[Zawgyi]

“Clash of the Legends” MLBB Professional League Myanmar ၏ Season 3 က်င္းပေတာ့မည္

 

Mobile Legends: Bang Bang Professional League Myanmar Season 3 (MPL-MM S3) ကို ၾသဂုတ္လ ၁ ရက္ေန႔တြင္ စတင္က်င္းပမွာျဖစ္ျပီး ဆုေၾကးေငြ စုစုေပါင္း အေမရိကန္ ေဒၚလာ ငါးေသာင္း (ျမန္မာေငြက်ပ္ သိန္း ၇၅၀ ေက်ာ္) ခ်ီးျမွင့္မွာျဖစ္ပါတယ္။ MPL-MM S3 ရဲ႕ သတင္းစာရွင္းလင္းပြဲကိုလည္း ဇူလိုင္လ ၁၈ ရက္ေန႔က Melia Hotel Yangon ရဲ႕ Grand Ballroom မွာ ျပဳလုပ္ခဲ့ျပီး ျပိဳင္ပြဲရဲ႕ Project Director ဦးစိုးမိုးေအးနဲ႔ Event Manager ဦးေဝယံေက်ာ္တို႔က အေသးစိတ္အခ်က္အလက္မ်ားကို ရွင္းလင္းေျပာၾကားသြားခဲ့ပါတယ္္။

“Clash of the Legends” လုိ႔ အမည္ေပးထားျပီး Moonton က တင္ဆက္မယ့္ ဒီပြဲစဥ္မ်ားကို facebook gaming ကေန တိုက္ရိုက္ထုတ္လႊင့္မွာျဖစ္ကာ Game Cast Network Myanmar က တာဝန္ယူျပဳလုပ္မွာပါ။ Sponsor မ်ား အျဖစ္ အဓိကပံ့ပိုးသူ Telenor နဲ႔ elite sponsor – Huawei တို႔ က ပါဝင္ကူညီၾကမွာပါ။

ျပိဳင္ပြဲမွာ အဆင့္ ၃ ဆင့္ ပါဝင္ျပီး ပထမအဆင့္ လက္ရည္စစ္ပြဲမ်ား (Qualifiers), ဒုတိယအဆင့္ ပုံမွန္ရာသီပြဲစဥ္မ်ား (Regular Season) နဲ႔ တတိယအဆင့္ ရႈံးထြက္ပြဲစဥ္မ်ား (Playoffs) တုိ႔ပဲ ျဖစ္ပါတယ္။ ျပီးခဲ့တဲ့ Season 2 မွ ထိပ္ဆုံး အသင္း ၄ သင္းျဖစ္တဲ့ Team Resolution, Burmese Ghouls, Maven Esports နဲ႔ Team Illusions တို႔ကေတာ့ ျပိဳင္ပြဲကို ဒုတိယအဆင့္ကေန တိုက္ရိုက္ဝင္ေရာက္ယွဥ္ျပိဳင္ခြင့္ရမွာျဖစ္ျပီး က်န္အသင္းမ်ား အားလုံးကေတာ့ Qualifiers ကေန စတင္ကစားၾကရမွာပါ။

Qualifiers ပြဲစဥ္မ်ားဟာ single elimination BO1 (best of 1) ပြဲစဥ္မ်ားျဖစ္ျပီး ေနာက္ဆုံးက်န္တဲ့ အသင္း ၈ သင္းကေတာ့ BO3 (best of 3) သုံးပြဲစီ ယွဥ္ျပိဳင္ကစားၾကရမွာပါ။ BO3 ပြဲမ်ားမွ ထိပ္ဆုံး ၄ သင္းကေတာ့ ဒုတိယအဆင့္ Regular season ကို တက္လွမ္းႏိုင္မွာပါ။ ထို ၄ သင္းနဲ႕ ဒုတိယအဆင့္ မွာ တိုက္ရိုက္ယွဥ္ျပိဳင္ခြင့္ရရွိထားတဲ့ အသင္း ၄ သင္း စုစုေပါင္း ၈ သင္းဟာ တတိယအဆင့္ကို ဝင္ေရာက္ခြင့္ရဖုိ႔ ထိပ္ဆုံး ၆ ေနရာအတြက္ ယွဥ္ျပိဳင္ကစားၾကရမွာပါ။ တတိယအဆင့္ကို ေရာက္ရိွတဲ့ ၆ သင္းစလုံးကေတာ့ ဆုမ်ားရရွိၾကမွာျဖစ္ပါတယ္။

