[Unicode]

မိုဘိုင်းဂိမ်းအညွှန်း – Might & Magic Chess Royale

 

Auto Chess ရေစီးကြောင်းထဲကို ထပ်ဝင်လာတာကတော့ Ubisoft ပိုင်နေတဲ့ နာမည်ကြီး Might & Magic Franchise ပါပဲ။ Heroes of Might & Magic III ဟာ အခုချိန်မှာ Classic ဂိမ်းတစ်ခုအဖြစ် အားလုံးက လေးစားရပြီး Turn-based Strategy ဂိမ်းတွေထဲမှာ ဦးဆုံးအောင်မြင်မှုကြီးမားခဲ့တဲ့ ဂိမ်းတစ်ခုဆိုလည်း မမှားပါဘူး၊ အခုတော့ HoMM VII ထိတောင် ရှိနေခဲ့ပါပြီ။

Gameplay

M&M Chess Royale ဆိုတဲ့နာမည်အတိုင်းပဲ ဒီဂိမ်းကို Auto Chess ရိုးရိုးလုပ်ထားတာမဟုတ်ဘဲ Battle Royale နဲ့ ပေါင်းစပ်ထားတာပါ။ ပုံမှန်အားဖြင့် ကစားသူ ၈ ယောက်ပတ်လည်ကစားရမယ့်အစား တစ်ပွဲကို ကစားသမားတစ်ရာထိ ပါဝင်တာကြောင့် ပြိုင်ဘက် ၉၉ ယောက်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ပါဝင်တဲ့ ကာရိုက်တာတွေကတော့ Heroes of Might & Magic ပရိသတ်တိုင်းရင်းနှီးနေတဲ့ Unit တွေပါပဲ။ Exp ကို သူများတွေလို အများကြီးလုပ်မထားဘဲ တစ်ပွဲပြီးတိုင်း 1XP တက်စေတယ်၊ Gold 2 သုံးတိုင်း 1XP တက်တဲ့ ပုံစံနဲ့ သွားပါတယ်။

ကစားသမား ၁၀၀ တောင်ပါတော့ အကြာကြီးဆော့ရမှာပေါ့လို့ မထင်လိုက်ပါနဲ့။ ကစားသမားတစ်ယောက်ကို 3 HP ပဲ ပါတာကြောင့် ၃ ပွဲရှုံးတာနဲ့ ကစားပွဲက ထွက်ရမှာပါ။ အခြား Auto Chess တွေလို PvE Round တွေနဲ့ Item တွေ မပါပါဘူး။ ဒါ့အပြင် Gold စုထားလို့လည်း Interest (အတိုး) မရပါဘူး။

အယောက် ၁၀၀ မှာ ဘယ်အဆင့်ထိရောက်လဲ ဆိုတာကိုကြည့်ပြီး ကစားသမားရဲ့ အဆင့်က တက်လာမှာ ဖြစ်ပါတယ်။ အခြား Reward တော့ မတွေ့မိသေးပါဘူး။

Spell

ပုံမှန် Auto Chess တွေလို Item မပါဘဲ Heroes of Might & Magic ပီသစွာ Spell ဆိုတာ ပါလာပါတယ်။ ကစားသမား ၉၉ ယောက်ပဲ ကျန်တာနဲ့ ပထမဆုံး Spell ကို ဝယ်နိုင်တယ်။ Spell တွေက တစ်ခါဝယ်ရင် 5 Rounds ခံပြီး အလိုအလျှောက်သုံးပေးတာပါ။

ကစားသမား ၅၀ ပဲ ကျန်တဲ့အချိန်နဲ့ နောက်ဆုံး ၁၀ ယောက်ပဲ ကျန်တော့တဲ့အချိန်တွေမှာ Tier တစ်ခု ပိုမြင့်တဲ့ Spell တွေကို ဝယ်ခွင့်ပေးလာပါတယ်။

အရေးကြီးတာက ထပ်ခါထပ်ခါ အရမ်းမဝယ်ပါနဲ့။ Spell တစ်ခုကို ၃ ခါဝယ်ရင် အမြင့်ဆုံး Level 3 ထိ မြှင့်လို့ရပြီး တစ်ခါဝယ်တိုင်း 5 Rounds Reset ပြန်ပြန်ဖြစ်ပါတယ်။ ဒါပေမယ့် ပြည့်နေတာကို ထပ်ဝယ်လည်း ပိုက်ဆံထပ်ကုန်ပါတယ်၊ Level 3 က အမြင့်ဆုံးပါပဲ။

