[Unicode]

ဇန္နဝါရီလကုန်မှာ Netflix Original Series အသစ်တစ်ခုအဖြစ် ထွက်လာတဲ့ Ragnarok ကတော့ Norse Mythology ကို အခြေခံထားတဲ့ နော်ဝေရုပ်သံစီးရီးတစ်ခုပါ။ နော်ဝေဘာသာစကားပြောဖြစ်ပြီး ဇန္နဝါရီ ၃၁ ရက်နေ့မှာ Netflix ပေါ်သို့ စုစုပေါင်း Episode 6 ပိုင်းပါတဲ့ Season 1 တင်လာခဲ့ပါတယ်။

ဇာတ်လမ်းအကျဉ်း

ကလေးနှစ်ယောက်မိခင် Turid ဟာ သူ့ဇာတိမြေ Edda မြို့လေးကို အရွယ်ရောက်ခါစ သားနှစ်ယောက်နဲ့အတူ ပြန်လာခဲ့ပါတယ်။ ဒီထဲက အငယ်ဖြစ်သူ Magne ဟာ စာလုံးတွေကို သေချာမဖတ်နိုင်တဲ့ Dyslexia ရောဂါသည်ဖြစ်ပေမယ့် Edda မြေပေါ်ကို ပြန်ရောက်တာနဲ့ ထူးခြားတဲ့အဖြစ်အပျက်တွေ ဆက်တိုက်ဖြစ်ပျက်လာခဲ့ပါတယ်။

Edda မြို့လေးမှာ မြို့တော်ဝန်ထက်တောင် လွှမ်းမိုးမှုရှိနေသူတွေကတော့ Jutul မိသားစုဖြစ်ပြီး တစ်မြို့လုံးနီးပါး သူတို့ကျေးဇူးမကင်းသလို သူတို့ရဲ့ စက်ရုံတွေက Edda ကို အဆိပ်သင့်စေတယ်လို့ လူငယ်တွေက ပြောနေရင်တောင် အရေးယူမခံရတဲ့ သူမျိုးတွေပါ။ အစစအရာရာပြည့်စုံလွန်းတဲ့ Jutul မိသားစုရဲ့ လျှို့ဝှက်ချက်က ဘာလဲ? Magne ကြုံတွေ့လာရတဲ့ အဖြစ်ဆန်းတွေကရော သူတို့နဲ့ ဘယ်လိုပတ်သက်နေလဲ။

Ragnarok ဆိုတာ Odin, Thor အစရှိတဲ့ Norse နတ်ဘုရားတွေအတွက် ကမ္ဘာပျက်ကပ်ဖြစ်ပြီး Ragnarok လာပြီး အားလုံးပျက်စီးပြီးတာနဲ့ အားလုံးကို အစကနေပြန်လည်တည်ဆောက်ရပါတယ်။ တန်ခိုးကြီးမားလှတဲ့ နတ်ဘုရားတွေတောင် မကျော်လွန်နိုင်တဲ့ ဒီကပ်ဆိုးဟာ Edda မြို့လေးနဲ့ ဘယ်လိုပတ်သက်နေလဲ ဆိုတာကို စိတ်ဝင်စားစရာ ချိတ်ဆက်ပြသွားတာ မဆိုးဘူးလို့ ပြောရမှာပါ။

 ကြည့်ရှုသူ အမြင်

ဒီစီးရီးရဲ့ အဓိကပွိုင့်က ကမ္ဘာကြီးပေါ်မှ စက်ရုံတွေထုတ်လုပ်နေတဲ့ ဓါတုပစ္စည်းတွေဟာ သဘာဝပတ်ဝန်းကျင်ကို သတ်ဖြတ်နေကြောင်း၊ လူသားတွေကိုလည်း ရေရှည်မှာ ဒုက္ခပေးလာမှာဖြစ်တယ် ဆိုတာကို Norse နတ်ဘုရားတွေနဲ့ Giant တွေရဲ့ တိုက်ပွဲကြားက Superhero ဆန်ဆန် ပြကွက်တွေနဲ့ ချိတ်ဆက်ထားတာ ဖြစ်ပါတယ်။

