[Unicode]

Mixer ကို အပြီးပိတ်သိမ်းပြီး Facebook Gaming နဲ့ ပူးပေါင်းတော့မယ့် Microsoft

 

Microsoft ကုမ္ပဏီဟာ ယင်းတို့ရဲ့ streaming ပလက်ဖောင်းတစ်ခုဖြစ်တဲ့ Mixer ကို လာမယ့် ဇူလိုင်လ ၂၂ ရက်နေ့မှာ ပိတ်သိမ်းတော့မှာဖြစ်ကြောင်း မကြာသေးမီက တရားဝင်ကြေညာလိုက်ပါတယ်။ ဒါပေမယ့် Microsoft ဟာ streaming လောက ကနေ စွန့်ခွာသွားမှာ မဟုတ်ပဲ Facebook နဲ့ ပူးပေါင်းလုပ်ဆောင်ဦးမှာဖြစ်ပြီး လက်ရှိ Mixer ပေါ်က streamer များနဲ့ ကြည့်ရှုသူများကို Facebook Gaming ပေါ်ကို ရွှေ့ပြောင်းသွားမှာလည်း ဖြစ်ပါတယ်။

Microsoft ဟာ Twitch, Youtube, Facebook Gaming အစရှိတဲ့ streaming ပလက်ဖောင်းများနဲ့ ယှဉ်ပြိုင်နိုင်ဖို့အတွက် Mixer ကို မြေတောင်မြှောက်ပေးနေခဲ့တာ ကာလအတော်ကြာခဲ့ပါပြီ။ ဒါပေမယ့် streaming လောကမှာ ယခင်တည်းက ခြေလှမ်းနောက်ကျနေခဲ့တဲ့ Mixer ဟာ အခြား ပလက်ဖောင်းများကိုအမီလိုက်နိုင်ဖို့အတွက် ခက်ခဲနေခဲ့ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ Microsoft ရဲ့ gaming ပိုင်းကို ဦးဆောင်သူ Phil Spencer က “ကျွန်တော်တို့ရဲ့ Mixer ဟာ အတော် နောက်ကျပြီး အားနည်းနေပါတယ်။ နာမည်ကျော် streaming platform ကြီးတွေနဲ့ ယှဉ်လိုက်ရင် Mixer ရဲ့ လစဉ်အသုံးပြုသူအရေအတွက်ဟာ အတော်လေးကို နည်းပါးနေခဲ့ပါတယ်။

“ယခုလက်ရှိ Mixer အသိုင်းအဝိုင်းထဲမှာ ရှိနေကြသူများဟာ Facebook နဲ့ Microsoft တို့ ပူးပေါင်းလိုက်မှုကနေ အကျိုးအမြတ်များရရှိလာကြမှာပါ။ အသုံးပြုသူများပြားလှတဲ့ ဆိုရှယ်ပလက်ဖောင်း Facebook ရဲ့ ဂိမ်မာများအချင်းချင်းဆက်သွယ်ပေးနိုင်စွမ်းဟာ အရမ်းကောင်းမွန်ပြီး အဆင်ပြေလှတဲ့အရာတစ်ခုဖြစ်ပါတယ်” အစရှိသဖြင့် ပြောသွားခဲ့ပါတယ်။

Microsoft ဟာ လာမယ့်အပတ်များအတွင်းမှာ Mixer ပေါ်မှာ ရှိနေကြသူများအားလုံးကို Facebook Gaming ပေါ် အပြီးသတ်ရွှေ့ပြောင်းသွားမှာပါ။ ဇူလိုင်လ ၂၂ ရက်နေ့မှာတော့ Mixer ဝက်ဘ်ဆိုက်နဲ့ app များ အားလုံးဟာ Facebook Gaming ဆီကိုသာ အလိုအလျောက် redirect ပြုလုပ်နေကြတော့မှာဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိ Mixer နဲ့ partner အဖြစ် ပူးပေါင်းထားကြသူများဟာ Facebook Gaming နဲ့လည်း partner အဖြစ် ဆက်လက်ပူးပေါင်းခွင့်ရရှိကြမှာပါ။ Mixer ပေါ်မှာ ဝင်ငွေရှာဖွေနိုင်တဲ့ monetization program ကို အသုံးပြုခဲ့ကြသူများဟာလည်း Facebook ပေါ်မှာ Level Up program ကို ဆက်လက် အသုံးပြုခွင့် ရရှိကြမှာဖြစ်ပါတယ်။

