[Zawgyi]

UK ရဲ႕ ေတာ္ဝင္ေလတပ္သားမ်ားအတြက္ ဖြင့္လွစ္လိုက္တဲ့ Esports center အသစ္

 

အဂၤလန္ႏိုင္ငံ Odiham မွာရွိေနတဲ့ ေတာ္ဝင္ေလတပ္ Royal Air Force (RAF) ဟာ သူတို႔အတြက္ ပထမဆုံး esports center ကို မၾကာေသးမီက ဖြင့္လွစ္လိုက္ပါတယ္။ ယင္း esports center မွာ PC ဂိမ္းမ်ားေရာ console ဂိမ္းမ်ားပါ ေဆာ့ကစားႏိုင္မွာျဖစ္ျပီး ကုန္က်စရိတ္မွန္သမွ်ကို RAF ရဲ႕ ဗဟိုဘ႑ာေငြထဲကေန မတည္ထူေထာင္ထားတာျဖစ္ပါတယ္။

ယခုလို ထူေထာင္ျပီး Local-area network (LAN) ဂိမ္းပြဲမ်ားေဆာ့ကစားေစျခင္းအားျဖင့္ RAF gamer အသိုင္းအဝုိင္းထဲမွာ ေပါင္းသင္းဆက္ဆံေရးမ်ား ပိုမိုေကာင္းမြန္လာေစဖုိ႔ ရည္ရြယ္ထားတာပါ။ ဂိမ္းကစားျခင္းဟာ စစ္ဘက္ဆိုင္ရာဌာနမ်ားမွာ အလြန္ေခတ္စားလာေနျပီး ဒီႏွစ္ရဲ႕အေစာပိုင္းတုန္းကလည္း esports နဲ႔ ပတ္သတ္တဲ့ လႈပ္ရွားမႈမ်ားျပဳလုပ္ဖုိ႔ RAF Video Gaming and E-sports Association (RAF VGEA) အဖြဲ႔အစည္းကို ထူေထာင္ထားျပီး ျဖစ္ပါတယ္။

RAF esports အသင္းမ်ားဟာ ေလ့က်င့္မႈမ်ားျပဳလုပ္ျပီးေနာက္ UK ရဲ႕ အၾကီးဆုံး esports ပြဲေတာ္ၾကီးျဖစ္တဲ့ Insomnia လို ပြဲမ်ားမွာ ဝင္ေရာက္ယွဥ္ျပိဳင္ၾကမွာပါ။ ဒီျပိဳင္ပြဲၾကီးကို Birmingham ရဲ႕ National Exhibition Center (NEC) မွာ ျပဳလုပ္မွာျဖစ္ျပီး Birmingham ဟာ အျခားေသာ esports ျပိဳင္ပြဲမ်ား ျပဳလုပ္ေလ့ရွိတဲ့ နာမည္ၾကီးျမိဳ႕တစ္ျမိဳ႕လည္း ျဖစ္ပါတယ္။ RAF Gamers Network (RGN) ဟာ Royal Air Force တစ္ခုလုံးရဲ႕ ၁.၅ ရာခိုင္ႏႈန္းအထိ အသင္းဝင္မ်ားရွိေနျပီျဖစ္ျပီး RAF Odiham အပါအဝင္ base ေပါင္း ၃၈ ခု ပါဝင္ေနတဲ့ ကြန္ယက္တစ္ခုျဖစ္ေနပါျပီ။

