[Unicode]
ဆီးဂိမ်းမှာ အားကစားအဖြစ် ပထမဆုံးအကြိမ်ပါဝင်ခဲ့တဲ့ Mobile Legends
အကြိမ် ၃၀မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့မှ ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါပြီ။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲရဲ့ ထင်ရှားတဲ့ ကစားပွဲများအနက် Esports ပြိုင်ပွဲဟာလည်း တရားဝင်အားကစားတစ်မျိုးအဖြစ် ပထမဆုံးအကြိမ် ပါဝင်လာခဲ့ပါတယ်။
Mobile Legends: Bang Bang (MLBB) မိုဘိုင်းဂိမ်းဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ ကမ္ဘာအနှံ့ လူသိများလာခဲ့ပါတယ်။ အထူးသဖြင့် အရှေ့တောင်အာရှတွင် လူသိအများဆုံးဖြစ်ပါတယ်။ အခု MLBB ဟာဆိုရင် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ခိုင်မာသောအမည်တစ်ခုရကာ သမိုင်းတွင်ခဲ့ပြီဖြစ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ ကိုယ်စားပြုအသင်းဟာ အရှေ့တောင်အာရှအားကစားပြိုင်ပွဲရဲ့ ပထမဆုံး Esports ပြိုင်ပွဲဖြစ်တဲ့ Mobile Legends: Bang Bang ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုကို ဆွတ်ခူး ရရှိခဲ့ပါတယ်။ ဖိလစ်ပိုင်အသင်းဟာ နောက်ဆုံးဗိုလ်လုပွဲမှာ အင်ဒိုနီးရှားအသင်းကို ကျော်ဖြတ်ကာ ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့ခြင်း ဖြစ်ပါတယ်။ အင်ဒိုနီးရှားအသင်းက ငွေတံဆိပ်ဆု နဲ့ မလေးရှားအသင်းကတော့ ကြေးတံဆိပ်ဆု အသီးသီးရရှိခဲ့ပါတယ်။
Esports ဟာ အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ခေတ်ရေစီးကြောင်းတစ်ခုအဖြစ် မပါဝင်ခဲ့မီက အရှေ့တောင်အာရှမှာ MLBB ဟာ အင်ဒိုနီးရှား၊ ဖီလစ်ပိုင်၊ စင်္ကာပူ၊ မလေးရှားနှင့် မြန်မာ စသည့် အရှေ့တောင်အာရှနိုင်ငံများတွင် စနစ်တကျစီစဉ်ကျင်းပခဲ့သော Esports Leagues: Mobile Legends: Bang Bang Professional Leagues (MPL) နှင့် Influential MSC စသောဒေသတွင်း ပြိုင်ပွဲများနှင့်အတူ သိသိသာသာ လူသိများလာခဲ့ပါတယ်။
ဂိမ်းကို ဖန်တီးသော သူများနှင့်ဈေးကွက်လေ့လာသူများပြောဆိုမှုအရ MLBB ဟာကောင်းမွန်စွာ တည်ထောင်ပြီးဖြစ်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် နိုင်ငံတကာ အိုလံပစ်ကော်မတီက ခွင့်ပြုထားသော အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အသိအမှတ်ပြု ပွဲတစ်ခုအဖြစ်ပါဝင်ခွင့်ရခဲ့သောကြောင့်ဟုဆိုပါတယ်။
၂၀၂၀ ခုနှစ်မှာရော Esports ပရိတ်သတ်များဟာ ဂိမ်းဖန်တီးသူများဆီမှ ဘာတွေထပ်ပြီးရရှိနိုင်မလဲ။
MLBB က ဘယ်လိုများ Esports လောကကို တိုးတက်အောင်ပြုလုပ်နိုင်မလဲ။ ၎င်း အစီစဉ်အရ MLBB က ပိုကောင်းတဲ့ mobile gaming အတွေ့အကြုံကို casual နဲ့ seasoned player အားလုံးအတွက် အဆင့်မြှင့်တင် လုပ်ဆောင်သွားမည်ဖြစ်ပါတယ်။ အကောင်းဆုံးသော ဂိမ်းးကို အောင်မြင်စွာကစားကြပါစို့ !
