[Zawgyi]

Moonduck Studio ရဲ႕ BETWAY Midas Mode 2.0 tournament ေဖ်ာ္ေျဖေရးအသားေပးျပိဳင္ပြဲၾကီးကေတာ့ မၾကာခင္ ေရာက္ရွိလာေတာ့မွာပါ။ ဝင္ေရာက္ကစားၾကမယ့္အသင္းမ်ားကိုလည္း ထုတ္ျပန္ေၾကညာလိုက္ျပီျဖစ္ျပီး ထိုအသင္းမ်ားမွာ ေခတ္အဆက္ဆက္ရဲ႕ နာမည္ေက်ာ္ၾကားလူသိမ်ားခဲ့တဲ့ လြမ္းေမာဖြယ္ legendary ကစားသမားေဟာင္းၾကီးမ်ား ပါဝင္လာပါတယ္။ North America, China နဲ႔ Europe region သုံးခုကေန အသင္းစုစုေပါင္း ၁၂ သင္း ဝင္ေရာက္ယွဥ္ျပိဳင္မွာ ျဖစ္ပါတယ္။

The International (TI) ျပိဳင္ပြဲမ်ားကို အႏိုင္ရရွိစဥ္က အသင္းသားေဟာင္းလူစာရင္းအတိုင္း Midas Mode 2.0 ကိုဝင္ေရာက္ကစားၾကမယ့္ အသင္းသုံးသင္းရွိပါတယ္။ ထိုအသင္းမ်ားကေတာ့ TI1 ရဲ႕ Na’Vi, TI3 ရဲ႕ Alliance, TI8 နဲ႔ TI9 ကို အႏိုင္ရရွိခဲ့တဲ့ OG တို႔ပါ။ အတူတကြ မျမင္ေတြ႔ရတာၾကာျပီျဖစ္တဲ့ နာမည္ေက်ာ္မ်ားကို ဒီပြဲမွာ ျမင္ေတြ႔ၾကရေတာ့မွာပါ။

North America region အသင္းမ်ားဟာ ပထမဆုံးယွဥ္ျပိဳင္ကစားၾကရမွာျဖစ္ျပီး စက္တင္ဘာ ၂၄ ရက္ေန႔မွာ စတင္မယ္လို့ တရားဝင္ေၾကညာထားပါတယ္။ North America ကေန ဝင္ေရာက္ယွဥ္ျပိဳင္ၾကမယ့္ အသင္းမ်ားကေတာ့ Fighting Pepegas, Team Anvorgesa, J.Storm နဲ႔ Beastcoast တို႔ပါ။

Fighting Pepegas ကေတာ့ North America ရဲ႕ ပရိသတ္ၾကိဳက္ ကစားသမားမ်ား စုစည္းေနတဲ့ အသင္းပါ။ နာမည္ေက်ာ္ကစားသမား EternalEnVy, Bryle, MoonMeander, Sneyking နဲ႔ Aui_2000 တို႔ ပါဝင္ျပီး အမ်ားစုကေတာ့ ကေနဒါႏြယ္ဖြားမ်ားျဖစ္္ၾကပါတယ္။

Team Anvorgesa ဟာ North America ကေန ဝင္ေရာက္ယွဥ္ျပိဳင္မွာျဖစ္ေပမယ့္ တကယ္ေတာ့ ေတာင္အေမရိကအသင္းျဖစ္ပါတယ္။ TI9 ကို Infamous အသင္းအေနနဲ႔ ဝင္ေရာက္ယွဥ္ျပိဳင္ခဲ့ၾကတဲ့ ကစားသမားမ်ားျဖစ္ျပီး TI9 မွာ ၇ နဲ႔ ၈ ပူးတြဲေနရာကို ရရွိထားႏိုင္ခဲ့ပါတယ္။

J.Storm ကေတာ့ မၾကာေသးမီက 2019-2020 DPC season အတြက္ ေၾကညာထားတဲ့ လူစာရင္းနဲ႔ ဝင္ေရာက္ကစားမွာပါ။ Dota Summit 10 အျပီးမွာတည္းက ေပ်ာက္သြားျပီး ၂လေလာက္ မျမင္ေတြ႔ခဲ့ရတဲ့အသင္းကို ျပန္လည္ ျမင္ေတြ႔ရမွာျဖစ္ပါတယ္။ အသင္းသားအေျပာင္းအလဲအေနနဲ့ ပီရူးႏိုင္ငံသားကစားသမား MoOz ပါဝင္လာပါတယ္။

