[Unicode]

မြန်မာနိုင်ငံမှာ စတင်ကစားနိုင်တော့မယ့် MMORPG ဂိမ်းသစ် “Dekaron Online”

 

GODLIKE Games မှ ထုတ်လုပ်လိုက်တဲ့ Dekaron Online ဂိမ်းဟာ တစ်ကြော့ပြန် အသက်ဝင်လာပါပြီ။ ဒီဂိမ်းကို မြန်မာ၊ ထိုင်းနဲ့ လာအို အပါအဝင် နိုင်ငံအများအပြားမှာ စတင် ဆော့ကစားနိုင်တော့မှာ ဖြစ်ပြီး ထိုင်းနဲ့ အင်္ဂလိပ် ဘာသာစကား နှစ်မျိုးဖြင့် free-to-play ဆော့ကစားနိုင်မှာပါ။

အခုချိန်မှာ Dekaron Online ဂိမ်းရဲ့ ဘီတာစမ်းသပ်အဆင့် အောင်မြင်စွာ ပြီးဆုံးသွားပြီ ဖြစ်တာကြောင့် အတူတူ ဆော့ကစားကြမယ့် သူငယ်ချင်းတွေလည်း ရှိနေပါတယ်။ ၂၀၂၀ ဇူလိုင်လ ၂၃ ရက်နေ့မှာ တရားဝင် စတင် ဆော့ကစားနိုင်မှာ ဖြစ်ပြီး “Helion” နဲ့ “Arch” ဆာဗာနှစ်ခုမှာ ဆုံတွေ့ကြရအောင်လား!

နောက်ပြီး စမ်းသပ်အဆင့်မှာတုန်းကလည်း ကစားသမားတွေ အများကြီး ပါဝင်ခဲ့ကြတာကြောင့် အဲဒီထဲက ဆော့ကစားနေသူတွေရော၊ ကစားသမား အသစ်တွေပါ ဝင်ရောက်ကစားနိုင်ကြတော့မှာပါ။ Dekaron ကမ္ဘာမှာ ကွဲပြားတဲ့ စွန့်စားခန်းတွေ အများကြီးရှိပါတယ်။ အားလုံးနဲ့ရင်းနှီးပြီးသား Dekaron ရဲ့စတိုင်ဖြစ်တဲ့ လယ်ဗယ်တင်ပြီး Dungeon တွေကို ဝင်ရောက်တိုက်ခိုက်နိုင်မှာ ဖြစ်သလို ကစားသမား တွေကြားမှာလည်း အချင်းချင်း တိုက်ခိုက်နိုင်ဦးမှာပါ။

တရားဝင်ထုတ်လွှင့်ရက် : ဇူလိုင် ၂၃ ၊ ၂၀၂၀
ဒီမှာ စာရင်းသွင်းပါ : https://billing.god.in.th/register_en.php
Download : https://www.dekaron.asia/en/download

ဆော့ကစားနိုင်မယ့် ဂိမ်းအင်္ဂါရပ်များ

ဒီဂိမ်းဟာ လူတိုင်း ပါဝင်ကစား ပျော်ရွှင်နိုင်မယ့် Feature တွေ အများအပြား ပါဝင်သလို စိတ်နှစ်ပြီး Hardcore ကစားချင်တဲ့ ဂိမ်မာတွေ အတွက် PK စနစ်ကိုလည်း ထည့်သွင်းပေးထားပါတယ်။

● PvP & PK System
Dekaron Online ဂိမ်းထဲမှာ ပါဝင်တဲ့ နောက်ထပ်စနစ်တစ်ခုကတော့ PvP နဲ့ PK စနစ်ပါပဲ။ ကစားသမား တွေကြားမှာ အချင်းချင်း တိုက်ခိုက်ရမယ့် PvP (Player vs Player) စတိုင်က သုံးမျိုးတောင် ပါဝင်ပါတယ်။ Duel စနစ်မှာ တစ်ယောက်တစ်ယောက်ချင်း တိုက်ခိုက်နိုင်သလို၊ ပါတီလိုက် တိုက်ခိုက်ချင်ရင်လည်း PartyPvP စနစ်နဲ့ စိတ်ခေါ်နိုင်မှာပါ။ နောက်ဆုံးစနစ်ကတော့ အားလုံးဝင်တိုက်နိုင်မယ့် Free PK (Free-for-all) စနစ်ပဲ ဖြစ်ပါတယ်။

● Guild system
Guild စနစ်ကလည်း ကစားသမားတွေ ပျော်ရွှင်ဖို့အတွက် မပါမဖြစ် စနစ်တစ်ခုဖြစ်ပြီး လယ်ဗယ်တင်ဖို့၊ အတူ စွန့်စား တိုက်ခိုက်နိုင်ဖို့ နဲ့ Quest တွေ အတူလုပ်ဖို့ ကူညီမှာပါ။ ဒါ့အပြင် Guild စနစ်ထဲမှာ ဘာတွေ ထပ်လုပ်လို့ ရဦးမလဲ ဆိုတာကို နောက်ထပ် သတင်းတွေမှာ ဆက်လက် စောင့်စားကြည့်လိုက်ပါဦး။