Insomnia Gaming Festival

RAF esports အဖြဲ႔အစည္းရဲ႕ ဥကၠဌျဖစ္သူ Wing Commander Dan Penter က “ဂိမ္းအေပၚမွာ အျမင္ေစာင္းေနၾကတဲ့ အထင္အျမင္အမွားမ်ားကို ဖယ္ရွားဖုိ႔ ရည္ရြယ္ျပီး အားလုံးအတူတကြ ကစားႏိုင္ၾကဖုိ႔ ရည္ရြယ္ထားပါတယ္။ ဒီအဖြဲ႔အစည္းဟာ RAF အတြင္းမွာ ရာထူးဂုဏ္သိကၡာေတြကို ထည့္မစဥ္းစားပဲ ညီညီညြတ္ညြတ္ ခ်စ္ခ်စ္ခ်စ္ခင္ခင္ျဖစ္လာဖုိ႔ အမ်ားၾကီးအေထာက္အကူျဖစ္လာပါလိမ့္မယ္။” လို႔ ေျပာၾကားခဲ့ပါတယ္။

RAF ဟာ esports နဲ႔ ပတ္သတ္တဲ့ အက်ိဳးတရားမ်ားကို ရရွိဖုိ႔ ယခုလို အစီအစဥ္မ်ားျပဳလုပ္ရျခင္းပါ။ Esports ဂိမ္းမ်ားကို ကစားျခင္းအားျဖင့္ STEM လို႔ အတိုေကာက္ေခၚေဝၚၾကတဲ့ Science, Technology, Engineering နဲ႔ Mathematic ေလးခုတို႔မွာ တိုးတက္ျပီး ရလဒ္ေကာင္းမ်ား ထြက္ေပၚလာမွာျဖစ္ပါတယ္။ ဆိုက္ဘာ ကာကြယ္ေရးမွာ တိုးတက္ေအာင္လည္း esports က အမ်ားၾကီး အေထာက္အကူျပဳပါတယ္။

Twitter ေပၚက esports ကစားသမားတစ္ဦးကလည္း သူ႔ရဲ႕ ဂိမ္းအေတြ႔အၾကံဳမ်ားဟာ RAF မွာ အလုပ္လုပ္ဖုိ႔ မ်ားစြာအေထာက္အကူျပဳေၾကာင္း ေရးသားခဲ့ပါတယ္။

ဂိမ္းကစားျခင္းဟာ စိတ္နဲ႔ကိုယ္ ပူးေပါင္းေဆာင္ရြက္ႏိုင္စြမ္း၊ ျပႆနာေျဖရွင္းႏိုင္စြမ္း၊ အာရုံစူးစိုက္ႏိုင္စြမ္း၊ ပိုမိုမွတ္သားႏိုင္စြမ္း၊ မတူညီတဲ့ကိစၥရပ္မ်ားကို တစ္ျပိဳင္တည္းေဆာင္ရြက္ႏိုင္စြမ္း၊ လွ်င္ျမန္စြာ စဥ္းစားႏိုင္စြမ္း စတာေတြကို ေပးစြမ္းႏိုင္တယ္လို႔ လူအမ်ားက ယုံၾကည္ၾကပါတယ္။ ဒီလို လုပ္ေဆာင္ႏိုင္စြမ္းမ်ားကို RAF ရဲ႕ the Lightning နဲ႔ the Reaper တို႔လို ေမာင္းသူမဲ့ဒရုန္းမ်ားကို ကိုင္တြယ္ႏိုင္ဖုိ႔အတြက္ မ်ားစြာ လိုအပ္ေနပါတယ္။

ဒီလို esports အစီအစဥ္မ်ားျပဳလုပ္ျခင္းအားျဖင့္ RAF ရဲ႕ လူသစ္စုေဆာင္းႏိုင္မႈအင္အားဟာလည္း ပိုမိုျမင့္တက္လာမွာျဖစ္ပါတယ္။ ဥပမာအားျဖင့္ Insomnia 2019 မွာ virtual environment simulators နဲ႔ ေလယာဥ္ပ်ံသန္းမႈေလ့က်င့္ေရးဂိမ္းမ်ားကို လာကစားၾကတဲ့ ကေလးမ်ားကို ေသခ်ာေလ့က်င့္ေပးျခင္းအားျဖင့္ ေနာင္တစ္ခ်ိန္မွာ ဂ်က္တိုက္ေလယာဥ္မွဴးမ်ားျဖစ္လာႏိုင္တယ္လို႔ RAF က ယုံၾကည္ပါတယ္။

