[Unicode]

MLBB ရဲ့ သဲကန္တာရဓားမင်းသားလေး Khaleed ကစားနည်း အခြေခံ guide

 

MLBB ဂိမ်းအတွင်း မကြာသေးမီကမှ ထွက်ရှိထားခဲ့တဲ့ hero သစ်ကတော့ Khaleed, the Desert Scimitar ပါ။ Fighter hero တစ်ကောင်ဖြစ်တဲ့ Khaleed ရဲ့ ထူးခြားချက်ကတော့ skill ability တိုင်းမှာ AoE သက်ရောက်မှုများ ပါဝင် ​​နေတာပါ။ သဲကန္တာရဓားမင်းသားလေး Khaleed နဲ့ ပတ်သက်တဲ့အကြံပေးချက်များကို အောက်မှာ ဆက်လက်ရေးသားဖော်ပြသွားမှာဖြစ်ပါတယ်။

Passive – Sand Walk


Khaleed ဟာ ရွေ့လျားသွားလာရင်း သဲကန္တာရစွမ်းအား (Desert Power) များကို စုဆောင်းသွားမှာပါ။ Desert Power ပြည့်ဝသွားချိန်မှာတော့ Khaleed ရဲ့ ရွေ့လျားသွားလာပုံ ပြောင်းလဲသွားမှာဖြစ်ပြီး ယင်းအချိန်အတွင်း အပို ၂၅% movement speed ရရှိနေမှာဖြစ်သလို လာမယ့်ခုတ်ချက်တစ်ချက်ကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးမှာလည်း ဖြစ်ပါတယ်။

Desert Power ပြည့်ဝနေတဲ့ ယင်းခုတ်ချက်ကို အသုံးပြုလိုက်ရင်တော့ ရန်သူတစ်ဦးဆီကို အမြန်ခုန်သွားမှာဖြစ်ပြီး (+၁၆၀% စုစုပေါင်း physical attack) physical damage ထိစေမှာပါ။ ဒ့ါအပြင် အခုတ်ခံရတဲ့ ရန်သူအနောက်က အခြားရန်သူများဟာလည်း ယင်းခုတ်ချက်ရဲ့ damage ကို ထိမှန်ခံစားကြရမှာဖြစ်ပါတယ်။

Khaleed ရဲ့ ယင်းခုတ်ချက်ဟာ သဲလမ်းကြောင်း (sand trail) တစ်ခုကိုလည်း ၂ စက္ကန့်ကြာ ဖြစ်ပါ်လာစေမှာပါ။ Sand trail ပေါ်မှာ Khaleed ဟာ အပို ၂၅% movement speed ရရှိနေမှာဖြစ်ပြီး ယင်းကို နင်းမိတဲ့ ရန်သူများကတော့ အနှုတ် ၂၅% movement speed နှေးကွေးနေမှာဖြစ်ပါတယ်။

အကြံပေးချက်များ

  • Khaleed ရဲ့ passive ခုတ်ချက်ဟာ damage ကောင်းမွန်လှသလို ရန်သူများကိုလည်း နှေးကွေးစေမှာ ဖြစ်တဲ့အတွက် team fight များအတွင်း အဆင်သင့်အသုံးပြုနိုင်အောင် အပြင်မှာတည်းက ကြိုတင်စုဆောင်းထားသင့်ပါတယ်။
  • Passive ခုတ်ချက်ကို ရန်သူများစွာထိမှန်စေဖို့ ကောင်းစွာချိန်ရွယ်အသုံးပြုသင့်ပါတယ်။ ဒါမှသာ ရန်သူအမြောက်အများအထိနာမှာဖြစ်သလို နှေးကွေးပြီးသွေးနည်းသွားတဲ့ရန်သူများပြားရင် team fight နိုင်ဖို့ အခွင့်အရေးလည်း ပိုများလာမှာပါ။
  • Khaleed ရဲ့ passive အတွင်းမှာ ပါဝင်တဲ့ movement speed များကို ထွက်ပြေးလွတ်မြောက်ဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။