ဒါ့ကြောင့်ပဲလားမသိ၊ အရမ်းစွဲလမ်းလောက်စရာမရှိပေမယ့် နိုင်ငံခြား Critic တွေကြားမှာတော့ Rating တော်တော်ကောင်းနေတာ တွေ့ရမှာပါ။ ကျွန်တော့်အမြင်မှာတော့ ဇာတ်လမ်းချိတ်ဆက်မှုနဲ့ အပြပိုင်းက ၂၀၂၀ ခုနှစ်ထဲမှာ သိပ်ထူးထူးခြားခြားမရှိဘူးလို့ အားနာနာနဲ့ ပြောရမှာပါ။

ရုပ်သံစီးရီးပေမယ့် Netflix Original စီးရီးဆိုတော့ ဘတ်ဂျက်တော့ အတော်လေးပြည့်စုံပုံရပါတယ်။ အထူးပြုလုပ်ချက်တွေ Visual ပိုင်းတွေလည်း အနောက်တိုင်းစူပါဟီးရိုးကားဆန်ဆန်ပဲ၊ ဇာတ်ကောင်နဲ့ ဇာတ်ကွက်ပိုင်းက အထာမကျကျအောင် ရိုက်ထားပေမယ့် လူတိုင်းတော့ ရာနှုန်းပြည့် ဘဝင်ကျမယ် မထင်ပါဘူး။ ဒါပေမယ့် မကောင်းဘူးလို့ ပြောတာမဟုတ်ပါဘူး၊ ကြည့်ပျော်ပါတယ်။ ကျွန်တော်လည်း အရမ်းမကြိုက်ဘူးသာပြောတာ ခြောက်ပိုင်းလုံး တစ်ထိုင်ထဲ ကြည့်လိုက်တာပါပဲ။ ဒါကလည်း Netflix စီးရီးတွေရဲ့ ဆွဲဆောင်ချက်တစ်ခုလို့ပဲ ပြောရမှာပေါ့။

သဘောအကျဆုံးကတော့ အစောက ပြောခဲ့သလို သဘာဝပတ်ဝန်းကျင်အန္တရာယ်ကို Myth နဲ့ချိတ်ဆက်ပြီး ဆွဲဆန့်ရိုက်လာတာပါ။ အဓိကဇာတ်ကောင် Magne ဟာ Percy Jackson နည်းနည်း၊ Neil Gaiman ရဲ့ Norse Mythology ထဲက ဇာတ်ကောင်ပုံစံနည်းနည်း (ဘာဇာတ်ကောင်ဆိုတာတော့ ကြည့်နေရင်း သိလာမှာပါ) ပေါင်းစပ်ထားတယ်လို့ ခံစားရပါတယ်။

ဒါပေမယ့် Magne နေရာမှာ သရုပ်ဆောင်တဲ့ David Stakston ကတော့ တော်တော်လေးကောင်းတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ Jutul မိသားစုဝင်တွေအပြင် အခြား Cast တွေကလည်း သူ့နေရာနဲ့သူ အံဝင်ခွင်ကျရှိပါတယ်။

ဘာပဲပြောပြော Netflix က မတူညီတဲ့ နိုင်ငံတွေ၊ ဘာသာစကားတွေ၊ ယဉ်ကျေးမှုတွေကို လိုက်ပြီး စီးရီးတွေ ထုတ်လုပ်ပေးတာ အရမ်းသဘောကျပါတယ် (Death Note ကလွဲလို့ပေါ့)။ အခု Ragnarok ကလည်း မကြည့်မဖြစ်တော့ မဟုတ်ပေမယ့် ကြည့်မယ်ဆို ကြည့်ပျော်တယ်လို့ပဲ Recommend ပေးလိုက်ပါရစေ။

Motaku’s Taste – 7/10

#Motaku #Ragnarok #Netflix #Review #kyitha

[Zawgyi]

ဇႏၷဝါရီလကုန္မွာ Netflix Original Series အသစ္တစ္ခုအျဖစ္ ထြက္လာတဲ့ Ragnarok ကေတာ့ Norse Mythology ကို အေျခခံထားတဲ့ ေနာ္ေဝရုပ္သံစီးရီးတစ္ခုပါ။ ေနာ္ေဝဘာသာစကားေျပာျဖစ္ၿပီး ဇႏၷဝါရီ ၃၁ ရက္ေန႔မွာ Netflix ေပၚသုိ႔ စုစုေပါင္း Episode 6 ပိုင္းပါတဲ့ Season 1 တင္လာခဲ့ပါတယ္။