Beastcoast အသင္းရဲ႕ လူစာရင္းကိုေတာ့ ေၾကညာျခင္း မရွိေသးပါဘူး။ မၾကာေသးမီမွာ သိရွိရမယ္လို႔ ေမွ်ာ္လင့္ရျပီး နာမည္ၾကီးကစားသမားေတြ ပါဝင္လာႏိုင္ပါတယ္။

China region မွ အသင္းမ်ားကေတာ့ စက္တင္ဘာ ၂၉ ရက္ေန႔မွာ စတင္ကစားၾကရမွာပါ။ ပါဝင္ယွဥ္ျပိဳင္ၾကမယ့္ အသင္းမ်ားကေတာ့ Vici Gaming, EHOME, Fnatic နဲ႔ BurNIng’s Legion တို႔ပါ။ China region ဟာ ဒီႏွစ္ျပိဳင္ပြဲမွာမွ ပါဝင္လာခဲ့တာျဖစ္ျပီး ပထမဆုံးျပဳလုပ္ခဲ့တဲ့ Midas Mode မွာ North America နဲ႔ European အသင္းမ်ားသာ ပါဝင္ခဲ့တာျဖစ္ပါတယ္။

Vici Gaming အေနနဲ႔ကေတာ့ မၾကာေသးမီကထြက္ခြာသြားတဲ့ Fade တစ္ေယာက္ကို ဖယ္ထားျပီး က်န္အသင္းသား ၄ ေယာက္ ဝင္ေရာက္ယွဥ္ျပိဳင္မယ္လို႔ ေၾကညာခဲ့ပါတယ္။ ယခုအခ်ိန္မွာေတာ့ လာမယ့္ DPC season အတြက္ အသင္းသားစာရင္းထြက္ေပၚလာျပီ ျဖစ္လုိ့ အဲဒီ လူစာရင္းအတိုင္း ဝင္ေရာက္ယွဥ္ျပိဳင္ၾကမွာပါ။ Vici Gaming ဟာ ၂၀၁၈ မွာ Moonduck ကေန ျပဳလုပ္တဲ့ Captain’s Draft 4.0 မွာ ဒုတိယရရွိခဲ့တဲ့အသင္းလည္းျဖစ္လို႔ ဒီလိုျပိဳင္ပြဲမ်ားမွာ ေလ်ာ့တြက္လို႔ မရတဲ့အသင္းတစ္သင္းျဖစ္ပါတယ္။

EHOME အသင္းကေတာ့ လက္ရွိမွာ ကစားသမား ၇ ေယာက္ေတာင္ ရွိေနျပီး ဘယ္ ၅ ေယာက္က Midas Mode ကို ဝင္ေရာက္ယွဥ္ျပိဳင္မလဲဆိုတာ မသိရေသးပါဘူး။ မည္သူယွဥ္ျပိဳင္သည္ျဖစ္ေစ EHOME အသင္းရဲ႕ နည္းျပ xiao8 ဟာ အေတြ႔အၾကံဳမ်ားျပားျပီး နည္းပရိယာယ္ၾကြယ္ဝလို႔ သူတို႔အသင္းရဲ႕ ကစားပုံဟာ စိတ္ဝင္စားစရာေကာင္းမွာ ေသခ်ာလွပါတယ္။

အေရွ႕ေတာင္အာရွအသင္းၾကီးျဖစ္တဲ့ Fnatic အသင္းဟာလည္း အစားထိုး standin ကစားသမား ၂ ေယာက္ကို ထည့္သြင္းျပီး ဝင္ေရာက္ယွဥ္ျပိဳင္မွာပါ။ သူတို႔ထဲက တစ္ေယာက္ကေတာ့ ESL One Mumbai 2019 မွာ MVP ရရွိခဲ့တဲ့ Febby ျဖစ္ပါတယ္။

ေနာက္ဆုံး တရုတ္အသင္းကေတာ့ BurNIng’s Legion ျဖစ္ျပီး ကစားသမားေဟာင္းၾကီး BurNIng ဦးေဆာင္ဖြဲ႔စည္းထားတာပါ။ မတူညီတဲ့ တရုတ္အသင္းေပါင္းစုံက ကစားသမားမ်ားကို ဒီအသင္းထဲမွာ စုေပါင္းထားပါတယ္။