First skill – Desert Tornado


Khaleed ဟာ ယင်းရဲ့ ဓားကောက်ကို ဝှေ့ယမ်းမှာပါ။ Level အလိုက် ၂၅၀/ ၃၁၀/ ၃၇၀/ ၄၃၀/ ၅၅၀ (+၁၂၀% စုစုပေါင်း physical attack) စီ အနီးမှာရှိတဲ့ ရန်သူများကို ထိစေနိုင်မှာပါ။ ရန်သူတစ်ယောက်ကို ထိသွားပြီဆိုရင်တော့ ယင်း skill ကို ထပ်မံအသုံးပြုနိုင်မှာပါ။ အများဆုံး ၃ ခေါက်အထိ ထပ်ခါထပ်ခါ အသုံးပြုနိုင်ပြီး ထပ်မံအသုံးပြုတဲ့ တစ်ခေါက်ချင်းစီအတွက် damage ၂၀% စီ ပိုတိုးသွားမှာပါ။ Hero များကို အသုံးမပြုပဲ minion များနဲ့ creep များကို အသုံးပြုရင်တော့ အပို ၅၀% damage ထိစေမှာဖြစ်ပါတယ်။

အကြံပြုချက်များ

  • Khaleed ရဲ့ first skill ကို အသုံးပြုရင် ရန်သူကိုထိဖို့ အရေးကြီးလှပါတယ်။ မထိပဲ လွဲသွားခဲ့မယ်ဆိုရင်တော့ နောက်အခေါက်များကို ထပ်ခါထပ်ခါအသုံးပြုနိုင်မယ့် အခွင့်အရေးနဲ့လွဲချော်သွားမှာပါ။
  • First skill ကို အသုံးပြုလိုက်လို့ ထိသွားခဲ့ရင် ထပ်မံအသုံးပြုမယ့် ရန်သူ hero ပြောင်းလို့ ရပါတယ်။ ဒါမှမဟုတ် အခြားနေရာကို ရွှေ့လျားပြီးလည်း first skill အသုံးပြုနေမှုကို ရပ်တန့်လိုက်နိုင်ပါတယ်။
  • First skillကို ထပ်ခါထပ်ခါ အသုံးပြုနေစဉ်အတွင်း ကြားထဲကအချိန်ပိုင်းလေးများမှာ auto attack တစ်ချက်စီ ခုတ်ပေးသင့်ပါတယ်။
    First skill နဲ့ passive တို့ဟာ minion wave များကို ရှင်းလင်းရာမှာ ထိရောက်မှုရှိလှပါတယ်။

Second skill – Quicksand Guard


Khaleed ဟာ သဲရှင်များရဲ့ စွမ်းအားကို အသုံးပြုပြီး မိမိကိုယ်ကို ကာကွယ်မှာဖြစ်ပါတယ်။ Level အလိုက် ၆၀/ ၇၅/ ၉၀/ ၁၀၅/ ၁၂၀/ ၁၃၅ + လျော့နည်းနေတဲ့ HP ရဲ့ ၅%/ ၆%/ ၇%/ ၈%/ ၉%/၁၀% ပြန်ပြည့်လာစေမှာပါ။ အသုံးပြုနေစဉ်အချိန်အတွင်း ဝင်​ရောက်လာတဲ့ damage များကိုလည်း ၅၀%/ ၅၄%/ ၅၈%/ ၆၂%/ ၆၆%/ ၇၀% အထိ ကာကွယ်ပေးနေမှာဖြစ်ပြီး ဝ.၅ စက္ကန့်တိုင်းမှာ Desert Power ၁၀ စီလည်း ရရှိနေစေမှာပါ။ အသုံးပြုနေချိန် Khaleed ရဲ့ ခြေထောက်အောက်မှာ သဲရှင်များကို မြင်တွေ့ရမှာဖြစ်ပြီး ဘေးမှာရှိတဲ့ရန်သူများကို ၆၀% နှေးကွေးနေစေမှာလည်း ဖြစ်ပါတယ်။

အကြံပြုချက်

  • Khaleed ရဲ့ second skill ကို ရန်သူရဲ့ crowd control ability များက ဖျက်လိုက်နိုင်ပါတယ်။ Second skill ပျက်သွားတာနဲ့ HP ပြန်ပြည့်နေတာလည်း ရပ်တန့်သွားမှာမို့ crowd control ability ပိုင်ဆိုင်တဲ့ ရန်သူ hero များအနားမှာ ရှိနေရင် သတိထားသုံးသင့်ပါတယ်။
  • Second skill အသုံးပြုပုံကို ကြည့်ပြီး Khaleed ကစားသမားကောင်း ဟုတ် မဟုတ်ဆိုတာကိုတောင် ဆုံးဖြတ်နိုင်ပါတယ်။ တကယ်ကောင်းတဲ့ Khaleed ကစားသမားဟာ ယင်း skill ကို အသုံးပြုကာ ရန်သူဆီက damage အမြောက်အများ ကိုယ့်အသင်းအပေါ် မကျရောက်လာအောင် ကောင်းစွာကာကွယ်သွားမှာ ဖြစ်လို့ပါ။
  • ဒါပေမယ့် ဒီ skill ကို team fight တိုင်း အသုံးနေဖို့တော့ မလိုအပ်ပြန်ပါဘူး။ Aggressive ဆန်ဆန်ကစားရချိန်များမှာ damage ပါတဲ့ skill များကိုသာ အဓိကအသုံးပြုရမှာဖြစ်ပါတယ်။
  • Second skill ဟာ ဂိမ်းရဲ့အစောပိုင်း laning phase မှာ အားသာချက်ရအောင် ကူညီပေးနိုင်ပါတယ်။

