[Unicode]

အင်ဒို ပရိသတ်ကြားမှာ ရေပန်းစားနေတဲ့ MLBB Pro အင်ကြင်းဖူး

 

အမျိုးသမီး MLBB pro ကစားသမားတစ်ဦးဖြစ်သူ မအင်ကြင်းဖူးဟာ Impunity Myanmar ရဲ့ အမျိုးသမီးအသင်း Impunity Divas ကို ဦးဆောင်သူပါ။ ချောမောလှပသူတစ်ဦးဖြစ်ရုံသာမက Kaja နဲ့ Minotaur မြန်မာအဆင့် ၁ ဖြစ်လာတဲ့အထိ ဂိမ်းမှာလည်း ကျွမ်းကျင်လှလို့ သူမရဲ့ နာမည်ဟာ အင်ဒိုနီးရှားပရိသတ်များကြားမှာ ရေပန်းစားနေကြောင်း ONE Esports က ဖော်ပြခဲ့ပါတယ်။

EVOS Legends ရဲ့ အသင်းသားများဖြစ်ကြတဲ့ Donkey, Qura, Luminaire တို့နဲ့ မအင်ကြင်းဖူးတို့ဟာ လွန်ခဲ့တဲ့တစ်လလောက်က stream တစ်ခုအတွင်း အတူတူကစားနေကြတာကို အင်ဒိုနီးရှားပရိသတ်များ တွေ့မြင်ခဲ့ကြပြီးနောက် သူမကို သတိထားမိလာကြတာပါ။ EVOS Legends အသင်းဟာ ပြီးခဲ့တဲ့နှစ်က M1 World Championship ကို အနိုင်ရရှိထားတဲ့ အင်ဒိုနီးရှားရဲ့ ထိပ်တန်း MLBB အသင်းဖြစ်ပါတယ်။

MLBB ကစားသမားများနဲ့ ပတ်သက်လို့ ONE Esports က မေးမြန်းခဲ့ရာမှာ “ညီမ အကြိုက်နှစ်သက်ဆုံး MLBB ကစားသမားက EVOS အသင်းရဲ့ Donkey ပါ။ သူနဲ့ ညီမ ကစားတဲ့ role ချင်း တူသလို သူ့ကို စံပြကစားသမားတစ်ဦးအနေနဲ့လည်း အသိအမှတ်ပြု လေးစားပါတယ်။ EVOS က Qura နဲ့ Burmese Ghoul အသင်းက Rubydd တို့ကိုလည်း ကြိုက်ပါတယ်။ သူတို့ရဲ့ ကစားကွက် ကစားဟန်တွေက ထူးခြားပြီး သဘောကျစရာကောင်းတယ်လို့ ထင်လို့ပါ” လို့ ဖြေသွားခဲ့ပါတယ်။

Tank အဓိက ကစားသူ မအင်ကြင်းဖူးဟာ Kaja နဲ့ Minotaur မြန်မာအဆင့် ၁ ရရှိထားရုံသာမက Hylos မြန်မာအဆင့် ၂၊ Grock မြန်မာအဆင့် ၄ နဲ့ Lolita မြန်မာအဆင့် ၉ တို့ကိုလည်း ရရှိထားပါသေးတယ်။

“အကြိုက်ဆုံး hero ကတော့ Kaja ပါ။ အန္တရာယ်အပေးနိုင်ဆုံး ရန်သူ hero တွေကို အလွယ်တကူ ဖမ်းပြီး ရှင်းပစ်နိုင်လို့ပါ။ Kaja ကြောင့် battle အဆုံးအဖြတ်ရလဒ် ပြောင်းသွားနိုင်ပါတယ်။ သူ့ရဲ့ ulti ကြောင့် ပွဲအလှည့်အပြောင်းတွေ အများကြီးဖြစ်သွားနိုင်ပါတယ်” လို့ hero အကြောင်းများနဲ့ ပတ်သက်ပြီး သူမက ပြောပါတယ်။