Facebook နဲ့ ပူးပေါင်းလိုက်တဲ့ Microsoft ရဲ့ ခြေလှမ်းဟာ အနာဂတ် xCloud game streaming service အတွက် ကောင်းမွန်တဲ့သက်ရောက်မှုများ ရှိလာမှာပါ။ xCloud ဟာ stream ကြည့်ရှုသူများအတွက် streamer များ ကစားပြနေတဲ့ဂိမ်းများကို အွန်လိုင်းပေါ်ကနေ ကလစ်နှိပ်ပြီး ချက်ချင်းဝင်ရောက်ကစားနိုင်လာစေမယ့် ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး Microsoft ဟာ ယင်းကို Facebook Gaming ပေါ်ကနေ အသုံးပြုနိုင်အောင် လုပ်ဆောင်သွားတော့မှာလည်း ဖြစ်ပါတယ်။

xCloud ကို Facebook Gaming ပေါ်မှာ ဘယ်အချိန်လောက် စတင်အသုံးပြုနိုင်မယ် ဆိုတာကိုတော့ ကြေညာထားခြင်း မရှိသေးပါဘူး။ ဒါပေမယ့် ယခုလို Facebook Gaming နဲ့ ပူးပေါင်းလိုက်တဲ့အနေအထားအရ xCloud ကို ယခုနှစ်နှောင်းပိုင်းလောက်မှာတင် Facebook Gaming ပေါ်မှာ တွေ့မြင်ဘာရနိုင်ပါတယ်။

Microsoft ဟာ xCloud ကို အသုံးပြုသူ ဂိမ်မာပေါင်း ၂ ဘီလီယံကျော်အထိ ရရှိဖို့ မျှော်မှန်းထားကြောင်း ယခင်က ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။ ဒါပေမယ့် ယင်းတို့ရဲ့ Mixer ပလက်ဖောင်းဟာ အသုံးပြုသူလွန်စွာနည်းပါးနေတဲ့အတွက် အသုံးပြုသူများပြားတဲ့ Facebook ကို ပြောင်းလဲရွေးချယ် လိုက်တာဖြစ်ကြောင်းကိုလည်း အင်တာဗျူးအတွင်းမှာ Phil Spencer က ပြောခဲ့ပါသေးတယ်။

Mixer ပေါ်မှာ သီးသန့် stream လွှင့်ဖို့ ပူးပေါင်းထားခဲ့တဲ့ Ninja နဲ့ Shroud တို့လို streamer များကတော့ ယခုအချိန်မှာ လွတ်လပ်သွားကြပြီဖြစ်လို့ Twitch ပေါ်ကို ပြန်လည်ရောက်ရှိသွားနိုင်သလို Facebook Gaming ပေါ်မှာလည်း stream လာနိုင်ပါတယ်။ ဒီအဖြစ်အပျက်များ ထွက်ပေါ်လာပြီး နောက်ဆက်တွဲ သတင်းများ အရ နာမည်ကျော် Streamer နှစ်ဦးဖြစ်တဲ့ Shroud နဲ့ Ninja တို့ကို Mixer Streaming Platform ဆီသို့ ခေါ်ယူခဲ့ရမှာ Microsoft အနေနဲ့ Shroud အတွက် $10M, Ninja အတွက် $30Million အသီးသီး အသုံးပြုခဲ့ရကြောင်း စတဲ့ သတင်းများလည်း ထွက်ရှိလာခဲ့ပါတယ်။

Mixer ရဲ့ ပိတ်သိမ်းမှုဟာ ဂိမ်းလောကအတွင်းက စိတ်ဝင်စားစရာကောင်းတဲ့ အလှည့်အပြောင်းသတင်းတစ်ခုဖြစ်တာမို့ ဖော်ပြလိုက်ရပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။


[ZawGyi]

Mixer ကို အၿပီးပိတ္သိမ္းၿပီး Facebook Gaming နဲ႔ ပူးေပါင္းေတာ့မယ့္ Microsoft

 

