[Unicode]

Mobile Legends နဲ့ TikTok အပါအဝင် App 59 ခုကို ပိတ်ပင်လိုက်တဲ့ အိန္ဒိယ

 

အိန္ဒိယနိုင်ငံဟာ တရုတ်နိုင်ငံမှ ထုတ်လုပ်တဲ့ App 59 ခုကို သူတို့နိုင်ငံတွင်းက Google Play Store နဲ့ Apple App Store တွေကနေ ရုတ်သိမ်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီထဲမှာ Clash of Kings (AoV တရုတ်ဗားရှင်း) နဲ့ Mobile Legends: Bang Bang တို့အပြင် TikTok နဲ့ UC Browser တို့ ပါဝင်ပါတယ်။

အိန္ဒိယဟာ မကြာသေးခင်က တရုတ်နဲ့နယ်စပ်မှာ လူသေတဲ့ထိ ပြဿနာဖြစ်ပွားခဲ့တဲ့နောက် တရုတ်ပြည်ဖြစ် ပစ္စည်းတွေကို သပိတ်မှောက်တာတွေ၊ ထိန်းချုပ်တာတွေ ပြုလုပ်လာပြီး အခုထိ အရှိန်ကျမသွားသေးတာကို ဒီလုပ်ရပ်က ဖော်ပြလာပါတယ်။ မိုဘိုင်း App တွေအပေါ် အရေးယူမှုပြင်းထန်ရာမှာ ကမ္ဘာကျော်တဲ့ အိန္ဒိယနိုင်ငံသားတွေကလည်း တရုတ်နိုင်ငံထုတ် ပစ္စည်းတွေနဲ့ App တွေကို သပိတ်မှောက်နေကြပြီး ပြည်တွင်းဖြစ် App တွေဘက်ကို လှည့်သုံးလာကြပါတယ်။ သူတို့ဟာ အရင်ကလည်း TikTok ကို သပိတ်မှောက်တာနဲ့ PUBG ဂိမ်းကို ဒေသအချို့မှာ ပိတ်ပင်တာတွေ လုပ်ခဲ့ကြဖူးပါတယ်။

ဒီကြားထဲ တရုတ်ပြည်ဖြစ် App တွေကို ပိတ်ပင်တယ်ဆိုတဲ့ အကြောင်းပြချက်အောက်မှာ ဘယ်လိုဖြစ်လို့ Mobile Legends က ကြားညပ်သွားလဲ ဆိုတာလည်း မသေချာပါဘူး။ အစိုးရထုတ်ပြန်ချက်ထဲမှာတော့ “သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနရဲ့ သတင်းအချက်အလက်နည်းပညာဥပဒေ ၂၀၀၉ (အများပြည်သူ၏ အချက်အလက်များအပေါ် ရယူသုံးစွဲခွင့် ပိတ်ပင်ရန် တားမြစ်ချက်နှင့် လုပ်ဆောင်ချက်များ) ဆိုင်ရာ ပြဌာန်းချက်အပိုဒ် 69A အရ ယခုပိတ်ပင်လိုက်တဲ့ App 59 ခုမှာ ပါဝင်တဲ့ လုပ်ဆောင်ချက်တွေဟာ သတင်းအချက်အလက်ရယူမှုဘက်မှ ကြည့်ရှုပါက အိန္ဒိယနိုင်ငံ၏ အချုပ်အခြာအာဏာ၊ ကာကွယ်ရေး၊ နိုင်ငံလုံခြုံရေးနှင့် တည်ငြိမ်မှုတို့ကို ထိပါးနိုင်တဲ့ ပြုမူဆောင်ရွက်ချက်များ ပါဝင်နိုင်ကြောင်း ယူဆသဖြင့် အာဏာအသုံးပြု အရေးယူလိုက်သည်” လို့ ဆိုထားပါတယ်။

