[Zawgyi]

Game Review – Disney Heroes : Battle Mode
==============================


Free to Play
အမ်ဳိးအစား – RPG
ထုတ္လုပ္သူ – PerBlue
ပလက္ေဖာင္း – iOS, Android

Disney နဲ႔ Pixar ရဲ႕ နာမည္ေက်ာ္ ကာတြန္းဇာတ္ေကာင္ေတြကို အသုံးျပဳထားတဲ့ RPG ဂိမ္း Disney Heroes Battle Mode ကေတာ့ ထြက္ရွိလာခဲ့ပါျပီ။ ဒီမုိဘုိင္းဂိမ္းထဲမွာ The Incredibles, Zootopia, Wreck-it Ralph, Toy Story, Monster Inc., WALL-E နဲ႔ ဂ်က္စပဲရုိးတုိ႔ ပါဝင္တယ္လုိ႔ ဆုိလုိက္တာနဲ႔ အမာခံပရိသတ္ေတြကေတာ့ ေဆာ့ခ်င္စိတ္ ျဖစ္သြားမိမယ္လုိ႔ ယုံၾကည္ပါတယ္။

ကစားရတဲ့ပုံစံကေတာ့ မုိဘုိင္းေပၚမွာ ေတြ႕ေနၾက RPG (Role-playing) ဂိမ္းေတြလိုပါပဲ။ ဟီးရုိးေတြကို ပုံးေတြထဲကေန မဲႏႈိက္ဝယ္ယူရမယ္၊ မေစာင့္ႏုိင္ရင္ ပိုက္ဆံေပးျပီး ဝယ္၊ ဟီးရုိးေတြကို Upgrade တင္ျပီး အေကာင္းဆုံး ဟီးရုိးငါးေယာက္ကို ေရြး ဆုိတဲ့ ပုံစံမ်ဳိးပါ။

ေနာက္ခံဇာတ္ေၾကာင္းကေတာ့ Vanellope(Wreck-It Ralph) နဲ႔ Ralph တုိ႔အတူ ဒစ္ဂ်စ္တယ္ ကမာၻၾကီးထဲ အလည္ေရာက္လာရာကေန စတင္ထားပါတယ္။ ဒစ္ဂ်စ္တယ္ကမာၻကို ထူးဆန္းတဲ့ ဗုိင္းရပ္စ္တစ္ခုက ဝါးမ်ဳိေနျပီး ဟီးရုိးေတြကိုယ္တုိင္ အသိဥာဏ္မဲ့ ထိန္းခ်ဳပ္ခံေနရတဲ့ အခါမွာေတာ့ သူတုိ႔ စျပီးေတြးမိတာက King Candy ကိုပါ။

ဒီလိုနဲ႔ သူ႕ရဲ႕ခင္ပြန္း Mr. Incredible ကိုလိုက္ရွာေနတဲ့ Elastigirl နဲ႔ ပူးေပါင္းမိတဲ့ အခါမွာေတာ့ ဒစ္ဂ်စ္တယ္ကမာၻၾကီးကို လြတ္ေျမာက္ဖို႔ လူစုျပီး တုိက္ပြဲဝင္ရေတာ့မွာ ျဖစ္ပါတယ္။ ဒီဗုိင္းရပ္စ္ရဲ႕ လက္သည္တရားခံကေရာ တကယ္ပဲ King Candy ျဖစ္ေနဦးမလား ဆုိတာကိုေတာ့ တုိက္ခုိက္ရင္း ရွာေဖြရမွာပါ။

2018 ေမလ ၁၇ ရက္ေန႔ကမွ စတင္ထုတ္လႊင့္လာတဲ့ Disney Heroes Battle Mode (ရွည္လိုက္တာ၊ အတုိေကာက္ DHBM ပဲေခၚပါရေစေတာ့) ဟာ Android, iOS ပလက္ေဖာင္းႏွစ္ခုလုံးမွာ ထိပ္တန္း အခမဲ့ဂိမ္းစာရင္းဝင္ေနပါတယ္။

စမ္းေဆာ့ၾကည့္တဲ့အခါမွာလည္း ကိုယ္ႏွစ္သက္ခဲ့ရတဲ့ ဇာတ္ေကာင္ေတြကို တရားဝင္ပုံရိပ္အေနနဲ႔ အသုံးခ်ထားတဲ့ ေျပျပစ္တဲ့ ဇာတ္လမ္းသြားေၾကာင့္ ေပ်ာ္ရႊင္မႈ ရေစတာေတာ့ အမွန္ပါပဲ။