ဆုေၾကးေငြမ်ားကို ဒုတိယအဆင့္ကေန စတင္ခ်ီးျမွင့္မွာျဖစ္ျပီး အပတ္စဥ္ Regular season BO3 ကစားပြဲမ်ားတြင္ အႏိုင္ရရွိတဲ့အသင္းမ်ား ရရွိမွာပါ။ BO3 ပြဲမ်ားမွာ ႏွစ္ပြဲအျပတ္အႏိုင္ရရွိတဲ့အသင္းမ်ားဟာ ေဒၚလာ ၃၉၀, ႏွစ္ပြဲႏိုင္တစ္ပြဲရႈံးအသင္းမ်ားဟာ ေဒၚလာ ၂၆၀ နဲ႔ ႏွစ္ပြဲရႈံးတစ္ပြဲႏိုင္အသင္းမ်ားဟာ ေဒၚလာ ၁၃၀ စီ အပတ္စဥ္ ရရွိမွာျဖစ္ျပီး ႏွစ္ပြဲစလုံးရႈံးနိမ့္တဲ့အသင္းမ်ားကေတာ့ ဆုေၾကးေငြ ရရွိမွာ မဟုတ္ပါဘူး။

တတိယအဆင့္ကို တက္လွမ္းလာမယ့္ ထိပ္ဆုံး ၆ သင္းအတြက္ ဆုေၾကးေငြမ်ားကေတာ့ ခ်န္ပီယံအသင္းအတြက္ ေဒၚလာ ၁၃,၀၀၀, 1st Runner up အတြက္ ေဒၚလာ ၆,၀၀၀, 2nd Runner up အတြက္ ေဒၚလာ ၃,၀၀၀, 3rd Runner up အတြက္ ေဒၚလာ ၂,၀၀၀, 4th Runner up အတြက္ ေဒၚလာ ၁,၀၀၀ နဲ႕ 5th Runner up အတြက္ ေဒၚလာ ၁,၀၀၀ တုိ႔ပဲျဖစ္ပါတယ္။ခ်န္ပီယံအသင္းကေတာ့ MLBB World Championship ျပိဳင္ပြဲၾကီးကို စရိတ္ျငိမ္းဝင္ေရာက္ယွဥ္ျပိဳင္ခြင့္ပါ ရရွိမွာပါ။

MPL ပြဲမ်ားကို အေရွ႕ေတာင္အာရွႏိုင္ငံမ်ားမွာ ပုံစံမ်ိဳးစုံျဖင့္က်င္းပေနၾကျပီး ထိုပြဲဲမ်ားအားလုံးဟာ Mobile Legend: Bang Bang (MLBB) ကို ကြ်မ္းက်င္ႏွစ္ျခိဳက္စြာ ကစားၾကသူ professional player မ်ားအတြက္ career တစ္ခုျဖစ္ေပၚလာေအာင္ ရည္ရြယ္ခ်က္နဲ႔ ျပဳလုပ္ၾကတာပါ။ MPL-MM Season 2 မွာတည္းက MPL ဟာ ျမန္မာ MLBB ကစားသမားမ်ား အတြက္ ျပိဳင္ဆိုင္မႈျပင္းထန္တဲ့ပြဲျဖစ္ေၾကာင္း သက္ေသျပႏိုင္ခဲ့ပါတယ္။