Europe region ကေန ဝင္ေရာက္ယွဥ္ျပိဳင္မယ့္ အသင္းမ်ားကေတာ့ အားလုံးထဲမွာ လူစိတ္ဝင္စားခံရဆုံးအသင္းမ်ားျဖစ္ျပီး TI ခ်န္ပီယံေဟာင္း ၃ သင္းလုံး ပါဝင္ပါတယ္။ အသင္းမ်ားကေတာ့ OG, Na’Vi, Alliance နဲ႔ Sir Sadim’s Stunners တို႔ပါ။

လတ္တေလာကမွ TI9 မွာ အႏိုင္ရရွိထားသလို TI8 ခ်န္ပီယံေဟာင္းမ်ားလည္း ျဖစ္ၾကတဲ့ OG အသင္းသားမ်ားဟာ လူစာရင္းျပည့္နဲ႔ ဝင္ေရာက္ယွဥ္ျပိဳင္ၾကမွာပါ။ မၾကာေသးမီက Topson နဲ႔ Ana တို႔ဟာ Dota 2 ျပိဳင္ပြဲမ်ားကေန ေခတၱအနားယူမယ္လို႔ ေၾကညာခဲ့ေပမယ့္ ဒီျပိဳင္ပြဲမွာ ဝင္ေရာက္ကစားတာကို ျမင္ေတြ႔ၾကရဦးမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ Midas Mode ၿပိဳင္ပြဲက DPC စာရင္းဝင္ ေမဂ်ာမုိင္နာပြဲမဟုတ္တာေၾကာင့္ အေပ်ာ္သေဘာနဲ႔ ဝင္ကစားတာျဖစ္မွာပါ။

TI1 ကို အႏိုင္ရရွိစဥ္က Na’Vi အသင္းသားေဟာင္းမ်ားနဲ႔ TI3 ကို အႏိုင္ရရွိစဥ္က Alliance အသင္းသားေဟာင္းမ်ားကို တစ္စုတစ္စည္းတည္းျမင္ေတြ႔ၾကရမွာ ျဖစ္ပါတယ္။ ကစားသမားမ်ားဟာ လက္ရွိမွာ မတူညီတဲ့အသင္းမ်ားမွာ ကစားေနၾကသလို အခ်ိဳ႕ဆို အနားေတာင္ယူသြားခဲ့ျပီျဖစ္ေပမယ့္ Midas Mode 2.0 ပြဲအတြက္ ေပါင္းစည္းၾကမွာပါ။

Na’Vi အသင္းရဲ႕ ေခါင္းစဥ္ေအာက္မွာ ကမၻာ့လူၾကိဳက္အမ်ားဆုံးကစားသမားမ်ားထဲက တစ္ဦးျဖစ္တဲ့ Dendi, လက္ရွိ Team Secret ရဲ႕ အသင္းေခါင္းေဆာင္ Puppey, မျမင္ေတြ႔ရတာ ၾကာျပီျဖစ္တဲ့ XBOCT, Artstyle နဲ႔ LighTofHeaveN တို႔ ပါဝင္ကစားၾကမွာပါ။

Alliance အသင္းမွာေတာ့ အသင္းရဲ႕ CEO အျဖစ္တာဝန္ယူထားတဲ့ Loda, Streamer / Panelist အျဖစ္ ေျပာင္းလဲလုပ္ကုိင္ေနတဲ့ AdmiralBulldog, လက္ရွိ Dota 2 ျပိဳင္ပြဲမ်ားမွာ ေကာင္းစြာျမင္ေတြ႔ေနရေသးတဲ့ S4 တို့အျပင္ EGM နဲ႔ Akke တို႔ကို ျပန္ျမင္ရမွာ ျဖစ္ပါတယ္။

Sir Sadim’s Stunners အသင္းဟာလည္း လူၾကိဳက္မ်ားလွတဲ့ pub star မ်ားလည္း ျဖစ္၊ pro ကစားသမားမ်ားလည္း ျဖစ္ၾကသူမ်ားနဲ႔ ဖြဲ႔စည္းထားတာပါ။ SingSing, SexyBamboe, Wagamama, Gorgc နဲ႔ syndereN တို႔ ပါဝင္ျပီး streamer အမ်ားစုနဲ႔ ဖြဲ႕စည္းထားလို႔ meme roster လို႔ အမ်ားက တင္စားေနၾကပါတယ္။

