[Unicode]

COVID-19 ကူးစက်ခံထားရတဲ့ခရီးသည်နဲ့ လေယာဉ်အတူစီးမိလို့ quarantine လုပ်နေကြရတဲ့ Team Aster

 

ယခုလက်ရှိ DPC season အတွင်းက တတိယမြောက် Minor ကို အနိုင်ရရှိခဲ့တဲ့ Team Aster ဟာ ပြိုင်ပွဲအပြီးထဲက ကံဆိုးမှုများကို ကြုံတွေ့နေကြရပါတယ်။ Team Aster အသင်းသားများဟာ LA Major ကို ရွှေ့ဆိုင်းလိုက်ကြောင်း မကြေညာရသေးမီက လော့စ်အိန်ဂျလိစ်မြို့ကို သွားရောက်ပြီး ပြိုင်ပွဲဝင်နိုင်ဖို့ အမေရိကန်ဗီဇာအခက်အခဲများကိုရင်ဆိုင်ခဲ့ကြရသလို Minor ပွဲကနေ အိမ်အပြန်ခရီးမှာလည်း မျှော်လင့်မထားတဲ့ဖြစ်ရပ်တစ်ခုနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။

အဲဒါကတော့ Team Aster အသင်းသားများ လိုက်ပါစီးနင်းလာခဲ့တဲ့လေယာဉ်ပေါ်က ခရီးသည်တစ်ဦးမှာ COVID-19 ရောဂါပိုးရှိနေခဲ့တာပါ။ ဒါကြောင့် တရုတ်အစိုးရဟာ လေယာဉ်ပေါ်မှာလိုက်ပါလာခဲ့တဲ့ ChYuaN, Xxs, BoBoKa နဲ့ Fade တို့ ၄ ယောက်ကို အကြောင်းကြားပြီးနောက် quarantine လာရောက်ပြုလုပ်ဖို့အတွက် ခေါ်ယူခဲ့ပါတယ်။

Fade ရဲ့ Weibo ပို့စ်အရတော့ ကူးစက်ခံထားရတဲ့ ခရီးသည်ဟာ Team Aster အသင်းသားများနဲ့ ခုံ ၃ တန်းခန့်သာ ကွာဝေးတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Fade က Team Aster အသင်းသား ၄ ယောက်ဟာ အိမ်အပြန်ခရီးမှာ ဖင်လန်နိုင်ငံကနေ လေယာဉ်စီးလာခဲ့ကြပေမယ့် အခြား Team Aster အသင်းသားတစ်ဦးဖြစ်တဲ့ Sccc ကတော့ ဂျာမနီဘက်ကနေ မတူညီတဲ့လေယာဉ်ကို စီးလာခဲ့လို့ quarantine လုပ်စရာ မလိုအပ်ကြောင်း ကိုလည်း ရေးသားထားခဲ့ပါတယ်။

ဒီအကြောင်းကို ChYuan ကလည်း တွစ်တာပေါ်မှာ ရေးသားထားခဲ့ပါတယ်။ ChYuan ရဲ့ ရေးသားချက်အတွင်းမှာတော့ သူတို့ကို တရုတ်အစိုးရက quarantine စင်တာမှာ သီးခြားခွဲပြီး နေထိုင်စေမှာဖြစ်ကြောင်း၊ ဒါပေမယ့် သူတို့ ၄ ယောက်လုံးဟာ တရုတ်နိုင်ငံကို ပြန်ရောက်စဉ်တည်းက home quarantine ပြုလုပ်ထားခဲ့ကြတဲ့အတွက် စင်တာမှာ ၁၄ ရက်နေစရာမလိုတော့ပဲ မတ်လ ၂၉ ရက်နေ့အထိသာ ကြာမြင့်မှာဖြစ်ကြောင်း အစရှိသဖြင့် ပါဝင်ခဲ့ပါတယ်။

ဒါကြောင့် Team Aster ဟာ ဧပြီလ ၁ ရက်နေ့မှာ စတင်ကျင်းပမယ့် တရုတ် Dota 2 League ကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ အလားအလာများလှပါတယ်။ လက်ရှိမှာတော့ Team Aster အသင်းရဲ့ ပရိသတ်များရော Dota 2 အသိုင်းအဝိုင်းတစ်ခုလုံးကပါ Team Aster အသင်းသားများ ရောဂါကူးစက်ခံရခြင်း မရှိနေစေဖို့အတွက် မျှော်လင့်လျှက်ရှိကြပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: dotesports


[ZawGyi]

COVID-19 ကူးစက္ခံထားရတဲ့ခရီးသည္နဲ႔ ေလယာဥ္အတူစီးမိလို႔ quarantine လုပ္ေနၾကရတဲ့ Team Aster

 