Microsoft ကုမၸဏီဟာ ယင္းတို႔ရဲ႕ streaming ပလက္ေဖာင္းတစ္ခုျဖစ္တဲ့ Mixer ကို လာမယ့္ ဇူလိုင္လ ၂၂ ရက္ေန႔မွာ ပိတ္သိမ္းေတာ့မွာျ ဖစ္ေၾကာင္း မၾကာေသးမီက တရားဝင္ေၾကညာလိုက္ပါတယ္။ ဒါေပမယ့္ Microsoft ဟာ streaming ေလာက ကေန စြန႔္ခြာသြားမွာ မဟုတ္ပဲ Facebook နဲ႔ ပူးေပါင္းလုပ္ေဆာင္ဦးမွာျဖစ္ၿပီး လက္ရွိ Mixer ေပၚက streamer မ်ားနဲ႔ ၾကည့္ရႈသူမ်ားကို Facebook Gaming ေပၚကို ေ႐ႊ႕ေျပာင္းသြားမွာလည္း ျဖစ္ပါတယ္။

Microsoft ဟာ Twitch, Youtube, Facebook Gaming အစရွိတဲ့ streaming ပလက္ေဖာင္းမ်ားနဲ႔ ယွဥ္ၿပိဳင္ႏိုင္ဖို႔အတြက္ Mixer ကို ေျမေတာင္ေျမႇာက္ေပးေနခဲ့တာ ကာလအေတာ္ၾကာခဲ့ပါၿပီ။ ဒါေပမယ့္ streaming ေလာကမွာ ယခင္တည္းက ေျခလွမ္းေနာက္က်ေနခဲ့တဲ့ Mixer ဟာ အျခား ပလက္ေဖာင္းမ်ားကိုအမီလိုက္ႏိုင္ဖို႔အတြက္ ခက္ခဲေနခဲ့ပါတယ္။

ဒီအေၾကာင္းနဲ႔ ပတ္သက္လို႔ Microsoft ရဲ႕ gaming ပိုင္းကို ဦးေဆာင္သူ Phil Spencer က “ကြၽန္ေတာ္တို႔ရဲ႕ Mixer ဟာ အေတာ္ ေနာက္က်ၿပီး အားနည္းေနပါတယ္။ နာမည္ေက်ာ္ streaming platform ႀကီးေတြနဲ႔ ယွဥ္လိုက္ရင္ Mixer ရဲ႕ လစဥ္အသုံးျပဳသူအေရအတြက္ဟာ အေတာ္ေလးကို နည္းပါးေနခဲ့ပါတယ္။

“ယခုလက္ရွိ Mixer အသိုင္းအဝိုင္းထဲမွာ ရွိေနၾကသူမ်ားဟာ Facebook နဲ႔ Microsoft တို႔ ပူးေပါင္းလိုက္မႈကေန အက်ိဳးအျမတ္မ်ားရရွိလာၾကမွာပါ။ အသုံးျပဳသူမ်ားျပားလွတဲ့ ဆိုရွယ္ပလက္ေဖာင္း Facebook ရဲ႕ ဂိမ္မာမ်ားအခ်င္းခ်င္းဆက္သြယ္ေပးႏိုင္စြမ္းဟာ အရမ္းေကာင္းမြန္ၿပီး အဆင္ေျပလွတဲ့အရာတစ္ခုျဖစ္ပါတယ္” အစရွိသျဖင့္ ေျပာသြားခဲ့ပါတယ္။

Microsoft ဟာ လာမယ့္အပတ္မ်ားအတြင္းမွာ Mixer ေပၚမွာ ရွိေနၾကသူမ်ားအားလုံးကို Facebook Gaming ေပၚ အၿပီးသတ္ေ႐ႊ႕ေျပာင္းသြားမွာပါ။ ဇူလိုင္လ ၂၂ ရက္ေန႔မွာေတာ့ Mixer ဝက္ဘ္ဆိုက္နဲ႔ app မ်ား အားလုံးဟာ Facebook Gaming ဆီကိုသာ အလိုအေလ်ာက္ redirect ျပဳလုပ္ေနၾကေတာ့မွာျဖစ္ပါတယ္။

ဒါေၾကာင့္ လက္ရွိ Mixer နဲ႔ partner အျဖစ္ ပူးေပါင္းထားၾကသူမ်ားဟာ Facebook Gaming နဲ႔လည္း partner အျဖစ္ ဆက္လက္ပူးေပါင္းခြင့္ရရွိၾကမွာပါ။ Mixer ေပၚမွာ ဝင္ေငြရွာေဖြႏိုင္တဲ့ monetization program ကို အသုံးျပဳခဲ့ၾကသူမ်ားဟာလည္း Facebook ေပၚမွာ Level Up program ကို ဆက္လက္ အသုံးျပဳခြင့္ ရရွိၾကမွာျဖစ္ပါတယ္။