ဒါ့အပြင် အိန္ဒိယနည်းပညာဝန်ကြီးဌာနဟာ ပြည်သူတွေဆီကနေ အချို့ App တွေရဲ့ ပြုမူဆောင်ရွက်ပုံနဲ့ ပတ်သက်ပြီး လုံခြုံရေးနဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်များဆိုင်ရာ စောဒကတက်မှုအများအပြား လက်ခံရရှိထားတယ်လို့လည်း ဆိုပါတယ်။ အပိတ်ခံလိုက်ရတဲ့ App 59 ခုကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
TikTok
Mobile Legends
Shareit
Kwai
UC Browser
Baidu map
Shein
Clash of Kings
DU battery saver
Helo
Likee
YouCam makeup
Mi Community
CM Browers
Virus Cleaner
APUS Browser
ROMWE
Club Factory
Newsdog
Beauty Plus
WeChat
UC News
QQ Mail
Weibo
Xender
QQ Music
QQ Newsfeed
Bigo Live
SelfieCity
Mail Master
Parallel Space
Mi Video Call Xiaomi
WeSync
ES File Explorer
Viva Video QU Video Inc
Meitu
Vigo Video
New Video Status
DU Recorder
Vault-Hide
Cache Cleaner DU App studio
DU Cleaner
DU Browser
Hago Play With New Friends
Cam Scanner
Clean Master Cheetah Mobile
Wonder Camera
Photo Wonder
QQ Player
We Meet
Sweet Selfie
Baidu Translate
Vmate
QQ International
QQ Security Center
QQ Launcher
U Video
V fly Status Video
DU Privacy

India’s first official MLBB tournament, Mobile Legends: Bang Bang Diamond Challenge Series 2019

Mobile Legends ဟာ အရှေ့တောင်အာရှဒေသအတွင်း မင်းမူနေတဲ့ မိုဘိုင်း Esports တစ်ခုဖြစ်ပြီး အိန္ဒိယဈေးကွက်အတွင်းမှာလည်း ပြိုင်ပွဲတွေနဲ့လှုပ်ရှားမှုတွေ အရှိန်တင်လာဆဲပါ။ အခုလို Ban ခံလိုက်ရတဲ့အတွက် စီစဉ်ထားတဲ့ Esports ပြိုင်ပွဲတွေကို ပြန်လည်ရုတ်သိမ်းရတော့မယ်လို့ ယူဆရပါတယ်။

Source – AFKGaming


[ZawGyi]

Mobile Legends နဲ႔ TikTok အပါအဝင္ App 59 ခုကို ပိတ္ပင္လိုက္တဲ့ အိႏၵိယ

 

အိႏၵိယႏိုင္ငံဟာ တ႐ုတ္ႏိုင္ငံမွ ထုတ္လုပ္တဲ့ App 59 ခုကို သူတို႔ႏိုင္ငံတြင္းက Google Play Store နဲ႔ Apple App Store ေတြကေန ႐ုတ္သိမ္းဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ ဒီထဲမွာ Clash of Kings (AoV တ႐ုတ္ဗားရွင္း) နဲ႔ Mobile Legends: Bang Bang တို႔အျပင္ TikTok နဲ႔ UC Browser တို႔ ပါဝင္ပါတယ္။

အိႏၵိယဟာ မၾကာေသးခင္က တ႐ုတ္နဲ႔နယ္စပ္မွာ လူေသတဲ့ထိ ျပႆနာျဖစ္ပြားခဲ့တဲ့ေနာက္ တ႐ုတ္ျပည္ျဖစ္ ပစၥည္းေတြကို သပိတ္ေမွာက္တာေတြ၊ ထိန္းခ်ဳပ္တာေတြ ျပဳလုပ္လာၿပီး အခုထိ အရွိန္က်မသြားေသးတာကို ဒီလုပ္ရပ္က ေဖာ္ျပလာပါတယ္။ မိုဘိုင္း App ေတြအေပၚ အေရးယူမႈျပင္းထန္ရာမွာ ကမာၻေက်ာ္တဲ့ အိႏၵိယႏိုင္ငံသားေတြကလည္း တ႐ုတ္ႏိုင္ငံထုတ္ ပစၥည္းေတြနဲ႔ App ေတြကို သပိတ္ေမွာက္ေနၾကၿပီး ျပည္တြင္းျဖစ္ App ေတြဘက္ကို လွည့္သုံးလာၾကပါတယ္။ သူတို႔ဟာ အရင္ကလည္း TikTok ကို သပိတ္ေမွာက္တာနဲ႔ PUBG ဂိမ္းကို ေဒသအခ်ိဳ႕မွာ ပိတ္ပင္တာေတြ လုပ္ခဲ့ၾကဖူးပါတယ္။

