[Zawgyi]

Discovery ခ်န္နယ္ရဲ႕ Esports အစီအစဥ္အတြက္ MSI နဲ႔ပူးေပါင္းတင္ဆက္

 

ထိုင္ဝမ္အေျခစိုက္ ကြန္ျပဴတာနဲ႔ဆက္စပ္ပစၥည္းမ်ား ထုတ္လုပ္သူတစ္ဦးျဖစ္တဲ့ MSI ကုမၸဏီဟာ အေမရိကန္ အခေပး႐ုပ္သံလိုင္းတစ္ခုျဖစ္တဲ့ Discovery Channel နဲ႔ပူးေပါင္းၿပီး Esports က႑ဆုိင္ရာ မွတ္တမ္း႐ုပ္ရွင္တစ္ခုျဖစ္တဲ့ “Esports: The Rise of The New King” ကိုထုတ္လႊင့္သြားမယ္လို႔ သိရပါတယ္။

တစ္နာရီခန္႔ၾကာျမင့္မယ့္ ဒီအစီအစဥ္မွာေတာ့ အိမ္မွာ Video Game ကို သာမန္အေပ်ာ္ေဆာ့ကစားရာ ကေန Esports ဆိုၿပီး ဆုေၾကးေငြ ေဒၚလာသန္းခ်ီေပးအပ္တဲ့ အားကစားတစ္ခုလို႔ တကမာၻလံုးက သတ္မွတ္တဲ့ အေျခအေနအထိ ဘယ္လိုေရာက္ရွိခဲ့လဲဆိုတာ တင္ဆက္သြားမွာပါ။ တစ္ကမာၻလံုးမွာရွိတဲ့ ပြဲစီစဥ္သူေတြ၊ အဖြဲ႕အစည္းေတြ၊ ဂိမ္းထုတ္လုပ္သူေတြ၊ ကစားသမားေတြ၊ ပရိသတ္ေတြ၊ ဂိမ္းနဲ႔ ဆက္စပ္ပစၥည္း ထုတ္လုပ္သူေတြ အားလံုးဟာ ဒီ Esports ကမာၻႀကီးတိုးတက္ဖို႔ ေနရာေပါင္းစံုက ပါဝင္ခဲ့ၾကတယ္ဆိုတာ ေတြ႕ျမင္ရမယ္လို႔ သိရပါတယ္။

Trailer of Esports: the Rise of The New King

ဒီအစီအစဥ္ကိုေတာ့ ျမန္မာႏိုင္ငံမွာပါ ၾကည္႐ႈႏိုင္မွာ ျဖစ္ၿပီး ဇြန္လ ၂၃ ရက္ေန႔ အေရွ႕ေတာင္အာရွ စံေတာ္ခ်ိန္ ည ၉ နာရီ / ျမန္မာစံေတာ္ခ်ိန္ မနက္ျဖန္ည ၇:၃၀ မွာ Discovery Channel ေတြမွာ ျပသသြားမွာ ျဖစ္ပါတယ္။ Discovery Channel ေတြကိုေတာ့ ျပည္တြင္းရွိ အခေပး႐ုပ္သံလိုင္းမ်ားျဖစ္တဲ့ Skynet, Canal+ စသည္တို႔မွာ ၾကည့္႐ႈႏိုင္မွာပါ။

 

===============================

[Unicode]

 

Discovery ချန်နယ်ရဲ့ Esports အစီအစဉ်အတွက် MSI နဲ့ပူးပေါင်းတင်ဆက်

 

ထိုင်ဝမ်အခြေစိုက် ကွန်ပြူတာနဲ့ဆက်စပ်ပစ္စည်းများ ထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ MSI ကုမ္ပဏီဟာ အမေရိကန် အခပေးရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ Discovery Channel နဲ့ပူးပေါင်းပြီး Esports ကဏ္ဍဆိုင်ရာ မှတ်တမ်းရုပ်ရှင်တစ်ခုဖြစ်တဲ့ “Esports: The Rise of The New King” ကိုထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။

တစ်နာရီခန့်ကြာမြင့်မယ့် ဒီအစီအစဉ်မှာတော့ အိမ်မှာ Video Game ကို သာမန်အပျော်ဆော့ကစားရာ ကနေ Esports ဆိုပြီး ဆုကြေးငွေ ဒေါ်လာသန်းချီပေးအပ်တဲ့ အားကစားတစ်ခုလို့ တကမ္ဘာလုံးက သတ်မှတ်တဲ့ အခြေအနေအထိ ဘယ်လိုရောက်ရှိခဲ့လဲဆိုတာ တင်ဆက်သွားမှာပါ။ တစ်ကမ္ဘာလုံးမှာရှိတဲ့ ပွဲစီစဉ်သူတွေ၊ အဖွဲ့အစည်းတွေ၊ ဂိမ်းထုတ်လုပ်သူတွေ၊ ကစားသမားတွေ၊ ပရိသတ်တွေ၊ ဂိမ်းနဲ့ ဆက်စပ်ပစ္စည်း ထုတ်လုပ်သူတွေ အားလုံးဟာ ဒီ Esports ကမ္ဘာကြီးတိုးတက်ဖို့ နေရာပေါင်းစုံက ပါဝင်ခဲ့ကြတယ်ဆိုတာ တွေ့မြင်ရမယ်လို့ သိရပါတယ်။

Trailer of Esports: the Rise of The New King

ဒီအစီအစဉ်ကိုတော့ မြန်မာနိုင်ငံမှာပါ ကြည်ရှုနိုင်မှာ ဖြစ်ပြီး ဇွန်လ ၂၃ ရက်နေ့ အရှေ့တောင်အာရှ စံတော်ချိန် ည ၉ နာရီ / မြန်မာစံတော်ချိန် မနက်ဖြန်ည ၇:၃၀ မှာ Discovery Channel တွေမှာ ပြသသွားမှာ ဖြစ်ပါတယ်။ Discovery Channel တွေကိုတော့ ပြည်တွင်းရှိ အခပေးရုပ်သံလိုင်းများဖြစ်တဲ့ Skynet, Canal+ စသည်တို့မှာ ကြည့်ရှုနိုင်မှာပါ။

 

Source : MSI gaming