လက်တလော အောင်မြင်စွာ ကျင်းပပြီးစီးခဲ့တဲ့ MDL Disneyland ® Paris Major ဟာ ၂ဝ၁၈-၂ဝ၁၉ Dota Season ရဲ့ စတုတ္ထမြောက် Major Tournament ဖြစ်ပါတယ်။ ဒီ Major မှာတော့ Team Secret ဟာ Team Liquid ကို 3-1 ဆိုတဲ့ ရလာဒ်ဖြင့် Grand Final တွင် အနိုင်ယူခဲ့ပြီး ဆုကြေးငွေ အမေရိကန် ဒေါ်လာ 350,000 နှင့် DPC Points 4950 ကို စွတ်ခူးခဲ့ပြီး ဒုတိယရရှိခဲ့တဲ့ Team Liquid ကတော့ ဆုကြေးငွေ $170,000 နှင့် 3000 DPC Points ကို ရရှိခဲ့ပါတယ်။

Valve က ကြီးမှုးကျင်းပတဲ့ Major Minor Tournameent များတွင် DPC points များကို ပေးအပ်လေ့ရှိပြီး အဆိုပါ DPC points ပေါ်မူတည်၍ တစ်နှစ်တာအတွင်း DPC season ရဲ့ အမှတ်ပေးဇယားထိပ်ဆုံး ၁၂ သင်းဟာ လာမယ့် TI9 (The International 9) တွင် တိုက်ရိုက်ဖိတ်ခေါ်ခံရမှာဖြစ်တဲ့အတွက် Major ပြိုင်ပွဲတွေဟာ လိုတာထက်ပိုပြီး ပြိုင်ဆိုင်မှု ပြင်းထန်လေ့ရှိပါတယ်။ MDL Major ပွဲမစခင်က TI9 အတွက် Direct Invite ရရှိပြီးသည့် အသင်းပေါင်း (၄) သင်းသာ ရှိခဲ့ပေမယ့် ဒီ Major အပြီးမှာတော့ Direct Invite ရရှိသည့်အသင်း နောက်ထပ် (၄) သင်း ထပ်မံပေါ်ထွက်လာခဲ့ပါပြီ။

============
Major မတိုင်ခင် Direct Invite ရပြီးသား အသင်း (၄) သင်း

– Secret,
– VP,
– EG,
– VG
============

============
Major ပြီးနောက် Direct Invite ရလာသော နောက်ထပ် (၄) သင်း

– PSG.LGD,
– Fnatic,
– Team Liquid,
– NiP.
============

ဒါကြောင့် ကျန်ရှိနေသေးတဲ့ Direct Invite နေရာလွတ် (၄) နေရာစာအတွက် OG, Keen, TNC, J.Storm, Alliance, EHOME, Chaos EC, Mineski, Gambit, Complexity, Forward Gaming တို့ကတော့ TI9 Direct Invite ရဖို့အတွက် လက်ကျန် Starladder Minor နဲ့ Epiicenter Major တို့မှာ ဆက်လက်ပြီး အကျိတ်အနယ်ယှဉ်ပြိုင်ရတော့မှာပါ။ ဒါပေမယ့် Starladder Minor ကတော့ စုစုပေါင်း 500 DPC pool သာရှိပြီး Epicenter Major ကတော့ 15000 DPC pool အထိ ချီးမြှင့်မှာဖြစ်လို့ Major ဝင်ပြိုင်ခွင့်ရဖို့က ပိုပြီး အရေးကြီးတဲ့ အခြေအနေဖြစ်ပါတယ်။ လာမယ့် ဇွန်လ (၁ဝ) ရက်နေ့မှာ ကျင်းပမယ့် StarLadder Ukraine Minor မှာ 1st နှင့် 2nd ရမည့် အသင်း (၂) သင်းကတော့ EPICENTER Major ကို Direct Invite ဝင်ပြိုင်ခွင့်ရမှာဖြစ်လို့ အနည်းဆုံး 75 DPC Points ရရှိဖို့လည်း သေချာသွားမှာဖြစ်ပါတယ်။
============

>> MDL Disneyland Major <<

အထက်မှာပြောခဲ့သလို TI9 Direct invite အတွက် အရေးကြီးတဲ့ Point တွေကို ခွဲဝေယူနိုင်ခဲ့တဲ့အသင်းတွေကတော့
Liquid (2nd Place) = 3000 DPC points
LGD (4th Place) = 1350 DPC Points
NiP (5th Place) = 900 DPC Points
Fnatics (13th Place) = 75 DPC Points စီ အသီးသီး ရရှိခဲ့ပါတယ်။