ဒါေပမယ့္ gameplay ကေတာ့ ဘာမွေထြေထြထူးထူး မရွိပါဘူး။ အထက္မွာ ေျပာခဲ့သလုိ သာမာန္မုိဘုိင္း RPG ဂိမ္းတစ္ခုပါပဲ။ သူ႕ရဲ႕ အဓိကအားသာခ်က္က တရားဝင္သုံးစြဲခြင့္ရတဲ့ ကာရိုက္တာေတြနဲ႔ ေနာက္ပိုင္းမွာ ပိုပိုျပီး ၾကီးမားက်ယ္ျပန္႔လာႏုိင္တဲ့ potential ပါပဲ။
ေနာက္ဆံုး Update ေတြမွာဆို ယခုလက္ရွိ ရံုတင္ျပသေနတဲ့ Toy Story (4) က Bo Peep တို႔ Ducky & Bunny တို႔ပါ ပါဝင္လာပါတယ္။

ဂိမ္းထဲမွာလည္း ပါဝင္ၿပီး အျပင္မွာလည္း ေအာင္ျမင္ေက်ာ္ၾကား လူႀကိဳက္မ်ားခဲ့တဲ့ Animation ႐ုပ္ရွင္ေတြ အေနနဲ႔
1. Toy Story
2. Zootopia
3. Inside Out
4. Beauty and the Beasts
5. The Incredibles
6. Wreck-It Ralph
7. Hercules
8. Monsters, Inc
9. Wall-E
10. Aladdin
11. Frozen
12. Big Hero 6 တို႔မွ ဇာတ္ေကာင္မ်ား အျပင္အျခား Disney နဲ႔ Pixar မွ ဇာတ္ေကာင္အမ်ားအျပား ပါဝင္ပါတယ္။

Game play အေနနဲ႔ level 10 ေရွ႕ပုိင္းမွာေတာ့ ကစားရတာ အလြန္လြယ္ကူပါတယ္။ stamina bar ကလည္း level တစ္ခါတက္တုိင္း 30+ ေလာက္ရေတာ့ မကုန္ပါဘူး။ level 12 ေနာက္ပိုင္းမွာ stamina ရွားလာျပီး Elite mode ပြင့္သြားတဲ့အခါ ဟီးရုိးေတြကို upgrade/ unlock လုပ္ဖို႔အတြက္ လိုအပ္တဲ့ hero အစိတ္အပုိင္းေတြ ေပးတာေၾကာင့္ stamina ပိုကုန္စရာျဖစ္ပါတယ္။

DHBM ဂိမ္းဟာ စိတ္ရွည္ရွည္နဲ႔ အေပ်ာ္ေဆာ့မယ့္ သူေတြအတြက္ အႏၱရာယ္မရွိလွေပမယ့္ ကိုယ္ၾကိဳက္တဲ့ ကာရုိက္တာကို ျမန္ျမန္လိုခ်င္တဲ့သူမ်ဳိး၊ နာရီနဲ႔ခ်ီျပီး ေဆာ့ခ်င္တဲ့ သူမ်ဳိးေတြ ဆိုရင္ ပိုက္ဆံထြက္ကိန္း ျမင္ပါတယ္။

ဘာပဲျဖစ္ျဖစ္၊ Disney – Pixar ဇာတ္ေကာင္ေတြကို ရူးသြပ္တဲ့ သူေတြကေတာ့ ဒီဂိမ္းကို ရက္ေတာ္ေတာ္ၾကာ ေဆာ့ကစားေနၾကဦးမွာပါပဲ။ အခုတေလာ Mobile RPG အမ်ဳိးအစားထဲမွာ ေပါက္ဂိမ္းလည္း မရွိသေလာက္ဆုိေတာ့ Disney ရဲ႕ ပုံရိပ္ကို ျမွင့္တင္ေပးျပီး ေနာက္ထြက္လာမယ့္ update ေတြမွာ ေနာက္ထပ္ ကာရိုက္တာအသစ္ေတြ ပါဝင္လာတာ၊ ရုံတင္ကားေတြနဲ႔ ဆက္စပ္ event ေတြ Hero အသစ္ေတြ အၿမဲပါဝင္လာမွာေၾကာင့္ Animation ႐ုပ္ရွင္ ပရိသတ္ေတြအတြက္ လံုးဝလက္လွြတ္မခံ သင့္တဲ့ ဂိမ္းပဲျဖစ္ပါတယ္ ခင္ဗ်ာ။

