[Zawgyi]
Matu ကိုေခၚယူမယ္လို႔ အခ်က္ျပလုိက္တဲ့ Chaos Esports ရဲ႕ Teaser
အခုလထဲမွာ မထင္မွတ္ထားဆုံးအျဖစ္အပ်က္ကေတာ့ Team Liquid ဟာ ႏွစ္ေပါင္းမ်ားစြာလက္တြဲလာတဲ့ သူတုိ႔ရဲ႕ ကစားသမား Matumbaman (အမည္ရင္း – Lasse Urpalainen) ကို ထြက္ခြာခြင့္ျပဳလုိက္တာပါပဲ။ ဒီေနာက္မွာေတာ့ Epicenter Major ကုိသြားဖုိ႔လိုအပ္ေနတဲ့ Team Liquid ဟာ ခ်က္ခ်င္းဆုိသလို Chaos Esports အသင္းမွ w33.haa ကို ေခၚယူခဲ့ပါတယ္။
Chaos Esports မွာ ဝါရင့္ကစားသမား Misery က အဓိကပဲ့ကိုင္ေနတာျဖစ္ၿပီး အခုႏွစ္ DPC Season မွာေတာ့ သိပ္အေျခအေနမေကာင္းဘဲ လူစာရင္းကို မၾကာခဏေျပာင္းလဲစမ္းသပ္ေနရဆဲပါ။ အခုထိလည္း အတည္တက်မရွိေသးတဲ့ Chaos Esports ဟာ သူတုိ႔ရဲ႕ တြစ္တာအေကာင့္မွာ ရယ္စရာဗီဒီယုိအတုိ တစ္ခုကို တင္ေပးခဲ့ပါတယ္။
. @MiSeRyDOTA doesn't tolerate any mess, even from the NEW GUY #WhoCouldItBe🕵️♂️ pic.twitter.com/4TINUhBkmE
— Chaos E.C. (@ChaosEC) June 21, 2019
အထက္ပါဗီဒီယုိထဲမွာေတာ့ ကစားခန္းထဲကို ဝင္လာတဲ့ MISERY ဟာ အသင္းသားေတြကို ဆူပူႀကိမ္းေမာင္းေနတာကို ေတြ႕ရမွာျဖစ္ၿပီး လူသစ္ကစားသမားရဲ႕ ေဘာင္းဘီတုိကို ကိုင္ကာ ဒါကို ဘယ္ေကာင္ထားခဲ့တာလဲ လုိ႔ေမးေနတာကိုပါ ျမင္ရမွာျဖစ္ပါတယ္။
သူကိုင္ထားတဲ့ ေဘာင္းဘီတုိကေတာ့ အားလုံးသိၾကတဲ့အတုိင္း Matu ရဲ႕ Lucky Short လို႔ သိၾကတဲ့ အေရာင္စပ္ေဘာင္းဘီတုိတစ္ထည္ပါပဲ။ ဒါေၾကာင့္ Chaos Esports ရဲ႕ေလ့က်င့္ခန္းထဲက ထိုင္ခုံမွာေရာက္ေနတဲ့ ကစားသမားအသစ္ဟာ Matu ပဲလုိ႔ ဆုိႏုိင္ေနပါၿပီ။
Matu ဟာလည္း အေစာပုိင္း 9K MMR ကစားသမားေတြအနက္တစ္ေယာက္ျဖစ္ခဲ့ၿပီး Liquid ရဲ႕ Ti7 ခ်န္ပီယံဆုအပါအဝင္ ၿပီးခဲ့တဲ့ ေအာင္ျမင္မႈေတြမွာလည္း သူ႔ရဲ႕ပါဝင္မႈက တျခားသူေတြလိုပဲ အေရးပါခဲ့တာပါ။ အခုေနာက္ပိုင္း Meta အေျပာင္းအလဲေတြမွာေတာ့ အသင္းကသူ႕ကို Secure ျဖစ္မယ့္ ဟီးရိုးေတြပဲခ်ေပးရာကေန Hero pool နည္းၿပီး ပြဲအေပၚသက္ေရာက္မႈပါ နည္းပါးလာသလို ျဖစ္ေနခဲ့တာေၾကာင့္ ေရွ႕ဆက္ေအာင္ျမင္မႈေတြ ဆြတ္ခူးခ်င္ေသးတဲ့ Liquid က လက္ရွိအားအနည္းဆုံးလို ျဖစ္ေနတဲ့ သူ႕ကို Drop လိုက္တာပါပဲ။
