[ZawGyi]

Mobile Legends: Bang Bang hero အသစ္ “Lylia” အေၾကာင္း တစ္ေစ့တစ္ေစာင္း

 

MLBB ရဲ႕ hero role ေတြထဲမွာ mage role ဟာ အလြန္အသုံးတည့္တာပါ။ အခ်ိန္တိုအတြင္း damage မ်ားမ်ား ေပးႏိုင္ျခင္း၊ ဂိမ္းရဲ႕အေျခအေနအရပ္ရပ္မွာ strong ျဖစ္ျခင္း နဲ႔ lane အေျပာင္းအလဲမ်ားကို ပုံစံမ်ိဳးစုံျဖင့္ ကစားႏိုင္တဲ့ hero မ်ားပါဝင္ျခင္း စတာေတြေၾကာင့္ mage ေတြဟာ အလြန္လူၾကိဳက္မ်ား ေခတ္စားလွျပီး Moonton ကို mage hero မ်ားမ်ားထုတ္ဖုိ႔ ေတာင္းဆိုေနသလိုပါပဲ။

လက္ရွိ meta ထဲမွာ ၾကမ္းလြန္းလုိ႔ ban ခံေနရတာဟာလည္း mage မ်ား ျဖစ္ေနေပမယ့္ ယခု “Lylia” ကေတာ့ မၾကာေသးခင္ ရက္ပိုင္းအတြင္းကပဲ mage (push/poke) အေနနဲ႔ ထြက္ရွိလာခဲ့ျပီး battle point 32000 သုိ႔မဟုတ္ 599 diamond နဲ႔ ဝယ္ယူကစားႏိုင္ေနပါျပီ။ အခုေတာ့ 419 Diamond နဲ႔ ေစ်းခ်ေနပါတယ္။

ေနာက္ပိုင္းထြက္ရွိလာတဲ့ hero မ်ားရဲ႕ ability မ်ား အလုပ္လုပ္ပုံဟာ ပိုမိုရႈပ္ေထြးတတ္တဲ့ နည္းတူ Lylia ရဲ႕ ablility မ်ားဟာလည္း အနည္းငယ္ ရႈပ္ေထြးပါတယ္။ Ability 1 ျဖစ္တဲ့ “Magic Shock Wave” ကုိ သုံးလိုက္ရင္ လိႈင္းတစ္ခုကို ထုတ္လႊတ္တိုက္ခိုက္မွာ ျဖစ္ျပီး 250 (+100% total magic power) base magic damage ရွိမွာျဖစ္သလို လမ္းေၾကာင္းတစ္ေလွ်ာက္ ရန္သူေတြကို ၄၀ ရာခိုင္ႏႈန္းအထိ ၁.၅ စကၠန္႔စာ ေႏွးသြားေစဦးမွာပါ။ Base cooldown ၄ စကၠန္႔သာရွိျပီး base mana cost လည္း ၅၀ ပဲရွိပါတယ္။ အဲဒီ wave တစ္ေလွ်ာက္ Lylia ရဲ႕ Gloom ေကာင္ေလးဟာလည္း လိုက္ပါသြားမွာျဖစ္ျပီး လမ္းေၾကာင္းေပၚက Ability 2 သုံးရင္ ထြက္လာမယ့္ Shadow Energy ေတြကို စားသုံးသြားမွာပါ။

Ability 2, “Shadow Energy” ရဲ႕ထူးျခားခ်က္ကေတာ့ ပြဲစစခ်င္း မယူရေသးခင္တည္းက အသုံးျပဳႏိုင္တာပါ။ သုံးလိုက္တိုင္း Shadow Energy တစ္ခုျဖစ္ေပၚလာေစမွာ ျဖစ္ျပီး ၅ ခုအထိ တစ္ျပိဳင္တည္း ထုတ္လုိ႔ရပါတယ္။ Shadow Energy ေတြဟာ ထုတ္လိုက္တဲ့ေနရာမွာ ရပ္တန္႕ေနျပီး ေဘးမွာရွိတဲ့ ရန္သူေတြကို 130 (+50% total magic power) base magic damage ထိေနေစမွာ ျဖစ္ျပီး ၈၀ ရာခိုင္ႏႈန္းအထိ ေႏွးသြားေစႏိုင္ပါတယ္။ Shadow Energy ေတြရွိတဲ့ေနရာကို Ability 1 သုံးလိုက္ရင္ေတာ့ Shadow Energy တစ္ခုခ်င္းစီကို Gloom က စားသုံးလိုက္တိုင္းေပ်ာက္ကြယ္သြားေစျပီး တစ္ခုခ်င္းစီအတြက္ 260 (+100 total magic power) base magic damage ကို ျဖစ္ေပၚေစမွာပါ။