ယခု MPL MM Season 3 မွာ ယခင္က်င္းပျပီးစီးခဲ့တဲ့ Season 1 နဲ႔ Season 2 တို႔မွ ခ်န္ပီယံေဟာင္း ကစားသမားမ်ား ျပန္လည္ပါဝင္လာျပီး ထို ကစားသမားမ်ားဟာ အားေပးသူပရိတ္သတ္မ်ားလည္း အခိုင္အမာရရွိထားလုိ႔ ျမန္မာ့ MLBB ေလာကရဲ႕ Legend သဖြယ္ သတ္မွတ္ခံထားရတာပါ။ ဒါေၾကာင့္ ယခုပြဲစဥ္မ်ားရဲ႕ ေခါင္းစဥ္ကို “Clash of the Legends” လုိ႔ အမည္ေပးထားျခင္းျဖစ္ေၾကာင္း သတင္းစာရွင္းလင္းပြဲမွာ ဦးစိုးမိုးေအး က ေျပာၾကားသြားခဲ့ပါတယ္။ MLBB ပြဲစဥ္သတင္းမ်ားနဲ႔ အျခား esport သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္လ်က္ရွိပါတယ္။


[Unicode]

“Clash of the Legends” MLBB Professional League Myanmar ၏ Season 3 ကျင်းပတော့မည်

 

Mobile Legends: Bang Bang Professional League Myanmar Season 3 (MPL-MM S3) ကို သြဂုတ်လ ၁ ရက်နေ့တွင် စတင်ကျင်းပမှာဖြစ်ပြီး ဆုကြေးငွေ စုစုပေါင်း အမေရိကန် ဒေါ်လာ ငါးသောင်း (မြန်မာငွေကျပ် သိန်း ၇၅၀ ကျော်) ချီးမြှင့်မှာဖြစ်ပါတယ်။ MPL-MM S3 ရဲ့ သတင်းစာရှင်းလင်းပွဲကိုလည်း ဇူလိုင်လ ၁၈ ရက်နေ့က Melia Hotel Yangon ရဲ့ Grand Ballroom မှာ ပြုလုပ်ခဲ့ပြီး ပြိုင်ပွဲရဲ့ Project Director ဦးစိုးမိုးအေးနဲ့ Event Manager ဦးဝေယံကျော်တို့က အသေးစိတ်အချက်အလက်များကို ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။

“Clash of the Legends” လို့ အမည်ပေးထားပြီး Moonton က တင်ဆက်မယ့် ဒီပွဲစဉ်များကို facebook gaming ကနေ တိုက်ရိုက်ထုတ်လွှင့်မှာဖြစ်ကာ Game Cast Network Myanmar က တာဝန်ယူပြုလုပ်မှာပါ။ Sponsor များ အဖြစ် အဓိကပံ့ပိုးသူ Telenor နဲ့ elite sponsor – Huawei တို့ က ပါဝင်ကူညီကြမှာပါ။

ပြိုင်ပွဲမှာ အဆင့် ၃ ဆင့် ပါဝင်ပြီး ပထမအဆင့် လက်ရည်စစ်ပွဲများ (Qualifiers), ဒုတိယအဆင့် ပုံမှန်ရာသီပွဲစဉ်များ (Regular Season) နဲ့ တတိယအဆင့် ရှုံးထွက်ပွဲစဉ်များ (Playoffs) တို့ပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ Season 2 မှ ထိပ်ဆုံး အသင်း ၄ သင်းဖြစ်တဲ့ Team Resolution, Burmese Ghouls, Maven Esports နဲ့ Team Illusions တို့ကတော့ ပြိုင်ပွဲကို ဒုတိယအဆင့်ကနေ တိုက်ရိုက်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမှာဖြစ်ပြီး ကျန်အသင်းများ အားလုံးကတော့ Qualifiers ကနေ စတင်ကစားကြရမှာပါ။

Qualifiers ပွဲစဉ်များဟာ single elimination BO1 (best of 1) ပွဲစဉ်များဖြစ်ပြီး နောက်ဆုံးကျန်တဲ့ အသင်း ၈ သင်းကတော့ BO3 (best of 3) သုံးပွဲစီ ယှဉ်ပြိုင်ကစားကြရမှာပါ။ BO3 ပွဲများမှ ထိပ်ဆုံး ၄ သင်းကတော့ ဒုတိယအဆင့် Regular season ကို တက်လှမ်းနိုင်မှာပါ။ ထို ၄ သင်းနဲ့ ဒုတိယအဆင့် မှာ တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရရှိထားတဲ့ အသင်း ၄ သင်း စုစုပေါင်း ၈ သင်းဟာ တတိယအဆင့်ကို ဝင်ရောက်ခွင့်ရဖို့ ထိပ်ဆုံး ၆ နေရာအတွက် ယှဉ်ပြိုင်ကစားကြရမှာပါ။ တတိယအဆင့်ကို ရောက်ရှိတဲ့ ၆ သင်းစလုံးကတော့ ဆုများရရှိကြမှာဖြစ်ပါတယ်။

