[Unicode]

မိုဘိုင်းဂိမ်းအညွှန်း – Esports King

 

Esports Manager ဂိမ်းလို့ အလွယ်ခေါ်ရမယ့် Esports အသင်းတစ်သင်းကို စီမံခန့်ခွဲရတဲ့ Sim ဂိမ်းတွေ မိုဘိုင်းပလက်ဖောင်းပေါ်မှာ အများကြီးရှိပါတယ်။ အခုလည်း အရှေ့တောင်အာရှအခြေစိုက် ဂိမ်းစတူဒီယိုတစ်ခုဖြစ်တဲ့ Agate ကနေ Esports King အမည်နဲ့ App တစ်ခုကို ထပ်ထုတ်လာပြန်ပါပြီ။ Version 1.0.0 ပဲရှိသေးတဲ့ ဒီဂိမ်းကို စမ်းဆော့ကြည့်ပြီးတဲ့နောက် Mini-game သာသာ ပေါချောင်ကောင်းတွေ မဟုတ်ဘဲ ကွာလတီတစ်ခုရှိတာကြောင့် ပြန်ညွှန်းပေးချင်စိတ်ဖြစ်လာခဲ့ပါတယ်။

Esports King ဂိမ်းမှာ ကမ္ဘာ့ချန်ပီယံ Esports အသင်းရဲ့ မန်နေဂျာဖြစ်ချင်နေတဲ့ အိပ်မက်နဲ့ ဇာတ်လိုက်ကျော်ကို လှလှပပ လက်ထောက်ကောင်မလေးတွေနဲ့ တွဲပေးထားတယ်။ ကစားရတဲ့ပုံက Gacha (ကံစမ်းမဲစနစ်) ပါတဲ့ Mobile RPG ဂိမ်းတွေနဲ့တူပါတယ်။ သူအခြေခံထားတဲ့ဂိမ်းကတော့ Counter-strike / Overwatch ပေါင်းထားသလို ပုံစံနဲ့ Shooter ဂိမ်းတစ်ခုပါ။

ကစားသမားတွေကို Tank (Entry Fragger), Assault (Rifeler), Specialist (Sniper) ဆိုပြီး ခွဲပေးထားတယ်။ တစ်ယောက်စီမှာ Passive Skill, Active Skill တွေပါဝင်ပြီး လက်နက်လည်း တစ်ခုစီ တပ်ဆင်ပေးလို့ရပါတယ်။ ဒါပေမယ့် ကစားသမားတိုင်းမှာ Active Skill မပါပါဘူး။ ဒါ့ကြောင့် Skill ပါတဲ့ကောင်တွေကို အဓိကသုံးရမှာဖြစ်ပါတယ်။

ဒီဂိမ်းမှာ စဆော့ဆော့ချင်း Tutorial ကိုတော့ နည်းနည်းအာရုံစိုက်ပြီးကြည့်စေချင်ပါတယ်၊ သိပ်မကြာပါဘူး။ ပြီးရင် ထုံးစံအတိုင်း ကစားသမားတွေကို Gacha စနစ်နဲ့ ဝယ်ရမယ်။ ကြယ်တစ်ပွင့်ကနေ ကြယ်ငါးပွင့်ထိ အမြင့်ဆုံးပါတဲ့ ကစားသမားတွေကို ရမယ်။ အဲ့ထဲက ကြိုက်နှစ်သက်ရာငါးယောက်ကို အသင်းဖွဲ့ပြီး ယှဉ်ပြိုင်ရမှာပါ။ စုစုပေါင်း အသင်းသုံးသင်းထိ ထားလို့ရတယ်။ ကစားသမားတွေကို ဒီငါးယောက်ပဲ ပွဲအများကြီးတဆက်တည်း ဆော့ခိုင်းရင် Stamina ကျပြီး လက်ကျတတ်တဲ့အပြင် ပိုက်ဆံများများသုံးတဲ့လူတွေလည်း ပိုပျော်ရအောင်လို့ ထင်တာပါပဲ။