ယခုလက္ရွိ DPC season အတြင္းက တတိယေျမာက္ Minor ကို အႏိုင္ရရွိခဲ့တဲ့ Team Aster ဟာ ၿပိဳင္ပြဲအၿပီးထဲက ကံဆိုးမႈမ်ားကို ႀကဳံေတြ႕ေနၾကရပါတယ္။ Team Aster အသင္းသားမ်ားဟာ LA Major ကို ေ႐ႊ႕ဆိုင္းလိုက္ေၾကာင္း မေၾကညာရေသးမီက ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕ကို သြားေရာက္ၿပီး ၿပိဳင္ပြဲဝင္ႏိုင္ဖို႔ အေမရိကန္ဗီဇာအခက္အခဲမ်ားကိုရင္ဆိုင္ခဲ့ၾကရသလို Minor ပြဲကေန အိမ္အျပန္ခရီးမွာလည္း ေမွ်ာ္လင့္မထားတဲ့ျဖစ္ရပ္တစ္ခုနဲ႔ ရင္ဆိုင္ခဲ့ၾကရပါတယ္။

အဲဒါကေတာ့ Team Aster အသင္းသားမ်ား လိုက္ပါစီးနင္းလာခဲ့တဲ့ေလယာဥ္ေပၚက ခရီးသည္တစ္ဦးမွာ COVID-19 ေရာဂါပိုးရွိေနခဲ့တာပါ။ ဒါေၾကာင့္ တ႐ုတ္အစိုးရဟာ ေလယာဥ္ေပၚမွာလိုက္ပါလာခဲ့တဲ့ ChYuaN, Xxs, BoBoKa နဲ႔ Fade တို႔ ၄ ေယာက္ကို အေၾကာင္းၾကားၿပီးေနာက္ quarantine လာေရာက္ျပဳလုပ္ဖို႔အတြက္ ေခၚယူခဲ့ပါတယ္။

Fade ရဲ႕ Weibo ပို႔စ္အရေတာ့ ကူးစက္ခံထားရတဲ့ ခရီးသည္ဟာ Team Aster အသင္းသားမ်ားနဲ႔ ခုံ ၃ တန္းခန႔္သာ ကြာေဝးတယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ Fade က Team Aster အသင္းသား ၄ ေယာက္ဟာ အိမ္အျပန္ခရီးမွာ ဖင္လန္ႏိုင္ငံကေန ေလယာဥ္စီးလာခဲ့ၾကေပမယ့္ အျခား Team Aster အသင္းသားတစ္ဦးျဖစ္တဲ့ Sccc ကေတာ့ ဂ်ာမနီဘက္ကေန မတူညီတဲ့ေလယာဥ္ကို စီးလာခဲ့လို႔ quarantine လုပ္စရာ မလိုအပ္ေၾကာင္း ကိုလည္း ေရးသားထားခဲ့ပါတယ္။

ဒီအေၾကာင္းကို ChYuan ကလည္း တြစ္တာေပၚမွာ ေရးသားထားခဲ့ပါတယ္။ ChYuan ရဲ႕ ေရးသားခ်က္အတြင္းမွာေတာ့ သူတို႔ကို တ႐ုတ္အစိုးရက quarantine စင္တာမွာ သီးျခားခြဲၿပီး ေနထိုင္ေစမွာျဖစ္ေၾကာင္း၊ ဒါေပမယ့္ သူတို႔ ၄ ေယာက္လုံးဟာ တ႐ုတ္ႏိုင္ငံကို ျပန္ေရာက္စဥ္တည္းက home quarantine ျပဳလုပ္ထားခဲ့ၾကတဲ့အတြက္ စင္တာမွာ ၁၄ ရက္ေနစရာမလိုေတာ့ပဲ မတ္လ ၂၉ ရက္ေန႔အထိသာ ၾကာျမင့္မွာျဖစ္ေၾကာင္း အစရွိသျဖင့္ ပါဝင္ခဲ့ပါတယ္။

ဒါေၾကာင့္ Team Aster ဟာ ဧၿပီလ ၁ ရက္ေန႔မွာ စတင္က်င္းပမယ့္ တ႐ုတ္ Dota 2 League ကို ဝင္ေရာက္ယွဥ္ၿပိဳင္ႏိုင္ဖို႔ အလားအလာမ်ားလွပါတယ္။ လက္ရွိမွာေတာ့ Team Aster အသင္းရဲ႕ ပရိသတ္မ်ားေရာ Dota 2 အသိုင္းအဝိုင္းတစ္ခုလုံးကပါ Team Aster အသင္းသားမ်ား ေရာဂါကူးစက္ခံရျခင္း မရွိေနေစဖို႔အတြက္ ေမွ်ာ္လင့္လွ်က္ရွိၾကပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

source: dotesports