[ZawGyi]






[Unicode]

ကျွန်တော်တို့ဟာ မကြာမီကျင်းပတော့မယ့် Yangon CSGO Network(YCN) Counter Strike : Global Offensive Tournament ရဲ့ Media Partner အဖြစ် ပူးပေါင်းခွင့် ရရှိခဲ့ပြီပဲ ဖြစ်ပါတယ်။

Yangon CSGO Network (YCN) က တော့ မြန်မာနိုင်ငံမှာ CSGO အသင်းတွေ အမြောက်အများ ပေါ်ထွက်လာစေဖို့နဲ့ တကယ်ကြိုးစားလိုစိတ်ရှိတဲ့ Player တွေကို ထောက်ပံပေးဖို့ ရည်ရွယ်ပြီး ကျင်းပပေးမယ့် ပြိုင်ပွဲပဲ ဖြစ်ပါတယ်။

YCN ရဲ့ ပထမဆုံးပြိုင်ပွဲကိုတော့ လာမယ့် ၈ ရက်နေ့မှာ စတင်ကျင်းပမှာ ဖြစ်ပြီး အသေးစိတ်ကိုတော့ page မှာ ကြည့်ရှုနိုင်ပါတယ်။

ထိုပြိုင်ပွဲဟာ ဆုကြေးငွေ စုစုပေါင်း ၆၀၀,၀၀၀ ပေးအပ်မယ့် အပြင် ထိပ်ဆုံး ၆ သင်းကိုလည်း YCN မှာပါဝင်တဲ့ ဂိမ်းဆိုင် ၆ ဆိုင်ကလည်း ထောက်ပံ ပေးသွားမှာမလို့ တကယ် Professional CSGO Player အဖြစ် ခံယူချင်တဲ့ လူငယ်တွေအတွက် အခွင့်အလမ်း ကောင်းတစ်ခုဆိုရင်လည်း မမှားပါဘူး။

တကယ်လို့ ဒီပြိုင်ပွဲမှာ ခြေချော်လက်ချော်ဖြစ်ရင်လည်း စိတ်ဓာတ်ကျစရာ မလိုပါဘူး။ ဒီပြိုင်ပွဲပြီးရင်လည်း လစဉ်တိုင်းမှာ CSGO League ပုံစံ ကျင်းပဦးမှာ ဖြစ်ပြီး Professional Player တွေအတွက် League သပ်သပ်ရှိသလို Amature သီးသန့် ပြိုင်ပွဲတွေမှာလည်း ယှဉ်ပြိုင်နိုင်ပြီး Amature အသင်းများကလည်း Professional တန်းကို တက်လှမ်းနိုင်တဲ့ အခွင့်အလမ်းတွေ ရှိနေတာမလို့ CSGO ဝာသနာရှင်ဖြစ်စေ အပျော်ဆော့ကစားသူ ဖြစ်စေ တကယ်ကို လက်လွှတ်မခံသင့်တဲ့ အခွင့်အရေးပဲ ဖြစ်ပါတယ်။