Wrath of the Mo’Rokai Overview
Wrath of the Mo’Rokai
Mo’rokai Abilities
– Spirit (Green)
– Wraith (Red)
– Storm (Blue)
မှတ်ချက်များ
(၂) Wrath (အနီ) (Attack Buff)
10 = Eruption Buff.
မှတ်ချက်များ
10 = More Cyclones
မှတ်ချက်များ
Early Game အတွက် Green,
Mo’rokai ဟာ ၄င်းသွားရာ လမ်းတစ်လျှောက် Gold bag များ ချပေးပါတယ်။ ဒါ့အပြင် ၄င်း Kill သွားသော Enemy Creeps များရဲ့ Gold များဟာလည်း မြေပေါ်ကို ကျသွားမှာဖြစ်တဲ့အတွက် Mo’rokai နှင့်အတူ Lane Push ခြင်းက သင့်အတွက် Farming Advantage ကို ရရှိစေမှာဖြစ်ပါတယ်။
Mo’rokai Achievements
1 Game နိုင်ရင် +250 BP
Conclusion
[Unicode]
2019 The International Battle Pass အတွက် Special Event ကတော့ Wrath of the Mo’Rokai လို့ အမည်ပေးထားပါတယ်။ Battlepass ဝယ်ယူထားသူတွေရဲ့ စောဒကတက်မှုကြောင့် အချိန်အတိုင်းအတာ တစ်ခု ယူပြီး ထုတ်ပေးလိုက်တဲ့ Event ကတော့ ဝေဖန်စရာတွေ အမြောက်အများထွက်ပေါ်လာခဲ့ပါတယ်။ Dota 2 တွင် Beta ခေတ်ကာလကတည်းက Diretide, Greeviling, Wraith-Night, New Bloom, Dark Moon, Frostivus စသည်ဖြင့် Special Event များရှိခဲ့ပြီး Battlepass Theme Special Event တွေကတော့ 2017 ခုနှစ်မှာ စတင် ပါဝင်လာခဲ့ပြီး လူကြိုက်များခဲ့ပါတယ်။ ဒီနှစ် 2019 Battlepass Special Event ကတော့ 2017 (Siltbreaker), 2018 (The Underhollow) လိုမျိူး လူအများ စိတ်ဝင်စားသလို Game Mode အသစ်မျိူး မဟုတ်ဘဲ၊ Normal Match အပေါ်မှာ အခြေခံထားတဲ့ 2015 ခုနှစ်က New Bloom Event ဆန်ဆန် (Super Creeps Game mode) ကို Modify လုပ်ထားသလိုဖြစ်နေတဲ့အတွက် လူအများ ဝေဖန်စရာ မြင့်တက်နေရခြင်း ဖြစ်ပါတယ်။
သို့ပေမယ့်လည်း Battlepass Owner တွေအတွက်တော့ မိမိရဲ့ Battlepass Level တက်ဖို့အခွင့်အရေးဖြစ်တဲ့အတွက် အပတ်စဉ် ပုံမှန်ဆော့ပေးဖို့ လိုအပ်နေတာပါ။ ဒါကြောင့် မချစ်သော်လည်း၊ အောင့်ကာနမ်းရမည့် ဒီနှစ် Battlepass Event နဲ့ပတ်သတ်သည့် အချက်အလက်များကို စုစည်းတင်ပြလိုက်ပါတယ်။
Wrath of the Mo’Rokai