Esports ဟာ UK ရဲ႕ စစ္တပ္သားအင္အား ေလ်ာ့က်လာျခင္း ျပႆနာကို ေျဖရွင္းႏိုင္ဖုိ႔လည္း ေမွ်ာ္လင့္တဲ့ နည္းဗ်ဴဟာတစ္ခုပါ။ စုေဆာင္းေရး အစီအစဥ္မွာ ပါဝင္တဲ့ Army recruitment billboard တစ္ခုမွာ binge gamer လို့ေခၚတဲ့ ဂိမ္းကစားသူမ်ားကို ဦးတည္ ေခၚယူေၾကာင္း အတိအလင္း ေရးသားထားခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာ RAF esports အဖြဲ႔အစည္းရဲ႕ ကိုယ္စားျပဳအသင္း eSquadron 404 ဟာ UK ရဲ႕ အေကာင္းဆုံး ဂိမ္းအသင္းမ်ားနဲ႔ ယွဥ္ျပိဳင္ကစားႏိုင္ေနျပီျဖစ္ပါတယ္။ မၾကာေသးမီက ျပဳလုပ္ခဲ့တဲ့ စစ္ဘက္ဆိုင္ရာဌာနအခ်င္းခ်င္းယွဥ္ျပိဳင္ၾကတဲ့ Overwatch ျပိဳင္ပြဲမွာ RAF က British Army ကို အႏိုင္ရရွိခဲ့ပါတယ္။

ဖြံ႕ျဖိဳးတိုးတက္ျပီးသား UK လို ႏိုင္ငံၾကီးမ်ားမွာ အက်ိဳးမ်ားတဲ့ esports ကို အားေပးတာဟာ မဆန္းက်ယ္လွတဲ့ အရာတစ္ခုပါ။ စစ္ဘက္ဆိုင္ရာအဖြဲ႔အစည္းမ်ားကပါ ဂိမ္းကစားျခင္းဟာ အေရးၾကီးတဲ့အရာတစ္ခုျဖစ္ေၾကာင္း နားလည္သေဘာေပါက္လာခဲ့ပါျပီ။ Esports က ရတဲ့ တိုးတက္ျခင္းအစြမ္းအစနဲ႔ အက်ိဳးေက်းဇူးမ်ားကို လက္ခံဖုိ႔ Royal Air Force ကေတာ့ အသင့္ျဖစ္ေနခဲ့ျပီပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။


[Unicode]

UK ရဲ့ တော်ဝင်လေတပ်သားများအတွက် ဖွင့်လှစ်လိုက်တဲ့ Esports center အသစ်

 

အင်္ဂလန်နိုင်ငံ Odiham မှာရှိနေတဲ့ တော်ဝင်လေတပ် Royal Air Force (RAF) ဟာ သူတို့အတွက် ပထမဆုံး esports center ကို မကြာသေးမီက ဖွင့်လှစ်လိုက်ပါတယ်။ ယင်း esports center မှာ PC ဂိမ်းများရော console ဂိမ်းများပါ ဆော့ကစားနိုင်မှာဖြစ်ပြီး ကုန်ကျစရိတ်မှန်သမျှကို RAF ရဲ့ ဗဟိုဘဏ္ဍာငွေထဲကနေ မတည်ထူထောင်ထားတာဖြစ်ပါတယ်။

