[Unicode]

MLBB ကမ္ဘာ့ Rank အဆင့် ထိပ်ပိုင်းမှာ ရပ်တည်နေတဲ့ တစ်ချိန်က Dota ကစားသမား SK_1st

 

လွန်ခဲ့တဲ့ season အနည်းငယ်က စလို့ MLBB ရဲ့ အင်ဒိုနီးရှား leaderboard မှာရော global leaderboard မှာပါ အများကို ကျော်လွန်ပြီး ထိပ်ဆုံးကိုရောက်ရှိနေနိုင်ခဲ့တဲ့ သူတစ်ယောက်ရှိပါတယ်။ သူကတော့ လက်ရှိ ကမ္ဘာ့အကောင်းဆုံး MLBB ကစားသမားအဖြစ် အများက သတ်မှတ်ထားခြင်းကို ခံထားရတဲ့ အင်ဒိုနီးရှားနိုင်ငံသား SK_1st ပဲ ဖြစ်ပါတယ်။ သူဟာ ယနေ့ ဇန်နဝါရီ 19 ရက်နေ့ Leaderboard အရ Global Rank ဒုတိယမှာ ရပ်တည်နေပြီး Season 11 နဲ့ 14 မှာလည်း Global Rank 1 အဆင့်ကို ရယူနိုင်ခဲ့သူပါ။

ယခင်က SK_1st ကို သိသူ နည်းပါးခဲ့သလို ယခုအချိန်ထိလည်း သူဟာ MLBB professional အသင်းများနဲ့ စာချုပ်ချုပ်ဆိုထားခြင်းမျိုး မရှိသေးပါဘူး။ လူလတ်ပိုင်းတစ်ဦးဖြစ်တဲ့ SK_1st ရဲ့ အသက်အရွယ်အနေအထားဟာလည်း လူငယ် gamer များကြားမှာ ထူးခြားလို့နေပါတယ်။ သူ့ရဲ့ နာမည်အရင်းကတော့ Sie Khang ဖြစ်ပြီး ဂိမ်းကစားရာမှာ အသုံးပြုတဲ့နာမည်ကတော့ ယင်းရဲ့အတိုကောက်ပါ။

SK_1st က သူဟာ MOBA အမျိုးအစားဂိမ်းများကို ၁၈ နှစ်ကျော် ကစားလာခဲ့တယ်လို့လည်း ဆိုပါတယ်။ “၂၀၀၂ ခုနှစ်မှာ ကျွန်တော် Dota ကို အရူးအမူးကစားခဲ့ပါတယ်။ Dota ကို အသင်းလိုက်ကစားရတာကိုလည်း သဘောကျတယ်။ အဲဒီအချိန်တုန်းက Dota ကစားရတာ တကယ်ကိုစိတ်ကျေနပ်ဖို့ ကောင်းခဲ့ပါတယ်။ Dota ဟာ ကျွန်တော့် ဝါသနာတစ်ခုဖြစ်ခဲ့သလို သူငယ်ချင်းသစ်တွေလည်း ရရှိခဲ့ပါတယ်။ Dota ကစားနိုင်ခဲ့တာ အရမ်းကံကောင်းပါတယ်” လို့ သူက ပြောပါတယ်။

“Counter-Strike လို အသင်းလိုက်ကစားရတဲ့ ဂိမ်းမျိုးတွေကိုလည်း စမ်းကစားကြည့်ဖူးပါတယ်။ ဒါပေမယ့် သိပ်နားမလည်သလို သိပ်လည်း မကြိုက်ပါဘူး။ Dota 2 beta ဗားရှင်း ထွက်လာတုန်းကတော့ Steam Key ရှာပြီး အစောဆုံး စကစားတဲ့သူတွေထဲမှာ ကျွန်တော် ပါတယ်။ အရင် Dota အဟောင်းထက် ပိုကောင်းတယ်ဆိုတာကို လက်ခံပေမယ့် Dota 2 ကိုလည်း ကျွန်တော် မကြိုက်ပါဘူး။ ၂၀၀၉ မှာ အိမ်ထောင်ကျတော့ ဂိမ်းတွေနဲ့ ဝေးသွားခဲ့တယ်” လို့လည်း သူက ဆက်ပြောပါတယ်။