Wrath of the Mo’Rokai Event ကတော့ သာမန် Dota map ပေါ်မှာ ကစားရသည့် တစ်ဖက်အသင်းရဲ့ Throne ကို ဖျက်စီးရသော Game Mode ပုံစံပဲဖြစ်ပါတယ်။ ဒီ Game Mode မှာတော့ အသင်းတစ်သင်းစီမှာ Mo’rokai ဟုခေါ်သည့် Beast ကြီးတစ်ကောင်စီ ပါဝင်မှာဖြစ်ပြီး တစ်ဖက်အသင်း Throne ကို ချိူးဖျက်ဖို့ ကူညီပေးမှာဖြစ်ပါတယ်။ Game ထဲတွင် ရရှိသည့် အပြာရောင် Essences များဖြင့် အဆိုပါ Beast ကြီးများကို Level တင်ပေးနိုင်ပြီး မိမိတင်ပေးတဲ့ Spirit (Green), Wraith (Red), Storm (Blue) အပေါ်မူတည်ပြီး Ability အသစ်များ၊ Buff အသစ်များ ရရှိမှာဖြစ်ပါတယ်။ ရရှိထားသော Essences များရင်များသလောက် သယ်ထားနိုင်တဲ့ Hero အနေနဲ့လည်း New Buff အသစ်များ ရရှိမှာဖြစ်ပါတယ်။ တစ်ဖက်အသင်းရဲ့ Throne ကို ချိူးနိုင်တဲ့ ဘက်ကတော့ အနိုင်ရရှိမှာဖြစ်ပါတယ်။
Essences And Battle Points
Essences များကတော့ Lane Creeps, Jungle Creeps, Enemy Heroes, Towers, Shrines, နှင့် မြေပုံပေါ်တွင် Random ဖြင့်ပေါ်လာမည့် Treasure Box များကနေ ရရှိမှာဖြစ်ပါတယ်။ Treasure Box များအနေနဲ့ သစ်သားဖြင့်လုပ်ထားသော Normal Box များရှိသလို ရွှေကွတ်ထားသော Rare Box ဆိုပြီး (၂) မျိူး ကွဲပါတယ်။ Rare Box များတွင် မိမိရဲ့ Battlepass Level ကို တင်လို့ရမည့် Battle Points များ ရရှိနိုင်မည့် အခွင့်အရေးပါဝင်သည့်အတွက် တစ်ဖက်အသင်းမရခင် သွားလုကောက်ဖို့လိုအပ်ပါလိမ့်မည်။ အဆိုပါ ရရှိမယ့် Battle Points များကတော့ 125 / 250 / 500 / 2000 / 5000 အသီးသီးဖြစ်ပြီး အသင်းသား (၅) ရောက်ဆီ အညီအမျှ ခွဲဝေရရှိသွားမှာဖြစ်ပါတယ်။ Treasure Box များ မြေပုံတွင် ပေါ်လာမည့်နေရာ၌ ပေါ်မလာခင် စက္ကန့် (၂ဝ) အလိုမှာ Io ၏ Relocation Animation ပုံစံဖြင့် ကြိုတင်မြင်ရမှာဖြစ်ပါတယ်။
Essences များကတော့ မိမိလက်ထဲမှာ 25 Points ထက် ပိုကိုင်ထားတိုင်း Damage တိုးစေမယ့် Buff တစ်ခုကိုလည်း ရရှိမှာဖြစ်ပါတယ်။ ဒါပေမယ့် မိမိသေသွားရင်တော့ ကိုင်ထားတဲ့ Essences ရဲ့ တစ်ဝက် မြေကြီးပေါ် ကျသွားပါလိမ့်မယ်။
Mo’rokai Abilities
Mo’rokai ဟာ Level တစ်ဆင့် တက်သွားတိုင်း Ability တစ်ခု Upgrade လုပ်နိုင်မှာဖြစ်ပါတယ်။ ထိုသို့ Upgrade လုပ်နိုင်သည့် လမ်းကြောင်းမှာ အစိမ်း၊ အနီ၊ အပြာဆိုပြီး (၃) ခု ရှိပါတယ်။