Ultimate – Raging Sandstorm


Khaleed ဟာ သဲမုန်တိုင်းတစ်ခုကို ဖြစ်ပေါ်စေပြီး သတ်မှတ်ထားတဲ့နေရာတစ်ခုကို ခုန်ပျံသွားမှာပါ။ Khaleed ခုန်ပျံသွားတဲ့လမ်းတစ်လျှောက်က ရန်သူများကို level အလိုက် ၁၅၀/ ၂၂၅/ ၃၀၀ (+၈၀% စုစုပေါင်း physical attack) ထိစေမှာပါ။ ခုန်နေတဲ့အချိန်အတွင်း control immunity ခံနိုင်စွမ်းရရှိနေစေမှာဖြစ်သလို ထိသွားတဲ့ရန်သူများကို နောက်သို့ ဆက်တိုက်ရွှေ့နေစေမှာလည်း ဖြစ်ပါတယ်။

သတ်မှတ်ထားတဲ့နေရာကို ခုန်ပျံပြီး ရောက်ရှိသွားပြီဆိုရင်တော့ ယင်း​​နေရာက ရန်သူများကို ၅၀၀/ ၆၅၀/ ၈၀၀ (+၁၆၀% စုစုပေါင်း physical attack) အထိ ပြင်းထန်တဲ့ damage ထိစေမှာဖြစ်ပြီး ယင်းတို့အားလုံးကို ၁ စက္ကန့်ကြာ stun ဖြစ်သွားစေမှာလည်း ဖြစ်ပါတယ်။

အကြံပေးချက်

  • ရန်သူများရှိတဲ့နေရာကို ခုန်ပျံသွားပြီး damage ထိစေ stun ဖြစ်စေတဲ့ Khaleed ရဲ့ ultimate ဟာ ရိုးရှင်းပြီး ထိရောက်လှပါတယ်။ ဒါပေမယ့် ဝေးလံတဲ့နေရာမှာရှိတဲ့ ရန်သူများကို အသုံးပြုမယ်ဆိုရင်တော့ Khaleed ခုန်ပျံနေစဉ်အတွင်း ရှောင်းတိမ်းသွားနိုင်တာမို့ သတိထားသင့်ပါတယ်။
  • Ultimate အသုံးပြုမယ့် အကွာအဝေး၊ ခုန်ပျံစဉ် ကြာချိန်နဲ့ animation များကို ကြိုတင်စဉ်းစားတွက်ချက်ထားသင့်ပါတယ်။ ဒါမှသာ ရန်သူအမြောက်အများကို stun ဖြစ်စေဖို့ အခွင့်အရေး ပိုမိုများပြားလာမှာဖြစ်သလို team fight များ အနိုင်ရအောင် ပိုမိုစွမ်းဆောင်လာနိုင်မှာ ဖြစ်ပါတယ်။
  • Khaleed ရဲ့ ultimate ဟာ နံရံများကို ကျော်လွှားသွားနိုင်တဲ့ skill တစ်ခုပါ။ ဒါကြောင့် ရန်သူများ မထင်မှတ်ထားတဲ့အချိန်မှာ ခြုံခိုတိုက်ခိုက်ဖို့ လွန်စွာအသုံးဝင်လှပါတယ်။
  • AoE skill များဖြစ်တဲ့ ultimate နဲ့ first skill ကို တွဲဖက်အသုံးပြုရင် များပြားလှတဲ့ damage နဲ့ ရန်သူတစ်သင်းလုံးကို အထိနာစေမှာပါ။ အသုံးပြုစရာ first skill မရှိတဲ့အချိန်များအတွင်းမှာ passive နဲ့ auto attack ခုတ်ပြီး AoE damage ပေးနိုင်ပါတယ်။
  • Khaleed ရဲ့ ultimate ကို မိမိရဲ့အသင်းထဲက tank များနဲ့ ပူးပေါင်းပြီး ကြီးမားလှတဲ့ wombo combo တွဲလုံးများ ဖန်တီးလို့လည်း ရပါတယ်။ မဖြစ်မနေအခြေအနေမျိုးမှာ ultimate ကို အသုံးပြုပြီး ထွက်ပြေးလို့လည်း ရပါသေးတယ်။