သူ့ရဲ့ Story Mode ကတော့ Scrims လို့အမည်ပေးထားတဲ့ အထဲမှာ RPG ဂိမ်းတွေလို တစ်ဆင့်ချင်း တက်သွားရတာပါ။ ပွဲနိုင်ရင် Loot Box လေးတွေရပြီး အဲ့ဒါတွေကိုလည်း သော့နဲ့မှ ဖွင့်လို့ရမှာပါ။ သော့က ဒီမှာ Stamina Bar လိုပဲ အချိန်ဘယ်လောက်ကြာမှ တစ်ခုဆိုပြီး ပြန်တက်လာတာ၊ Level မြင့်လာရင်တော့ Max Limit လိုက်များလာတယ်။ တစ်ခုကောင်းတာက တစ်ရက်ကို ၂ ကြိမ် သူပေးတဲ့ ကြော်ငြာလေးတွေ ကြည့်ရင် 10 Keys ရပါတယ်။ ခုမှစထွက်တဲ့ ဂိမ်းမို့လို့ ထင်ပါတယ်၊ Bonus တွေပေးတာတော့ ရက်ရောတယ်။ ဒါတောင် နာရီနဲ့ချီဆော့ရင် သိပ်မလုံလောက်ချင်ဘူး။

Level 10 ကျော်သွားရင် Player vs Player (PvP) ချဖို့ Ranked Match စရှာလို့ရပါပြီ။ ရက်အနည်းငယ်ကို တစ်ခါ သူ့ Reward နဲ့သူပေးပါတယ်။ Level အလိုက် ကိုယ့် Camp ကို အလှဆင်စရာ Item လေးတွေ ဝယ်စရာပိုများလာမယ်။ အခန်းကို အလှဆင်ထားရင်လည်း Bonus တွေ ရပါတယ်။ Camp ကိုလည်း ပိုက်ဆံရှိရင် ချဲ့လို့ရတယ်၊ နံရံတွေ ကြမ်းပြင်တွေကအစ အလှဆင်လို့ရတယ်။

Esports King ရဲ့ Gameplay ကိုပြောရရင်တော့ အခြား Sim ဂိမ်းတွေ၊ မိုဘိုင်း RPG တွေနဲ့ သိပ်မကွာလှပါဘူး။ ဒါပေမယ့် သူ့လိုမျိုး Casual Simulation နဲ့ RPG Element ကို ရောပေးထားတဲ့ Esports Manager ဂိမ်းက လောလောဆယ်မရှိသေးဘူးလို့တောင် ပြောလို့ရတယ်။ ဆော့ကြည့်ရသလောက်တော့ ပထမတစ်ရက်ဆော့ပြီး Uninstall ပြန်လုပ်ချင်စရာမျိုး မဟုတ်ပါဘူး။ Esports Manager အမည်ခံ မိုဘိုင်းဂိမ်းအများစုက AI ညံ့တတ်သလို သူတို့ အခြေခံထားတဲ့ ဂိမ်းအပေါ်မှာ ချဉ်းကပ်တာလည်း ချောမွေ့လေ့မရှိဘူး။ ဒီဂိမ်းကတော့ မဆိုးဘူး။

Esports King ဂိမ်းသစ်အပေါ်မှာ Gaming Noodle ရဲ့ Rating ကတော့ –
Gameplay – 4/5
Control – 4.5/5
Graphic – 3/5
User Interface – 3/5
AI Quality – 4/5

Download Link – https://apkpure.com/esports-king/com.agatestudio.esports

#Kyitha #GamingNoodle #MobileGameReview #EsportsKing #Agate


[ZawGyi]

မိုဘိုင္းဂိမ္းအၫႊန္း – Esports King

 

