[Unicode]

မိုဘိုင်းဂိမ်းအညွှန်း – Little Alchemy 2
==========================

Free to Play
အမျိုးအစား – Puzzle
ထုတ်လုပ်သူ – Recloak
ပလက်ဖောင်း – Android, iOS, Browser


Element တွေနဲ့ အရာဝတ္ထုတွေကို တစ်ခုနဲ့တစ်ခု ပေါင်းစပ်လိုက်ရင် ဘာဖြစ်မလဲ ဆိုတာကို ကလေးတွေကို ရှင်းပြချင်ရင်ပဲဖြစ်ဖြစ်။ ရေ၊ မြေ၊ လေ၊ မီး ဓါတ်ကြီးလေးပါးကနေ စကြာဝဠာကြီးတစ်ခုလုံးကို အစကနေ ပြန်ဖန်ဆင်းကြည့်ချင်တာပဲဖြစ်ဖြစ်၊ သင့်အတွက် အလွယ်တကူ ရွေးချယ်နိုင်တဲ့ မိုဘိုင်းဂိမ်းလေးတစ်ခုကတော့ ‘Little Alchemy 2’ ပါပဲ။

ကိုယ့်ရဲ့ ညာဘက်မျက်နှာပြင်ပေါ်မှာ ရေ၊ မြေ၊ လေ၊ မီး basic element လေးခုကို မြင်တွေ့ရမှာဖြစ်ပြီး ဘယ်ဘက်မှာရှိတဲ့ နေရာလွတ်ထဲကို ကိုယ်လိုချင်တဲ့ element နှစ်ခုအား ပေါင်းစပ်ကြည့်ခြင်းနဲ့ စတင်ရမှာပါ။ ကျူတိုရီယယ်က တစ်ကွက်ပဲပြမှာဖြစ်ပြီး ဒီဂိမ်းကိုဆော့ဖို့ သင်လိုအပ်သမျှအကုန်ဟာလဲ အဲ့ဒါပါပဲ .. :3

တစ်ခုနဲ့တစ်ခုပေါင်းစပ်ရာကနေ ရရှိလာတဲ့ နောက်ထပ် Basic Element တွေ၊ ဇီဝ၊ ရုက္ခ၊ စွမ်းအင်၊ သဘာဝနဲ့သက်ဆိုင်တဲ့ အရာဝတ္ထုတွေကို ဆက်စပ်ရှာဖွေရမယ့် ဒီဂိမ်းမှာ ပေါင်းစပ်ရှာဖွေရမယ့် အရာဝတ္ထုပေါင်း ၇၂၀ ခုထိ ရှိပါတယ်။

သင့်ရဲ့စိတ်ကူးဥာဏ်ကို အဆုံးစွန်ထိ မျောပါတီထွင်နိုင်ပြီး ကစားနေရင်း အချိန်ကုန်မှန်းမသိ ကုန်သွားနိုင်ပါတယ်။ Gameplay ကအင်မတန်ရိုးရှင်းပေမယ့် အရာဝတ္ထုတစ်ခုရဖို့ ပေါင်းစပ်ရမယ့် အခြေခံ element နှစ်ခု combo က တစ်မျိုးထက်ပိုပြီးရှိနေနိုင်တဲ့အတွက်၊ ရှာဖွေလေ တွေ့ရှိလေလဲ ဖြစ်လာပါလိမ့်မယ်။

‘Little Alchemy 2’ ဟာမူရင်းဂိမ်း Little Alchemy ကိုမှ element တွေ combo တွေ ပြည့်စုံအောင် ထပ်တိုးထားတဲ့ Puzzle အမျိုးအစားဂိမ်းဖြစ်ပြီး သင့်ရဲ့လက်ဖျားလေးကနေ Universe တစ်ခုလုံး ပြီးပြည့်စုံသွားတာ၊ ဒဏ္ဍာရီလာသတ္တဝါတွေ ထွက်လာတာကို ပျော်ရွှင်စွာတွေ့မြင်ရမှာပါ။

In-app purchase လုံးဝမလိုဘဲ ဆော့နေရင်းနဲ့ အကြံကုန်ဥာဏ်ကုန်ဖြစ်သွားရင်လည်း Hints တွေကို ဂိမ်းထဲကနေ တိုက်ရိုက်မဝယ်ဘဲ အလွယ်တကူ Google လို့ရပါတယ်။ ဒါပေမယ့် combo တိုင်းကို Google နေရင်တော့ ဆော့ရတာ ဖီးလ်လာမှာမဟုတ်ဘူးပေါ့ဗျာ။

Android, iOS မှာသာမကဘဲ ကွန်ပျူတာနဲ့ ဆော့ကစားချင်သူတွေအတွက်လဲ Littlealchemy2(dot)com မှာ ကစားနိုင်ပါတယ်။ ဒါပေမယ့် App size လေးကလဲ ဘယ်လောက်မှမရှိပါဘူး။ ဒီဂိမ်းဟာ စိတ်ကူးဥာဏ် ကောင်းမွန်သွက်လက်သူ မည်သူမဆို အသက်အရွယ်မရွေး ဆော့ကစားနိုင်ပြီး သင့်မှာသာ ကလေးငယ်ရှိမယ် ဆိုရင်လည်း ရင်သွေးငယ်အတွက် safe ဖြစ်တဲ့ Brain Teaser / Education app တစ်ခုအနေနဲ့ အသုံးပြုဖို့ ရည်ညွှန်းလိုက်ပါတယ်။

#Motaku #GameReview #Mobile #LittleAlchemy2 #ktm