Alliance.Akke with Gorgc, SingSing & Bamboe

ဒီလို legendary ကစားသမားၾကီးမ်ားနဲ႕ နာမည္ေက်ာ္မ်ား ဝင္ေရာက္ကစားၾကမယ့္ Midas Mode 2.0 ပြဲကို စက္တင္ဘာ ၂၄ ကေန စတင္ၾကည့္ရႈႏိုင္ၾကမွာပါ။ အသင္းလိုက္ ကစားသမားမ်ား ေပ်ာ္ေပ်ာ္ပါးပါးယွဥ္ျပိဳင္ေနၾကတာကို Moonduck Studio ရဲ႕ Twitch channel ကေန ျပသမွာျဖစ္ျပီး ၾကည့္ရႈဖုိ႔ေကာင္းလွတဲ့ entertainment ျပိဳင္ပြဲပဲ ျဖစ္ပါေတာ့တယ္။ Esports သတင္းမ်ားနဲ႔ အေၾကာင္းအရာမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။

ဒါကေတာ့ Midas Mode အေၾကာင္းကို အေသးစိတ္ရွင္းျပထားတဲ့ Moonduck က Official Video ပဲ ျဖစ္ပါတယ္။

[Unicode]

Moonduck Studio ရဲ့ BETWAY Midas Mode 2.0 tournament ဖျော်ဖြေရေးအသားပေးပြိုင်ပွဲကြီးကတော့ မကြာခင် ရောက်ရှိလာတော့မှာပါ။ ဝင်ရောက်ကစားကြမယ့်အသင်းများကိုလည်း ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပြီး ထိုအသင်းများမှာ ခေတ်အဆက်ဆက်ရဲ့ နာမည်ကျော်ကြားလူသိများခဲ့တဲ့ လွမ်းမောဖွယ် legendary ကစားသမားဟောင်းကြီးများ ပါဝင်လာပါတယ်။ North America, China နဲ့ Europe region သုံးခုကနေ အသင်းစုစုပေါင်း ၁၂ သင်း ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

The International (TI) ပြိုင်ပွဲများကို အနိုင်ရရှိစဉ်က အသင်းသားဟောင်းလူစာရင်းအတိုင်း Midas Mode 2.0 ကိုဝင်ရောက်ကစားကြမယ့် အသင်းသုံးသင်းရှိပါတယ်။ ထိုအသင်းများကတော့ TI1 ရဲ့ Na’Vi, TI3 ရဲ့ Alliance, TI8 နဲ့ TI9 ကို အနိုင်ရရှိခဲ့တဲ့ OG တို့ပါ။ အတူတကွ မမြင်တွေ့ရတာကြာပြီဖြစ်တဲ့ နာမည်ကျော်များကို ဒီပွဲမှာ မြင်တွေ့ကြရတော့မှာပါ။

North America region အသင်းများဟာ ပထမဆုံးယှဉ်ပြိုင်ကစားကြရမှာဖြစ်ပြီး စက်တင်ဘာ ၂၄ ရက်နေ့မှာ စတင်မယ်လို့ တရားဝင်ကြေညာထားပါတယ်။ North America ကနေ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် အသင်းများကတော့ Fighting Pepegas, Team Anvorgesa, J.Storm နဲ့ Beastcoast တို့ပါ။

Fighting Pepegas ကတော့ North America ရဲ့ ပရိသတ်ကြိုက် ကစားသမားများ စုစည်းနေတဲ့ အသင်းပါ။ နာမည်ကျော်ကစားသမား EternalEnVy, Bryle, MoonMeander, Sneyking နဲ့ Aui_2000 တို့ ပါဝင်ပြီး အများစုကတော့ ကနေဒါနွယ်ဖွားများဖြစ်ကြပါတယ်။

Team Anvorgesa ဟာ North America ကနေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပေမယ့် တကယ်တော့ တောင်အမေရိကအသင်းဖြစ်ပါတယ်။ TI9 ကို Infamous အသင်းအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ ကစားသမားများဖြစ်ပြီး TI9 မှာ ၇ နဲ့ ၈ ပူးတွဲနေရာကို ရရှိထားနိုင်ခဲ့ပါတယ်။

J.Storm ကတော့ မကြာသေးမီက 2019-2020 DPC season အတွက် ကြေညာထားတဲ့ လူစာရင်းနဲ့ ဝင်ရောက်ကစားမှာပါ။ Dota Summit 10 အပြီးမှာတည်းက ပျောက်သွားပြီး ၂လလောက် မမြင်တွေ့ခဲ့ရတဲ့အသင်းကို ပြန်လည် မြင်တွေ့ရမှာဖြစ်ပါတယ်။ အသင်းသားအပြောင်းအလဲအနေနဲ့ ပီရူးနိုင်ငံသားကစားသမား MoOz ပါဝင်လာပါတယ်။