– Spirit (Green)
– Wraith (Red)
– Storm (Blue)
(၁) Spirit (အစိမ်း) (Support Buff)
အစိမ်း လမ်းကြောင်းကို Level တင်တဲ့အခါ
1.2.3 = Movement Speed, Tower Regen, Lifesteal,
4.5.6 = Summon Units, (Tree Block), AoE Healing,
7.8.9 = Evasion, Beam Summon, HP
10 = More Beams စသည်တို့ကို ရရှိမှာဖြစ်ပါတယ်။
မှတ်ချက်များ
– ၄ ဆင့်မြောက်တွင် ရရှိမည့် Beam (အစိမ်းရောင်အလင်းတန်း) ကတော့ သူနှင့်ထိတွေ့မြင့် သစ်ပင်များနေရာတွင် Summon Units များပေါ်လာအောင် လုပ်ပေးမှာဖြစ်ပါတယ်။
– ၅ ဆင့်မြောက်တွင် ရရှိမည့် Tree Block Buff ကတော့ မိမိအသင်းသား Hero များက Enemy Hero များကို Normal Attack သည့်အခါ အဆိုပါ Enemy ၏ အနောက်တွင် သစ်ပင် (၅) ပင် ပေါ်လာမည့် Chance ကို ရှိမှာဖြစ်ပါတယ်။
– ၆ ဆင့်မြောက်တွင် ရရှိမည့် Buff ကတော့ အစိမ်းရောင်အလန်းတန်းက သင့်အသင်းကို +20 Hp Heal per second ကို ရရှိစေမှာဖြစ်ပါတယ်။
– ၁ဝ ဆင့်မြောက်တွင် ရရှိမည့် Final Buff ကတော့ Healing Beam (၂) ခု ထပ်တိုးစေမှာဖြစ်ပါတယ်။
(၂) Wrath (အနီ) (Attack Buff)
အနီလမ်းကြောင်းကို Level တင်ရင်တော့
1.2.3 = Damage, Damage Block, Regen,
4.5.6 = Eruption, (Cleave Buff), More Eruption
7.8.9 = Stun, Eruption Damage, Armor
10 = Eruption Buff.
မှတ်ချက်များ
– ၄ ဆင့်မြောက်တွင် ရရှိမည့် Eruption ကတော့ Kunkka ၏ Torrent ကဲ့သို့ Knock back ဖြစ်စေမည့် AoE Eruption တစ်ခုကို ပစ်လွှတ်စေမှာဖြစ်ပါတယ်။
– ၅ ဆင့်မြောက်တွင် ရရှိမည့် (Cleave Buff) ကတော့ မိမိအသင်းက Melee Hero များကို 20% ရှိမည့် Cleave Buff ကို ရရှိစေမှာပါ။
– ၆ ဆင့်မြောက်တွင် ရရှိမည့် More Eruption Buff ကတော့ Eruption Knockback ကို နောက်ထပ် (၆) ခု ထပ်ပွားစေမှာဖြစ်ပါတယ်။
– ၁ဝ ဆင့်မြောက်ကတော့ Eruption ကို ၂ ခု တစ်ပြိုင်တည်း သုံးစေမှာဖြစ်ပါတယ်။
(၃) Storm (အပြာ) (Debuff Buff)
အပြာလမ်းကြောင်းကို Level တင်တဲ့အခါ
1.2.3 = Cooldown Reduction, Hp Mana Regen, Magic Resistance
4.5.6 = Cyclones, (Multicasts), Cyclone Damage
7.8.9 = AoE Damage, Cyclone Stun, Damage Amplification.
