[Unicode]

OG ကိုရောက်ရှိဖို့ သတင်းထွက်နေတဲ့ Midone

 

Team Secret ကနေ တရားဝင် ထွက်ခွာခဲ့တဲ့ MidOne ဟာ Ninjaboogie ပါဝင်တဲ့ SEAMonkeys ရဲ့ အသင်းသားသစ်အနေနဲ့ DreamLeague Season 13 ကို ဝင်ရောက်ခွင့်ရဖို့ မကြာသေးမီက ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့လို့ MidOne ဟာ ယင်းအသင်းနဲ့ ရှေ့ဆက်ဖို့ အလားအလာနည်းပါးနေသလို OG အသင်းကို ပြောင်းရွှေ့သွားနိုင်ကြောင်း ကောလဟလများလည်း ထွက်ပေါ်နေပါတယ်။

ယင်းသို့ ပြောင်းရွှေ့နိုင်ကြောင်းပြောခဲ့သူကတော့ မလေးရှား ကစားသမား X1aOyU ပါ။ X1aOyU ဟာ Vici Gaming မှာ ကာလအတန်ကြာ ကစားခဲ့ဖူးသူဖြစ်ပြီး ယခုအချိန်မှာတော့ You Know Who လို့ အမည်ရတဲ့အသင်းငယ်တစ်ခုမှာ ဝင်ရောက်ကစားနေသူပါ။ ယခင်က သူနဲ့ MidOne တို့ အတူတူကစားဖို့ အစီအစဉ်ချထားပေမယ့် မဖြစ်လာခဲ့ကြောင်းကိုလည်း X1aOyU က ပြောခဲ့ပါတယ်။

X1aOyU ဟာ MidOne OG အသင်းကို ပြောင်းရွှေ့နိုင်ကြောင်း ဂိမ်းတစ်ပွဲအတွင်းမှာ အသင်းဖော်များကို ပြောခဲ့တာပါ။ တရုတ်ဘာသာနဲ့ ပြောခဲ့တဲ့စကားများကို Reddit ပေါ်မှ ပရိသတ်များက ဘာသာပြန်ပေးခဲ့ပြီး အဓိပ္ပာယ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

“X1aOyU: MidOne ကတော့ OG ကို ပြောင်းသွားပြီ။
X1aOyU: ထင်မထားမိဘူး။
X1aOyU: ..
—-: ကောင်းတာပေါ့။
X1OyU: သူ ငါ့ကို အသင်းက ထွက်ဖို့ ခွင့်တောင်းသွားတယ်။ ငါ ဒုက္ခဖြစ်အောင် ထားခဲ့ပြီ။”

X1aOyU ပြောထားတဲ့ စကားများအရတော့ ထိုစဉ်က MidOne သူ့အသင်းကနေ ထွက်ခွာသွားခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်နေပုံပါ။ MidOne လက်ရှိကစားနေတဲ့ SEAMonkeys ရဲ့ အသင်းခေါင်းဆောင် Ninjaboogie ဟာလည်း မကြာသေးမီကပဲ အသင်းကို စွန့်ခွာသွားပြီဖြစ်လို့ ဒီကောလဟလဟာ ပိုမို ပျံနှံ့လာခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်ထိ MidOne ရော OG အသင်းပါ အပြောင်းအရွှေ့ကိစ္စများနဲ့ ပတ်သက်လို့ တရားဝင်ကြေညာထားခြင်း မရှိသေးပါဘူး။

MidOne လို ထိပ်တန်းကစားသမားတစ်ဦးအနေနဲ့ OG အသင်းမှာ ဝင်ရောက်ကစားဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။
OG ရဲ့ Core Player Ana ဟာလည်း ကျောင်းပြန်တက်ရမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မကြာခဏဆိုသလို အသင်းကနေ ကာလအတန်ကြာ အနားယူတက်ပါတယ်။