Beastcoast အသင်းရဲ့ လူစာရင်းကိုတော့ ကြေညာခြင်း မရှိသေးပါဘူး။ မကြာသေးမီမှာ သိရှိရမယ်လို့ မျှော်လင့်ရပြီး နာမည်ကြီးကစားသမားတွေ ပါဝင်လာနိုင်ပါတယ်။

China region မှ အသင်းများကတော့ စက်တင်ဘာ ၂၉ ရက်နေ့မှာ စတင်ကစားကြရမှာပါ။ ပါဝင်ယှဉ်ပြိုင်ကြမယ့် အသင်းများကတော့ Vici Gaming, EHOME, Fnatic နဲ့ BurNIng’s Legion တို့ပါ။ China region ဟာ ဒီနှစ်ပြိုင်ပွဲမှာမှ ပါဝင်လာခဲ့တာဖြစ်ပြီး ပထမဆုံးပြုလုပ်ခဲ့တဲ့ Midas Mode မှာ North America နဲ့ European အသင်းများသာ ပါဝင်ခဲ့တာဖြစ်ပါတယ်။

Vici Gaming အနေနဲ့ကတော့ မကြာသေးမီကထွက်ခွာသွားတဲ့ Fade တစ်ယောက်ကို ဖယ်ထားပြီး ကျန်အသင်းသား ၄ ယောက် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ကြေညာခဲ့ပါတယ်။ ယခုအချိန်မှာတော့ လာမယ့် DPC season အတွက် အသင်းသားစာရင်းထွက်ပေါ်လာပြီ ဖြစ်လို့ အဲဒီ လူစာရင်းအတိုင်း ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။ Vici Gaming ဟာ ၂၀၁၈ မှာ Moonduck ကနေ ပြုလုပ်တဲ့ Captain’s Draft 4.0 မှာ ဒုတိယရရှိခဲ့တဲ့အသင်းလည်းဖြစ်လို့ ဒီလိုပြိုင်ပွဲများမှာ လျော့တွက်လို့ မရတဲ့အသင်းတစ်သင်းဖြစ်ပါတယ်။

EHOME အသင်းကတော့ လက်ရှိမှာ ကစားသမား ၇ ယောက်တောင် ရှိနေပြီး ဘယ် ၅ ယောက်က Midas Mode ကို ဝင်ရောက်ယှဉ်ပြိုင်မလဲဆိုတာ မသိရသေးပါဘူး။ မည်သူယှဉ်ပြိုင်သည်ဖြစ်စေ EHOME အသင်းရဲ့ နည်းပြ xiao8 ဟာ အတွေ့အကြုံများပြားပြီး နည်းပရိယာယ်ကြွယ်ဝလို့ သူတို့အသင်းရဲ့ ကစားပုံဟာ စိတ်ဝင်စားစရာကောင်းမှာ သေချာလှပါတယ်။

အရှေ့တောင်အာရှအသင်းကြီးဖြစ်တဲ့ Fnatic အသင်းဟာလည်း အစားထိုး standin ကစားသမား ၂ ယောက်ကို ထည့်သွင်းပြီး ဝင်ရောက်ယှဉ်ပြိုင်မှာပါ။ သူတို့ထဲက တစ်ယောက်ကတော့ ESL One Mumbai 2019 မှာ MVP ရရှိခဲ့တဲ့ Febby ဖြစ်ပါတယ်။

နောက်ဆုံး တရုတ်အသင်းကတော့ BurNIng’s Legion ဖြစ်ပြီး ကစားသမားဟောင်းကြီး BurNIng ဦးဆောင်ဖွဲ့စည်းထားတာပါ။ မတူညီတဲ့ တရုတ်အသင်းပေါင်းစုံက ကစားသမားများကို ဒီအသင်းထဲမှာ စုပေါင်းထားပါတယ်။

Europe region ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် အသင်းများကတော့ အားလုံးထဲမှာ လူစိတ်ဝင်စားခံရဆုံးအသင်းများဖြစ်ပြီး TI ချန်ပီယံဟောင်း ၃ သင်းလုံး ပါဝင်ပါတယ်။ အသင်းများကတော့ OG, Na’Vi, Alliance နဲ့ Sir Sadim’s Stunners တို့ပါ။