 


[unicode]

Game Review – Disney Heroes : Battle Mode
==============================

 

Free to Play
အမျိုးအစား – RPG
ထုတ်လုပ်သူ – PerBlue
ပလက်ဖောင်း – iOS, Android

Disney နဲ့ Pixar ရဲ့ နာမည်ကျော် ကာတွန်းဇာတ်ကောင်တွေကို အသုံးပြုထားတဲ့ RPG ဂိမ်း Disney Heroes Battle Mode ကတော့ ထွက်ရှိလာခဲ့ပါပြီ။ ဒီမိုဘိုင်းဂိမ်းထဲမှာ The Incredibles, Zootopia, Wreck-it Ralph, Toy Story, Monster Inc., WALL-E နဲ့ ဂျက်စပဲရိုးတို့ ပါဝင်တယ်လို့ ဆိုလိုက်တာနဲ့ အမာခံပရိသတ်တွေကတော့ ဆော့ချင်စိတ် ဖြစ်သွားမိမယ်လို့ ယုံကြည်ပါတယ်။

ကစားရတဲ့ပုံစံကတော့ မိုဘိုင်းပေါ်မှာ တွေ့နေကြ RPG (Role-playing) ဂိမ်းတွေလိုပါပဲ။ ဟီးရိုးတွေကို ပုံးတွေထဲကနေ မဲနှိုက်ဝယ်ယူရမယ်၊ မစောင့်နိုင်ရင် ပိုက်ဆံပေးပြီး ဝယ်၊ ဟီးရိုးတွေကို Upgrade တင်ပြီး အကောင်းဆုံး ဟီးရိုးငါးယောက်ကို ရွေး ဆိုတဲ့ ပုံစံမျိုးပါ။

နောက်ခံဇာတ်ကြောင်းကတော့ Vanellope(Wreck-It Ralph) နဲ့ Ralph တို့အတူ ဒစ်ဂျစ်တယ် ကမ္ဘာကြီးထဲ အလည်ရောက်လာရာကနေ စတင်ထားပါတယ်။ ဒစ်ဂျစ်တယ်ကမ္ဘာကို ထူးဆန်းတဲ့ ဗိုင်းရပ်စ်တစ်ခုက ဝါးမျိုနေပြီး ဟီးရိုးတွေကိုယ်တိုင် အသိဉာဏ်မဲ့ ထိန်းချုပ်ခံနေရတဲ့ အခါမှာတော့ သူတို့ စပြီးတွေးမိတာက King Candy ကိုပါ။

ဒီလိုနဲ့ သူ့ရဲ့ခင်ပွန်း Mr. Incredible ကိုလိုက်ရှာနေတဲ့ Elastigirl နဲ့ ပူးပေါင်းမိတဲ့ အခါမှာတော့ ဒစ်ဂျစ်တယ်ကမ္ဘာကြီးကို လွတ်မြောက်ဖို့ လူစုပြီး တိုက်ပွဲဝင်ရတော့မှာ ဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်ရဲ့ လက်သည်တရားခံကရော တကယ်ပဲ King Candy ဖြစ်နေဦးမလား ဆိုတာကိုတော့ တိုက်ခိုက်ရင်း ရှာဖွေရမှာပါ။

2018 မေလ ၁၇ ရက်နေ့ကမှ စတင်ထုတ်လွှင့်လာတဲ့ Disney Heroes Battle Mode (ရှည်လိုက်တာ၊ အတိုကောက် DHBM ပဲခေါ်ပါရစေတော့) ဟာ Android, iOS ပလက်ဖောင်းနှစ်ခုလုံးမှာ ထိပ်တန်း အခမဲ့ဂိမ်းစာရင်းဝင်နေပါတယ်။

စမ်းဆော့ကြည့်တဲ့အခါမှာလည်း ကိုယ်နှစ်သက်ခဲ့ရတဲ့ ဇာတ်ကောင်တွေကို တရားဝင်ပုံရိပ်အနေနဲ့ အသုံးချထားတဲ့ ပြေပြစ်တဲ့ ဇာတ်လမ်းသွားကြောင့် ပျော်ရွှင်မှု ရစေတာတော့ အမှန်ပါပဲ။