ဒါ့အပြင် စံချိန်တင် TI ၂ ခါရထားမလို့လည်း OG ကစားသမားတွေထဲမှာလည်း အနိုင်နဲ့ပိုင်းပြီ အနားယူမယ့်သူတွေ ထွက်ပေါ်လာနိုင်သေးပါတယ်။ အဆိုပါ ကောလဟာလကိုတော့ rOtK က ယူဆောင်လာတာဖြစ်ပြီး သူရဲ့ weibo account မှာ “မကြာခင် Legendary ကစားသမားတစ်ဦး အနားယူ (retire) မှာဖြစ်ပြီး အစားထိုးမယ့်သူကတော့… ” လို့ ရေးသားထားပါတယ်။ အများစုကတော့ n0tail သိုမဟုတ် Ceb ကို အနားယူမယ်လို့ ခန့်မှန်းနေကြပြီး အချို့ကလည်း တရုတ် Dota Legend တစ်ယောက်သာဖြစ်မယ်လို့ ရေးသားနေကြပါတယ်။

တတိယ Major မှာ ပြနိလာမယ်လို့ ကြေညာထားတဲ့ OG အသင်းအနေနဲ့ DPC season အတွင်းက ပြိုင်ပွဲများကို stand in ကစားသမားများနဲ့ ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်လာနိုင်ပါတယ်။ တိကျတဲ့သတင်းမဟုတ်သေးပေမယ့် စောင့်ကြည့်ကြရမယ့် စိတ်ဝင်စားဖွယ်ကိစ္စတစ်ခုပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်လျက် ရှိပါတယ်။

source: dotesports, MEF

 


[ZawGyi]

OG ကိုေရာက္ရွိဖို႔ သတင္းထြက္ေနတဲ့ Midone

 

Team Secret ကေန တရားဝင္ ထြက္ခြာခဲ့တဲ့ MidOne ဟာ Ninjaboogie ပါဝင္တဲ့ SEAMonkeys ရဲ႕ အသင္းသားသစ္အေနနဲ႔ DreamLeague Season 13 ကို ဝင္ေရာက္ခြင့္ရဖို႔ မၾကာေသးမီက ႀကိဳးပမ္းခဲ့ပါတယ္။ ဒါေပမယ့္ မေအာင္ျမင္ခဲ့လို႔ MidOne ဟာ ယင္းအသင္းနဲ႔ ေရွ႕ဆက္ဖို႔ အလားအလာနည္းပါးေနသလို OG အသင္းကို ေျပာင္းေ႐ႊ႕သြားႏိုင္ေၾကာင္း ေကာလဟလမ်ားလည္း ထြက္ေပၚေနပါတယ္။

ယင္းသို႔ ေျပာင္းေ႐ႊ႕ႏိုင္ေၾကာင္းေျပာခဲ့သူကေတာ့ မေလးရွား ကစားသမား X1aOyU ပါ။ X1aOyU ဟာ Vici Gaming မွာ ကာလအတန္ၾကာ ကစားခဲ့ဖူးသူျဖစ္ၿပီး ယခုအခ်ိန္မွာေတာ့ You Know Who လို႔ အမည္ရတဲ့အသင္းငယ္တစ္ခုမွာ ဝင္ေရာက္ကစားေနသူပါ။ ယခင္က သူနဲ႔ MidOne တို႔ အတူတူကစားဖို႔ အစီအစဥ္ခ်ထားေပမယ့္ မျဖစ္လာခဲ့ေၾကာင္းကိုလည္း X1aOyU က ေျပာခဲ့ပါတယ္။

X1aOyU ဟာ MidOne OG အသင္းကို ေျပာင္းေ႐ႊ႕ႏိုင္ေၾကာင္း ဂိမ္းတစ္ပြဲအတြင္းမွာ အသင္းေဖာ္မ်ားကို ေျပာခဲ့တာပါ။ တ႐ုတ္ဘာသာနဲ႔ ေျပာခဲ့တဲ့စကားမ်ားကို Reddit ေပၚမွ ပရိသတ္မ်ားက ဘာသာျပန္ေပးခဲ့ၿပီး အဓိပၸာယ္မ်ားကေတာ့ ေအာက္ပါအတိုင္းျဖစ္ပါတယ္။