ဒါေၾကာင့္ Ability 1 နဲ႔ 2 ဟာ combo အတြဲျဖစ္ျပီး ေၾကာက္မက္ဖြယ္ စုေပါင္း damage ရွိပါတယ္။ Base mana cost ၄၀ ရွိျပီး အကန့္အသတ္ထက္ ထုတ္တာမ်ားသြားခဲ့ရင္ေတာ့ base cooldown ၉ စကၠန္႕လည္မွာပါ။

Ultimate Ability ျဖစ္တဲ့ “Black Shoes” ကို သုံးလိုက္ရင္ေတာ့ လြန္ခဲ့တဲ့ ၄ စကၠန္႔က လမ္းေလ်ွာက္ရင္း က်န္ခဲ့တဲ့ black shoes ေလး တစ္စုံ ရွိတဲ့ေနရာကို က်န္ခဲ့တဲ့ေျခရာေလးေတြရွိတဲ့အတိုင္း အျမန္ျပန္ေရာက္သြားျပီး maximum hp ရဲ႕ ၁၅ ရာခိုင္ႏႈန္း ေသြးျပန္ျပည့္မွာ ျဖစ္သလို movement speed ၄၀ ရာခိုင္ႏႈန္းလည္း ၂ စကၠန္႕ ပိုမိုျမန္ဆန္သြားမွာပါ။ Shadow Energy charges ၅ ခုလုံးလည္း ျပန္ျပည့္သြားမွာပါ။ Dota 2 hero ျဖစ္တဲ့ Weaver ရဲ႕ Ultimate နဲ႔ အလြန္ဆင္တူပါတယ္။ Shadow Energy ရွိသေလာက္ ဒီ effect ဟာ ပိုၾကမ္းပါတယ္။ Lylia ေနာက္ကို black shoes က အျမဲလိုက္ေနတာ ျဖစ္ျပီး hero ကို ရပ္ထားတာၾကာရင္ေတာ့ black shoes က Lylia နဲ႔ တစ္ေနရာတည္း ျဖစ္ျဖစ္သြားတတ္ပါတယ္။ Base cooldown ၅၀ စကၠန္႔ရွိျပီး base mana cost ကေတာ့ ၁၂၀ ပါ။ Ultimate ၃ ဆင့္လုံးရျပီးသြားရင္ mana မလိုပဲ သုံးလုိ႔ရမယ့္ ထူးျခားခ်က္ရွိပါတယ္။

Lylia ရဲ႕ passive ability ကေတာ့ “Angry Gloom” ျဖစ္ပါတယ္။ ဒီ passive မွာ Gloom က Lylia ရဲ႕ ၁၅ ရာခိုင္ႏႈန္းစာ movement speed ကို ျမန္ေနေစမွာျဖစ္ျပီး Gloom level တက္တိုင္း ၅ ရာခိုင္ႏႈန္းစီ တိုးျမွင့္ေပးသြားမွာျဖစ္လို႔ ၄၀ ရာခိုင္ႏႈန္းထိေတာင္ ျမန္လာေစမွာပါ။ Gloom ရဲ႕ level ကေတာ့ အေပၚမွာ ေျပာခဲ့တဲ့ Shadow Energy ေလးေတြကို စားသုံးရင္း တက္ေနမွာျဖစ္ျပီး ၅ ခု အထိ တက္ႏိုင္ပါတယ္။ Gloom level တက္တိုင္းလည္း Shadow Energy ေတြရဲ႕ damage က ၃၀ ရာခိုင္ႏႈန္းစီနဲ႔ ၁၂၀ ရာခိုင္ႏႈန္းထိ မ်ားလာႏိုင္ပါေသးတယ္။ ရႈပ္ေထြးျပီး ၾကမ္းတမ္းတဲ့ Lylia ရဲ႕ Ability မ်ားပါ။

Emblem အေနနဲ႕ Mage emblem ကိုသာ အသုံးမ်ားၾကျပီး ကစားသမားအမ်ားစုဟာ talent tree ေအာက္ဆုံးမွာ Mystery Shop ကို ျဖစ္ေစ Magic Worship ကို ျဖစ္ေစ ေရြးခ်ယ္တတ္ၾကပါတယ္။ Lylia ဟာ ထြက္ေျပးလြတ္ေျမာက္ဖုိ႔ escape ability ပါဝင္ျပီးသားျဖစ္လို႔ jungle ဝင္ Battle Spell တစ္ခုျဖစ္တဲ့ Retribution ဟာ အလြန္ေခတ္စားေနျပီး ဒုတိယလူၾကိဳက္အမ်ားဆုံးကေတာ့ Sprint နဲ႕ Flicker ပဲျဖစ္ပါတယ္။