Facebook နဲ႔ ပူးေပါင္းလိုက္တဲ့ Microsoft ရဲ႕ ေျခလွမ္းဟာ အနာဂတ္ xCloud game streaming service အတြက္ ေကာင္းမြန္တဲ့သက္ေရာက္မႈမ်ား ရွိလာမွာပါ။ xCloud ဟာ stream ၾကည့္ရႈသူမ်ားအတြက္ streamer မ်ား ကစားျပေနတဲ့ဂိမ္းမ်ားကို အြန္လိုင္းေပၚကေန ကလစ္ႏွိပ္ၿပီး ခ်က္ခ်င္းဝင္ေရာက္ကစားႏိုင္လာေစမယ့္ ဝန္ေဆာင္မႈတစ္ခုျဖစ္ၿပီး Microsoft ဟာ ယင္းကို Facebook Gaming ေပၚကေန အသုံးျပဳႏိုင္ေအာင္ လုပ္ေဆာင္သြားေတာ့မွာလည္း ျဖစ္ပါတယ္။

xCloud ကို Facebook Gaming ေပၚမွာ ဘယ္အခ်ိန္ေလာက္ စတင္အသုံးျပဳႏိုင္မယ္ ဆိုတာကိုေတာ့ ေၾကညာထားျခင္း မရွိေသးပါဘူး။ ဒါေပမယ့္ ယခုလို Facebook Gaming နဲ႔ ပူးေပါင္းလိုက္တဲ့အေနအထားအရ xCloud ကို ယခုႏွစ္ေႏွာင္းပိုင္းေလာက္မွာတင္ Facebook Gaming ေပၚမွာ ေတြ႕ျမင္ဘာရႏိုင္ပါတယ္။

Microsoft ဟာ xCloud ကို အသုံးျပဳသူ ဂိမ္မာေပါင္း ၂ ဘီလီယံေက်ာ္အထိ ရရွိဖို႔ ေမွ်ာ္မွန္းထားေၾကာင္း ယခင္က ထုတ္ေဖာ္ေျပာၾကားခဲ့ဖူးပါတယ္။ ဒါေပမယ့္ ယင္းတို႔ရဲ႕ Mixer ပလက္ေဖာင္းဟာ အသုံးျပဳသူလြန္စြာနည္းပါးေနတဲ့အတြက္ အသုံးျပဳသူမ်ားျပားတဲ့ Facebook ကို ေျပာင္းလဲေ႐ြးခ်ယ္ လိုက္တာျဖစ္ေၾကာင္းကိုလည္း အင္တာဗ်ဴးအတြင္းမွာ Phil Spencer က ေျပာခဲ့ပါေသးတယ္။

Mixer ေပၚမွာ သီးသန႔္ stream လႊင့္ဖို႔ ပူးေပါင္းထားခဲ့တဲ့ Ninja နဲ႔ Shroud တို႔လို streamer မ်ားကေတာ့ ယခုအခ်ိန္မွာ လြတ္လပ္သြားၾကၿပီျဖစ္လို႔ Twitch ေပၚကို ျပန္လည္ေရာက္ရွိသြားႏိုင္သလို Facebook Gaming ေပၚမွာလည္း stream လာႏိုင္ပါတယ္။ ဒီအျဖစ္အပ်က္မ်ား ထြက္ေပၚလာၿပီး ေနာက္ဆက္တြဲ သတင္းမ်ား အရ နာမည္ေက်ာ္ Streamer ႏွစ္ဦးျဖစ္တဲ့ Shroud နဲ႔ Ninja တို႔ကို Mixer Streaming Platform ဆီသို႔ ေခၚယူခဲ့ရမွာ Microsoft အေနနဲ႔ Shroud အတြက္ $10M, Ninja အတြက္ $30Million အသီးသီး အသုံးျပဳခဲ့ရေၾကာင္း စတဲ့ သတင္းမ်ားလည္း ထြက္ရွိလာခဲ့ပါတယ္။

Mixer ရဲ႕ ပိတ္သိမ္းမႈဟာ ဂိမ္းေလာကအတြင္းက စိတ္ဝင္စားစရာေကာင္းတဲ့ အလွည့္အေျပာင္းသတင္းတစ္ခုျဖစ္တာမို႔ ေဖာ္ျပလိုက္ရပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။