MLBB ရဲ့ M2 World Championship ကို စင်ကာပူနိုင်ငံ၌ 2021 ဇန်နဝါရီမှာ ကျင်းပသွားမည်

 

အရှေ့တောင်အာရှရဲ့ လူကြိုက်အများဆုံးဂိမ်းတစ်ခုဖြစ်တဲ့ Mobile Legends: Bang Bang (MLBB) ဟာ အများစောင့်မျှော်နေကြတဲ့ M2 World Championship ကို လာမယ့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ စင်ကာပူ နိုင်ငံမှာ ကျင်းပသွားဦးမှာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲကြီးကို စင်ကာပူ Tourism Board (STB) နဲ့ စင်ကာပူ ဆိုင်ဘာအားကစားနှင့် အွန်လိုင်းဂိမ်း အဖွဲ့ချုပ် (SCOGA) တို့က ပူးပေါင်းကူညီထားပြီး Moonton မှ ဦးစီးကျင်းပသွားမှာပါ။ M2 World Championship ကို Offline အဖြစ် ကျင်းပသွားမယ်လို့ ဆိုထားတဲ့အတွက် LAN ပွဲငတ်နေတဲ့ Esports ပရိသတ်အတွက်လည်း လပေါင်းများစွာအတွင်းမှာ ပထမဆုံးအကြိမ် ကျင်းပလာတဲ့ နိုင်ငံတကာအဆင့် Esports ပွဲကောင်းတစ်ခုကို ကြည့်ရှုရဦးမှာ ဖြစ်ပါတယ်။ နိုင်ငံတကာမှ အကောင်းဆုံး Esports အသင်းတွေဟာ စင်ကာပူနိုင်ငံရဲ့ Shangri-La ဟိုတယ်မှာ ကျင်းပပြုလုပ်သွားမယ့် ဒီပွဲမှာ စုစုပေါင်း ဆုကြေးငွေ စင်ကာပူဒေါ်လာ ၃ သိန်းအတွက် ယှဉ်ပြိုင်သွားကြမှာ ဖြစ်ပါတယ်။

“Mobile Legends ဟာ ယခုအခါ အရှေ့တောင်အာရှမှာ အောင်မြင်လျက်ရှိပြီး MOONTON အနေနဲ့လည်း ဒီသတင်းကောင်းကို gamer များဆီကို ယူဆောင်လာပေးနိုင်တဲ့အတွက် ပူးပေါင်းပါဝင်ကူညီပေးသော စင်ကာပူ အစိုးရနဲ့ လုပ်ငန်းမိတ်ဖက်များကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။ အတော်ဆုံးကစားသမားတွေက စင်ကာပူနိုင်ငံမှာ လာရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်တဲ့အတွက် ဒီပွဲဟာ ကျွန်တော်တို့အတွက် စိတ်လှုပ်ရှားစရာ အကောင်းဆုံးပွဲတစ်ခုဖြစ်ပါတယ်” လို့ MOONTON ရဲ့ Co-Founder & Chief Executive ဖြစ်သူ Justin Yuan က ပြောကြားခဲ့ပါတယ်။

M1 Champion EVOS Legends

“ကျွန်တော်နဲ့ SCOGA အဖွဲ့တွေက MOONTON နဲ့အတူ စင်ကာပူအစိုးရအဖွဲ့များအပြင် လုပ်ငန်းမိတ်ဖက်များနဲ့ အတူတူအလုပ်လုပ်ခွင့်ရတဲ့ အတွက် အရမ်းပဲ ဝမ်းသာမိပါတယ်။ ဒီလို မကြုံဖူးတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေတဲ့ အချိန်မှာ စင်ကာပူနိုင်ငံမှာ ကမ္ဘာ့အကြီးဆုံး ပွဲတစ်ပွဲကို ကျင်းပနိုင်တယ်ဆိုတာ Esports ပရိတ်သတ်တွေကို မျှော်လင့်ချက်တွေ ပေးလိုက်နိုင်တာပါပဲ။ စင်ကာပူနိုင်ငံသားတွေကိုလည်း သူတို့ရဲ့ အိပ်မက်တွေ၊ ရည်မှန်းချက်တွေနောက်ကိုလိုက်ဖို့ ခွန်အားတွေ အခွင့်အရေးတွေကို ဒီပွဲစဉ်က ပေးလိုက်တာပါပဲ”လို့ SCOGA ရဲ့ Co-Founder နဲ့ ဝါရင့် esports ကစားသမားဖြစ်သူ Nicholas Khoo က ပြောကြားခဲ့ပါတယ်။

