Mobile Legends Bang Bang ဂိမ်းမှာ အခုတလော Event တွေများနေသလို Ravage Mode အသစ်ကိုလဲ ထပ်ထည့်ပေးလာပြန်ပါတယ်။ ဒီကောင်က အရင် Mode တွေနဲ့ဘာကွာလဲ၊ ဘာကို Objective ထားပြီး ဆော့ရမှာလဲ ဆိုတာကို မဆော့ရသေးတဲ့ ဘရိုတွေအတွက် နည်းနည်းလောက် ပြောပြချင်ပါတယ်။

========================================================================

Ravage Mode ကတော့ နောက်ဆုံးမှရောက်လာတဲ့ Mode ဖြစ်တာနဲ့အညီ Classic နဲ့ Rank Mode တွေရဲ့ ဘေးကနေ အလွယ်တကူရွေးပြီးဝင်နိုင်ပါတယ်။ သူကတော့ Evolve, Survival Mode တွေလိုမဟုတ်ဘဲ အသင်းတစ်ခုစာအပြည့် 5 vs 5 ဆော့ရတာပါ။

Parallel Universe တွေအကြားမှာ ထူးခြားတဲ့ Rift တစ်ခုပေါ်လာပြီး Zlatan မှ ယာဉ်တစ်စင်းဟာ Land of Dawn ထံသို့ ပျက်ကျလာပါတော့တယ်။ S.A.B.E.R နဲ့ V.E.N.O.M တို့ရဲ့ စက်ရုပ်တွေ တစ်ဖက်နဲ့တစ်ဖက် တိုက်ခိုက်နေတာကို ဟီးရိုးတွေက ဝင်တိုက်ပေးရင်းနဲ့ သူတို့ဆီက ကျလာတဲ့ Aquamarine တွေကို ကောက်ရမှာပါ။

Aquamarine လို့ခေါ်တဲ့ ခရစ္စတယ်လေးတွေကို မြေပုံပေါ်မှာ လိုက်ကောက်ရင်း တစ်သင်းက ၁၅ ခု အရင်ပြည့်သွားရင် စက္ကန့် ၃၀ Countdown ထွက်လာပါတယ်။ Countdown ကုန်တဲ့အထိ ထိန်းသိမ်းထားနိုင်ရင် အနိုင်ဖြစ်ပါတယ်။

5 vs 5 ကိုမှ ဟီးရိုးကို Match မရှာခင် ကြိုရွေးရတဲ့စနစ်နဲ့လာပါတယ်။ ပွဲမရှာခင်မှာ Tank, Fighter, Assassin, Mage, Marksman ဆိုပြီး မတူညီတဲ့ Role ငါးခုအတွက် ကိုယ်နှစ်သက်ရာ (ကိုင်ချင်တဲ့) ဟီးရိုး တစ်ယောက်စီ ရွေးပေးနိုင်ပါတယ်။ သတိထားရမှာက Emblem နဲ့ Spell တွေကိုလည်း သက်သက်ထောက်ပြီး ရွေးရမှာပါ။ ဟီးရိုးရွေးတဲ့အထဲမှာ Emblem / Spell ရွေးဖို့ မထည့်ပေးထားပါဘူး။

 

ဒီနေရာမှာ အကြံပေးချင်တာက Fighter မှာ Aldous ကို မရွေးတာကောင်းပါတယ်။ သူ့ရဲ့ အဓိက အားသာချက်က Stack ရမှ Damage တက်တာဆိုတော့ Creep နည်းပြီး Jungle လည်းမပါတဲ့ Ravage Mode မှာ အဲဒါကို ဦးတည်ပြီး ဆော့လို့မရလို့ပါ။ လမ်းတွေက ကျဉ်းတယ်၊ အဓိက Lane ကနှစ်ခုပဲရှိတယ်။ ဒါကြောင့် ဟီးရိုးတွေက စုပြုံနေမှာဖြစ်ပြီး Kagura တို့လိုကောင်တွေတောင် တော်တော်လေး အဆင်ပြေပါတယ်။

ပုံမှာမြင်ရတဲ့အတိုင်း Sci-fi Theme နဲ့ Base ထဲမှာ ပေါ်လာမယ်။ သေရင်ပြန်ပေါ်တာလဲ တော်တော်မြန်တယ်။ မြေပုံရဲ့ထူးခြားချက်တွေကို ရှေ့မှာဆက်ရှင်းပြပါ့မယ်။

Lane ပေါ်မှာ နှစ်ဖက်စလုံးက စက်ရုပ်ကြီးတွေ တစ်ကောင်ချင်းစီ ထွက်လာပါတယ်။ အဲ့ဒါကို သတ်လိုက်ရင် Aquamarine တစ်ခုကျတယ်။ ဟီးရိုးတစ်ကောင်ကို သတ်နိုင်ရင်လည်း Aquamarine တစ်ခု ကျပါတယ်။ အဲဒီ့ Aquamarine လေးကို ဝင်ထိလိုက်ရင် ကိုယ့်ဟီးရိုးရဲ့ခေါင်းပေါ်မှာ အရေအတွက်လေး တက်လာမှာဖြစ်တယ်။

ဟီးရိုးတစ်ကောင်ကို Aquamarine ကြိုက်သလောက်ယူထားနိုင်တယ်။ အကန့်အသတ်မရှိပါဘူး။ ဒါပေမယ့် အဲ့ဒီဟီးရိုးသေသွားတာနဲ့ သူသယ်ထားတဲ့ Aquamarine အကုန်ပြုတ်ကျသွားပါတယ်။