“၂၀၁၇ ရောက်တော့ ကျွန်တော် MLBB စ ကစားဖြစ်တယ်။ စစချင်းကတော့ ဂိမ်းစွဲမှာစိုးလို့ သိပ်မကစားဖြစ်ခဲ့ပါဘူး”။ သူဟာ အချိန်ပြည့် streamer တစ်ဦး မဟုတ်သလို ဂိမ်းကစားချိန်နဲ့ အပြင်က လက်တွေ့ဘဝကို မျှတအောင်လည်း ထိန်းထားတယ်လို့ ဆိုပါတယ်။ အမြဲတမ်း ဂိမ်းကစားနေတာမျိုး မဟုတ်ပဲ global leaderboard ရဲ့ ထိပ်ဆုံးကို ရောက်ရှိလာခဲ့တာဟာ အံ့အားသင့်ဖို့ ကောင်းတဲ့အချက်တစ်ခုပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ တစ်လကျော်လောက်ကတော့ သူဟာ ကိုယ်ပိုင် youtube channel တစ်ခုကို ပြုလုပ်ပြီး ဂိမ်းဗီဒီယိုများ တင်ခဲ့ပါတယ်။ MLBB ကို အလွန်ကျွမ်းကျင်ပိုင်နိုင်စွာ ကစားနိုင်နေပေမယ့် professional gamer တစ်ဦးအဖြစ် ရပ်တည်သွားဖို့ အစီအစဉ် မရှိကြောင်းကိုလည်း သူက ပြောခဲ့ပါသေးတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက် ရှိပါတယ်။

source: One Esports


[Zawgyi]

MLBB ကမာၻ႔ Rank အဆင့္ ထိပ္ပိုင္းမွာ ရပ္တည္ေနတဲ့ တစ္ခ်ိန္က Dota ကစားသမား SK_1st

 

လြန္ခဲ့တဲ့ season အနည္းငယ္က စလို႔ MLBB ရဲ႕ အင္ဒိုနီးရွား leaderboard မွာေရာ global leaderboard မွာပါ အမ်ားကို ေက်ာ္လြန္ၿပီး ထိပ္ဆုံးကိုေရာက္ရွိေနႏိုင္ခဲ့တဲ့ သူတစ္ေယာက္ရွိပါတယ္။ သူကေတာ့ လက္ရွိ ကမာၻ႔အေကာင္းဆုံး MLBB ကစားသမားအျဖစ္ အမ်ားက သတ္မွတ္ထားျခင္းကို ခံထားရတဲ့ အင္ဒိုနီးရွားႏိုင္ငံသား SK_1st ပဲ ျဖစ္ပါတယ္။
သူဟာ ယေန႔ ဇန္နဝါရီ 19 ရက္ေန႔ Leaderboard အရ Global Rank ဒုတိယမွာ ရပ္တည္ေနၿပီး Season 11 နဲ႔ 14 မွာလည္း Global Rank 1 အဆင့္ကို ရယူႏိုင္ခဲ့သူပါ။

ယခင္က SK_1st ကို သိသူ နည္းပါးခဲ့သလို ယခုအခ်ိန္ထိလည္း သူဟာ MLBB professional အသင္းမ်ားနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုထားျခင္းမ်ိဳး မရွိေသးပါဘူး။ လူလတ္ပိုင္းတစ္ဦးျဖစ္တဲ့ SK_1st ရဲ႕ အသက္အ႐ြယ္အေနအထားဟာလည္း လူငယ္ gamer မ်ားၾကားမွာ ထူးျခားလို႔ေနပါတယ္။ သူ႔ရဲ႕ နာမည္အရင္းကေတာ့ Sie Khang ျဖစ္ၿပီး ဂိမ္းကစားရာမွာ အသုံးျပဳတဲ့နာမည္ကေတာ့ ယင္းရဲ႕အတိုေကာက္ပါ။