အထွေထွေအကြံပေးချက်များ

Khaleed ကို ကစားမယ်ဆိုရင် Fighter Emblem ယူတာ အကောင်းဆုံးပါ။ Bravery ဟာ အပို physical attack များ ပေးစွမ်းနေမှာဖြစ်သလို Invasion ကလည်း physical penetration ပေးစွမ်းမှာဖြစ်ပါတယ်။ Fighter Emblem ရဲ့ အောက်ဆုံးက Festival of Blood ဟာ Khaleed နဲ့ လွန်စွာလိုက်ဖက်ပြီး များပြားလှတဲ့ spell vamp နဲ့အတူ ability သုံးလိုက်တိုင်း သွေးပြန်ပြည့်နေစေမှာဖြစ်ပါတယ်။ Khaleed ကို Assassin Emblem နဲ့လည်း ကစားနိုင်ပေမယ့် ယင်း Emblem ကတော့ Khaleed လိုအပ်တဲ့ အဓိက item များနဲ့ရော ability များနဲ့ပါ လိုက်ဖက်မှု သိပ်မရှိလှပါဘူး။

ဖိနပ်အနေနဲ့ကတော့ cooldown လျော့နည်းစေမယ့် Magic Shoes ကို ရွေးချယ်နိုင်သလို Warrior Boots နဲ့လည်း လိုက်ဖက်မှုရှိပါတယ်။ မဖြစ်မနေ ဝယ်ယူသင့်တာကတော့ Bloodlust Axe ဖြစ်ပြီး ယင်းမှာပါဝင်တဲ့ physical attack, cooldown reduction နဲ့ spell vamp တို့က Khaleed ကို ပိုမိုသန်မာလာစေမှာပါ။ Fighter hero ဖြစ်ပေမယ့် အနည်းငယ်ပျော့တာကြောင့် Queen’s Wings နဲ့ Immortality တို့ကိုလည်း အခြေအနေကြည့်ပြီး ဝယ်ယူသင့်ပါတယ်။

အဓိက battle spell များအနေနဲ့က​တော့ Flicker, Purify, Retribution နဲ့ Execute တို့ကို ယူပြီး ကစားသင့်ပါတယ်။ Fighter hero များအလွန်နှစ်သက်တဲ့ battle spell များဖြစ်ကြတဲ့ Vengeance နဲ့ Teleport တို့ကိုတော့ damge များပြီး ခံနိုင်ရည်နည်းပါးတဲ့ Khaleed နဲ့ တွဲဖက်အသုံးပြုမှု နည်းပါးလှတာကို တွေ့ရပါတယ်။

အခြား item များအနေနဲ့ကတော့ Blade of Heptaseas, Raptor Machete, Blade of Despair စ တာတွေကို အလျင်းသင့်သလို ဝယ်သူသွားလို့ရပါတယ်။ Khaleed ကို စမ်းသပ်ကစားလိုသူများအတွက် အခြေခံ guide ကို ရေးသားဖော်ပြလိုက်ရပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: oneesports.gg


MLBB ရဲ႕ သဲကႏၲာရဓားမင္းသားေလး Khaleed ကစားနည္း အေျခခံ guide

 

MLBB ဂိမ္းအတြင္း မၾကာေသးမီကမွ ထြက္ရွိထားခဲ့တဲ့ hero သစ္ကေတာ့ Khaleed, the Desert Scimitar ပါ။ Fighter hero တစ္ေကာင္ျဖစ္တဲ့ Khaleed ရဲ႕ ထူးျခားခ်က္ကေတာ့ skill ability တိုင္းမွာ AoE သက္ေရာက္မႈမ်ား ပါဝင္ ​​ေနတာပါ။ သဲကႏၲာရဓားမင္းသားေလး Khaleed နဲ႔ ပတ္သက္တဲ့အႀကံေပးခ်က္မ်ားကို ေအာက္မွာ ဆက္လက္ေရးသားေဖာ္ျပသြားမွာျဖစ္ပါတယ္။

