[Zawgyi]
My.Games ရဲ႕ Global Game Store စတင္မည္
My.Games ဟာ ရုရွားႏိုင္ငံရဲ႕ နာမည္ေက်ာ္ ဂိမ္းကုမၸဏီတစ္ခုျဖစ္ျပီး တစ္ကမၻာလုံးရဲ႕ ေစ်းကြက္ကို ဦးတည္ ေျခဆန္႔ေနခဲ့တာကေတာ့ မၾကာေသးပါဘူး။ လြန္ခဲ့တဲ့ရက္ပိုင္းအတြင္းမွာေတာ့ My.Games ဟာ ယင္းရဲ႕ global game store နဲ႔ platform ကို ယခုႏွစ္ေႏွာင္းပိုင္းမွာ စတင္ေတာ့မွာ ျဖစ္ေၾကာင္း ေၾကညာလိုက္ပါတယ္။ တစ္ကမ႓ာလုံးက ဂိမ္းထုတ္လုပ္တဲ့ ကုမၸဏီမ်ားဟာ ယင္းတို႔ရဲ႕ ဂိမ္းမ်ားကို My.Games Store ေပၚမွာတင္ျပီး ကစားသူမ်ားကို ျဖန္႔ခ်ိေပးႏိုင္မွာပါ။ PC ဂိမ္းအေျမာက္အမ်ားအျပင္ တစ္မူထူးျခားတဲ့ gaming service မ်ားလည္း ပါဝင္မယ္လို႔ ဆိုပါတယ္။
My.Games ရဲ႕ CEO ျဖစ္သူ Vasiliy Maguryan က “ကြ်န္ေတာ္တို႔ရဲ႕ My.Games Store ကို အားလုံးနဲ႔ မိတ္ဆက္ခြင့္ရေတာ့မွာ ျဖစ္လို႔ ဝမ္းသာမိပါတယ္။ ကြ်န္ေတာ္တို႔ဟာ အေရွ႕ဥေရာပက ဂိမ္းပရိသတ္မ်ားကို ဂိမ္းမ်ား ျဖန္႔ခ်ိေနခဲ့တာျဖစ္ျပီး ယခုေတာ့ တစ္ကမၻာလုံးအတိုင္းအတာအထိ ေရာက္ရွိျဖန္႔ခ်ိေတာ့မွာပါ။ Free-to-play ဂိမ္းမ်ားေရာ premium ဂိမ္းမ်ားပါ ပါဝင္မွာျဖစ္ျပီး My.Games ဟာ ဂိမ္းကုမၸဏီမ်ားနဲ႔ ကစားသူမ်ားကို အကူအညီမ်ားစြာ ေပးႏိုင္မွာ ျဖစ္ေၾကာင္း ယုံၾကည္ပါတယ္” လုိ႔ ေျပာၾကားသြားခဲ့ပါတယ္။
My.Games Store ကို ျပဳလုပ္ဖုိ႔ အစီအစဥ္ဟာ ရုရွားဘာသာကိုသာ အသုံးျပဳျပီး လစဥ္ အသုံးျပဳသူေပါင္း ၁၃ သန္းေက်ာ္ ရရွိထားတဲ့ Games.Mail.Ru ရဲ႕ ေအာင္ျမင္မႈနဲ႔ စတင္လာခဲ့တာျဖစ္ပါတယ္။ စတင္ခ်ိန္မွာေတာ့ အသုံးျပဳသူမ်ားဟာ My.Games ရဲ႕ နာမည္ၾကီးဂိမ္းမ်ားျဖစ္တဲ့ Warface နဲ႔ Conqueror’s Blade တို႔လို ဂိမ္းမ်ားအျပင္ အျခားကုမၸဏီမ်ားက store ေပၚမွာ တင္ထားတဲ့ ဂိမ္းမ်ားကိုလည္း ကစားႏိုင္မွာပါ။ My.Games Store ေပၚမွာ လာတင္ထားတဲ့ဂိမ္းမ်ားက ရရွိတဲ့ အက်ိဳးအျမတ္ရဲ႕ ၃၀% ကို တင္ခ နဲ႔ support လုပ္ခ အျဖစ္ ဂိမ္းကုမၸဏီမ်ားဆီက ေကာက္ယူမွာ ျဖစ္ပါတယ္။