Esports Manager ဂိမ္းလို႔ အလြယ္ေခၚရမယ့္ Esports အသင္းတစ္သင္းကို စီမံခန္႔ခြဲရတဲ့ Sim ဂိမ္းေတြ မိုဘိုင္းပလက္ေဖာင္းေပၚမွာ အမ်ားႀကီးရွိပါတယ္။ အခုလည္း အေရွ႕ေတာင္အာရွအေျခစိုက္ ဂိမ္းစတူဒီယိုတစ္ခုျဖစ္တဲ့ Agate ကေန Esports King အမည္နဲ႔ App တစ္ခုကို ထပ္ထုတ္လာျပန္ပါၿပီ။ Version 1.0.0 ပဲရွိေသးတဲ့ ဒီဂိမ္းကို စမ္းေဆာ့ၾကည့္ၿပီးတဲ့ေနာက္ Mini-game သာသာ ေပါေခ်ာင္ေကာင္းေတြ မဟုတ္ဘဲ ကြာလတီတစ္ခုရွိတာေၾကာင့္ ျပန္ၫႊန္းေပးခ်င္စိတ္ျဖစ္လာခဲ့ပါတယ္။

Esports King ဂိမ္းမွာ ကမာၻ႔ခ်န္ပီယံ Esports အသင္းရဲ႕ မန္ေနဂ်ာျဖစ္ခ်င္ေနတဲ့ အိပ္မက္နဲ႔ ဇာတ္လိုက္ေက်ာ္ကို လွလွပပ လက္ေထာက္ေကာင္မေလးေတြနဲ႔ တြဲေပးထားတယ္။ ကစားရတဲ့ပုံက Gacha (ကံစမ္းမဲစနစ္) ပါတဲ့ Mobile RPG ဂိမ္းေတြနဲ႔တူပါတယ္။ သူအေျခခံထားတဲ့ဂိမ္းကေတာ့ Counter-strike / Overwatch ေပါင္းထားသလို ပုံစံနဲ႔ Shooter ဂိမ္းတစ္ခုပါ။

ကစားသမားေတြကို Tank (Entry Fragger), Assault (Rifeler), Specialist (Sniper) ဆိုၿပီး ခြဲေပးထားတယ္။ တစ္ေယာက္စီမွာ Passive Skill, Active Skill ေတြပါဝင္ၿပီး လက္နက္လည္း တစ္ခုစီ တပ္ဆင္ေပးလို႔ရပါတယ္။ ဒါေပမယ့္ ကစားသမားတိုင္းမွာ Active Skill မပါပါဘူး။ ဒါ့ေၾကာင့္ Skill ပါတဲ့ေကာင္ေတြကို အဓိကသုံးရမွာျဖစ္ပါတယ္။

ဒီဂိမ္းမွာ စေဆာ့ေဆာ့ခ်င္း Tutorial ကိုေတာ့ နည္းနည္းအာ႐ုံစိုက္ၿပီးၾကည့္ေစခ်င္ပါတယ္၊ သိပ္မၾကာပါဘူး။ ၿပီးရင္ ထုံးစံအတိုင္း ကစားသမားေတြကို Gacha စနစ္နဲ႔ ဝယ္ရမယ္။ ၾကယ္တစ္ပြင့္ကေန ၾကယ္ငါးပြင့္ထိ အျမင့္ဆုံးပါတဲ့ ကစားသမားေတြကို ရမယ္။ အဲ့ထဲက ႀကိဳက္ႏွစ္သက္ရာငါးေယာက္ကို အသင္းဖြဲ႕ၿပီး ယွဥ္ၿပိဳင္ရမွာပါ။ စုစုေပါင္း အသင္းသုံးသင္းထိ ထားလို႔ရတယ္။ ကစားသမားေတြကို ဒီငါးေယာက္ပဲ ပြဲအမ်ားႀကီးတဆက္တည္း ေဆာ့ခိုင္းရင္ Stamina က်ၿပီး လက္က်တတ္တဲ့အျပင္ ပိုက္ဆံမ်ားမ်ားသုံးတဲ့လူေတြလည္း ပိုေပ်ာ္ရေအာင္လို႔ ထင္တာပါပဲ။