Purify နဲ႕ Aegis တို႔ကိုလည္း သုံးၾကေပမယ့္ အသုံးနည္းေနပါေသးတယ္။ Gold 280 တန္ Hunter’s Knife လုိ gear မ်ိဳးနဲ႔ Retribution ေပါင္းလိုက္တဲ့အခါမွာ level အတက္ျမန္ျပီး ဂိမ္းကို လ်င္လ်င္ျမန္ျမန္ carry ႏိုင္လို႔လည္း ျဖစ္ပါတယ္။ Lane ေရြးခ်ယ္မႈ အေနနဲ႔ကေတာ့ buff ျမန္ျမန္စားလို႔ ရမယ့္ mid lane ကို ေရြးခ်ယ္မႈမ်ားၾကျပီး Turtle lane ကို ေရြးခ်ယ္ကစားၾကတာလည္း ရွိပါတယ္။

အသုံးမ်ားတဲ့ gear မ်ားဟာ Magic gear မ်ားျဖစ္ျပီး early gameမွာ Hunter’s Knife ကို ဝယ္ေလ့ရွိၾကပါတယ္။ ဖိနပ္အေနနဲ႔ mana ေလာက္ေစတဲ့ Demon Shoes နဲ႔ magic ပိုထိေစဖုိ႔ Arcane Boots ႏွစ္ခုထဲက တစ္ခု, ဂိမ္းအေစာပိုင္းကေန ေနာက္ပိုင္းထိ တစိမ့္စိမ့္ ၾကမ္းလာေစမယ့္ Clock of Destiny, Cooldown ျမန္ေစတဲ့ Fleeting Time နဲ႔ Enchanted Talisman, magic lifesteal နဲ႔ ေသြးျပန္ျပည့္ေစမယ့္ Concentrated Energy, စကၠန္႔အပိုင္းအျခားတစ္ခုမွာ skill သုံးတိုင္း magic damage ကို ရန္သူ ၃ေယာက္အထိ ပိုထိေစမယ့္ Lightning Truncheon စတာေတြကို အသုံးမ်ားျပီး အျခား ဘယ္ Magic gear နဲ႔ မဆိုလည္း လိုက္ဖက္ပါတယ္။ Magic gear မ်ားမဟုတ္တဲ့ ေသရာကေန ကာကြယ္ျပီး ခ်က္ခ်င္းျပန္ရွင္လာေစႏိုင္တဲ့ Immortility နဲ႔ shield တစ္ခုကို မိနစ္ဝက္တိုင္းရေနေစမယ့္ Athena’s Shield တို႔ကိုလည္း သုံးၾကပါေသးတယ္။

ထြက္ရွိလာတဲ့ Lylia ကိုေတာ့ အေတာ္မ်ားမ်ားက ဝယ္ယူျပီး စမ္းသပ္ကစားေနၾကပါျပီ။ ျမန္မာႏိုင္ငံရဲ႕ အၾကီးဆုံး MLBB ပြဲ MPL MM ရဲ႕ Season 3 ကလည္း နီးကပ္လာျပီး ျဖစ္ျပီး ယခု Lylia ထြက္ေပၚလာမႈဟာ ဘယ္လို သက္ေရာက္မႈေတြရွိမလဲ၊ MLBB ကို ႏွစ္ႏွစ္ျခိဳက္ျခိဳက္ ကစားၾကတဲ့ ျမန္မာကစားသမားေတြေရာ ကမၻာတစ္ဝွမ္းက ကစားသမားေတြပါ ဘယ္လုိယူဆၾကမလဲ ဆိုတာကေတာ့ ဆက္လက္ေစာင့္ၾကည့္ၾကရမွာပါ။ Ban hero ျဖစ္လာဖုိ႔ အေနအထားလည္းမ်ားလာေနျပီး Lylia ဟာ ေကာင္းမြန္ၾကမ္းတမ္းလုိ႔ ကိုင္တြယ္ကစားဖို႔ ထိုက္တန္တဲ့ hero အျဖစ္ လက္ရွိမွာရပ္တည္ေနပါတယ္။