============

1st Runner up Team Liquid

Team Liquid ဟာ ဒီ 2018-2019 Dota Season မှာ ထူးခြားတဲ့ Performance မျိုး ပြသနိုင်ခြင်း မရှိခဲ့ပေမယ့် ရာသီပြီးခါနီး MDL Major ရောက်တော့မှ ၄င်းတို့ရဲ့ ရင်သတ်ရှုမောဖွယ် စွမ်းဆောင်ရည်များကို ထုတ်ဖော်ပြသခဲ့ပါတယ်။ Group A ရဲ့ Decider Match မှာ အနိုင်ရရှိခဲ့ပြီး Upper Bracket ကို ရောက်ရှိခဲ့ပြီးနောက် ပထမဆုံး ပွဲစဉ်မှာပဲ Evil Geniuses ကို 2-1 ရလာဒ်ဖြင့် ရှုံးနိမ့်ကာ Lower Bracket ကို ရောက်ရှိခဲ့ပါတယ်။ ဒါပေမယ့် Lower Bracket တစ်လျှောက် paiN Gaming, Vici Gaming, OG, LGD တို့ကို အနိုင်ယူကာ Lower Bracket final မှာ Evil Geniuses အား Rematch ပြန်တွေ့၍ 2-0 ဆိုသည့် ရလာဒ်ဖြင့် အနိုင်ယူခဲ့ပြီး Grand Final ရောက်သည်အထိ အဆင့် (၅) ဆင့်ကို အကောင်းဆုံး ဖြတ်ကျော်နိုင်ခဲ့ပါတယ်။ Liquid ဟာ ၄င်းတို့ရဲ့ အရည်အချင်းအစစ်အမှန်ကို Major တစ်ခုတည်းမှာတင် အပြည့်အဝ ထုတ်ဖော်ပြသခဲ့ပြီး 3000 DPC Points ကို ထိုက်ထိုက်တန်တန် ရယူကာ TI9 Direct Invite Slot တစ်ခုကို အဆုံးသတ်သေချာစွာဖြင့် ရယူနိုင်ခဲ့ပါတယ်။

============

Champion Team Secret

Team Secret ကတော့ MDL Major တစ်လျှောက် ပွဲပေါင်း 23 ပွဲ တိတိ ကစားခဲ့ရာ၌ ပွဲ 20 ကို အနိုင်ယူကာ Major တစ်လျှောက် 87% Win Rate အထိ ရယူနိုင်တဲ့ ၄င်းတို့ရဲ့ အရည်အချင်းကို ထုတ်ဖော်ပြသခဲ့ပါတယ်။ Champion ဖြစ်ခဲ့တဲ့ Team Secret ရဲ့ လက်ရှိလူစာရင်းဟာ ၄င်းတို့ရဲ့ Team Leader “Puppey” ၏ အလိုချင်ဆုံး ဖွဲ့စည်းပုံထဲကို ရောက်ရှိနေပြီဖြစ်လို့ အကောင်းမွန်ဆုံး Performance ကို ပြသနိုင်ခြင်းဖြစ်ပါတယ်။ မနှစ်က TI8 တုန်းက Puppey, MidOne, Yapzor, Fata, Ace တို့ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အဆင့် (၅) နေရာအထိ ရောက်ရှိခဲ့သည့်တိုင် TI8 အပြီးမှာတော့ Ace နဲ့ Fata တို့ရဲ့နေရာကို Puppey အဓိက လိုချင်တဲ့ Postion ကို ဆော့ပေးနိုင်မယ့် “Zai” နဲ့ အသက် ၁၈ နှစ်သာ ရှိသေးတဲ့ လူငယ် သွေးသစ်ကစားသမား “Nisha” တို့ ရောက်လာခဲ့ချိန်ကနေ စပြီး Puppey ရဲ့ Draft များဟာ တစ်ဖြေးဖြေး အဆုံးသတ်သေချာလာခဲ့တဲ့အတွက် 2018-2019 Dota Season ရဲ့ Major ၄ ခုမှာ 2nd, 1st, 4th, 1st ဆိုတဲ့ ရလာဒ်အထိ အောင်မြင်ခဲ့တာဖြစ်ပါတယ်။ MDL Major ရဲ့ MVP ကိုတော့ အသင်းခေါင်းဆောင် Puppey ကို ရွေးချယ်ခဲ့ပေမယ့် ကျွန်တော်တို့ Gaming Noodle အနေနဲ့ Puppey ရဲ့ Draft လိုအပ်မှုတွေကို အကောင်းဆုံး ဖြည့်ပေးခဲ့တဲ့ Postion 3 နဲ့ 4 ကို မျှပြီး Postion 3.5 နှစ်ယောက်အဖြစ် ထူးထူးခြားခြား တွဲဆော့ပေးသွားနိုင်ခဲ့တဲ့ Zai နဲ့ YapzOr တို့အဖြစ် သတ်မှတ်ပါရစေ။

============

MDL Major Statistics

– Total Matches – 334
– Most Picked Hero – Shadow Shaman + Vengiful Spirit (95 matches)
– Most Banned Hero – Enigma (213 matches)
– Highest Impact – Enigma (83% Pick+Ban)
– Most Kill – Liquid.Miracle- (288 kills)
– Most Assist – Liquid.gh (248 Assists)
– Most Death – Liquid.gh/ Liquid.Kuroky (180 Deaths)
– Highest KDA – Secret.Nisha
– Highest GPM – NiP.Ace
– MVP – Secret.Puppey

============

Dota 2 ရဲ့ Professional Scene ဟာ အချိန်နဲ့တပြေးညီ တိုးတက်ပြောင်းလဲနေတာဖြစ်ပါတယ်။ လက်ရှိအချိန်ရဲ့ Meta ကတော့ Patch ပေါ်မူတည်ပြီး အရင်လို Jungle Meta, Armor Meta, Double Mid Meta ဆိုတာတွေထက် Draft အခြေခံသည့် Draft Meta ဖြစ်နေသည့်အတွက် Professional အသင်းတွေထဲမှာ Draft ကောင်းကောင်း လုပ်နိုင်သည့်အသင်းများသာလျှင် ထိပ်ဆုံး နေရာများကို စွတ်ခူးခဲ့ပါကြောင်း အနှစ်ချူပ်ရင်း နောက်လာမယ့် Starladder Minor နှင့် EPICENTER Major တို့မှာ ပြန်လည် ဆုံတွေ့ကြပါစို့။

Review by KoBoo

#GamingNoodle #MDLMajor #Dota2