My.Games ရဲ႕ Lootdog ဆိုတဲ့ service ဟာ ကစားသူမ်ားရဲ႕ in-game item မ်ားကို ေငြနဲ႔ ဝယ္ယူခြင့္ ေရာင္းခ်ခြင့္မ်ား ေပးႏိုင္သလို Donation Alerts ဆိုတဲ့ service ကို အသုံးျပဳျပီးလည္း platform ေပၚက streamer မ်ားကို တိုက္ရိုက္ donate လုပ္ျခင္း၊ streamer တစ္ေယာက္ အေနနဲ႔ ေငြရွာျခင္း စတာေတြကို ျပဳလုပ္ႏိုင္မွာ ျဖစ္ပါတယ္။ ဒီနည္းပညာေတြကို Games.Mail.ru ေပၚမွာ ႏွစ္အေတာ္ၾကာ ေအာင္ျမင္စြာ အသုံးျပဳလာခဲ့တာျဖစ္ျပီး ယခုေတာ့ ကမၻာကို ခ်ျပေတာ့မွာျဖစ္ေၾကာင္း My.Games ရဲ႕ တာဝန္ရွိသူတစ္ဦးက ေျပာခဲ့ပါေသးတယ္။
ဒီႏွစ္ ေမလက စလုိ့ beta အဆင့္ စမ္းသပ္ေနခဲ့တဲ့ My.Games သာ ႏွစ္မကုန္ခင္မွာ ေအာင္ျမင္တဲ့ game store နဲ႔ platform ျဖစ္လာခဲ့ရင္ ပရိသတ္မ်ား အရင္က မျမင္ဖူးေသးတဲ့ နာမည္ၾကီးဂိမ္းေပါင္းမ်ားစြာ ေပၚေပါက္လာႏိုင္ပါတယ္။ Esports ေလာကမွာ အေရးၾကီးတဲ့အရာမ်ားျဖစ္တဲ့ game store နဲ႔ platform မ်ားဟာ အသစ္အဆန္းေပၚလာတိုင္း စမ္းသပ္ၾကည့္သင့္တဲ့အရာမ်ားပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္လ်က္ရွိပါတယ္။
[Unicode]
My.Games ရဲ့ Global Game Store စတင်မည်
My.Games ဟာ ရုရှားနိုင်ငံရဲ့ နာမည်ကျော် ဂိမ်းကုမ္ပဏီတစ်ခုဖြစ်ပြီး တစ်ကမ္ဘာလုံးရဲ့ ဈေးကွက်ကို ဦးတည် ခြေဆန့်နေခဲ့တာကတော့ မကြာသေးပါဘူး။ လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းမှာတော့ My.Games ဟာ ယင်းရဲ့ global game store နဲ့ platform ကို ယခုနှစ်နှောင်းပိုင်းမှာ စတင်တော့မှာ ဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ တစ်ကမ္ဘာလုံးက ဂိမ်းထုတ်လုပ်တဲ့ ကုမ္ပဏီများဟာ ယင်းတို့ရဲ့ ဂိမ်းများကို My.Games Store ပေါ်မှာတင်ပြီး ကစားသူများကို ဖြန့်ချိပေးနိုင်မှာပါ။ PC ဂိမ်းအမြောက်အများအပြင် တစ်မူထူးခြားတဲ့ gaming service များလည်း ပါဝင်မယ်လို့ ဆိုပါတယ်။
My.Games ရဲ့ CEO ဖြစ်သူ Vasiliy Maguryan က “ကျွန်တော်တို့ရဲ့ My.Games Store ကို အားလုံးနဲ့ မိတ်ဆက်ခွင့်ရတော့မှာ ဖြစ်လို့ ဝမ်းသာမိပါတယ်။ ကျွန်တော်တို့ဟာ အရှေ့ဥရောပက ဂိမ်းပရိသတ်များကို ဂိမ်းများ ဖြန့်ချိနေခဲ့တာဖြစ်ပြီး ယခုတော့ တစ်ကမ္ဘာလုံးအတိုင်းအတာအထိ ရောက်ရှိဖြန့်ချိတော့မှာပါ။ Free-to-play ဂိမ်းများရော premium ဂိမ်းများပါ ပါဝင်မှာဖြစ်ပြီး My.Games ဟာ ဂိမ်းကုမ္ပဏီများနဲ့ ကစားသူများကို အကူအညီများစွာ ပေးနိုင်မှာ ဖြစ်ကြောင်း ယုံကြည်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