အရှေ့တောင်အာရှနဲ့ ဂျပန်၊ ဘရာဇီး၊ ရုရှား အစရှိတဲ့ နိုင်ငံတကာစျေးကွက်တွေမှာပါ အကျော်ကြားဆုံး esports တွေထဲက တစ်ခုဖြစ်တဲ့ MLBB ဟာ ယခုနှစ် နိုဝင်ဘာလမှာ IOS နှင့် Andriod မိုဘိုင်းလ်ဖုန်းများပေါ် ဒေါင်းလုပ်ပြုလုပ်မှုပေါင်း 1 ဘီလီယံကို ရောက်ရှိသွားပါပြီ။ ယခု နိုဝင်ဘာလမှာ ပြိုင်ပွဲပေါင်း 9.77 ဘီလီယံ ကစားပြီးဖြစ်ကာ အမြင့်ဆုံးrank ဖြစ်သည့် Mythic ကို ရောက်ရှိနေသူ ကစားသမားပေါင်း 9.8 ဘီလီယံရှိနေပြီဟု MOONTON က ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေမှာ ဂိမ်းဟာ ဆတိုးကြီးထွားခဲ့ပြီး ယခု M2 World Championship ဟာလည်း ရုပ်သံလိုင်းတွေကနေတဆင့် esports ပရိသတ်ပေါင်း သန်း ၄၀၀ ကျော်အထိ ရောက်ရှိနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။

M1 Championship Main Event

MOONTOON မှ M2 World Championship အတွက် teaser video ကိုတော့ Mobile Legends: Bang Bang တရားဝင် youtube channel (https://youtu.be/sbGsSPg7G0Y) မှာ ကြည့်ရှုနိုင်ပါတယ်။

M2၏ အခြားအချက်အလက်များကိုလည်း လာမဲ့အပတ်တွေမှာ ဆက်လက်ဖော်ပြပေးသွားဦးမှာ ဖြစ်ပါတယ်။။ M2 နဲ့ပတ်သတ်တဲ့ အသေးစိတ် အချက်အလက်များအတွက် [email protected] ကို ဆက်သွယ်၍လည်း စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

Shanghai MOONTON Technology Co.Ltd အကြောင်း

MOONTON ဆိုသည်မှာ ၂၀၁၄ ခုနှစ်တွင် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ တွင်ဌာနချုပ်ပြုလုပ်ကာ တည်ထောင်ခဲ့သော ကုမ္ဗဏီ တစ်ခုဖြစ်ပါတယ်။ MOONTON မှာ တရုတ်၊ တူရကီ၊ ရုရှား၊ အမေရိကန်၊ ကာဂျစ်စတန်၊ မြန်မာ၊ မလေးရှား၊ အင်ဒိုနီးရှား နှင့် စင်္ကာပူနိုင်ငံမှ လက်ရှိဝန်ထမ်းပေါင်း ၇၀၀ ကျော်ရှိပါတယ်။ MOONTON ဟာအဓိက မိုဘိုင်းဂိမ်းဈေးကွက်တိုးတက်ရေးနှင့် ဖြန့်ချီရေးတို့ကို အဓိက လုပ်ဆောင်နေပါတယ်။ တရုတ်နိုင်ငံ၏ အမြန်ဆန်ဆုံးတိုးတက်နေသော ကုမ္ဗဏီတစ်ခုဖြစ်ပါတယ်။ Mobile Legends: Bang Bang သည် လက်ရှိလူကြိုက်အများဆုံးနှင့် အအောင်မြင်ဆုံးသော မိုဘိုင်းဂိမ်းလောကကို ဦးဆောင်နေသော လူအများနှင့်အတူချိတ်ဆက်ကစားနိုင်သည့် Multiplayer Online Battle Arena (MOBA) game အမျိုးအစားဂိမ်းတစ်ခုဖြစ်ပါတယ်။

Mobile Legends: Bang Bang မိုဘိုင်းဂိမ်းအကြောင်း

Mobile Legends: Bang Bang မိုဘိုင်းဂိမ်းသည် Multiplayer Online Battle Arena (MOBA) game အမျိုးအစားဖြစ်ပြီး တရုတ်ပြည်အတွင်းသာမက ကမ္ဘာတစ်ခုလုံးနှင့်ချိတ်ဆက် ကစား၍ရသော လူအများနှင့် ချိတ်ဆက်ကစားနိုင်သည့် မိုဘိုင်းဂိမ်းအမျိုးအစားတစ်ခုဖြစ်ပါတယ်။ ၎င်းမိုဘိုင်းဂိမ်းသည် install ပြုလုပ်သူပေါင်းအရေအတွက် ၁ ဘီလီယံကျော်ရှိခဲ့ပြီး လစဉ်ပုံမှန်ကစားသူပေါင်း သန်း ၉၀ ရှိပါတယ်။