Passive – Sand Walk


Khaleed ဟာ ေ႐ြ႕လ်ားသြားလာရင္း သဲကႏၲာရစြမ္းအား (Desert Power) မ်ားကို စုေဆာင္းသြားမွာပါ။ Desert Power ျပည့္ဝသြားခ်ိန္မွာေတာ့ Khaleed ရဲ႕ ေ႐ြ႕လ်ားသြားလာပုံ ေျပာင္းလဲသြားမွာျဖစ္ၿပီး ယင္းအခ်ိန္အတြင္း အပို ၂၅% movement speed ရရွိေနမွာျဖစ္သလို လာမယ့္ခုတ္ခ်က္တစ္ခ်က္ကို ပိုမိုေကာင္းမြန္ေအာင္ ျပဳလုပ္ေပးမွာလည္း ျဖစ္ပါတယ္။

Desert Power ျပည့္ဝေနတဲ့ ယင္းခုတ္ခ်က္ကို အသုံးျပဳလိုက္ရင္ေတာ့ ရန္သူတစ္ဦးဆီကို အျမန္ခုန္သြားမွာျဖစ္ၿပီး (+၁၆၀% စုစုေပါင္း physical attack) physical damage ထိေစမွာပါ။ ဒ့ါအျပင္ အခုတ္ခံရတဲ့ ရန္သူအေနာက္က အျခားရန္သူမ်ားဟာလည္း ယင္းခုတ္ခ်က္ရဲ႕ damage ကို ထိမွန္ခံစားၾကရမွာျဖစ္ပါတယ္။

Khaleed ရဲ႕ ယင္းခုတ္ခ်က္ဟာ သဲလမ္းေၾကာင္း (sand trail) တစ္ခုကိုလည္း ၂ စကၠန႔္ၾကာ ျဖစ္ပၚလာေစမွာပါ။ Sand trail ေပၚမွာ Khaleed ဟာ အပို ၂၅% movement speed ရရွိေနမွာျဖစ္ၿပီး ယင္းကို နင္းမိတဲ့ ရန္သူမ်ားကေတာ့ အႏႈတ္ ၂၅% movement speed ေႏွးေကြးေနမွာျဖစ္ပါတယ္။

အႀကံေပးခ်က္မ်ား

  • Khaleed ရဲ႕ passive ခုတ္ခ်က္ဟာ damage ေကာင္းမြန္လွသလို ရန္သူမ်ားကိုလည္း ေႏွးေကြးေစမွာ ျဖစ္တဲ့အတြက္ team fight မ်ားအတြင္း အဆင္သင့္အသုံးျပဳႏိုင္ေအာင္ အျပင္မွာတည္းက ႀကိဳတင္စုေဆာင္းထားသင့္ပါတယ္။
  • Passive ခုတ္ခ်က္ကို ရန္သူမ်ားစြာထိမွန္ေစဖို႔ ေကာင္းစြာခ်ိန္႐ြယ္အသုံးျပဳသင့္ပါတယ္။ ဒါမွသာ ရန္သူအေျမာက္အမ်ားအထိနာမွာျဖစ္သလို ေႏွးေကြးၿပီးေသြးနည္းသြားတဲ့ရန္သူမ်ားျပားရင္ team fight ႏိုင္ဖို႔ အခြင့္အေရးလည္း ပိုမ်ားလာမွာပါ။
  • Khaleed ရဲ႕ passive အတြင္းမွာ ပါဝင္တဲ့ movement speed မ်ားကို ထြက္ေျပးလြတ္ေျမာက္ဖို႔အတြက္လည္း အသုံးျပဳႏိုင္ပါတယ္။

First skill – Desert Tornado


Khaleed ဟာ ယင္းရဲ႕ ဓားေကာက္ကို ေဝွ႔ယမ္းမွာပါ။ Level အလိုက္ ၂၅၀/ ၃၁၀/ ၃၇၀/ ၄၃၀/ ၅၅၀ (+၁၂၀% စုစုေပါင္း physical attack) စီ အနီးမွာရွိတဲ့ ရန္သူမ်ားကို ထိေစႏိုင္မွာပါ။ ရန္သူတစ္ေယာက္ကို ထိသြားၿပီဆိုရင္ေတာ့ ယင္း skill ကို ထပ္မံအသုံးျပဳႏိုင္မွာပါ။ အမ်ားဆုံး ၃ ေခါက္အထိ ထပ္ခါထပ္ခါ အသုံးျပဳႏိုင္ၿပီး ထပ္မံအသုံးျပဳတဲ့ တစ္ေခါက္ခ်င္းစီအတြက္ damage ၂၀% စီ ပိုတိုးသြားမွာပါ။ Hero မ်ားကို အသုံးမျပဳပဲ minion မ်ားနဲ႔ creep မ်ားကို အသုံးျပဳရင္ေတာ့ အပို ၅၀% damage ထိေစမွာျဖစ္ပါတယ္။