My.Games Store ကို ပြုလုပ်ဖို့ အစီအစဉ်ဟာ ရုရှားဘာသာကိုသာ အသုံးပြုပြီး လစဉ် အသုံးပြုသူပေါင်း ၁၃ သန်းကျော် ရရှိထားတဲ့ Games.Mail.Ru ရဲ့ အောင်မြင်မှုနဲ့ စတင်လာခဲ့တာဖြစ်ပါတယ်။ စတင်ချိန်မှာတော့ အသုံးပြုသူများဟာ My.Games ရဲ့ နာမည်ကြီးဂိမ်းများဖြစ်တဲ့ Warface နဲ့ Conqueror’s Blade တို့လို ဂိမ်းများအပြင် အခြားကုမ္ပဏီများက store ပေါ်မှာ တင်ထားတဲ့ ဂိမ်းများကိုလည်း ကစားနိုင်မှာပါ။ My.Games Store ပေါ်မှာ လာတင်ထားတဲ့ဂိမ်းများက ရရှိတဲ့ အကျိုးအမြတ်ရဲ့ ၃၀% ကို တင်ခ နဲ့ support လုပ်ခ အဖြစ် ဂိမ်းကုမ္ပဏီများဆီက ကောက်ယူမှာ ဖြစ်ပါတယ်။

My.Games ရဲ့ Lootdog ဆိုတဲ့ service ဟာ ကစားသူများရဲ့ in-game item များကို ငွေနဲ့ ဝယ်ယူခွင့် ရောင်းချခွင့်များ ပေးနိုင်သလို Donation Alerts ဆိုတဲ့ service ကို အသုံးပြုပြီးလည်း platform ပေါ်က streamer များကို တိုက်ရိုက် donate လုပ်ခြင်း၊ streamer တစ်ယောက် အနေနဲ့ ငွေရှာခြင်း စတာတွေကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒီနည်းပညာတွေကို Games.Mail.ru ပေါ်မှာ နှစ်အတော်ကြာ အောင်မြင်စွာ အသုံးပြုလာခဲ့တာဖြစ်ပြီး ယခုတော့ ကမ္ဘာကို ချပြတော့မှာဖြစ်ကြောင်း My.Games ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသေးတယ်။
ဒီနှစ် မေလက စလို့ beta အဆင့် စမ်းသပ်နေခဲ့တဲ့ My.Games သာ နှစ်မကုန်ခင်မှာ အောင်မြင်တဲ့ game store နဲ့ platform ဖြစ်လာခဲ့ရင် ပရိသတ်များ အရင်က မမြင်ဖူးသေးတဲ့ နာမည်ကြီးဂိမ်းပေါင်းများစွာ ပေါ်ပေါက်လာနိုင်ပါတယ်။ Esports လောကမှာ အရေးကြီးတဲ့အရာများဖြစ်တဲ့ game store နဲ့ platform များဟာ အသစ်အဆန်းပေါ်လာတိုင်း စမ်းသပ်ကြည့်သင့်တဲ့အရာများပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်လျက်ရှိပါတယ်။