သတင်းအချက်လက်သစ်တွေနဲ့ ကြေညာချက်အသစ်တွေကို သိရှိနိုင်ဖို့ Mobile Legends: Bang Bang ရဲ့ ဖေ့ဘုတ်စာမျက်နှာကို Like & Follow လုပ်ထားနိုင်ပါတယ်။
https://www.facebook.com/mobilelegendsgame
Shanghai MOONTON Technology Co.Ltd အကြောင်း
MOONTON ဆိုသည်မှာ ၂၀၁၄ ခုနှစ်တွင် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ တွင်ဌာနချုပ်ပြုလုပ်ကာ တည်ထောင်ခဲ့သော ကုမ္ဗဏီ တစ်ခုဖြစ်ပါတယ်။ MOONTON မှာ တရုတ်၊ တူရကီ၊ ရုရှား၊ အမေရိကန်၊ ကာဂျစ်စတန်၊ မြန်မာ၊ မလေးရှား၊ အင်ဒိုနီးရှား နှင့် စင်္ကာပူနိုင်ငံမှ လက်ရှိဝန်ထမ်းပေါင်း ၃၀၀ ကျော်ရှိပါတယ်။ MOONTON ဟာ မိုဘိုင်းဂိမ်းဈေးကွက်တိုးတက်ရေးနှင့် ဖြန့်ချိရေးတို့ကို အဓိကလုပ်ဆောင်နေပါတယ်။ တရုတ်နိုင်ငံ၏ အမြန်ဆန်ဆုံးတိုးတက်နေသော ကုမ္ဗဏီတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံပြင်ပမှ ကစားသူပေါင်းအများဆုံးကို ပိုင်ဆိုင်ထားသော နံပါတ် ၁ ကုမ္ဗဏီဖြစ်ပါတယ်။
Mobile Legends: Bang Bang သည် လက်ရှိလူကြိုက်အများဆုံးနှင့် အအောင်မြင်ဆုံးသော မိုဘိုင်းဂိမ်းလောကကို ဦးဆောင်နေသော လူအများနှင့်အတူချိတ်ဆက်ကစားနိုင်သည့် Multiplayer Online Battle Arena (MOBA) game အမျိုးအစားဖြစ်ပြီး ကမ္ဘာတစ်ခုလုံးနှင့်ချိတ်ဆက် ကစား၍ရသော ဂိမ်းအမျိုးအစားတစ်ခုဖြစ်ပါတယ်။
Mobile Legends: Bang Bang မိုဘိုင်းဂိမ်းအကြောင်း
Mobile Legends: Bang Bang မိုဘိုင်းဂိမ်းသည် Multiplayer Online Battle Arena (MOBA) game အမျိုးအစားဖြစ်ပြီး တရုတ်ပြည်အတွင်းသာမက ကမ္ဘာတစ်ခုလုံးနှင့်ချိတ်ဆက် ကစား၍ရသော လူအများနှင့်ချိတ်ဆက်ကစားနိုင်သည့်မိုဘိုင်းဂိမ်းအမျိုးအစားတစ်ခုဖြစ်ပါတယ်။ ၎င်းမိုဘိုင်းဂိမ်းကို install ပြုလုပ်သူပေါင်းအရေအတွက် သန်းငါးရာကျော်ရှိခဲ့ပြီး လစဉ်ပုံမှန်ကစားသူပေါင်း ခုနှစ်ဆယ့် ငါးသန်းရှိပါတယ်။ ၎င်း၏အလျှင်အမြန်တိုးတက်လာမှုကြောင့် နိုင်ငံပေါင်း ၈၀ ကျော်မှာအဆင့်မြင့်တက်မှု ထိပ်တန်း အဆင့် ၁၀ အတွင်းအထိရောက်ရှိခဲ့ပါတယ်။
၎င်းဟာ အရှေ့တောင်အာရှ၊အရှေ့အလည်ပိုင်း နှင့် အိန္ဒိယ တို့အပါအဝင် နိုင်ငံအတော်များများကို လွှမ်းခြုံမိသော MOBA မိုဘိုင်းဂိမ်းတစ်ခုဖြစ်ပါတယ်။ Mobile Legends: Bang Bang ဂိမ်းသည် စုစုပေါင်း နိုင်ငံ ၁၃၉ နိုင်ငံအထိရောက်ရှိပြီး ဘာသာစကားပေါင်း ၂၅ မျိုးကိုလည်းထည့်သွင်းပြီးဖြစ်သည့်အပြင် ဂိမ်းအား လွယ်ကူချောမွေ့စွာ ဆော့ကစားနိုင်ရန်အတွက် ဆာဗာပေါင်း ၁၂၀၀ ကျော်အထိ ပြုလုပ်ထားပါတယ်။
This post is powered by Mobile Legends: Bang Bang.
[ZawGyi]