Map ရဲ့အလယ်တည့်တည့်မှာ HP Regeneration Spot ရှိတယ်။ အလယ်က အဝိုင်းကြီးကို အလင်းရောင်တွေက တစ်ပတ်ပြည့်သွားရင် (Cooldown ပေါ့လေ) HP Regen လေးထွက်လာတယ်။ (အပေါ်ပုံ)

နောက်ပြီး HP-Regen Spot ရဲ့ တစ်ဖက်တစ်ချက်မှာ အခုလို Teleport ဆန်ဆန်နေရာလေးရှိပါတယ်။ သူ့အပေါ်မှာ ရပ်လိုက်ရင် Thunder Strike ဆိုတဲ့ Button လေး လင်းလာမယ်။ အဲ့ဒါကို နှိပ်လိုက်ရင် အနီးဆုံးက ရန်သူကို Thunder ball လေးအဖြစ်နဲ့ ပြေးတိုက်ပါတယ်။ (အောက်ပုံ)

တကယ်လို့ ကိုယ့်ဘက်က Aquamarine 15 ခု စားထားနိုင်တယ်ဆိုရင် အခုလို Countdown ပေါ်လာမှာပါ။ အဲ့ဒီ Countdown ကုန်သွားတဲ့ထိ ထိန်းထားနိုင်ရင် ပွဲကိုအနိုင်ရပါပြီ။ ဒါမှမဟုတ်ရင် ရန်သူက နိုင်တော့မှာဆိုရင်တော့ အဲဒီ Countdown မပြည့်ခင် တစ်ဖက်က Aquamarine များများသယ်ထားတဲ့ ရန်သူကို သတ်ရမှာ ဖြစ်ပါတယ်။

ဒီဂိမ်းဟာ ဟီးရိုးဘယ်လောက်သတ်သတ်မနိုင်ပါဘူး။ Aquamarine 15 ခုကို အရင်ဆုံးထိန်းနိုင်တဲ့ အသင်းကသာ အနိုင်ရမှာဖြစ်တာကို မမေ့ပါနဲ့။ Hero Kill သာနေလဲ အချိန်မရွေးရှုံးသွားနိုင်ပါတယ်။ တစ်ယောက်တည်း Aquamarine ၁၅ ခု သယ်ထားရင် ပုံထဲလို ခေါင်းပေါ်မှာ အမှတ်လေးပေါ်နေပါလိမ့်မယ်။

Tips
===

အစောပိုင်းမှာ ကိုယ့်အဖွဲ့နဲ့ပေါင်းနေပါ။ ဒါပေမယ့် Vexna, Kadita တို့လို အဝေးကနေ တစ်ဖက်အသင်းကို နှောင့်ယှက်နိုင်တဲ့ ဟီးရိုးတွေကတော့ တစ်ဖက်ဟီးရိုးတွေကို သွားပြီး အတတ်နိုင်ဆုံး အချိန်ဆွဲပါ။ Aquamarine တွေကို ဖြစ်နိုင်ရင် ခွဲဝေယူပါ။ တစ်ယောက်တည်းမယူထားပါနဲ့။ တစ်ယောက်သေရင် အကုန်ပါသွားပါလိမ့်မယ်။

အဓိကက Hero Kill မဟုတ်ဘူးဆိုပေမယ့် ဟီးရိုးသေရင် တစ်ဖက်က Level / Gold / Aquamarine ရမယ်ဆိုတာကိုတော့ မမေ့သင့်ပါ။ မြေပုံလေးက ကျဉ်းပါတယ်။ ကိုယ့်လူတွေနဲ့ Stick နေပါ။ အနည်းဆုံးတော့ စက်ရုပ်တွေကို သတ်ရတာ ပိုမြန်ပါလိမ့်မယ်။

Aquamarine တွေ အများကြီးယူထားမိရင် မသေအောင်ပဲဆော့ပါ။ ဟိုဘက်က ကိုယ့်ဆီ လိုက်ကိုလိုက်လာရမှာ ဖြစ်ပါတယ်။ Countdown ပေါ်လာရင် ပိုဆင်ခြင်သင့်ပါတယ်။ ကျွန်တော်ကတော့ တစ်ယောက်တည်း Aquamarine 15 ခု ပိုက်မိလို့ Countdown ပေါ်တာနဲ့ ပတ်ကိုပြေးပါတယ်။ စက္ကန့် ၃၀ ဆိုရင် နိုင်ပါပြီ။

=================================

Ravage Mode ဟာ လယ်ဗယ်တင်ထားတဲ့ Brawl Mode လို့ဆိုရမလားပါပဲ။ ဒါပေမယ့် ဟီးရိုးကို ပွဲမရှာခင် စိတ်ကြိုက်ကြိုရွေးခိုင်းပြီး Role ငါးခုကို အပြည့်ချိတ်ပေးတာဟာ ပွဲထဲမှာ စိတ်ချမ်းသာရာရစေပါတယ်။ MLBB ရဲ့လက်ရှိ Game Wallpaper မှာလည်း Role ငါးခုနဲ့ ဟီးရိုးငါးယောက်ကို တင်ထားတာကို တွေ့ရမှာပါ။ ဒီ Wallpaper က ဒါကို ကြိုပြီး Tease လုပ်ခဲ့တာလား ဆိုတာ စဉ်းစားစရာပါပဲ။

ကဲ .. ညီအစ်ကိုတွေ Ravage Mode မှာ ကောင်းကောင်းအနိုင်ကျင့်နိုင်ကြပါစေ။

#GamingNoodle
#Kyitha