၂၀၁၆ ခုႏွစ္တုန္းက အႏွိမ္ခံအပယ္ခံကစားသမားတစ္သုိက္ကို ဦးေဆာင္ၿပီး ဂရင္းဖိုင္နယ္ထိ တက္ေရာက္ခဲ့ကာ တရုတ္အသင္း Wings Gaming ကို ၁ – ၃ နဲ႔ကလန္ဒါက် ရႈံးနိမ့္ခဲ့တဲ့ Digital Chaos ကို ဦးေဆာင္ခဲ့သူ MISERY ဟာ ၂၀၀၈ ခုႏွစ္ထဲဲက Dota Pro Scene မွာ ရွင္သန္ခဲ့သူ Veteran စစ္စစ္ႀကီးပါ။ သူ႕ရဲ႕ လက္ေအာက္မွာ Matu တစ္ေယာက္ ဘယ္လိုျပန္လည္ေတာက္ပလာဦးမလဲဆုိတာဟာ w33 တစ္ေယာက္ Miracle- နဲ႔ ပုခုံးခ်င္းယွဥ္ၿပီး ဘယ္လိုလက္စြမ္းျပမလဲဆုိတာကို ေစာင့္ၾကည့္ရေလာက္ကို စိတ္ဝင္စားစရာ ေကာင္းလွပါတယ္။
Ti9 နီးကပ္လာတာနဲ႔အမွ် အသင္းေတြဟာ လိုအပ္တယ္လို႔ ထင္တဲ့ ေျပာင္းလဲမႈမွန္သမွ်ကို လုပ္ၿပီး Ti9 ကိုေရာက္ရွိႏုိင္ဖို႔၊ ခ်န္ပီယံဆုကို စိန္ေခၚႏုိင္ဖို႔ ႀကိဳးစားၾကမွာျဖစ္လို႔ အခုခ်ိန္ကစၿပီး သူတုိ႔ရဲ႕ျပင္ဆင္မႈေတြဟာ တစ္ႏွစ္တာလုံးမွာ အႀကီးမားဆုံး Dota 2 စိန္ေခၚပြဲႀကီးအတြက္ အဆုံးအျဖတ္ျဖစ္လာမွာပဲ ျဖစ္ပါတယ္ခင္ဗ်ာ။
=====================================
[Unicode]Matu ကိုခေါ်ယူမယ်လို့ အချက်ပြလိုက်တဲ့ Chaos Esports ရဲ့ Teaser
အခုလထဲမှာ မထင်မှတ်ထားဆုံးအဖြစ်အပျက်ကတော့ Team Liquid ဟာ နှစ်ပေါင်းများစွာလက်တွဲလာတဲ့ သူတို့ရဲ့ ကစားသမား Matumbaman (အမည်ရင်း – Lasse Urpalainen) ကို ထွက်ခွာခွင့်ပြုလိုက်တာပါပဲ။ ဒီနောက်မှာတော့ Epicenter Major ကိုသွားဖို့လိုအပ်နေတဲ့ Team Liquid ဟာ ချက်ချင်းဆိုသလို Chaos Esports အသင်းမှ w33.haa ကို ခေါ်ယူခဲ့ပါတယ်။
Chaos Esports မှာ ဝါရင့်ကစားသမား Misery က အဓိကပဲ့ကိုင်နေတာဖြစ်ပြီး အခုနှစ် DPC Season မှာတော့ သိပ်အခြေအနေမကောင်းဘဲ လူစာရင်းကို မကြာခဏပြောင်းလဲစမ်းသပ်နေရဆဲပါ။ အခုထိလည်း အတည်တကျမရှိသေးတဲ့ Chaos Esports ဟာ သူတို့ရဲ့ တွစ်တာအကောင့်မှာ ရယ်စရာဗီဒီယိုအတို တစ်ခုကို တင်ပေးခဲ့ပါတယ်။
. @MiSeRyDOTA doesn't tolerate any mess, even from the NEW GUY #WhoCouldItBe🕵️♂️ pic.twitter.com/4TINUhBkmE
— Chaos E.C. (@ChaosEC) June 21, 2019