ဒီၾကားထဲ တ႐ုတ္ျပည္ျဖစ္ App ေတြကို ပိတ္ပင္တယ္ဆိုတဲ့ အေၾကာင္းျပခ်က္ေအာက္မွာ ဘယ္လိုျဖစ္လို႔ Mobile Legends က ၾကားညပ္သြားလဲ ဆိုတာလည္း မေသခ်ာပါဘူး။ အစိုးရထုတ္ျပန္ခ်က္ထဲမွာေတာ့ “သတင္းအခ်က္အလက္ နည္းပညာဝန္ႀကီးဌာနရဲ႕ သတင္းအခ်က္အလက္နည္းပညာဥပေဒ ၂၀၀၉ (အမ်ားျပည္သူ၏ အခ်က္အလက္မ်ားအေပၚ ရယူသုံးစြဲခြင့္ ပိတ္ပင္ရန္ တားျမစ္ခ်က္ႏွင့္ လုပ္ေဆာင္ခ်က္မ်ား) ဆိုင္ရာ ျပဌာန္းခ်က္အပိုဒ္ 69A အရ ယခုပိတ္ပင္လိုက္တဲ့ App 59 ခုမွာ ပါဝင္တဲ့ လုပ္ေဆာင္ခ်က္ေတြဟာ သတင္းအခ်က္အလက္ရယူမႈဘက္မွ ၾကည့္ရႈပါက အိႏၵိယႏိုင္ငံ၏ အခ်ဳပ္အျခာအာဏာ၊ ကာကြယ္ေရး၊ ႏိုင္ငံလုံၿခဳံေရးႏွင့္ တည္ၿငိမ္မႈတို႔ကို ထိပါးႏိုင္တဲ့ ျပဳမူေဆာင္႐ြက္ခ်က္မ်ား ပါဝင္ႏိုင္ေၾကာင္း ယူဆသျဖင့္ အာဏာအသုံးျပဳ အေရးယူလိုက္သည္” လို႔ ဆိုထားပါတယ္။

ဒါ့အျပင္ အိႏၵိယနည္းပညာဝန္ႀကီးဌာနဟာ ျပည္သူေတြဆီကေန အခ်ိဳ႕ App ေတြရဲ႕ ျပဳမူေဆာင္႐ြက္ပုံနဲ႔ ပတ္သက္ၿပီး လုံၿခဳံေရးနဲ႔ ပုဂၢိဳလ္ေရးအခ်က္အလက္မ်ားဆိုင္ရာ ေစာဒကတက္မႈအမ်ားအျပား လက္ခံရရွိထားတယ္လို႔လည္း ဆိုပါတယ္။ အပိတ္ခံလိုက္ရတဲ့ App 59 ခုကေတာ့ ေအာက္ပါအတိုင္းျဖစ္ပါတယ္။
TikTok
Mobile Legends
Shareit
Kwai
UC Browser
Baidu map
Shein
Clash of Kings
DU battery saver
Helo
Likee
YouCam makeup
Mi Community
CM Browers
Virus Cleaner
APUS Browser
ROMWE
Club Factory
Newsdog
Beauty Plus
WeChat
UC News
QQ Mail
Weibo
Xender
QQ Music
QQ Newsfeed
Bigo Live
SelfieCity
Mail Master
Parallel Space
Mi Video Call Xiaomi
WeSync
ES File Explorer
Viva Video QU Video Inc
Meitu
Vigo Video
New Video Status
DU Recorder
Vault-Hide
Cache Cleaner DU App studio
DU Cleaner
DU Browser
Hago Play With New Friends
Cam Scanner
Clean Master Cheetah Mobile
Wonder Camera
Photo Wonder
QQ Player
We Meet
Sweet Selfie
Baidu Translate
Vmate
QQ International
QQ Security Center
QQ Launcher
U Video
V fly Status Video
DU Privacy

India’s first official MLBB tournament, Mobile Legends: Bang Bang Diamond Challenge Series 2019

Mobile Legends ဟာ အေရွ႕ေတာင္အာရွေဒသအတြင္း မင္းမူေနတဲ့ မိုဘိုင္း Esports တစ္ခုျဖစ္ၿပီး အိႏၵိယေဈးကြက္အတြင္းမွာလည္း ၿပိဳင္ပြဲေတြနဲ႔လႈပ္ရွားမႈေတြ အရွိန္တင္လာဆဲပါ။ အခုလို Ban ခံလိုက္ရတဲ့အတြက္ စီစဥ္ထားတဲ့ Esports ၿပိဳင္ပြဲေတြကို ျပန္လည္႐ုတ္သိမ္းရေတာ့မယ္လို႔ ယူဆရပါတယ္။

Source – AFKGaming