ဆုကြေးငွေများကို ဒုတိယအဆင့်ကနေ စတင်ချီးမြှင့်မှာဖြစ်ပြီး အပတ်စဉ် Regular season BO3 ကစားပွဲများတွင် အနိုင်ရရှိတဲ့အသင်းများ ရရှိမှာပါ။ BO3 ပွဲများမှာ နှစ်ပွဲအပြတ်အနိုင်ရရှိတဲ့အသင်းများဟာ ဒေါ်လာ ၃၉၀, နှစ်ပွဲနိုင်တစ်ပွဲရှုံးအသင်းများဟာ ဒေါ်လာ ၂၆၀ နဲ့ နှစ်ပွဲရှုံးတစ်ပွဲနိုင်အသင်းများဟာ ဒေါ်လာ ၁၃၀ စီ အပတ်စဉ် ရရှိမှာဖြစ်ပြီး နှစ်ပွဲစလုံးရှုံးနိမ့်တဲ့အသင်းများကတော့ ဆုကြေးငွေ ရရှိမှာ မဟုတ်ပါဘူး။

တတိယအဆင့်ကို တက်လှမ်းလာမယ့် ထိပ်ဆုံး ၆ သင်းအတွက် ဆုကြေးငွေများကတော့ ချန်ပီယံအသင်းအတွက် ဒေါ်လာ ၁၃,၀၀၀, 1st Runner up အတွက် ဒေါ်လာ ၆,၀၀၀, 2nd Runner up အတွက် ဒေါ်လာ ၃,၀၀၀, 3rd Runner up အတွက် ဒေါ်လာ ၂,၀၀၀, 4th Runner up အတွက် ဒေါ်လာ ၁,၀၀၀ နဲ့ 5th Runner up အတွက် ဒေါ်လာ ၁,၀၀၀ တို့ပဲဖြစ်ပါတယ်။ချန်ပီယံအသင်းကတော့ MLBB World Championship ပြိုင်ပွဲကြီးကို စရိတ်ငြိမ်းဝင်ရောက်ယှဉ်ပြိုင်ခွင့်ပါ ရရှိမှာပါ။

MPL ပွဲများကို အရှေ့တောင်အာရှနိုင်ငံများမှာ ပုံစံမျိုးစုံဖြင့်ကျင်းပနေကြပြီး ထိုပွဲများအားလုံးဟာ Mobile Legend: Bang Bang (MLBB) ကို ကျွမ်းကျင်နှစ်ခြိုက်စွာ ကစားကြသူ professional player များအတွက် career တစ်ခုဖြစ်ပေါ်လာအောင် ရည်ရွယ်ချက်နဲ့ ပြုလုပ်ကြတာပါ။ MPL-MM Season 2 မှာတည်းက MPL ဟာ မြန်မာ MLBB ကစားသမားများ အတွက် ပြိုင်ဆိုင်မှုပြင်းထန်တဲ့ပွဲဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။

ယခု MPL MM Season 3 မှာ ယခင်ကျင်းပပြီးစီးခဲ့တဲ့ Season 1 နဲ့ Season 2 တို့မှ ချန်ပီယံဟောင်း ကစားသမားများ ပြန်လည်ပါဝင်လာပြီး ထို ကစားသမားများဟာ အားပေးသူပရိတ်သတ်များလည်း အခိုင်အမာရရှိထားလို့ မြန်မာ့ MLBB လောကရဲ့ Legend သဖွယ် သတ်မှတ်ခံထားရတာပါ။ ဒါကြောင့် ယခုပွဲစဉ်များရဲ့ ခေါင်းစဉ်ကို “Clash of the Legends” လို့ အမည်ပေးထားခြင်းဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ဦးစိုးမိုးအေး က ပြောကြားသွားခဲ့ပါတယ်။ MLBB ပွဲစဉ်သတင်းများနဲ့ အခြား esport သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်လျက်ရှိပါတယ်။