လတ်တလောကမှ TI9 မှာ အနိုင်ရရှိထားသလို TI8 ချန်ပီယံဟောင်းများလည်း ဖြစ်ကြတဲ့ OG အသင်းသားများဟာ လူစာရင်းပြည့်နဲ့ ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။ မကြာသေးမီက Topson နဲ့ Ana တို့ဟာ Dota 2 ပြိုင်ပွဲများကနေ ခေတ္တအနားယူမယ်လို့ ကြေညာခဲ့ပေမယ့် ဒီပြိုင်ပွဲမှာ ဝင်ရောက်ကစားတာကို မြင်တွေ့ကြရဦးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Midas Mode ပြိုင်ပွဲက DPC စာရင်းဝင် မေဂျာမိုင်နာပွဲမဟုတ်တာကြောင့် အပျော်သဘောနဲ့ ဝင်ကစားတာဖြစ်မှာပါ။

TI1 ကို အနိုင်ရရှိစဉ်က Na’Vi အသင်းသားဟောင်းများနဲ့ TI3 ကို အနိုင်ရရှိစဉ်က Alliance အသင်းသားဟောင်းများကို တစ်စုတစ်စည်းတည်းမြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ ကစားသမားများဟာ လက်ရှိမှာ မတူညီတဲ့အသင်းများမှာ ကစားနေကြသလို အချို့ဆို အနားတောင်ယူသွားခဲ့ပြီဖြစ်ပေမယ့် Midas Mode 2.0 ပွဲအတွက် ပေါင်းစည်းကြမှာပါ။

Na’Vi အသင်းရဲ့ ခေါင်းစဉ်အောက်မှာ ကမ္ဘာ့လူကြိုက်အများဆုံးကစားသမားများထဲက တစ်ဦးဖြစ်တဲ့ Dendi, လက်ရှိ Team Secret ရဲ့ အသင်းခေါင်းဆောင် Puppey, မမြင်တွေ့ရတာ ကြာပြီဖြစ်တဲ့ XBOCT, Artstyle နဲ့ LighTofHeaveN တို့ ပါဝင်ကစားကြမှာပါ။

Alliance အသင်းမှာတော့ အသင်းရဲ့ CEO အဖြစ်တာဝန်ယူထားတဲ့ Loda, Streamer / Panelist အဖြစ် ပြောင်းလဲလုပ်ကိုင်နေတဲ့ AdmiralBulldog, လက်ရှိ Dota 2 ပြိုင်ပွဲများမှာ ကောင်းစွာမြင်တွေ့နေရသေးတဲ့ S4 တို့အပြင် EGM နဲ့ Akke တို့ကို ပြန်မြင်ရမှာ ဖြစ်ပါတယ်။

Sir Sadim’s Stunners အသင်းဟာလည်း လူကြိုက်များလှတဲ့ pub star များလည်း ဖြစ်၊ pro ကစားသမားများလည်း ဖြစ်ကြသူများနဲ့ ဖွဲ့စည်းထားတာပါ။ SingSing, SexyBamboe, Wagamama, Gorgc နဲ့ syndereN တို့ ပါဝင်ပြီး streamer အများစုနဲ့ ဖွဲ့စည်းထားလို့ meme roster လို့ အများက တင်စားနေကြပါတယ်။

Alliance.Akke with Gorgc, SingSing & Bamboe

ဒီလို legendary ကစားသမားကြီးများနဲ့ နာမည်ကျော်များ ဝင်ရောက်ကစားကြမယ့် Midas Mode 2.0 ပွဲကို စက်တင်ဘာ ၂၄ ကနေ စတင်ကြည့်ရှုနိုင်ကြမှာပါ။ အသင်းလိုက် ကစားသမားများ ပျော်ပျော်ပါးပါးယှဉ်ပြိုင်နေကြတာကို Moonduck Studio ရဲ့ Twitch channel ကနေ ပြသမှာဖြစ်ပြီး ကြည့်ရှုဖို့ကောင်းလှတဲ့ entertainment ပြိုင်ပွဲပဲ ဖြစ်ပါတော့တယ်။ Esports သတင်းများနဲ့ အကြောင်းအရာများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။

ဒါကတော့ Midas Mode အကြောင်းကို အသေးစိတ်ရှင်းပြထားတဲ့ Moonduck က Official Video ပဲ ဖြစ်ပါတယ်။