[Zawgyi]










====================================================

[Unicode]

Marvel Entertainment နဲ့ ပူးပေါင်းလိုက်တဲ့ Team Liquid

 

Team Liquid ဟာ လွန်ခဲ့တဲ့ Marvel Entertainment နဲ့ပူးပေါင်းလိုက်ပြီလို့ လွန်ခဲ့တဲ့ နာရီပိုင်းလောက်ကပဲ ကြေညာခဲ့ပါတယ်။

Marvel Entertainment ဆိုတာက Superhero တွေနဲ့ ပတ်သက်တဲ့ Comic ဖက်မှာရော ရုပ်ရှင်ဖက်မှာပါ တစ်ကမ္ဘာလုံးသိကြတဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်ပါတယ်။ မကြာသေးမီကမှ ထွက်ခဲ့တဲ့ Avengers: Endgame ရုပ်ရှင်ဟာလည်း လက်ရှိ ကမ္ဘာမှာ ဝင်ငွေအကောင်းဆုံး ဒုတိယရုပ်ရှင် ဖြစ်နေပြီး မကြာခင်မှာလည်း ပထမနေရာကို လုယူဖို့ အခြေအနေကောင်းနေပါတယ်။

အဲဒီ Superhero တွေကို ကမ္ဘာပေါ်မှာ အကြီးမားဆုံး Esports အဖွဲ့အစည်းတွေထဲက တစ်ခုဖြစ်တဲ့ Team Liquid နဲ့ ပူးပေါင်းလိုက်တဲ့အခါ ထိန်းမနိုင်သိမ်းမရတွေ ဖြစ်လာပါတော့မယ်။ Marvel ဟာ Team Liquid နဲ့ပူးပေါင်းပြီး Team Liquid ရဲ့ အသင်းဂျာစီနဲ့ ဆက်စပ်ပစ္စည်းတွေကို ထုတ်လုပ်ပေးတော့မှာပါ။ ပထမအနေနဲ့ကတော့ ပုံပါအတိုင်း Iron Man နဲ့ Captain America ဒီဇိုင်းနဲ့ Team Liquid Player Jersey တွေကို စတင်ဝယ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။

 

Jersey သီးသန့်ကို ၈၄$ (မြန်မာကျပ်ငွေ ၁၂၈,၀၀၀ ခန့်) ကျသင့်မှာဖြစ်ပြီး ကျောဖက်မှာ စိတ်ကြိုက်နာမည်ရေးထိုးလိုပါက ၈၉$ (မြန်မာကျပ်ငွေ ၁၃၅,၀၀၀ ခန့်) ကျသင့်မှာ ဖြစ်ပါတယ်။ (ပစ္စည်းပို့ခတော့ မပါဝင်သေးပါဘူး)

ဝယ်ယူချင်တယ်ဆိုရင်တော့ ဒီ Link မှာ ကြည့်ရှုနိုင်ပါတယ်။

 

Teal Liquid နဲ့ Marvel တို့ရဲ့ပူးပေါင်းမှု Teaser Video ကိုအောက်ပါ link မှာကြည့်ရှုနိုင်ပါတယ်။

 

Souce: TEO

Photos from Team Liquid Store