ဇာတ္လမ္းအက်ဥ္း

ကေလးႏွစ္ေယာက္မိခင္ Turid ဟာ သူ႕ဇာတိေျမ Edda ၿမိဳ႕ေလးကို အရြယ္ေရာက္ခါစ သားႏွစ္ေယာက္နဲ႔အတူ ျပန္လာခဲ့ပါတယ္။ ဒီထဲက အငယ္ျဖစ္သူ Magne ဟာ စာလုံးေတြကို ေသခ်ာမဖတ္ႏုိင္တဲ့ Dyslexia ေရာဂါသည္ျဖစ္ေပမယ့္ Edda ေျမေပၚကို ျပန္ေရာက္တာနဲ႔ ထူးျခားတဲ့အျဖစ္အပ်က္ေတြ ဆက္တုိက္ျဖစ္ပ်က္လာခဲ့ပါတယ္။

Edda ၿမိဳ႕ေလးမွာ ၿမိဳ႕ေတာ္ဝန္ထက္ေတာင္ လႊမ္းမုိးမႈရွိေနသူေတြကေတာ့ Jutul မိသားစုျဖစ္ၿပီး တစ္ၿမိဳ႕လုံးနီးပါး သူတုိ႔ေက်းဇူးမကင္းသလုိ သူတုိ႔ရဲ႕ စက္ရုံေတြက Edda ကို အဆိပ္သင့္ေစတယ္လို႔ လူငယ္ေတြက ေျပာေနရင္ေတာင္ အေရးယူမခံရတဲ့ သူမ်ဳိးေတြပါ။ အစစအရာရာျပည့္စုံလြန္းတဲ့ Jutul မိသားစုရဲ႕ လွ်ဳိ႕ဝွက္ခ်က္က ဘာလဲ? Magne ၾကဳံေတြ႕လာရတဲ့ အျဖစ္ဆန္းေတြကေရာ သူတုိ႔နဲ႔ ဘယ္လိုပတ္သက္ေနလဲ။

Ragnarok ဆုိတာ Odin, Thor အစရွိတဲ့ Norse နတ္ဘုရားေတြအတြက္ ကမာၻပ်က္ကပ္ျဖစ္ၿပီး Ragnarok လာၿပီး အားလုံးပ်က္စီးၿပီးတာနဲ႔ အားလုံးကို အစကေနျပန္လည္တည္ေဆာက္ရပါတယ္။ တန္ခုိးႀကီးမားလွတဲ့ နတ္ဘုရားေတြေတာင္ မေက်ာ္လြန္ႏုိင္တဲ့ ဒီကပ္ဆုိးဟာ Edda ၿမိဳ႕ေလးနဲ႔ ဘယ္လိုပတ္သက္ေနလဲ ဆုိတာကုိ စိတ္ဝင္စားစရာ ခ်ိတ္ဆက္ျပသြားတာ မဆုိးဘူးလို႔ ေျပာရမွာပါ။

ၾကည့္ရႈသူ အျမင္

ဒီစီးရီးရဲ႕ အဓိကပြိဳင့္က ကမာၻႀကီးေပၚမွ စက္ရုံေတြထုတ္လုပ္ေနတဲ့ ဓါတုပစၥည္းေတြဟာ သဘာဝပတ္ဝန္းက်င္ကို သတ္ျဖတ္ေနေၾကာင္း၊ လူသားေတြကိုလည္း ေရရွည္မွာ ဒုကၡေပးလာမွာျဖစ္တယ္ ဆုိတာကို Norse နတ္ဘုရားေတြနဲ႔ Giant ေတြရဲ႕ တုိက္ပြဲၾကားက Superhero ဆန္ဆန္ ျပကြက္ေတြနဲ႔ ခ်ိတ္ဆက္ထားတာ ျဖစ္ပါတယ္။