ကစားသူအမြင်

Auto Chess ဂိမ်းမှန်သမျှ အရူးအမူးဆော့လာတဲ့ လူတစ်ယောက်အနေနဲ့ ပြောရရင် Might & Magic Chess Royale ဟာ Auto Chess နဲ့ Battle Royale ကို ပေါင်းစပ်လာတဲ့ ထူးထူးခြားခြား Concept ရှိတယ်။ ပြီးခဲ့တဲ့နှစ်ထဲမှာ Tetris တို့ Flappy Bird တို့ကိုလည်း အလားတူ Battle Royale လုပ်လာပြီးသားဆိုတော့ ပထမဆုံးလို့တော့ မသုံးတော့ပါဘူး။

စစဆော့ချင်းမှာ အသစ်အဆန်းလို ဖြစ်ပေမယ့် သူ့ရဲ့ Gameplay က အချောမွေ့ကြီး မဟုတ်ဘဲ နည်းနည်း စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းပါတယ်။ မိုဘိုင်းမှာဆော့ရင် အကောင်လေးတွေက အရမ်းသေးတယ်လို့ ခံစားရတယ်။ Dota Underlords မိုဘိုင်းပေါ် စရောက်ခါစကလိုပါပဲ။ Control ပိုင်းကလည်း စိတ်တိုင်းကျတော့ မဟုတ်ပါဘူး။

ကြိုက်လားလို့ မေးရင်တော့ သိပ်မကြိုက်ပါဘူး။ သူ့ရဲ့အဓိကဆွဲဆောင်ချက်က ကစားသမား ၁၀၀ ပါဝင်တဲ့ Battle Royale ဖြစ်နေတာ တစ်ခုပါပဲ။ ကျန်တဲ့အပိုင်းတွေက Stand-alone ဂိမ်းဆိုတာထက် Mini-game တစ်ခု ဆော့ရသလို ခံစားရတယ်။ ကျွန်တော့်လို Heroes of Might & Magic ပရိသတ်လည်းဖြစ်တယ်၊ Auto Chess လည်း ကြိုက်တယ် ဆိုရင်တော့ ဆော့ကြည့်သင့်ပါတယ်။

Gaming Noodle Rating – 3/5

#Kyitha #Motaku


[Zawgyi]

မိုဘိုင္းဂိမ္းအၫႊန္း – Might & Magic Chess Royale

 

Auto Chess ေရစီးေၾကာင္းထဲကို ထပ္ဝင္လာတာကေတာ့ Ubisoft ပိုင္ေနတဲ့ နာမည္ႀကီး Might & Magic Franchise ပါပဲ။ Heroes of Might & Magic III ဟာ အခုခ်ိန္မွာ Classic ဂိမ္းတစ္ခုအျဖစ္ အားလုံးက ေလးစားရၿပီး Turn-based Strategy ဂိမ္းေတြထဲမွာ ဦးဆုံးေအာင္ျမင္မႈႀကီးမားခဲ့တဲ့ ဂိမ္းတစ္ခုဆုိလည္း မမွားပါဘူး၊ အခုေတာ့ HoMM VII ထိေတာင္ ရွိေနခဲ့ပါၿပီ။

Gameplay

M&M Chess Royale ဆုိတဲ့နာမည္အတုိင္းပဲ ဒီဂိမ္းကို Auto Chess ရုိးရုိးလုပ္ထားတာမဟုတ္ဘဲ Battle Royale နဲ႔ ေပါင္းစပ္ထားတာပါ။ ပုံမွန္အားျဖင့္ ကစားသူ ၈ ေယာက္ပတ္လည္ကစားရမယ့္အစား တစ္ပြဲကို ကစားသမားတစ္ရာထိ ပါဝင္တာေၾကာင့္ ၿပိဳင္ဘက္ ၉၉ ေယာက္နဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။

ပါဝင္တဲ့ ကာရုိက္တာေတြကေတာ့ Heroes of Might & Magic ပရိသတ္တုိင္းရင္းႏွီးေနတဲ့ Unit ေတြပါပဲ။ Exp ကို သူမ်ားေတြလို အမ်ားႀကီးလုပ္မထားဘဲ တစ္ပြဲၿပီးတုိင္း 1XP တက္ေစတယ္၊ Gold 2 သုံးတုိင္း 1XP တက္တဲ့ ပုံစံနဲ႔ သြားပါတယ္။

ကစားသမား ၁၀၀ ေတာင္ပါေတာ့ အၾကာႀကီးေဆာ့ရမွာေပါ့လုိ႔ မထင္လိုက္ပါနဲ႔။ ကစားသမားတစ္ေယာက္ကို 3 HP ပဲ ပါတာေၾကာင့္ ၃ ပြဲရႈံးတာနဲ႔ ကစားပြဲက ထြက္ရမွာပါ။ အျခား Auto Chess ေတြလို PvE Round ေတြနဲ႔ Item ေတြ မပါပါဘူး။ ဒါ့အျပင္ Gold စုထားလုိ႔လည္း Interest (အတုိး) မရပါဘူး။