အႀကံျပဳခ်က္မ်ား

  • Khaleed ရဲ႕ first skill ကို အသုံးျပဳရင္ ရန္သူကိုထိဖို႔ အေရးႀကီးလွပါတယ္။ မထိပဲ လြဲသြားခဲ့မယ္ဆိုရင္ေတာ့ ေနာက္အေခါက္မ်ားကို ထပ္ခါထပ္ခါအသုံးျပဳႏိုင္မယ့္ အခြင့္အေရးနဲ႔လြဲေခ်ာ္သြားမွာပါ။
  • First skill ကို အသုံးျပဳလိုက္လို႔ ထိသြားခဲ့ရင္ ထပ္မံအသုံးျပဳမယ့္ ရန္သူ hero ေျပာင္းလို႔ ရပါတယ္။ ဒါမွမဟုတ္ အျခားေနရာကို ေ႐ႊ႕လ်ားၿပီးလည္း first skill အသုံးျပဳေနမႈကို ရပ္တန႔္လိုက္ႏိုင္ပါတယ္။
  • First skillကို ထပ္ခါထပ္ခါ အသုံးျပဳေနစဥ္အတြင္း ၾကားထဲကအခ်ိန္ပိုင္းေလးမ်ားမွာ auto attack တစ္ခ်က္စီ ခုတ္ေပးသင့္ပါတယ္။
    First skill နဲ႔ passive တို႔ဟာ minion wave မ်ားကို ရွင္းလင္းရာမွာ ထိေရာက္မႈရွိလွပါတယ္။

Second skill – Quicksand Guard


Khaleed ဟာ သဲရွင္မ်ားရဲ႕ စြမ္းအားကို အသုံးျပဳၿပီး မိမိကိုယ္ကို ကာကြယ္မွာျဖစ္ပါတယ္။ Level အလိုက္ ၆၀/ ၇၅/ ၉၀/ ၁၀၅/ ၁၂၀/ ၁၃၅ + ေလ်ာ့နည္းေနတဲ့ HP ရဲ႕ ၅%/ ၆%/ ၇%/ ၈%/ ၉%/၁၀% ျပန္ျပည့္လာေစမွာပါ။ အသုံးျပဳေနစဥ္အခ်ိန္အတြင္း ဝင္​ေရာက္လာတဲ့ damage မ်ားကိုလည္း ၅၀%/ ၅၄%/ ၅၈%/ ၆၂%/ ၆၆%/ ၇၀% အထိ ကာကြယ္ေပးေနမွာျဖစ္ၿပီး ဝ.၅ စကၠန႔္တိုင္းမွာ Desert Power ၁၀ စီလည္း ရရွိေနေစမွာပါ။ အသုံးျပဳေနခ်ိန္ Khaleed ရဲ႕ ေျခေထာက္ေအာက္မွာ သဲရွင္မ်ားကို ျမင္ေတြ႕ရမွာျဖစ္ၿပီး ေဘးမွာရွိတဲ့ရန္သူမ်ားကို ၆၀% ေႏွးေကြးေနေစမွာလည္း ျဖစ္ပါတယ္။