ဘယ္လိုပဲ ကစားသည္ျဖစ္ေစ ေကာင္းမြန္တဲ့ ကစားပြဲတစ္ပြဲျဖစ္လာဖုိ့ကေတာ့ ကစားသမားရဲ႕ တာဝန္ပဲ ျဖစ္ပါေတာ့တယ္။ MLBB ဂိမ္းအေၾကာင္းအရာမ်ားနဲ႔ အျခား esport အေၾကာင္းအရာမ်ား၊ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္လ်က္ရွိပါတယ္။

By Combo (Htet Wai Yan)


[Unicode]

Mobile Legends: Bang Bang hero အသစ် “Lylia” အကြောင်း တစ်စေ့တစ်စောင်း

 

MLBB ရဲ့ hero role တွေထဲမှာ mage role ဟာ အလွန်အသုံးတည့်တာပါ။ အချိန်တိုအတွင်း damage များများ ပေးနိုင်ခြင်း၊ ဂိမ်းရဲ့အခြေအနေအရပ်ရပ်မှာ strong ဖြစ်ခြင်း နဲ့ lane အပြောင်းအလဲများကို ပုံစံမျိုးစုံဖြင့် ကစားနိုင်တဲ့ hero များပါဝင်ခြင်း စတာတွေကြောင့် mage တွေဟာ အလွန်လူကြိုက်များ ခေတ်စားလှပြီး Moonton ကို mage hero များများထုတ်ဖို့ တောင်းဆိုနေသလိုပါပဲ။

လက်ရှိ meta ထဲမှာ ကြမ်းလွန်းလို့ ban ခံနေရတာဟာလည်း mage များ ဖြစ်နေပေမယ့် ယခု “Lylia” ကတော့ မကြာသေးခင် ရက်ပိုင်းအတွင်းကပဲ mage (push/poke) အနေနဲ့ ထွက်ရှိလာခဲ့ပြီး battle point 32000 သို့မဟုတ် 599 diamond နဲ့ ဝယ်ယူကစားနိုင်နေပါပြီ။ အခုတော့ 419 Diamond နဲ့ ဈေးချနေပါတယ်။

နောက်ပိုင်းထွက်ရှိလာတဲ့ hero များရဲ့ ability များ အလုပ်လုပ်ပုံဟာ ပိုမိုရှုပ်ထွေးတတ်တဲ့ နည်းတူ Lylia ရဲ့ ablility များဟာလည်း အနည်းငယ် ရှုပ်ထွေးပါတယ်။ Ability 1 ဖြစ်တဲ့ “Magic Shock Wave” ကို သုံးလိုက်ရင် လှိုင်းတစ်ခုကို ထုတ်လွှတ်တိုက်ခိုက်မှာ ဖြစ်ပြီး 250 (+100% total magic power) base magic damage ရှိမှာဖြစ်သလို လမ်းကြောင်းတစ်လျှောက် ရန်သူတွေကို ၄၀ ရာခိုင်နှုန်းအထိ ၁.၅ စက္ကန့်စာ နှေးသွားစေဦးမှာပါ။ Base cooldown ၄ စက္ကန့်သာရှိပြီး base mana cost လည်း ၅၀ ပဲရှိပါတယ်။ အဲဒီ wave တစ်လျှောက် Lylia ရဲ့ Gloom ကောင်လေးဟာလည်း လိုက်ပါသွားမှာဖြစ်ပြီး လမ်းကြောင်းပေါ်က Ability 2 သုံးရင် ထွက်လာမယ့် Shadow Energy တွေကို စားသုံးသွားမှာပါ။

Ability 2, “Shadow Energy” ရဲ့ထူးခြားချက်ကတော့ ပွဲစစချင်း မယူရသေးခင်တည်းက အသုံးပြုနိုင်တာပါ။ သုံးလိုက်တိုင်း Shadow Energy တစ်ခုဖြစ်ပေါ်လာစေမှာ ဖြစ်ပြီး ၅ ခုအထိ တစ်ပြိုင်တည်း ထုတ်လို့ရပါတယ်။ Shadow Energy တွေဟာ ထုတ်လိုက်တဲ့နေရာမှာ ရပ်တန့်နေပြီး ဘေးမှာရှိတဲ့ ရန်သူတွေကို 130 (+50% total magic power) base magic damage ထိနေစေမှာ ဖြစ်ပြီး ၈၀ ရာခိုင်နှုန်းအထိ နှေးသွားစေနိုင်ပါတယ်။ Shadow Energy တွေရှိတဲ့နေရာကို Ability 1 သုံးလိုက်ရင်တော့ Shadow Energy တစ်ခုချင်းစီကို Gloom က စားသုံးလိုက်တိုင်းပျောက်ကွယ်သွားစေပြီး တစ်ခုချင်းစီအတွက် 260 (+100 total magic power) base magic damage ကို ဖြစ်ပေါ်စေမှာပါ။