ယခုလို ထူထောင်ပြီး Local-area network (LAN) ဂိမ်းပွဲများဆော့ကစားစေခြင်းအားဖြင့် RAF gamer အသိုင်းအဝိုင်းထဲမှာ ပေါင်းသင်းဆက်ဆံရေးများ ပိုမိုကောင်းမွန်လာစေဖို့ ရည်ရွယ်ထားတာပါ။ ဂိမ်းကစားခြင်းဟာ စစ်ဘက်ဆိုင်ရာဌာနများမှာ အလွန်ခေတ်စားလာနေပြီး ဒီနှစ်ရဲ့အစောပိုင်းတုန်းကလည်း esports နဲ့ ပတ်သတ်တဲ့ လှုပ်ရှားမှုများပြုလုပ်ဖို့ RAF Video Gaming and E-sports Association (RAF VGEA) အဖွဲ့အစည်းကို ထူထောင်ထားပြီး ဖြစ်ပါတယ်။

RAF esports အသင်းများဟာ လေ့ကျင့်မှုများပြုလုပ်ပြီးနောက် UK ရဲ့ အကြီးဆုံး esports ပွဲတော်ကြီးဖြစ်တဲ့ Insomnia လို ပွဲများမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။ ဒီပြိုင်ပွဲကြီးကို Birmingham ရဲ့ National Exhibition Center (NEC) မှာ ပြုလုပ်မှာဖြစ်ပြီး Birmingham ဟာ အခြားသော esports ပြိုင်ပွဲများ ပြုလုပ်လေ့ရှိတဲ့ နာမည်ကြီးမြို့တစ်မြို့လည်း ဖြစ်ပါတယ်။ RAF Gamers Network (RGN) ဟာ Royal Air Force တစ်ခုလုံးရဲ့ ၁.၅ ရာခိုင်နှုန်းအထိ အသင်းဝင်များရှိနေပြီဖြစ်ပြီး RAF Odiham အပါအဝင် base ပေါင်း ၃၈ ခု ပါဝင်နေတဲ့ ကွန်ယက်တစ်ခုဖြစ်နေပါပြီ။

Insomnia Gaming Festival

RAF esports အဖွဲ့အစည်းရဲ့ ဥက္ကဌဖြစ်သူ Wing Commander Dan Penter က “ဂိမ်းအပေါ်မှာ အမြင်စောင်းနေကြတဲ့ အထင်အမြင်အမှားများကို ဖယ်ရှားဖို့ ရည်ရွယ်ပြီး အားလုံးအတူတကွ ကစားနိုင်ကြဖို့ ရည်ရွယ်ထားပါတယ်။ ဒီအဖွဲ့အစည်းဟာ RAF အတွင်းမှာ ရာထူးဂုဏ်သိက္ခာတွေကို ထည့်မစဉ်းစားပဲ ညီညီညွတ်ညွတ် ချစ်ချစ်ချစ်ခင်ခင်ဖြစ်လာဖို့ အများကြီးအထောက်အကူဖြစ်လာပါလိမ့်မယ်။” လို့ ပြောကြားခဲ့ပါတယ်။

RAF ဟာ esports နဲ့ ပတ်သတ်တဲ့ အကျိုးတရားများကို ရရှိဖို့ ယခုလို အစီအစဉ်များပြုလုပ်ရခြင်းပါ။ Esports ဂိမ်းများကို ကစားခြင်းအားဖြင့် STEM လို့ အတိုကောက်ခေါ်ဝေါ်ကြတဲ့ Science, Technology, Engineering နဲ့ Mathematic လေးခုတို့မှာ တိုးတက်ပြီး ရလဒ်ကောင်းများ ထွက်ပေါ်လာမှာဖြစ်ပါတယ်။ ဆိုက်ဘာ ကာကွယ်ရေးမှာ တိုးတက်အောင်လည်း esports က အများကြီး အထောက်အကူပြုပါတယ်။

Twitter ပေါ်က esports ကစားသမားတစ်ဦးကလည်း သူ့ရဲ့ ဂိမ်းအတွေ့အကြုံများဟာ RAF မှာ အလုပ်လုပ်ဖို့ များစွာအထောက်အကူပြုကြောင်း ရေးသားခဲ့ပါတယ်။