ဒါ့ေၾကာင့္ပဲလားမသိ၊ အရမ္းစြဲလမ္းေလာက္စရာမရွိေပမယ့္ ႏုိင္ငံျခား Critic ေတြၾကားမွာေတာ့ Rating ေတာ္ေတာ္ေကာင္းေနတာ ေတြ႕ရမွာပါ။ ကၽြန္ေတာ့္အျမင္မွာေတာ့ ဇာတ္လမ္းခ်ိတ္ဆက္မႈနဲ႔ အျပပိုင္းက ၂၀၂၀ ခုႏွစ္ထဲမွာ သိပ္ထူးထူးျခားျခားမရွိဘူးလို႔ အားနာနာနဲ႔ ေျပာရမွာပါ။

ရုပ္သံစီးရီးေပမယ့္ Netflix Original စီးရီးဆုိေတာ့ ဘတ္ဂ်က္ေတာ့ အေတာ္ေလးျပည့္စုံပုံရပါတယ္။ အထူးျပဳလုပ္ခ်က္ေတြ Visual ပိုင္းေတြလည္း အေနာက္တုိင္းစူပါဟီးရုိးကားဆန္ဆန္ပဲ၊ ဇာတ္ေကာင္နဲ႔ ဇာတ္ကြက္ပုိင္းက အထာမက်က်ေအာင္ ရုိက္ထားေပမယ့္ လူတုိင္းေတာ့ ရာႏႈန္းျပည့္ ဘဝင္က်မယ္ မထင္ပါဘူး။ ဒါေပမယ့္ မေကာင္းဘူးလို႔ ေျပာတာမဟုတ္ပါဘူး၊ ၾကည့္ေပ်ာ္ပါတယ္။ ကၽြန္ေတာ္လည္း အရမ္းမႀကိဳက္ဘူးသာေျပာတာ ေျခာက္ပုိင္းလုံး တစ္ထုိင္ထဲ ၾကည့္လိုက္တာပါပဲ။ ဒါကလည္း Netflix စီးရီးေတြရဲ႕ ဆြဲေဆာင္ခ်က္တစ္ခုလို႔ပဲ ေျပာရမွာေပါ့။

သေဘာအက်ဆုံးကေတာ့ အေစာက ေျပာခဲ့သလုိ သဘာဝပတ္ဝန္းက်င္အႏၱရာယ္ကို Myth နဲ႔ခ်ိတ္ဆက္ၿပီး ဆြဲဆန္႔ရုိက္လာတာပါ။ အဓိကဇာတ္ေကာင္ Magne ဟာ Percy Jackson နည္းနည္း၊ Neil Gaiman ရဲ႕ Norse Mythology ထဲက ဇာတ္ေကာင္ပုံစံနည္းနည္း (ဘာဇာတ္ေကာင္ဆုိတာေတာ့ ၾကည့္ေနရင္း သိလာမွာပါ) ေပါင္းစပ္ထားတယ္လုိ႔ ခံစားရပါတယ္။

ဒါေပမယ့္ Magne ေနရာမွာ သရုပ္ေဆာင္တဲ့ David Stakston ကေတာ့ ေတာ္ေတာ္ေလးေကာင္းတဲ့ သရုပ္ေဆာင္တစ္ေယာက္ပါ။ Jutul မိသားစုဝင္ေတြအျပင္ အျခား Cast ေတြကလည္း သူ႕ေနရာနဲ႔သူ အံဝင္ခြင္က်ရွိပါတယ္။

ဘာပဲေျပာေျပာ Netflix က မတူညီတဲ့ ႏုိင္ငံေတြ၊ ဘာသာစကားေတြ၊ ယဥ္ေက်းမႈေတြကို လိုက္ၿပီး စီးရီးေတြ ထုတ္လုပ္ေပးတာ အရမ္းသေဘာက်ပါတယ္ (Death Note ကလြဲလို႔ေပါ့)။ အခု Ragnarok ကလည္း မၾကည့္မျဖစ္ေတာ့ မဟုတ္ေပမယ့္ ၾကည့္မယ္ဆုိ ၾကည့္ေပ်ာ္တယ္လို႔ပဲ Recommend ေပးလုိက္ပါရေစ။

Motaku’s Taste – 7/10

#Motaku #Ragnarok #Netflix #Review #kyitha