အင်ဒိုနီးရှား ပရိသတ်များနဲ့ ပတ်သက်ပြီး “အင်ဒိုတွေလို ဘဟာစာ စကား ပြောတတ်ရင်တော့ ကောင်းမှာပေါ့နော်။ ညီမရဲ့ ပရိသတ်တွေကို ဘယ်လောက်ထိ ချစ်လဲဆိုတာ ပြောပြချင်ပါတယ်။ ရေမြေခြားပြီး ဘာသာစကားတွေ မတူညီကြပေမယ့် ကိုယ့်ကို အားပေးကြတယ် ဆုမွန်ကောင်းတွေ တောင်းပေးကြတယ်။ ပြောမပြနိုင်လောက်အောင် ကျေးဇူးတင်ပါတယ်” လို့ သူမက ပြောသွားခဲ့ပါတယ်။

“အင်ဒိုနီးရှားမှာ MLBB အရမ်းခေတ်စားနေတာ သိထားတယ်။ ဒီတော့ အဲဒီမှာရှိတဲ့ Esports အဖွဲ့အစည်းကြီးတစ်ခုခုကခေါ်ဖို့ ကမ်းလှမ်းလာတယ်ဆိုရင်တော့ ကျေးဇူးတင်မှာပေါ့နော်။ အရမ်းလည်း ပျော်မိမှာပါ” လို့လည်း အင်ဒိုနီးရှားအဖွဲ့အစည်းများနဲ့ ပတ်သက်လို့ ပြောခဲ့ပါသေးတယ်။ နိုင်ငံတကာထိ ထိုးဖောက်နိုင်တဲ့ အမျိုးသမီး gamer များ ထွက်ပေါ်နေခြင်းဟာ နိုင်ငံအတွက် ဂုဏ်ယူစရာကောင်းသလို gamer အများအတွက်လည်း အားတက်စရာကောင်းတာမို့ ဖော်ပြလိုက်ရပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။

source: ONE Esports
#hwy


[ZawGyi]

အင္ဒို ပရိသတ္ၾကားမွာ ေရပန္းစားေနတဲ့ MLBB Pro အင္ၾကင္းဖူး

 

အမ်ိဳးသမီး MLBB pro ကစားသမားတစ္ဦးျဖစ္သူ မအင္ၾကင္းဖူးဟာ Impunity Myanmar ရဲ႕ အမ်ိဳးသမီးအသင္း Impunity Divas ကို ဦးေဆာင္သူပါ။ ေခ်ာေမာလွပသူတစ္ဦးျဖစ္ရုံသာမက Kaja နဲ႔ Minotaur ျမန္မာအဆင့္ ၁ ျဖစ္လာတဲ့အထိ ဂိမ္းမွာလည္း ကြ်မ္းက်င္လွလို႔ သူမရဲ႕ နာမည္ဟာ အင္ဒိုနီးရွားပရိသတ္မ်ားၾကားမွာ ေရပန္းစားေနေၾကာင္း ONE Esports က ေဖာ္ျပခဲ့ပါတယ္။

EVOS Legends ရဲ႕ အသင္းသားမ်ားျဖစ္ၾကတဲ့ Donkey, Qura, Luminaire တို႔နဲ႕ မအင္ၾကင္းဖူးတို့ဟာ လြန္ခဲ့တဲ့တစ္လေလာက္က stream တစ္ခုအတြင္း အတူတူကစားေနၾကတာကို အင္ဒိုနီးရွားပရိသတ္မ်ား ေတြ႕ျမင္ခဲ့ၾကျပီးေနာက္ သူမကို သတိထားမိလာၾကတာပါ။ EVOS Legends အသင္းဟာ ျပီးခဲ့တဲ့ႏွစ္က M1 World Championship ကို အႏိုင္ရရွိထားတဲ့ အင္ဒိုနီးရွားရဲ႕ ထိပ္တန္း MLBB အသင္းျဖစ္ပါတယ္။

