[Zawgyi]

ျမန္မာအသင္းေတြ အေျခအေနေကာင္းတဲ့ MSC 2019 အုပ္စုအဆင့္

 

ေဒသတြင္း အႀကီးမားဆံုး MLBB ၿပိဳင္ပြဲျဖစ္တဲ့ Mobile Legends Southeast Asia Championship 2019 ၿပိဳင္ပြဲရဲ႕ အုပ္စုခြဲေဝမႈကို ယေန႔ ေန႔လည္က က်င္းပခဲ့ၿပီး ျမန္မာအသင္း ၂ သင္းျဖစ္တဲ့ Team Resolution နဲ႔ Burmese Ghouls ကေတာ့ အုပ္စု C နဲ႔ D မွာ အသီးသီး က်ေရာက္ေနပါတယ္။

MSC 2019 Group Stage

Group (C)

Team Resolution 🇲🇲
Louvre Esports 🇮🇩
Diversity Helheim 🇰🇭

ျမန္မာျပည္ရဲ႕ MPL Season 2 ခ်န္ပီယံအသင္းဟာ အင္ဒုိ MPL Season 3 ဒုတိယအသင္း၊ ကေမာၻဒီးယား MSC-KH Qualifier ခ်န္ပီယံအသင္း တုိ႔နဲ႔ အတူတူက်ေနပါတယ္။

Louvre Esports ဟာ RRQ.PSG, Aerowolf, Bigerton, EVOS အစရွိတဲ့ အသင္းေကာင္းေတြ ေပါတဲ့ ၾကားထဲကိုက ဒုတိယ ရခဲ့တယ္ဆိုေတာ့ အထင္ေသးလို႔မရတဲ့ အသင္းပါ။ ဒါေပမယ့္လည္း သူတို႔ဟာ Final မွာ Onic ကို အျပတ္အသတ္ 3-0 နဲ႔ ရွံုးနိမ့္ခဲ့တာဆိုေတာ့ Team Resolution အေနနဲ႔ ေသခ်ာေဆာ့ရင္ ႏိုင္ႏိုင္ပါတယ္။

Diversity Helheim ကေတာ့ MSC ရဲ႕ ပထမဆံုး ကေမာၻဒီးယားအေျခစုိက္အသင္းျဖစ္တာေၾကာင့္ လက္စြမ္းကိုေတာ့ မမွန္းႏိုင္ေသးေပမယ့္ ကေမာၻဒီးယားခ်န္ပီယံ ျဖစ္တာေၾကာင့္ ေလွ်ာ့မတြက္ဘဲ သတိထား ကစားရမယ္ ထင္ပါတယ္။

အုပ္စုကေန ၁ သင္းက Upper Bracket ေရာက္ၿပီး ၂ သင္းက Lower Bracket ေရာက္မွာေၾကာင့္ Team Resolution အေနနဲ႔ MPL Myanmar Final လက္စြမ္းကိုသာ ဆက္လက္ထိန္းသိမ္းႏိုင္မယ္ဆို Upper Bracket ဆိုတာ လက္တစ္ကမ္းမွာပါ။

 

Group (D)

Burmese Ghouls 🇲🇲
Onic Esports 🇮🇩
WAWA Gaming 🇱🇦

ျမန္မာ ၂ သင္းရဲ႕ Group တည္ေဆာက္ပံုက ခပ္ဆင္ဆင္လို႔ ေျပာလို႔ရေနပါတယ္။ ျမန္မာတစ္သင္းရယ္၊ အင္ဒိုတစ္သင္းရယ္၊ ေဒသတြင္းက အားနည္းတဲ့ ႏိုင္ငံတစ္ႏိုင္ငံက Champion အသင္းတစ္သင္းရယ္နဲ႔ ေပါင္းစပ္ထားတာပါပဲ။

ဒါေပမယ့္ မၾကာခင္ကမွ Ardam ထြက္ခြာသြားတဲ့ BG ကေတာ့ သူတို႔ရဲ႕ MPL Myanmar Final က အရွံုးကို ေျခဖ်က္ႏိုင္ဖို႔အတြက္ အနည္းငယ္႐ုန္းကန္ရႏိုင္ပါတယ္။

သူတို႔ကို ဒုကၡအေပးႏိုင္ဆံုးကေတာ့ အင္ဒိုခ်န္ပီယံ Onic Esports ပါ။ Laos MSC Qualifier Champion WAWA Gaming ကေတာ့ Lower Bracket ကိုသာ ေရာက္ဖို႔ မ်ားေနပါတယ္။ WAWA Gaming ကို အလြယ္တကူ ေက်ာ္ျဖတ္ႏိုင္မွာ ေသခ်ာေပမယ့္ Onic ကိုေတာ့ MSC အေတြ႕အၾကံဳရွိထားတဲ့ အသင္းပီပီ အႏိုင္ရရွိၿပီး Group Leader ျဖစ္သြားမယ္ဆိုရင္လည္း …..