ဂိမ်းကစားခြင်းဟာ စိတ်နဲ့ကိုယ် ပူးပေါင်းဆောင်ရွက်နိုင်စွမ်း၊ ပြဿနာဖြေရှင်းနိုင်စွမ်း၊ အာရုံစူးစိုက်နိုင်စွမ်း၊ ပိုမိုမှတ်သားနိုင်စွမ်း၊ မတူညီတဲ့ကိစ္စရပ်များကို တစ်ပြိုင်တည်းဆောင်ရွက်နိုင်စွမ်း၊ လျှင်မြန်စွာ စဉ်းစားနိုင်စွမ်း စတာတွေကို ပေးစွမ်းနိုင်တယ်လို့ လူအများက ယုံကြည်ကြပါတယ်။ ဒီလို လုပ်ဆောင်နိုင်စွမ်းများကို RAF ရဲ့ the Lightning နဲ့ the Reaper တို့လို မောင်းသူမဲ့ဒရုန်းများကို ကိုင်တွယ်နိုင်ဖို့အတွက် များစွာ လိုအပ်နေပါတယ်။

ဒီလို esports အစီအစဉ်များပြုလုပ်ခြင်းအားဖြင့် RAF ရဲ့ လူသစ်စုဆောင်းနိုင်မှုအင်အားဟာလည်း ပိုမိုမြင့်တက်လာမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် Insomnia 2019 မှာ virtual environment simulators နဲ့ လေယာဉ်ပျံသန်းမှုလေ့ကျင့်ရေးဂိမ်းများကို လာကစားကြတဲ့ ကလေးများကို သေချာလေ့ကျင့်ပေးခြင်းအားဖြင့် နောင်တစ်ချိန်မှာ ဂျက်တိုက်လေယာဉ်မှူးများဖြစ်လာနိုင်တယ်လို့ RAF က ယုံကြည်ပါတယ်။

Esports ဟာ UK ရဲ့ စစ်တပ်သားအင်အား လျော့ကျလာခြင်း ပြဿနာကို ဖြေရှင်းနိုင်ဖို့လည်း မျှော်လင့်တဲ့ နည်းဗျူဟာတစ်ခုပါ။ စုဆောင်းရေး အစီအစဉ်မှာ ပါဝင်တဲ့ Army recruitment billboard တစ်ခုမှာ binge gamer လို့ခေါ်တဲ့ ဂိမ်းကစားသူများကို ဦးတည် ခေါ်ယူကြောင်း အတိအလင်း ရေးသားထားခဲ့ပါတယ်။

လက်ရှိအချိန်မှာ RAF esports အဖွဲ့အစည်းရဲ့ ကိုယ်စားပြုအသင်း eSquadron 404 ဟာ UK ရဲ့ အကောင်းဆုံး ဂိမ်းအသင်းများနဲ့ ယှဉ်ပြိုင်ကစားနိုင်နေပြီဖြစ်ပါတယ်။ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ စစ်ဘက်ဆိုင်ရာဌာနအချင်းချင်းယှဉ်ပြိုင်ကြတဲ့ Overwatch ပြိုင်ပွဲမှာ RAF က British Army ကို အနိုင်ရရှိခဲ့ပါတယ်။

ဖွံ့ဖြိုးတိုးတက်ပြီးသား UK လို နိုင်ငံကြီးများမှာ အကျိုးများတဲ့ esports ကို အားပေးတာဟာ မဆန်းကျယ်လှတဲ့ အရာတစ်ခုပါ။ စစ်ဘက်ဆိုင်ရာအဖွဲ့အစည်းများကပါ ဂိမ်းကစားခြင်းဟာ အရေးကြီးတဲ့အရာတစ်ခုဖြစ်ကြောင်း နားလည်သဘောပေါက်လာခဲ့ပါပြီ။ Esports က ရတဲ့ တိုးတက်ခြင်းအစွမ်းအစနဲ့ အကျိုးကျေးဇူးများကို လက်ခံဖို့ Royal Air Force ကတော့ အသင့်ဖြစ်နေခဲ့ပြီပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။