၎င်း၏အလျှင်အမြန်တိုးတက်လာမှုကြောင့် နိုင်ငံပေါင်း ၈၀ ကျော်မှာအဆင့်မြင့်တက်မှု ထိပ်တန်း အဆင့် ၁၀ အတွင်းအထိရောက်ရှိခဲ့ပါတယ်။ ၎င်းဟာ အရှေ့တောင်အာရှ၊ အရှေ့အလည်ပိုင်း နှင့် အိန္ဒိယ တို့အပါအဝင် နိုင်ငံအတော်များများကို လွှမ်းခြုံမိသော MOBA မိုဘိုင်းဂိမ်းတစ်ခုဖြစ်ပါတယ်။ Mobile Legends: Bang Bang ဂိမ်းသည် စုစုပေါင်း နိုင်ငံ ၁၃၉ နိုင်ငံအထိရောက်ရှိပြီး ဘာသာစကားပေါင်း ၂၅ မျိုးကိုလည်း ထည့်သွင်းပြီးဖြစ်သည့်အပြင် ဂိမ်းအားလွယ်ကူချောမွေ့စွာဆော့ကစား နိုင်ရန်အတွက် ဆာဗာပေါင်း ၁၂၀၀ ကျော်အထိပြုလုပ်ထားပါတယ်။

Mobile Legends Esports အကြောင်း

MLBB esports ကို စတင်ခဲ့ပြီးနောက် ၂၀၁၇ ခုနစ်မှာ အရှေ့တောင်အာရှဒေသတွင်း Multiple Professional League (MPL) tournamentများ နှင့် ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့် မြောက်အမေရိကတို့မှာလည်း tournamentများ ပြုလုပ်ခဲ့ပါတယ်။ ဒီလိုအကြောင်းအရာများကပင် အကောင်းတကာ့အကောင်းဆုံး ကစားသမားအဖွဲ့တွေကို စုစည်းနိုင်ခဲ့တဲ့ official regional tournamentများ ပေါ်ပေါက်စေခဲ့တာ ဖြစ်ပါတယ်။ MOONTON မှ ဒီလို league များနှင့် tournament များကို နောင်မျိုးဆက်သစ် ကစားသမားများ အတွက် ၎င်းတို့၏နိုင်ငံဒေသ ကိုယ်စားပြု MLBB Professional ကစားသမားဖြစ်ချင်သည့် အိပ်မက်များကိုဖော်ဆောင်နိုင်ပြီး ကမ္ဘာတစ်ဝှမ်း အကောင်းဆုံး professional esports ecosystem ကို ဖော်ဆောင်နိုင်ရန် ရည်ရွယ်ပြုလုပ်ခဲ့ပါသည်။

Singapore’s Cybersports and Online Gaming Association (SCOGA)အကြောင်း

SCOGA သည် အတူကစားသည့်ကစားဖော်များကို ကူညီချင်သော၊ အွန်လိုင်းအဖွဲအစည်းများကို အားပေးချင်သော ၊ Esports အလုပ်အကိုင်ကို ဖွံ့ဖြိုးတိုးတက်စေလိုသော gamer များမှ ၂၀၀၈ ခုနစ်တွင် တည်ထောင်ခဲ့သော အဖွဲ့အစည်းဖြစ်သည်။ လုပ်ငန်းမိတ်ဖက်များနှင့် National Youth Council၊ National Trades Union Congress၊ Esports Entertainment Asia and yup.pp ကဲ့သိုသော အဖွဲ့အစည်းများ၏ ထောက်ပံ့ကူညီမှုများဖြင့် Esports Acedamy သည် လူငယ်များကို သူတို့၏ ရည်မှန်းချက်ကို အကောင်အထည်ဖော်ပြီး အလုပ်အကိုင်ဖွံဖြိုးတို့တက်ဖို့ လိုအပ်တဲ့ အရေးကြီးအရေအချင်းတွေကို သင်ကြားပေးခဲ့ပါတယ်။ 2019 SEA Games တွင် esports ဟာ ဆုတံဆိပ်ပေးအပ်တဲ့ ပြိုင်ပွဲဖြစ်ခဲ့စဉ်က SCOGA သည် စင်ကာပူကစားသမားများအတွက် ပြိုင်ပွဲမှာပါဝင်နိုင်ရန် ပြင်ဆင်ပေးဖို့ တာဝန်ပေးအပ်ခြင်း ခံခဲ့ရပြီး အားကစားသိပ္ပံမှတဆင့် ကစားသမားများအတွက် တိုးတက်စေမယ့် အခွင့်အလမ်းများစွာကို ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။

SCOGA သည် လူမှုအဖွဲ့အစည်းပွဲများအပြင် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာပွဲပေါင်း ၄၀၀ ကျော် ကို ဦးဆောင်ကျင်းပနိုင်ခဲ့ပါတယ်။ ပြီးခဲ့သော ၁၀နှစ်အတွင်းတွင် SCOGA ၏ ပြိုင်ပွဲများတွင် ပါဝင်ခဲ့သူပေါင်း ၂သန်းခန့်ရှိ၍ ကစားသမားပေါင်း ၁၅၀၀ ကျော်မှာ Esports Academy၏ အချိန်ပိုင်း အချိန်ပြည့် esports development programme များတွင် ဝင်ရောက်ပါဝင်လျက်ရှိပါသည်။