ဒါကြောင့် Ability 1 နဲ့ 2 ဟာ combo အတွဲဖြစ်ပြီး ကြောက်မက်ဖွယ် စုပေါင်း damage ရှိပါတယ်။ Base mana cost ၄၀ ရှိပြီး အကန့်အသတ်ထက် ထုတ်တာများသွားခဲ့ရင်တော့ base cooldown ၉ စက္ကန့်လည်မှာပါ။

Ultimate Ability ဖြစ်တဲ့ “Black Shoes” ကို သုံးလိုက်ရင်တော့ လွန်ခဲ့တဲ့ ၄ စက္ကန့်က လမ်းလျှောက်ရင်း ကျန်ခဲ့တဲ့ black shoes လေး တစ်စုံ ရှိတဲ့နေရာကို ကျန်ခဲ့တဲ့ခြေရာလေးတွေရှိတဲ့အတိုင်း အမြန်ပြန်ရောက်သွားပြီး maximum hp ရဲ့ ၁၅ ရာခိုင်နှုန်း သွေးပြန်ပြည့်မှာ ဖြစ်သလို movement speed ၄၀ ရာခိုင်နှုန်းလည်း ၂ စက္ကန့် ပိုမိုမြန်ဆန်သွားမှာပါ။ Shadow Energy charges ၅ ခုလုံးလည်း ပြန်ပြည့်သွားမှာပါ။ Dota 2 hero ဖြစ်တဲ့ Weaver ရဲ့ Ultimate နဲ့ အလွန်ဆင်တူပါတယ်။ Shadow Energy ရှိသလောက် ဒီ effect ဟာ ပိုကြမ်းပါတယ်။ Lylia နောက်ကို black shoes က အမြဲလိုက်နေတာ ဖြစ်ပြီး hero ကို ရပ်ထားတာကြာရင်တော့ black shoes က Lylia နဲ့ တစ်နေရာတည်း ဖြစ်ဖြစ်သွားတတ်ပါတယ်။ Base cooldown ၅၀ စက္ကန့်ရှိပြီး base mana cost ကတော့ ၁၂၀ ပါ။ Ultimate ၃ ဆင့်လုံးရပြီးသွားရင် mana မလိုပဲ သုံးလို့ရမယ့် ထူးခြားချက်ရှိပါတယ်။

Lylia ရဲ့ passive ability ကတော့ “Angry Gloom” ဖြစ်ပါတယ်။ ဒီ passive မှာ Gloom က Lylia ရဲ့ ၁၅ ရာခိုင်နှုန်းစာ movement speed ကို မြန်နေစေမှာဖြစ်ပြီး Gloom level တက်တိုင်း ၅ ရာခိုင်နှုန်းစီ တိုးမြှင့်ပေးသွားမှာဖြစ်လို့ ၄၀ ရာခိုင်နှုန်းထိတောင် မြန်လာစေမှာပါ။ Gloom ရဲ့ level ကတော့ အပေါ်မှာ ပြောခဲ့တဲ့ Shadow Energy လေးတွေကို စားသုံးရင်း တက်နေမှာဖြစ်ပြီး ၅ ခု အထိ တက်နိုင်ပါတယ်။ Gloom level တက်တိုင်းလည်း Shadow Energy တွေရဲ့ damage က ၃၀ ရာခိုင်နှုန်းစီနဲ့ ၁၂၀ ရာခိုင်နှုန်းထိ များလာနိုင်ပါသေးတယ်။ ရှုပ်ထွေးပြီး ကြမ်းတမ်းတဲ့ Lylia ရဲ့ Ability များပါ။

Emblem အနေနဲ့ Mage emblem ကိုသာ အသုံးများကြပြီး ကစားသမားအများစုဟာ talent tree အောက်ဆုံးမှာ Mystery Shop ကို ဖြစ်စေ Magic Worship ကို ဖြစ်စေ ရွေးချယ်တတ်ကြပါတယ်။ Lylia ဟာ ထွက်ပြေးလွတ်မြောက်ဖို့ escape ability ပါဝင်ပြီးသားဖြစ်လို့ jungle ဝင် Battle Spell တစ်ခုဖြစ်တဲ့ Retribution ဟာ အလွန်ခေတ်စားနေပြီး ဒုတိယလူကြိုက်အများဆုံးကတော့ Sprint နဲ့ Flicker ပဲဖြစ်ပါတယ်။