10 = More Cyclones
မှတ်ချက်များ
– ၄ ဆင့်မြောက်ကို Level တင်တဲ့အခါ Enemy Hero တွေကို လေပေါ်တင်ထားနိုင်မည့် Cyclone Ability အသစ်ကို ရရှိမှာဖြစ်ပါတယ်။
– ၅ ဆင့်တွင် Single Target Ability Hero များအတွက် 15% Multicast Chance ကို ရရှိစေပါမယ်။
– ၆ ဆင့်တွင် Cyclone ကို Damage +50 per seconds ပေါင်းပေးပါမယ်။
– ၁ဝ ဆင့်တွင် နောက်ထပ် Cyclone (၆) ခု ထပ်တိုးစေမှာဖြစ်ပါတယ်။
Strategy To Level Up Your Mo’rokai
အထက်ပါ အဓိက ဖော်ပြချက်များကို ကြည့်တဲ့အခါ
Early Game အတွက် Green,
Mid Game အတွက် Blue နှင့်
Late Game အတွက် Red စသည်ဖြင့် အကြမ်းဖျဉ်း သက်မှတ်ကြည့်နိုင်ပါတယ်။ Level ၅ ဆင့်မြောက်ရောက်တိုင်းမှာ အသင်းရဲ့ Hero များအတွက် Buff များ ရရှိတာကို တွေ့ရပြီး Green (Tree Block), Red (Melee Cleave), Blue (Target Spell Multicast) ဆိုပြီးဖြစ်ပါတယ်။ ဒါကြောင့် Melee Buff ဟာ အစောပိုင်း အရေးမကြီးဆုံး ဖြစ်တဲ့အတွက် အစိမ်း နှင့် အပြာကို Level Max ရောက်အောင် အရင်တင်သင့်ပြီး Red ကို နောက်ဆုံးမှ Level တင်ခြင်းက အသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်။
Mo’rokai ဟာ ၎င်းသွားရာ လမ်းတစ်လျှောက် Gold bag များ ချပေးပါတယ်။ ဒါ့အပြင် ၎င်း Kill သွားသော Enemy Creeps များရဲ့ Gold များဟာလည်း မြေပေါ်ကို ကျသွားမှာဖြစ်တဲ့အတွက် Mo’rokai နှင့်အတူ Lane Push ခြင်းက သင့်အတွက် Farming Advantage ကို ရရှိစေမှာဖြစ်ပါတယ်။
Level Up Your Battle Points
Mo’rokai ဆော့ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ မိမိရဲ့ Battlepass Level တက်ချင်လို့ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လိုဆော့ရင်၊ ဘယ်လောက်ဆော့ရင် ဘယ်လောက် Battle Points ရလဲဆိုတာကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
Mo’rokai Level 1 (Unlock at Battlepass Level 1)
တစ်ပွဲနိုင် +250 Battle Points
တစ်ပတ် အများဆုံး 2000 Battle Points အထိ ရနိုင်
Mo’rokai Level 2 (Unlock at Battlepass Level 150)
တစ်ပွဲနိုင် +1000 Battle Points (တစ်နေ့တာအတွက် ပထမဆုံး နိုင်ပွဲ ၂ ပွဲသာ)
နောက်ထပ် တစ်ပွဲနိုင်တိုင်း +250 Battle Points
တစ်ပတ်အများဆုံး 3000 Battle Points အထိ ရနိုင်
Mo’rokai Level 3 (Unlock at Battlepass Level 252)
တစ်ပွဲနိုင် +1000 Battle Points (တစ်နေ့တာအတွက် ပထမဆုံး နိုင်ပွဲ ၃ ပွဲသာ)
နောက်ထပ် တစ်ပွဲနိုင်တိုင်း +250 Battle Points
တစ်ပတ်အများဆုံး 4000 Battle Points အထိ ရနိုင်
ပွဲ ၅ဝ နိုင်တဲ့အခါ Unlock Event Emote.