MLBB ကစားသမားမ်ားနဲ႕ ပတ္သက္လုိ့ ONE Esports က ေမးျမန္းခဲ့ရာမွာ “ညီမ အၾကိဳက္ႏွစ္သက္ဆုံး MLBB ကစားသမားက EVOS အသင္းရဲ႕ Donkey ပါ။ သူနဲ႔ ညီမ ကစားတဲ့ role ခ်င္း တူသလို သူ႔ကို စံျပကစားသမားတစ္ဦးအေနနဲ႔လည္း အသိအမွတ္ျပဳ ေလးစားပါတယ္။ EVOS က Qura နဲ႔ Burmese Ghoul အသင္းက Rubydd တို႔ကိုလည္း ၾကိဳက္ပါတယ္။ သူတို႔ရဲ႕ ကစားကြက္ ကစားဟန္ေတြက ထူးျခားျပီး သေဘာက်စရာေကာင္းတယ္လို႔ ထင္လို႔ပါ” လို႔ ေျဖသြားခဲ့ပါတယ္။

Tank အဓိက ကစားသူ မအင္ၾကင္းဖူးဟာ Kaja နဲ႔ Minotaur ျမန္မာအဆင့္ ၁ ရရွိထားရုံသာမက Hylos ျမန္မာအဆင့္ ၂၊ Grock ျမန္မာအဆင့္ ၄ နဲ႔ Lolita ျမန္မာအဆင့္ ၉ တို႔ကိုလည္း ရရွိထားပါေသးတယ္။

“အၾကိဳက္ဆုံး hero ကေတာ့ Kaja ပါ။ အႏၱရာယ္အေပးႏိုင္ဆုံး ရန္သူ hero ေတြကို အလြယ္တကူ ဖမ္းျပီး ရွင္းပစ္ႏိုင္လို႔ပါ။ Kaja ေၾကာင့္ battle အဆုံးအျဖတ္ရလဒ္ ေျပာင္းသြားႏိုင္ပါတယ္။ သူ႔ရဲ႕ ulti ေၾကာင့္ ပြဲအလွည့္အေျပာင္းေတြ အမ်ားၾကီးျဖစ္သြားႏိုင္ပါတယ္” လို႔ hero အေၾကာင္းမ်ားနဲ႕ ပတ္သက္ျပီး သူမက ေျပာပါတယ္။

အင္ဒိုနီးရွား ပရိသတ္မ်ားနဲ႔ ပတ္သက္ျပီး “အင္ဒိုေတြလို ဘဟာစာ စကား ေျပာတတ္ရင္ေတာ့ ေကာင္းမွာေပါ့ေနာ္။ ညီမရဲ႕ ပရိသတ္ေတြကို ဘယ္ေလာက္ထိ ခ်စ္လဲဆိုတာ ေျပာျပခ်င္ပါတယ္။ ေရေျမျခားျပီး ဘာသာစကားေတြ မတူညီၾကေပမယ့္ ကိုယ့္ကို အားေပးၾကတယ္ ဆုမြန္ေကာင္းေတြ ေတာင္းေပးၾကတယ္။ ေျပာမျပႏိုင္ေလာက္ေအာင္ ေက်းဇူးတင္ပါတယ္” လုိ႔ သူမက ေျပာသြားခဲ့ပါတယ္။

 

 

“အင္ဒိုနီးရွားမွာ MLBB အရမ္းေခတ္စားေနတာ သိထားတယ္။ ဒီေတာ့ အဲဒီမွာရွိတဲ့ Esports အဖြဲ႔အစည္းၾကီးတစ္ခုခုကေခၚဖုိ႔ ကမ္းလွမ္းလာတယ္ဆိုရင္ေတာ့ ေက်းဇူးတင္မွာေပါ့ေနာ္။ အရမ္းလည္း ေပ်ာ္မိမွာပါ” လို႔လည္း အင္ဒိုနီးရွားအဖြဲ႔အစည္းမ်ားနဲ႔ ပတ္သက္လို႔ ေျပာခဲ့ပါေသးတယ္။ ႏိုင္ငံတကာထိ ထိုးေဖာက္ႏိုင္တဲ့ အမ်ိဳးသမီး gamer မ်ား ထြက္ေပၚေနျခင္းဟာ ႏိုင္ငံအတြက္ ဂုဏ္ယူစရာေကာင္းသလုိ gamer အမ်ားအတြက္လည္း အားတက္စရာေကာင္းတာမို႔ ေဖာ္ျပလိုက္ရပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။

source: ONE Esports
#hwy