုင္ငံရွိ Common Ground အဖြဲ႕အစည္းမွ ႏွစ္စဥ္ဦးစီးက်င္းပေနက် တကၠသိုလ္ေပါင္းစုံ Dota2 ၿပိဳင္ပြဲတစ္ခုပါ။ ယခင္ႏွစ္ DUC ၂၀၁၈ ၿပိဳင္ပြဲမွာ ျမန္မာအသင္းေတြ စတင္ပါဝင္ခဲ့ၿပီး ရန္ကုန္တကၠသိုလ္ (YU) နဲ႔ သန္လွ်င္ နည္းပညာတကၠသိုလ္ (TTU) တို႔ဟာ ေနာက္ဆုံးအဆင့္အျဖစ္ ဘန္ေကာက္ၿမိဳ႕မွာ ယွဥ္ၿပိဳင္ခြင့္ရရွိခဲ့ေပမယ့္ ေနာက္ဆုံး Grand Final ကိုေတာ့ တက္ေရာက္ခြင့္ မရခဲ့ၾကပါဘူး။

ဒီႏွစ္မွာေတာ့ DUC III အတြက္ ျပည္တြင္း Qualifier ကို Yangon University Esports Community (YUeC) က ဦးစီးက်င္းပေပးခဲ့ၿပီး ဒဂုံတကၠသိုလ္ (DU) နဲ႔ ျမန္မာေရေၾကာင္းပညာတကၠသိုလ္ (MMU) တို႔မွ ျမန္မာကိုယ္စားျပဳ သြားေရာက္ယွဥ္ၿပိဳင္ခဲ့ပါတယ္။

Main Event ကို ႏိုဝင္ဘာ ၂၉ မွ ဒီဇင္ဘာ ၁ ရက္ေန႔အထိ ထိုင္းႏိုင္ငံ Khon Kaen ၿမိဳ႕ရွိ Focus Arena မွာ က်င္းပခဲ့ပါတယ္။ ၿပိဳင္ပြဲကိုေတာ့ ျမန္မာႏိုင္ငံမွ DU နဲ႔ MMU တို႔အျပင္ မေလးရွားႏိုင္ငံမွ IBS နဲ႔ ICATS ေကာလိပ္၊ ထိုင္းတကၠသိုလ္မ်ားျဖစ္ၾကတဲ့ KMUTNB, ABAC, KUMTT နဲ႔ CU တို႔ ပါဝင္ယွဥ္ၿပိဳင္ခဲ့ၾကပါတယ္။

ျမန္မာကိုယ္စားျပဳျဖစ္တဲ့ MMU မွာေတာ့ နာမည္ႀကီး ကစားသမားေတြ အျဖစ္ Michiki နဲ႔ BG Dota2 မွ Mg Gent တို႔ပါဝင္ခဲ့ၿပီး DU မွာေတာ့ ျပည္တြင္းအေတြ႕အႀကဳံရင့္ကစားသမားေတြအျဖစ္ Support Duo ျဖစ္တဲ့ Thar Layy နဲ႔ ZxG, NoX Esports မွ Carry ကစားသမား ShaungFu တို႔ ပါဝင္ ယွဥ္ၿပိဳင္ခဲ့ၾကပါတယ္။

Main Event ၿပိဳင္ပြဲကို ရႈံးထြက္ Best of three format နဲ႔ ယွဥ္ၿပိဳင္ခဲ့ၾကၿပီး MMU အသင္းကေတာ့ ABAC အသင္းကို ရႈံးနိမ့္ခဲ့ကာ Top 8 အဆင့္နဲ႔ ေက်နပ္ခဲ့ရပါတယ္။ DU အသင္းကေတာ့ ထိုင္းတကၠသိုလ္မ်ားျဖစ္တဲ့ KMUTT နဲ႔ CU တို႔ကို 2-0, 2-1 ဆိုတဲ့ ရလဒ္မ်ားနဲ႔ Grand Final ကို တက္လွမ္းႏိုင္ခဲ့ၿပီး Grand Final မွာ MMU ကို အႏိုင္ယူလာခဲ့တဲ့ ABAC ကို 3-0 နဲ႔ လက္စြမ္းျပအႏိုင္ယူၿပီး ခ်န္ပီယံဆုကို ထိုက္ထိုက္တန္တန္ ရရွိသြားခဲ့ပါတယ္။

ၿပိဳင္ပြဲတစ္ခုလုံးရဲ႕ Prize pool ကေတာ့ Thai Baht 150,000 ျဖစ္ၿပီး ပထမရရွိခဲ့တဲ့ DU အသင္းက Baht 60,000 (ျမန္မာက်ပ္ေငြ သိန္း ၃၀ ခန႔္) ရရွိခဲ့ၿပီး Top 8 ျဖစ္တဲ့ MMU ကေတာ့ Baht 7,500 (ျမန္မာက်ပ္ေငြ ၃၇၀,၀၀၀ ခန႔္) ရရွိသြားခဲ့ပါတယ္။

Dota2 University Champion ၿပိဳင္ပြဲမွာ ထိုင္းနဲ႔ မေလးရွားက တကၠသိုလ္ေတြကို ေက်ာ္ျဖတ္ၿပီး အႏိုင္ရ ဗိုလ္စြဲခဲ့တဲ့ ဒဂုံတကၠသိုလ္ကို Gaming Noodle မွ ဂုဏ္ျပဳလိုက္ရပါတယ္ ခင္ဗ်ာ။

#GamingNoodle