ဘာပဲျဖစ္ေနျဖစ္ေန ျမန္မာကို ကိုယ္စားျပဳၿပီး ႏိုင္ငံတကာစင္ျမင့္အထိ သြားေရာက္ယွဥ္ၿပိဳင္မယ့္ Team Resolution နဲ႔ Burmese Ghouls အသင္းကို အားေပးၾကပါလို႔ တိုုက္တြန္းလိုက္ပါတယ္ ခင္ဗ်ာ။

================================

မြန်မာအသင်းတွေ အခြေအနေကောင်းတဲ့ MSC 2019 အုပ်စုအဆင့်

 

ဒေသတွင်း အကြီးမားဆုံး MLBB ပြိုင်ပွဲဖြစ်တဲ့ Mobile Legends Southeast Asia Championship 2019 ပြိုင်ပွဲရဲ့ အုပ်စုခွဲဝေမှုကို ယနေ့ နေ့လည်က ကျင်းပခဲ့ပြီး မြန်မာအသင်း ၂ သင်းဖြစ်တဲ့ Team Resolution နဲ့ Burmese Ghouls ကတော့ အုပ်စု C နဲ့ D မှာ အသီးသီး ကျရောက်နေပါတယ်။

MSC 2019 Group Stage

Group (C)

Team Resolution 🇲🇲
Louvre Esports 🇮🇩
Diversity Helheim 🇰🇭

မြန်မာပြည်ရဲ့ MPL Season 2 ချန်ပီယံအသင်းဟာ အင်ဒို MPL Season 3 ဒုတိယအသင်း၊ ကမ္ဘောဒီးယား MSC-KH Qualifier ချန်ပီယံအသင်း တို့နဲ့ အတူတူကျနေပါတယ်။

Louvre Esports ဟာ RRQ.PSG, Aerowolf, Bigerton, EVOS အစရှိတဲ့ အသင်းကောင်းတွေ ပေါတဲ့ ကြားထဲကိုက ဒုတိယ ရခဲ့တယ်ဆိုတော့ အထင်သေးလို့မရတဲ့ အသင်းပါ။ ဒါပေမယ့်လည်း သူတို့ဟာ Final မှာ Onic ကို အပြတ်အသတ် 3-0 နဲ့ ရှုံးနိမ့်ခဲ့တာဆိုတော့ Team Resolution အနေနဲ့ သေချာဆော့ရင် နိုင်နိုင်ပါတယ်။

Diversity Helheim ကတော့ MSC ရဲ့ ပထမဆုံး ကမ္ဘောဒီးယားအခြေစိုက်အသင်းဖြစ်တာကြောင့် လက်စွမ်းကိုတော့ မမှန်းနိုင်သေးပေမယ့် ကမ္ဘောဒီးယားချန်ပီယံ ဖြစ်တာကြောင့် လျှော့မတွက်ဘဲ သတိထား ကစားရမယ် ထင်ပါတယ်။

အုပ်စုကနေ ၁ သင်းက Upper Bracket ရောက်ပြီး ၂ သင်းက Lower Bracket ရောက်မှာကြောင့် Team Resolution အနေနဲ့ MPL Myanmar Final လက်စွမ်းကိုသာ ဆက်လက်ထိန်းသိမ်းနိုင်မယ်ဆို Upper Bracket ဆိုတာ လက်တစ်ကမ်းမှာပါ။

Group (D)

Burmese Ghouls 🇲🇲
Onic Esports 🇮🇩
WAWA Gaming 🇱🇦

မြန်မာ ၂ သင်းရဲ့ Group တည်ဆောက်ပုံက ခပ်ဆင်ဆင်လို့ ပြောလို့ရနေပါတယ်။ မြန်မာတစ်သင်းရယ်၊ အင်ဒိုတစ်သင်းရယ်၊ ဒေသတွင်းက အားနည်းတဲ့ နိုင်ငံတစ်နိုင်ငံက Champion အသင်းတစ်သင်းရယ်နဲ့ ပေါင်းစပ်ထားတာပါပဲ။

ဒါပေမယ့် မကြာခင်ကမှ Ardam ထွက်ခွာသွားတဲ့ BG ကတော့ သူတို့ရဲ့ MPL Myanmar Final က အရှုံးကို ခြေဖျက်နိုင်ဖို့အတွက် အနည်းငယ်ရုန်းကန်ရနိုင်ပါတယ်။

သူတို့ကို ဒုက္ခအပေးနိုင်ဆုံးကတော့ အင်ဒိုချန်ပီယံ Onic Esports ပါ။ Laos MSC Qualifier Champion WAWA Gaming ကတော့ Lower Bracket ကိုသာ ရောက်ဖို့ များနေပါတယ်။ WAWA Gaming ကို အလွယ်တကူ ကျော်ဖြတ်နိုင်မှာ သေချာပေမယ့် Onic ကိုတော့ MSC အတွေ့အကြုံရှိထားတဲ့ အသင်းပီပီ အနိုင်ရရှိပြီး Group Leader ဖြစ်သွားမယ်ဆိုရင်လည်း …..

ဘာပဲဖြစ်နေဖြစ်နေ မြန်မာကို ကိုယ်စားပြုပြီး နိုင်ငံတကာစင်မြင့်အထိ သွားရောက်ယှဉ်ပြိုင်မယ့် Team Resolution နဲ့ Burmese Ghouls အသင်းကို အားပေးကြပါလို့ တိုက်တွန်းလိုက်ပါတယ် ခင်ဗျာ။

 

#MSC2019 #TournamentPreview #MLBB #TeamRSO #BG