သူ႔ရဲ႕ Story Mode ကေတာ့ Scrims လို႔အမည္ေပးထားတဲ့ အထဲမွာ RPG ဂိမ္းေတြလို တစ္ဆင့္ခ်င္း တက္သြားရတာပါ။ ပြဲႏိုင္ရင္ Loot Box ေလးေတြရၿပီး အဲ့ဒါေတြကိုလည္း ေသာ့နဲ႔မွ ဖြင့္လို႔ရမွာပါ။ ေသာ့က ဒီမွာ Stamina Bar လိုပဲ အခ်ိန္ဘယ္ေလာက္ၾကာမွ တစ္ခုဆိုၿပီး ျပန္တက္လာတာ၊ Level ျမင့္လာရင္ေတာ့ Max Limit လိုက္မ်ားလာတယ္။ တစ္ခုေကာင္းတာက တစ္ရက္ကို ၂ ႀကိမ္ သူေပးတဲ့ ေၾကာ္ျငာေလးေတြ ၾကည့္ရင္ 10 Keys ရပါတယ္။ ခုမွစထြက္တဲ့ ဂိမ္းမို႔လို႔ ထင္ပါတယ္၊ Bonus ေတြေပးတာေတာ့ ရက္ေရာတယ္။ ဒါေတာင္ နာရီနဲ႔ခ်ီေဆာ့ရင္ သိပ္မလုံေလာက္ခ်င္ဘူး။

Level 10 ေက်ာ္သြားရင္ Player vs Player (PvP) ခ်ဖို႔ Ranked Match စရွာလို႔ရပါၿပီ။ ရက္အနည္းငယ္ကို တစ္ခါ သူ႔ Reward နဲ႔သူေပးပါတယ္။ Level အလိုက္ ကိုယ့္ Camp ကို အလွဆင္စရာ Item ေလးေတြ ဝယ္စရာပိုမ်ားလာမယ္။ အခန္းကို အလွဆင္ထားရင္လည္း Bonus ေတြ ရပါတယ္။ Camp ကိုလည္း ပိုက္ဆံရွိရင္ ခ်ဲ႕လို႔ရတယ္၊ နံရံေတြ ၾကမ္းျပင္ေတြကအစ အလွဆင္လို႔ရတယ္။

Esports King ရဲ႕ Gameplay ကိုေျပာရရင္ေတာ့ အျခား Sim ဂိမ္းေတြ၊ မိုဘိုင္း RPG ေတြနဲ႔ သိပ္မကြာလွပါဘူး။ ဒါေပမယ့္ သူ႔လိုမ်ိဳး Casual Simulation နဲ႔ RPG Element ကို ေရာေပးထားတဲ့ Esports Manager ဂိမ္းက ေလာေလာဆယ္မရွိေသးဘူးလို႔ေတာင္ ေျပာလို႔ရတယ္။ ေဆာ့ၾကည့္ရသေလာက္ေတာ့ ပထမတစ္ရက္ေဆာ့ၿပီး Uninstall ျပန္လုပ္ခ်င္စရာမ်ိဳး မဟုတ္ပါဘူး။ Esports Manager အမည္ခံ မိုဘိုင္းဂိမ္းအမ်ားစုက AI ညံ့တတ္သလို သူတို႔ အေျခခံထားတဲ့ ဂိမ္းအေပၚမွာ ခ်ဥ္းကပ္တာလည္း ေခ်ာေမြ႕ေလ့မရွိဘူး။ ဒီဂိမ္းကေတာ့ မဆိုးဘူး။

Esports King ဂိမ္းသစ္အေပၚမွာ Gaming Noodle ရဲ႕ Rating ကေတာ့ –
Gameplay – 4/5
Control – 4.5/5
Graphic – 3/5
User Interface – 3/5
AI Quality – 4/5

Download Link – https://apkpure.com/esports-king/com.agatestudio.esports

#Kyitha #GamingNoodle #MobileGameReview #EsportsKing #Agate