အႀကံျပဳခ်က္

  • Khaleed ရဲ႕ second skill ကို ရန္သူရဲ႕ crowd control ability မ်ားက ဖ်က္လိုက္ႏိုင္ပါတယ္။ Second skill ပ်က္သြားတာနဲ႔ HP ျပန္ျပည့္ေနတာလည္း ရပ္တန္႔သြားမွာမို႔ crowd control ability ပိုင္ဆိုင္တဲ့ ရန္သူ hero မ်ားအနားမွာ ရွိေနရင္ သတိထားသုံးသင့္ပါတယ္။
  • Second skill အသုံးျပဳပုံကို ၾကည့္ၿပီး Khaleed ကစားသမားေကာင္း ဟုတ္ မဟုတ္ဆိုတာကိုေတာင္ ဆုံးျဖတ္ႏိုင္ပါတယ္။ တကယ္ေကာင္းတဲ့ Khaleed ကစားသမားဟာ ယင္း skill ကို အသုံးျပဳကာ ရန္သူဆီက damage အေျမာက္အမ်ား ကိုယ့္အသင္းအေပၚ မက်ေရာက္လာေအာင္ ေကာင္းစြာကာကြယ္သြားမွာ ျဖစ္လို႔ပါ။
  • ဒါေပမယ့္ ဒီ skill ကို team fight တိုင္း အသုံးေနဖို႔ေတာ့ မလိုအပ္ျပန္ပါဘူး။ Aggressive ဆန္ဆန္ကစားရခ်ိန္မ်ားမွာ damage ပါတဲ့ skill မ်ားကိုသာ အဓိကအသုံးျပဳရမွာျဖစ္ပါတယ္။
  • Second skill ဟာ ဂိမ္းရဲ႕အေစာပိုင္း laning phase မွာ အားသာခ်က္ရေအာင္ ကူညီေပးႏိုင္ပါတယ္။

Ultimate – Raging Sandstorm


Khaleed ဟာ သဲမုန္တိုင္းတစ္ခုကို ျဖစ္ေပၚေစၿပီး သတ္မွတ္ထားတဲ့ေနရာတစ္ခုကို ခုန္ပ်ံသြားမွာပါ။ Khaleed ခုန္ပ်ံသြားတဲ့လမ္းတစ္ေလွ်ာက္က ရန္သူမ်ားကို level အလိုက္ ၁၅၀/ ၂၂၅/ ၃၀၀ (+၈၀% စုစုေပါင္း physical attack) ထိေစမွာပါ။ ခုန္ေနတဲ့အခ်ိန္အတြင္း control immunity ခံႏိုင္စြမ္းရရွိေနေစမွာျဖစ္သလို ထိသြားတဲ့ရန္သူမ်ားကို ေနာက္သို႔ ဆက္တိုက္ေ႐ႊ႕ေနေစမွာလည္း ျဖစ္ပါတယ္။

သတ္မွတ္ထားတဲ့ေနရာကို ခုန္ပ်ံၿပီး ေရာက္ရွိသြားၿပီဆိုရင္ေတာ့ ယင္း​​ေနရာက ရန္သူမ်ားကို ၅၀၀/ ၆၅၀/ ၈၀၀ (+၁၆၀% စုစုေပါင္း physical attack) အထိ ျပင္းထန္တဲ့ damage ထိေစမွာျဖစ္ၿပီး ယင္းတို႔အားလုံးကို ၁ စကၠန႔္ၾကာ stun ျဖစ္သြားေစမွာလည္း ျဖစ္ပါတယ္။

အႀကံေပးခ်က္

  • ရန္သူမ်ားရွိတဲ့ေနရာကို ခုန္ပ်ံသြားၿပီး damage ထိေစ stun ျဖစ္ေစတဲ့ Khaleed ရဲ႕ ultimate ဟာ ႐ိုးရွင္းၿပီး ထိေရာက္လွပါတယ္။ ဒါေပမယ့္ ေဝးလံတဲ့ေနရာမွာရွိတဲ့ ရန္သူမ်ားကို အသုံးျပဳမယ္ဆိုရင္ေတာ့ Khaleed ခုန္ပ်ံေနစဥ္အတြင္း ေရွာင္းတိမ္းသြားႏိုင္တာမို႔ သတိထားသင့္ပါတယ္။
  • Ultimate အသုံးျပဳမယ့္ အကြာအေဝး၊ ခုန္ပ်ံစဥ္ ၾကာခ်ိန္နဲ႔ animation မ်ားကို ႀကိဳတင္စဥ္းစားတြက္ခ်က္ထားသင့္ပါတယ္။ ဒါမွသာ ရန္သူအေျမာက္အမ်ားကို stun ျဖစ္ေစဖို႔ အခြင့္အေရး ပိုမိုမ်ားျပားလာမွာျဖစ္သလို team fight မ်ား အႏိုင္ရေအာင္ ပိုမိုစြမ္းေဆာင္လာႏိုင္မွာ ျဖစ္ပါတယ္။
  • Khaleed ရဲ႕ ultimate ဟာ နံရံမ်ားကို ေက်ာ္လႊားသြားႏိုင္တဲ့ skill တစ္ခုပါ။ ဒါေၾကာင့္ ရန္သူမ်ား မထင္မွတ္ထားတဲ့အခ်ိန္မွာ ၿခဳံခိုတိုက္ခိုက္ဖို႔ လြန္စြာအသုံးဝင္လွပါတယ္။
  • AoE skill မ်ားျဖစ္တဲ့ ultimate နဲ႔ first skill ကို တြဲဖက္အသုံးျပဳရင္ မ်ားျပားလွတဲ့ damage နဲ႔ ရန္သူတစ္သင္းလုံးကို အထိနာေစမွာပါ။ အသုံးျပဳစရာ first skill မရွိတဲ့အခ်ိန္မ်ားအတြင္းမွာ passive နဲ႔ auto attack ခုတ္ၿပီး AoE damage ေပးႏိုင္ပါတယ္။
  • Khaleed ရဲ႕ ultimate ကို မိမိရဲ႕အသင္းထဲက tank မ်ားနဲ႔ ပူးေပါင္းၿပီး ႀကီးမားလွတဲ့ wombo combo တြဲလုံးမ်ား ဖန္တီးလို႔လည္း ရပါတယ္။
    မျဖစ္မေနအေျခအေနမ်ိဳးမွာ ultimate ကို အသုံးျပဳၿပီး ထြက္ေျပးလို႔လည္း ရပါေသးတယ္။