အေယာက္ ၁၀၀ မွာ ဘယ္အဆင့္ထိေရာက္လဲ ဆုိတာကိုၾကည့္ၿပီး ကစားသမားရဲ႕ အဆင့္က တက္လာမွာ ျဖစ္ပါတယ္။ အျခား Reward ေတာ့ မေတြ႕မိေသးပါဘူး။

Spell

ပုံမွန္ Auto Chess ေတြလို Item မပါဘဲ Heroes of Might & Magic ပီသစြာ Spell ဆုိတာ ပါလာပါတယ္။ ကစားသမား ၉၉ ေယာက္ပဲ က်န္တာနဲ႔ ပထမဆုံး Spell ကို ဝယ္ႏုိင္တယ္။ Spell ေတြက တစ္ခါဝယ္ရင္ 5 Rounds ခံၿပီး အလိုအေလွ်ာက္သုံးေပးတာပါ။

ကစားသမား ၅၀ ပဲ က်န္တဲ့အခ်ိန္နဲ႔ ေနာက္ဆုံး ၁၀ ေယာက္ပဲ က်န္ေတာ့တဲ့အခ်ိန္ေတြမွာ Tier တစ္ခု ပိုျမင့္တဲ့ Spell ေတြကို ဝယ္ခြင့္ေပးလာပါတယ္။

အေရးႀကီးတာက ထပ္ခါထပ္ခါ အရမ္းမဝယ္ပါနဲ႔။ Spell တစ္ခုကို ၃ ခါဝယ္ရင္ အျမင့္ဆုံး Level 3 ထိ ျမွင့္လို႔ရၿပီး တစ္ခါဝယ္တုိင္း 5 Rounds Reset ျပန္ျပန္ျဖစ္ပါတယ္။ ဒါေပမယ့္ ျပည့္ေနတာကို ထပ္ဝယ္လည္း ပိုက္ဆံထပ္ကုန္ပါတယ္၊ Level 3 က အျမင့္ဆုံးပါပဲ။

ကစားသူအျမင္

Auto Chess ဂိမ္းမွန္သမွ် အရူးအမူးေဆာ့လာတဲ့ လူတစ္ေယာက္အေနနဲ႔ ေျပာရရင္ Might & Magic Chess Royale ဟာ Auto Chess နဲ႔ Battle Royale ကုိ ေပါင္းစပ္လာတဲ့ ထူးထူးျခားျခား Concept ရွိတယ္။ ၿပီးခဲ့တဲ့ႏွစ္ထဲမွာ Tetris တုိ႔ Flappy Bird တုိ႔ကိုလည္း အလားတူ Battle Royale လုပ္လာၿပီးသားဆုိေတာ့ ပထမဆုံးလို႔ေတာ့ မသုံးေတာ့ပါဘူး။

စစေဆာ့ခ်င္းမွာ အသစ္အဆန္းလို ျဖစ္ေပမယ့္ သူ႕ရဲ႕ Gameplay က အေခ်ာေမြ႕ႀကီး မဟုတ္ဘဲ နည္းနည္း စိတ္အေႏွာင့္အယွက္ျဖစ္စရာေကာင္းပါတယ္။ မုိဘုိင္းမွာေဆာ့ရင္ အေကာင္ေလးေတြက အရမ္းေသးတယ္လုိ႔ ခံစားရတယ္။ Dota Underlords မုိဘုိင္းေပၚ စေရာက္ခါစကလိုပါပဲ။ Control ပုိင္းကလည္း စိတ္တုိင္းက်ေတာ့ မဟုတ္ပါဘူး။

ႀကိဳက္လားလို႔ ေမးရင္ေတာ့ သိပ္မႀကိဳက္ပါဘူး။ သူ႕ရဲ႕အဓိကဆြဲေဆာင္ခ်က္က ကစားသမား ၁၀၀ ပါဝင္တဲ့ Battle Royale ျဖစ္ေနတာ တစ္ခုပါပဲ။ က်န္တဲ့အပုိင္းေတြက Stand-alone ဂိမ္းဆုိတာထက္ Mini-game တစ္ခု ေဆာ့ရသလုိ ခံစားရတယ္။ ကၽြန္ေတာ့္လို Heroes of Might & Magic ပရိသတ္လည္းျဖစ္တယ္၊ Auto Chess လည္း ႀကိဳက္တယ္ ဆုိရင္ေတာ့ ေဆာ့ၾကည့္သင့္ပါတယ္။

Gaming Noodle Rating – 3/5

#Kyitha #Motaku