Purify နဲ့ Aegis တို့ကိုလည်း သုံးကြပေမယ့် အသုံးနည်းနေပါသေးတယ်။ Gold 280 တန် Hunter’s Knife လို gear မျိုးနဲ့ Retribution ပေါင်းလိုက်တဲ့အခါမှာ level အတက်မြန်ပြီး ဂိမ်းကို လျင်လျင်မြန်မြန် carry နိုင်လို့လည်း ဖြစ်ပါတယ်။ Lane ရွေးချယ်မှု အနေနဲ့ကတော့ buff မြန်မြန်စားလို့ ရမယ့် mid lane ကို ရွေးချယ်မှုများကြပြီး Turtle lane ကို ရွေးချယ်ကစားကြတာလည်း ရှိပါတယ်။

အသုံးများတဲ့ gear များဟာ Magic gear များဖြစ်ပြီး early gameမှာ Hunter’s Knife ကို ဝယ်လေ့ရှိကြပါတယ်။ ဖိနပ်အနေနဲ့ mana လောက်စေတဲ့ Demon Shoes နဲ့ magic ပိုထိစေဖို့ Arcane Boots နှစ်ခုထဲက တစ်ခု, ဂိမ်းအစောပိုင်းကနေ နောက်ပိုင်းထိ တစိမ့်စိမ့် ကြမ်းလာစေမယ့် Clock of Destiny, Cooldown မြန်စေတဲ့ Fleeting Time နဲ့ Enchanted Talisman, magic lifesteal နဲ့ သွေးပြန်ပြည့်စေမယ့် Concentrated Energy, စက္ကန့်အပိုင်းအခြားတစ်ခုမှာ skill သုံးတိုင်း magic damage ကို ရန်သူ ၃ယောက်အထိ ပိုထိစေမယ့် Lightning Truncheon စတာတွေကို အသုံးများပြီး အခြား ဘယ် Magic gear နဲ့ မဆိုလည်း လိုက်ဖက်ပါတယ်။ Magic gear များမဟုတ်တဲ့ သေရာကနေ ကာကွယ်ပြီး ချက်ချင်းပြန်ရှင်လာစေနိုင်တဲ့ Immortility နဲ့ shield တစ်ခုကို မိနစ်ဝက်တိုင်းရနေစေမယ့် Athena’s Shield တို့ကိုလည်း သုံးကြပါသေးတယ်။

ထွက်ရှိလာတဲ့ Lylia ကိုတော့ အတော်များများက ဝယ်ယူပြီး စမ်းသပ်ကစားနေကြပါပြီ။ မြန်မာနိုင်ငံရဲ့ အကြီးဆုံး MLBB ပွဲ MPL MM ရဲ့ Season 3 ကလည်း နီးကပ်လာပြီး ဖြစ်ပြီး ယခု Lylia ထွက်ပေါ်လာမှုဟာ ဘယ်လို သက်ရောက်မှုတွေရှိမလဲ၊ MLBB ကို နှစ်နှစ်ခြိုက်ခြိုက် ကစားကြတဲ့ မြန်မာကစားသမားတွေရော ကမ္ဘာတစ်ဝှမ်းက ကစားသမားတွေပါ ဘယ်လိုယူဆကြမလဲ ဆိုတာကတော့ ဆက်လက်စောင့်ကြည့်ကြရမှာပါ။ Ban hero ဖြစ်လာဖို့ အနေအထားလည်းများလာနေပြီး Lylia ဟာ ကောင်းမွန်ကြမ်းတမ်းလို့ ကိုင်တွယ်ကစားဖို့ ထိုက်တန်တဲ့ hero အဖြစ် လက်ရှိမှာရပ်တည်နေပါတယ်။

ဘယ်လိုပဲ ကစားသည်ဖြစ်စေ ကောင်းမွန်တဲ့ ကစားပွဲတစ်ပွဲဖြစ်လာဖို့ကတော့ ကစားသမားရဲ့ တာဝန်ပဲ ဖြစ်ပါတော့တယ်။ MLBB ဂိမ်းအကြောင်းအရာများနဲ့ အခြား esport အကြောင်းအရာများ၊ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်လျက်ရှိပါတယ်။

By Combo (Htet Wai Yan)