Game တစ်ပွဲရှုံးတိုင်း +50 Battle Points ရမှာဖြစ်ပါတယ်။
ဥပမာ သင်က Battlepass Level 150 ဆိုပါစို့။ သင့်တွင် Level 2 Mo’RoKai Event Unlock ကို ရရှိထားပါတယ်။ ဒါကြောင့် Morokai စာမျက်နှာတွင် ဖော်ပြထားသော Daily Bonus Tokens: 2 ဆိုသည်မှာ တစ်နေ့စာအတွက် ပထမဆုံး (၂) ပွဲအတွင်း တစ်ပွဲနိုင်ခဲ့ရင် တစ်ပွဲစာ +1000 Battle Points ရမှာဖြစ်ကြောင်း ဖော်ပြထားခြင်းဖြစ်ပါတယ်။ Token ဟာ အလိုအလျောက် အသုံးပြုပြီးသားဖြစ်ပြီး ဒီတစ်နေ့အတွင်း ဆော့ကစားမည့် ဦးဆုံး Mo’Rokai ပွဲတွေအပေါ်သာ အကျိူးသက်ရောက်မှု ရှိမှာပါ။ ဒါကြောင့် သင်က BP ပဲ လိုချင်လို့ ဆော့နေတဲ့သူဆိုရင် တစ်နေ့ကို ၂ ပွဲအနိုင်ဆော့ပြီးရင် နားလိုက်ရုံပါပဲ။ အဲ့ဒီလို မဟုတ်ဘဲ ပထမဆုံး ၂ ပွဲလုံး ရှုံးအောင် ဆော့ခဲ့ရင်တော့ ဒီနေ့အဖို့ သင်ဟာ တစ်ပွဲနိုင်ရင် +1000 BP မရနိုင်တော့ပါဘူး။
Mo’rokai Achievements
ဒါ့အပြင် Mo’rokai Achievements များလည်း ရှိပါသေးတယ်။
1,000 Essences စုပြီးရင် +250 BP
10,000 Essences စုပြီးရင် +750 BP
100,000 Essences စုပြီးရင် +2000 BP
1 Game နိုင်ရင် +250 BP
10 Games နိုင်ရင် +1000 BP
50 Games နိုင်ရင် +3000 BP ဆိုပြီးဖြစ်လို့ Achievements အားလုံး ရရင်တော့ စုစုပေါင်း 7250 BP ကို ရရှိမယ့် သဘောဖြစ်ပါတယ်။
Conclusion
Mo’rokai Special Event ဟာ Valve ရဲ့ လွန်စွာမှ စေတနာ မပါတဲ့ Game Mode တစ်ခုလို့ Community တစ်ခုလုံးက Feedback ပေးလျက်ရှိပါတယ်။ Dota 2 Community တစ်ခုလုံးဟာ နှစ်စဉ်နှစ်တိုင်း Valve ကို ဒေါ်လာ သန်းရာနဲ့ချီပြီး Support ပေးနေတဲ့ Community တစ်ခုဖြစ်သော်ငြားလည်း Valve ရဲ့ လုပ်ပေါက်တွေကတော့ တစ်နှစ်ထက် တစ်နှစ် စေတနာမပါတဲ့ ပုံစံကို ပြသလျက်ရှိပါတယ်။ ဒီနှစ်မှာတော့ Battlepass သက်တမ်း ၂ လ မပြည့်ခင်အချိန်ကတည်းက မနှစ်က Prize Pool ၂၆ သန်းကို ကျော်လွန်သွားခဲ့ပြီဖြစ်လို့ စံချိန်တင် ဆုကြေးဒေါ်လာ သန်း ၃ဝ ကိုလည်း အလွယ်တကူ ရောက်သွားဦးမှာဖြစ်ပါတယ်။ ဒါပေမယ့် Valve ဟာ သူတို့ရဲ့ လိုအပ်ချက်ကို မပြင်ဆင်ဘဲ ဒီလိုလုပ်ပုံ လုပ်နည်းအတိုင်း ဆက်သွားမယ်ဆိုရင်တော့ လာမယ့်နှစ် TI10 Prize Pool ဟာ စံချိန်ချိူးနိုင်မယ့် လမ်းစကနေ တဖြည်းဖြည်း ဝေးကွာသွားမှာဖြစ်ပါတယ်။ မည်သို့ပင်ဆိုစေကာမှု မိမိ နှစ်သက်သလောက် Valve Game များအပေါ် ငွေချင့်ချိန်သုံးစွဲခြင်းက မိမိအတွက် အကောင်းဆုံးဖြစ်ပါလိမ့်မည်။
#GamingNoodle #Yahooyeeha #Dota2 #MoRoKai #Battlepass