
[Zawgyi]


ပထမနေ့ပွဲစဉ်တွေအပြီးမှာတော့ ရမှတ် ၄ မှတ်ရရှိနေပြီး Bren Victress နဲ့ တူညီနေတဲ့ အတွက် မနက်ဖြန် ဆက်လက်ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပြီး အနိုင်ရရှိတဲ့ အသင်းက Final ကို တက်ရောက်မှာ ဖြစ်ပြီး ရှုံနိမ့်မယ်ဆိုရင်လည်း တတိယနေရာလုပွဲ ကစားရဦးမှာပဲ ဖြစ်ပါတယ်။ Coach/Manager အပြည့်အစုံပါဝင်လာတဲ့ နိုင်ငံတကာအသင်းတွေကြားထဲမှာ Player ၅ ယောက်ထဲ သာရောက်ရှိနေပေမယ့်လည်း လက်စွမ်းပြနိုင်နေတဲ့ Venus Vixens အသင်းကို အာပေးချင်တယ်ဆိုရင်တော့ စင်ကာပူနိုင်ငံ Singtel Recreation Center မှာ မနက်ဖြန်မနက် ကိုယ်တိုင် အားပေးနိုင်ပါတယ်လို့ တိုက်တွန်းလိုက်ပါတယ် ခင်ဗျာ။

 

[Unicode]

ပထမနေ့အပြီး အခြေအနေ ကောင်းနေသေးတဲ့ မြန်မာ မိန်းကလေး MLBB အသင်း “Venus Vixens”

Female Esports League က ဦးစီး ကျင်းပနေတဲ့ မိန်းကလေးသီးသန့် MLBB ပြိုင်ပွဲကိုတော့ မြန်မာ အသင်း “Venus Vixens” နဲ့အတူ အင်ဒိုအသင်း SFI Queens, ဖိလစ်ပိုင်အသင်း Bren Esports Victress နဲ့ Singapore/Malaysia အသင်း Grumpy တို့နဲ့အတူ စင်ကာပူနိုင်ငံ Singtel Recreation Center မှာ ကျင်းပလျှက်ရှိပါတယ်။ Venus Vixens ရဲ့ ပထမဆုံး International ပွဲစဉ်အပြင် ပထမဆုံး LAN Event ပါဖြစ်တဲ့အတွက် ပထမပွဲစဉ်မှာ အတွေ့အကြုံနည်းနေသေးတာကြောင့် SFI Queen အသင်းကို 16-18, 16-21 ရလဒ်နဲ့ ကပ်ရှုံးခဲ့ပါတယ်။ ဒါပေမယ့်လည်း Bren Victress နဲ့ Grumpy နဲ့ ပွဲစဉ်တွေမှာတော့ အကောင်းဆုံးလက်စွမ်း ပြန်လည်ပြသနိုင်ခဲ့ပြီး ဝေဖန်သူတွေကို အသံတိတ်စေခဲ့ပါတယ်။


ပထမနေ့ပွဲစဉ်တွေအပြီးမှာတော့ ရမှတ် ၄ မှတ်ရရှိနေပြီး Bren Victress နဲ့ တူညီနေတဲ့ အတွက် မနက်ဖြန် ဆက်လက်ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပြီး အနိုင်ရရှိတဲ့ အသင်းက Final ကို တက်ရောက်မှာ ဖြစ်ပြီး ရှုူံနိမ့်မယ်ဆိုရင်လည်း တတိယနေရာလုပွဲ ကစားရဦးမှာပဲ ဖြစ်ပါတယ်။ Coach/Manager အပြည့်အစုံပါဝင်လာတဲ့ နိုင်ငံတကာအသင်းတွေကြားထဲမှာ Player ၅ ယောက်ထဲ သာရောက်ရှိနေပေမယ့်လည်း လက်စွမ်းပြနိုင်နေတဲ့ Venus Vixens အသင်းကို အာပေးချင်တယ်ဆိုရင်တော့ Singtel Recreation Center မှာ မနက်ဖြန်မနက် ကိုယ်တိုင် အားပေးနိုင်ပါတယ်လို့ တိုက်တွန်းလိုက်ပါတယ် ခင်ဗျာ။

 

#Jerry #GamingNoodle #MLBB