အေထြေထြအႀကံေပးခ်က္မ်ား

Khaleed ကို ကစားမယ္ဆိုရင္ Fighter Emblem ယူတာ အေကာင္းဆုံးပါ။ Bravery ဟာ အပို physical attack မ်ား ေပးစြမ္းေနမွာျဖစ္သလို Invasion ကလည္း physical penetration ေပးစြမ္းမွာျဖစ္ပါတယ္။ Fighter Emblem ရဲ႕ ေအာက္ဆုံးက Festival of Blood ဟာ Khaleed နဲ႔ လြန္စြာလိုက္ဖက္ၿပီး မ်ားျပားလွတဲ့ spell vamp နဲ႔အတူ ability သုံးလိုက္တိုင္း ေသြးျပန္ျပည့္ေနေစမွာျဖစ္ပါတယ္။ Khaleed ကို Assassin Emblem နဲ႔လည္း ကစားႏိုင္ေပမယ့္ ယင္း Emblem ကေတာ့ Khaleed လိုအပ္တဲ့ အဓိက item မ်ားနဲ႔ေရာ ability မ်ားနဲ႔ပါ လိုက္ဖက္မႈ သိပ္မရွိလွပါဘူး။

ဖိနပ္အေနနဲ႔ကေတာ့ cooldown ေလ်ာ့နည္းေစမယ့္ Magic Shoes ကို ေ႐ြးခ်ယ္ႏိုင္သလို Warrior Boots နဲ႔လည္း လိုက္ဖက္မႈရွိပါတယ္။ မျဖစ္မေန ဝယ္ယူသင့္တာကေတာ့ Bloodlust Axe ျဖစ္ၿပီး ယင္းမွာပါဝင္တဲ့ physical attack, cooldown reduction နဲ႔ spell vamp တို႔က Khaleed ကို ပိုမိုသန္မာလာေစမွာပါ။ Fighter hero ျဖစ္ေပမယ့္ အနည္းငယ္ေပ်ာ့တာေၾကာင့္ Queen’s Wings နဲ႔ Immortality တို႔ကိုလည္း အေျခအေနၾကည့္ၿပီး ဝယ္ယူသင့္ပါတယ္။

အဓိက battle spell မ်ားအေနနဲ႔က​ေတာ့ Flicker, Purify, Retribution နဲ႔ Execute တို႔ကို ယူၿပီး ကစားသင့္ပါတယ္။ Fighter hero မ်ားအလြန္ႏွစ္သက္တဲ့ battle spell မ်ားျဖစ္ၾကတဲ့ Vengeance နဲ႔ Teleport တို႔ကိုေတာ့ damge မ်ားၿပီး ခံႏိုင္ရည္နည္းပါးတဲ့ Khaleed နဲ႔ တြဲဖက္အသုံးျပဳမႈ နည္းပါးလွတာကို ေတြ႕ရပါတယ္။

အျခား item မ်ားအေနနဲ႔ကေတာ့ Blade of Heptaseas, Raptor Machete, Blade of Despair စ တာေတြကို အလ်င္းသင့္သလို ဝယ္သူသြားလို႔ရပါတယ္။ Khaleed ကို စမ္းသပ္ကစားလိုသူမ်ားအတြက္ အေျခခံ guide ကို ေရးသားေဖာ္ျပလိုက္ရပါတယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။
source: oneesports.gg