အထက်ပါဗီဒီယိုထဲမှာတော့ ကစားခန်းထဲကို ဝင်လာတဲ့ MISERY ဟာ အသင်းသားတွေကို ဆူပူကြိမ်းမောင်းနေတာကို တွေ့ရမှာဖြစ်ပြီး လူသစ်ကစားသမားရဲ့ ဘောင်းဘီတိုကို ကိုင်ကာ ဒါကို ဘယ်ကောင်ထားခဲ့တာလဲ လို့မေးနေတာကိုပါ မြင်ရမှာဖြစ်ပါတယ်။
သူကိုင်ထားတဲ့ ဘောင်းဘီတိုကတော့ အားလုံးသိကြတဲ့အတိုင်း Matu ရဲ့ Lucky Short လို့ သိကြတဲ့ အရောင်စပ်ဘောင်းဘီတိုတစ်ထည်ပါပဲ။ ဒါကြောင့် Chaos Esports ရဲ့လေ့ကျင့်ခန်းထဲက ထိုင်ခုံမှာရောက်နေတဲ့ ကစားသမားအသစ်ဟာ Matu ပဲလို့ ဆိုနိုင်နေပါပြီ။
Matu ဟာလည်း အစောပိုင်း 9K MMR ကစားသမားတွေအနက်တစ်ယောက်ဖြစ်ခဲ့ပြီး Liquid ရဲ့ Ti7 ချန်ပီယံဆုအပါအဝင် ပြီးခဲ့တဲ့ အောင်မြင်မှုတွေမှာလည်း သူ့ရဲ့ပါဝင်မှုက တခြားသူတွေလိုပဲ အရေးပါခဲ့တာပါ။ အခုနောက်ပိုင်း Meta အပြောင်းအလဲတွေမှာတော့ အသင်းကသူ့ကို Secure ဖြစ်မယ့် ဟီးရိုးတွေပဲချပေးရာကနေ Hero pool နည်းပြီး ပွဲအပေါ်သက်ရောက်မှုပါ နည်းပါးလာသလို ဖြစ်နေခဲ့တာကြောင့် ရှေ့ဆက်အောင်မြင်မှုတွေ ဆွတ်ခူးချင်သေးတဲ့ Liquid က လက်ရှိအားအနည်းဆုံးလို ဖြစ်နေတဲ့ သူ့ကို Drop လိုက်တာပါပဲ။
၂၀၁၆ ခုနှစ်တုန်းက အနှိမ်ခံအပယ်ခံကစားသမားတစ်သိုက်ကို ဦးဆောင်ပြီး ဂရင်းဖိုင်နယ်ထိ တက်ရောက်ခဲ့ကာ တရုတ်အသင်း Wings Gaming ကို ၁ – ၃ နဲ့ကလန်ဒါကျ ရှုံးနိမ့်ခဲ့တဲ့ Digital Chaos ကို ဦးဆောင်ခဲ့သူ MISERY ဟာ ၂၀၀၈ ခုနှစ်ထဲက Dota Pro Scene မှာ ရှင်သန်ခဲ့သူ Veteran စစ်စစ်ကြီးပါ။ သူ့ရဲ့ လက်အောက်မှာ Matu တစ်ယောက် ဘယ်လိုပြန်လည်တောက်ပလာဦးမလဲဆိုတာဟာ w33 တစ်ယောက် Miracle- နဲ့ ပုခုံးချင်းယှဉ်ပြီး ဘယ်လိုလက်စွမ်းပြမလဲဆိုတာကို စောင့်ကြည့်ရလောက်ကို စိတ်ဝင်စားစရာ ကောင်းလှပါတယ်။
Ti9 နီးကပ်လာတာနဲ့အမျှ အသင်းတွေဟာ လိုအပ်တယ်လို့ ထင်တဲ့ ပြောင်းလဲမှုမှန်သမျှကို လုပ်ပြီး Ti9 ကိုရောက်ရှိနိုင်ဖို့၊ ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့ ကြိုးစားကြမှာဖြစ်လို့ အခုချိန်ကစပြီး သူတို့ရဲ့ပြင်ဆင်မှုတွေဟာ တစ်နှစ်တာလုံးမှာ အကြီးမားဆုံး Dota 2 စိန်ခေါ်ပွဲကြီးအတွက် အဆုံးအဖြတ်ဖြစ်လာမှာပဲ ဖြစ်ပါတယ်ခင်ဗျာ။
Source : VPesports