ဒါပေမယ့် gameplay ကတော့ ဘာမှထွေထွေထူးထူး မရှိပါဘူး။ အထက်မှာ ပြောခဲ့သလို သာမာန်မိုဘိုင်း RPG ဂိမ်းတစ်ခုပါပဲ။ သူ့ရဲ့ အဓိကအားသာချက်က တရားဝင်သုံးစွဲခွင့်ရတဲ့ ကာရိုက်တာတွေနဲ့ နောက်ပိုင်းမှာ ပိုပိုပြီး ကြီးမားကျယ်ပြန့်လာနိုင်တဲ့ potential ပါပဲ။
နောက်ဆုံး Update တွေမှာဆို ယခုလက်ရှိ ရုံတင်ပြသနေတဲ့ Toy Story (4) က Bo Peep တို့ Ducky & Bunny တို့ပါ ပါဝင်လာပါတယ်။

ဂိမ်းထဲမှာလည်း ပါဝင်ပြီး အပြင်မှာလည်း အောင်မြင်ကျော်ကြား လူကြိုက်များခဲ့တဲ့ Animation ရုပ်ရှင်တွေ အနေနဲ့
1. Toy Story
2. Zootopia
3. Inside Out
4. Beauty and the Beasts
5. The Incredibles
6. Wreck-It Ralph
7. Hercules
8. Monsters, Inc
9. Wall-E
10. Aladdin
11. Frozen
12. Big Hero 6 တို့မှ ဇာတ်ကောင်များ အပြင်အခြား Disney နဲ့ Pixar မှ ဇာတ်ကောင်အများအပြား ပါဝင်ပါတယ်။

Game play အနေနဲ့ level 10 ရှေ့ပိုင်းမှာတော့ ကစားရတာ အလွန်လွယ်ကူပါတယ်။ stamina bar ကလည်း level တစ်ခါတက်တိုင်း 30+ လောက်ရတော့ မကုန်ပါဘူး။ level 12 နောက်ပိုင်းမှာ stamina ရှားလာပြီး Elite mode ပွင့်သွားတဲ့အခါ ဟီးရိုးတွေကို upgrade/ unlock လုပ်ဖို့အတွက် လိုအပ်တဲ့ hero အစိတ်အပိုင်းတွေ ပေးတာကြောင့် stamina ပိုကုန်စရာဖြစ်ပါတယ်။

DHBM ဂိမ်းဟာ စိတ်ရှည်ရှည်နဲ့ အပျော်ဆော့မယ့် သူတွေအတွက် အန္တရာယ်မရှိလှပေမယ့် ကိုယ်ကြိုက်တဲ့ ကာရိုက်တာကို မြန်မြန်လိုချင်တဲ့သူမျိုး၊ နာရီနဲ့ချီပြီး ဆော့ချင်တဲ့ သူမျိုးတွေ ဆိုရင် ပိုက်ဆံထွက်ကိန်း မြင်ပါတယ်။

ဘာပဲဖြစ်ဖြစ်၊ Disney – Pixar ဇာတ်ကောင်တွေကို ရူးသွပ်တဲ့ သူတွေကတော့ ဒီဂိမ်းကို ရက်တော်တော်ကြာ ဆော့ကစားနေကြဦးမှာပါပဲ။ အခုတလော Mobile RPG အမျိုးအစားထဲမှာ ပေါက်ဂိမ်းလည်း မရှိသလောက်ဆိုတော့ Disney ရဲ့ ပုံရိပ်ကို မြှင့်တင်ပေးပြီး နောက်ထွက်လာမယ့် update တွေမှာ နောက်ထပ် ကာရိုက်တာအသစ်တွေ ပါဝင်လာတာ၊ ရုံတင်ကားတွေနဲ့ ဆက်စပ် event တွေ Hero အသစ်တွေ အမြဲပါဝင်လာမှာကြောင့် Animation ရုပ်ရှင် ပရိသတ်တွေအတွက် လုံးဝလက်လွှတ်မခံ သင့်တဲ့ ဂိမ်းပဲဖြစ်ပါတယ် ခင်ဗျာ။