“X1aOyU: MidOne ကေတာ့ OG ကို ေျပာင္းသြားၿပီ။
X1aOyU: ထင္မထားမိဘူး။
X1aOyU: ..
—-: ေကာင္းတာေပါ့။
X1OyU: သူ ငါ့ကို အသင္းက ထြက္ဖို႔ ခြင့္ေတာင္းသြားတယ္။ ငါ ဒုကၡျဖစ္ေအာင္ ထားခဲ့ၿပီ။”

X1aOyU ေျပာထားတဲ့ စကားမ်ားအရေတာ့ ထိုစဥ္က MidOne သူ႔အသင္းကေန ထြက္ခြာသြားခဲ့တဲ့အတြက္ စိတ္မေကာင္းျဖစ္ေနပုံပါ။ MidOne လက္ရွိကစားေနတဲ့ SEAMonkeys ရဲ႕ အသင္းေခါင္းေဆာင္ Ninjaboogie ဟာလည္း မၾကာေသးမီကပဲ အသင္းကို စြန္႔ခြာသြားၿပီျဖစ္လို႔ ဒီေကာလဟလဟာ ပိုမို ပ်ံႏွံ႔လာခဲ့ပါတယ္။ ဒါေပမယ့္ လက္ရွိအခ်ိန္ထိ MidOne ေရာ OG အသင္းပါ အေျပာင္းအေ႐ႊ႕ကိစၥမ်ားနဲ႔ ပတ္သက္လို႔ တရားဝင္ေၾကညာထားျခင္း မရွိေသးပါဘူး။

MidOne လို ထိပ္တန္းကစားသမားတစ္ဦးအေနနဲ႔ OG အသင္းမွာ ဝင္ေရာက္ကစားဖို႔ဆိုတာ မျဖစ္ႏိုင္တဲ့ကိစၥတစ္ခုေတာ့ မဟုတ္ပါဘူး။
OG ရဲ႕ Core Player Ana ဟာလည္း ေက်ာင္းျပန္တက္ရမယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ မၾကာခဏဆိုသလို အသင္းကေန ကာလအတန္ၾကာ အနားယူတက္ပါတယ္။

ဒါ့အျပင္ စံခ်ိန္တင္ TI ၂ ခါရထားမလို႔လည္း OG ကစားသမားေတြထဲမွာလည္း အႏိုင္နဲ႔ပိုင္းၿပီ အနားယူမယ့္သူေတြ ထြက္ေပၚလာႏိုင္ေသးပါတယ္။ အဆိုပါ ေကာလဟာလကိုေတာ့ rOtK က ယူေဆာင္လာတာျဖစ္ၿပီး သူရဲ႕ weibo account မွာ “မၾကာခင္ Legendary ကစားသမားတစ္ဦး အနားယူ (retire) မွာျဖစ္ၿပီး အစားထိုးမယ့္သူကေတာ့… ” လို႔ ေရးသားထားပါတယ္။ အမ်ားစုကေတာ့ n0tail သိုမဟုတ္ Ceb ကို အနားယူမယ္လို႔ ခန႔္မွန္းေနၾကၿပီး အခ်ိဳ႕ကလည္း တ႐ုတ္ Dota Legend တစ္ေယာက္သာျဖစ္မယ္လို႔ ေရးသားေနၾကပါတယ္။

တတိယ Major မွာ ျပနိလာမယ္လို႔ ေၾကညာထားတဲ့ OG အသင္းအေနနဲ႔ DPC season အတြင္းက ၿပိဳင္ပြဲမ်ားကို stand in ကစားသမားမ်ားနဲ႔ ျပန္လည္ဝင္ေရာက္ယွဥ္ၿပိဳင္လာႏိုင္ပါတယ္။ တိက်တဲ့သတင္းမဟုတ္ေသးေပမယ့္ ေစာင့္ၾကည့္ၾကရမယ့္ စိတ္ဝင္စားဖြယ္ကိစၥတစ္ခုပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္ တင္ဆက္လ်က္ ရွိပါတယ္။

source: dotesports, MEF