● Instance Dungeons
Dekaron ဂိမ်းထဲမှာ ကစားသူတွေ ကိုယ့်ရဲ့ စွမ်းရည်များအား လေ့ကျင့်ဖို့နဲ့ စိန်ခေါ်နိုင်ဖို့ လယ်ဗယ်အလိုက် Dungeon တွေ ထည့်သွင်းထားပါတယ်။ Instance Dungeon တွေကနေ မည်သူမဆို ရန်သူတွေကို တိုက်ခိုက်ကာ အရေးပါတဲ့ ပစ္စည်းတွေ ရယူနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Dungeon တွေက သင့်အတွက် EXP, DIL နဲ့ ကွဲပြားတဲ့ Item တွေ ရရှိနိုင်မှာပါ။

● Fishing System
စွန့်စားခန်းတွေ ထွက်ရတာ မောလာပြီ ဆိုရင်တော့ ငါးမျှားခြင်းနဲ့ အနားယူလိုက်ပါ။ ကိုယ် ဖမ်းမိတဲ့ ငါးတွေကို စားသောက်ခြင်းဖြင့် HP သို့မဟုတ် MP ပြန်ဖြည့်နိုင်သလို တချို့ငါးတွေက အထူး စွမ်းအားတိုးမြှင့်မှုတွေ ပေးစွမ်းနိုင်ပါတယ်။

ဒီဂိမ်းမှာ Class ၁၂ ခုလုံးကို စတင်ဆော့ကစားနိုင်မှာဖြစ်ပါတယ်။
● Aloken – လှံရှည်ကို အဓိကလက်နက်အဖြစ် အသုံးပြုတဲ့ အမျိုးသမီး စစ်သည်တော်
Azure Knight – အားလုံးထဲမှာ ခံနိုင်ရည် အမြင့်ဆုံးနဲ့ အလေးလံဆုံး Tank
● Bagi Warrior – Azure Knight ပြီးရင် ခံနိုင်ရည်အမြင့်ဆုံး နဲ့ ကာကွယ်ဖို့ နည်းလမ်းများစွာ အသုံးပြုနိုင်တဲ့ Tank
● Black Wizard – အမှောင်စွမ်းအားကို လေ့လာအသုံးချပြီး ရန်သူတွေကို တိုက်ခိုက်တဲ့ မှော်ဆရာ
● Conserra Summoner – လုပ်ကြံသတ်ဖြတ်သူတွေရဲ့ စွမ်းရည်နဲ့ အဆိပ်ကို အသုံးချတတ်တဲ့ Summoner
● Dragon Knight – သွက်လက်စွာ လှုပ်ရှားပြီး ကြမ်းတမ်းတဲ့ တိုက်ခိုက်မှု စွမ်းရည်နဲ့ တူကြီးကို အသုံးပြုတဲ့ ချစ်စရာ မိန်းကလေးတစ်ဦး
● Half Bagi – ခံနိုင်ရည် စွမ်းအားများစွာ ပိုင်ဆိုင်တဲ့ အလယ်အလတ်တန်းစား Tank
● Incar Magician – မီး၊ ရေခဲနဲ့ မိုးကြိုး သုံးမျိုးကို ရောစပ်တိုက်ခိုက်နိုင်တဲ့ မှော်ဆရာ
● Segeuriper – ရန်သူတွေကို ကျိန်စာတိုက်ပြီး တိုက်ခိုက်မှု စွမ်းရည်ကို စုပ်ယူနိုင်တဲ့ Support
● Segita Hunter – Dekaron ဂိမ်းထဲမှာ အဝေးဆုံးကနေ တိုက်ခိုက်နိုင်တဲ့ တစ်ဦးတည်းသော လေးသည်တော်
● Segnale – သွေးပြန်ဖြည့်ပေးနိုင်၊ စွမ်းအားမြှင့်တင်ပေးနိုင်ပြီး မိတ်ဆွေတွေကို ပြန်ရှင်ပေးနိုင်တဲ့ Support
● Vicious Summoner – သွေးပြန်ဖြည့်နိုင်ပြီး တစ်ကိုယ်တော် စွန့်စားခန်း ဖွင့်နိုင်တဲ့ Summoner

ဒီနေ့ပဲ Dekaron Online မှာ ဆုံတွေ့ပြီး ပျော်ပျော်ရွှင်ရွှင် ကစားကြရအောင် !!
သတင်းနဲ့ ပြောင်းလဲချက်အသစ်တွေအတွက် ဝက်ဆိုက်နဲ့ ဆိုရှယ်စာမျက်နှာတွေကို Follow ထားပါဦးနော်။

အချက်အလက်များ ပိုမိုသိရှိလိုလျှင်
Community : https://f.ls/DKOFG
English Community : https://f.ls/DKOFGEN
Facebook : https://f.ls/DKOFP
Website : https://dekaron.asia/en/


[ZawGyi]


 







● PvP & PK System

● Guild system

● Instance Dungeons

● Fishing System