SK_1st က သူဟာ MOBA အမ်ိဳးအစားဂိမ္းမ်ားကို ၁၈ ႏွစ္ေက်ာ္ ကစားလာခဲ့တယ္လို႔လည္း ဆိုပါတယ္။ “၂၀၀၂ ခုႏွစ္မွာ ကြၽန္ေတာ္ Dota ကို အ႐ူးအမူးကစားခဲ့ပါတယ္။ Dota ကို အသင္းလိုက္ကစားရတာကိုလည္း သေဘာက်တယ္။ အဲဒီအခ်ိန္တုန္းက Dota ကစားရတာ တကယ္ကိုစိတ္ေက်နပ္ဖို႔ ေကာင္းခဲ့ပါတယ္။ Dota ဟာ ကြၽန္ေတာ့္ ဝါသနာတစ္ခုျဖစ္ခဲ့သလို သူငယ္ခ်င္းသစ္ေတြလည္း ရရွိခဲ့ပါတယ္။ Dota ကစားႏိုင္ခဲ့တာ အရမ္းကံေကာင္းပါတယ္” လို႔ သူက ေျပာပါတယ္။

“Counter-Strike လို အသင္းလိုက္ကစားရတဲ့ ဂိမ္းမ်ိဳးေတြကိုလည္း စမ္းကစားၾကည့္ဖူးပါတယ္။ ဒါေပမယ့္ သိပ္နားမလည္သလို သိပ္လည္း မႀကိဳက္ပါဘူး။ Dota 2 beta ဗားရွင္း ထြက္လာတုန္းကေတာ့ Steam Key ရွာၿပီး အေစာဆုံး စကစားတဲ့သူေတြထဲမွာ ကြၽန္ေတာ္ ပါတယ္။ အရင္ Dota အေဟာင္းထက္ ပိုေကာင္းတယ္ဆိုတာကို လက္ခံေပမယ့္ Dota 2 ကိုလည္း ကြၽန္ေတာ္ မႀကိဳက္ပါဘူး။ ၂၀၀၉ မွာ အိမ္ေထာင္က်ေတာ့ ဂိမ္းေတြနဲ႔ ေဝးသြားခဲ့တယ္” လို႔လည္း သူက ဆက္ေျပာပါတယ္။

“၂၀၁၇ ေရာက္ေတာ့ ကြၽန္ေတာ္ MLBB စ ကစားျဖစ္တယ္။ စစခ်င္းကေတာ့ ဂိမ္းစြဲမွာစိုးလို႔ သိပ္မကစားျဖစ္ခဲ့ပါဘူး”။ သူဟာ အခ်ိန္ျပည့္ streamer တစ္ဦး မဟုတ္သလို ဂိမ္းကစားခ်ိန္နဲ႔ အျပင္က လက္ေတြ႕ဘဝကို မွ်တေအာင္လည္း ထိန္းထားတယ္လို႔ ဆိုပါတယ္။ အၿမဲတမ္း ဂိမ္းကစားေနတာမ်ိဳး မဟုတ္ပဲ global leaderboard ရဲ႕ ထိပ္ဆုံးကို ေရာက္ရွိလာခဲ့တာဟာ အံ့အားသင့္ဖို႔ ေကာင္းတဲ့အခ်က္တစ္ခုပဲ ျဖစ္ပါတယ္။

လြန္ခဲ့တဲ့ တစ္လေက်ာ္ေလာက္ကေတာ့ သူဟာ ကိုယ္ပိုင္ youtube channel တစ္ခုကို ျပဳလုပ္ၿပီး ဂိမ္းဗီဒီယိုမ်ား တင္ခဲ့ပါတယ္။ MLBB ကို အလြန္ကြၽမ္းက်င္ပိုင္ႏိုင္စြာ ကစားႏိုင္ေနေပမယ့္ professional gamer တစ္ဦးအျဖစ္ ရပ္တည္သြားဖို႔ အစီအစဥ္ မရွိေၾကာင္းကိုလည္း သူက ေျပာခဲ့ပါေသးတယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္ တင္ဆက္ေပးလ်က္ ရွိပါတယ္။

source: One Esports