[Unicode]

ဒုတိယအကြိမ် Esports အသင်းနဲ့ ပူးပေါင်းမှုတွေ ပြုလုပ်ခဲ့တဲ့ Marvel

 

သြစတေးလျ Esports အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Chiefs Esports Club ဟာ Marvel နဲ့ ၂ နှစ်တာ အကျိုးတူပူးပေါင်းမှု စတင်ပြီဖြစ်ကြောင်း မကြာသေးမီက ကြေညာလိုက်ပါတယ်။ Chiefs Esports Club ဟာ အောင်မြင်တဲ့ CS: GO နဲ့ League of Legends အသင်းများ ပိုင်ဆိုင်ထားသလို Oceania ဒေသရဲ့ နာမည်ကျော်အဖွဲ့အစည်းတစ်ခုအဖြစ်လည်း ရပ်တည်လျက်ရှိပါတယ်။

ယင်းပူးပေါင်းချက်အရ Chiefs Esports Club ရဲ့ ကစားသမားများဟာ နာမည်ကျော် Marvel ဟီးရိုးဇာတ်ကောင်များရဲ့ ဟန်ပန်အငွေ့အသက်များပါဝင်တဲ့ co-branded ထုတ်ကုန်များကို ဝတ်ဆင်ကြော်ငြာပြီး အဓိကရောင်းချသွားမှာဖြစ်ကြောင်း ယူဆရပါတယ်။ ဒီပူးပေါင်းမှုအကြောင်းကို ယခုလ ၂၄ ရက်နေ့မှာ စတင်ပြီး မတ်လ ၁၅ ရက်နေ့မှာ ပြီးဆုံးမယ့် QV Gaming Dome အတွင်းမှာ ပွဲဦးထွက် ထုတ်ပြသွားမယ်လို့ ဆိုပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ Chiefs Esports Club ရဲ့ ဥက္ကဌဖြစ်သူ Nick Bobir က “ဒါဟာ ကျွန်တော်တို့ဒေသရဲ့ ဗီဒီယိုဂိမ်းနဲ့ Esports ဆိုင်ရာ သမိုင်းဝင်ပူးပေါင်းမှုတစ်ခုပါ။ ဒီပူးပေါင်းမှုကြောင့် အနာဂတ် Esports event များ ပိုမိုတိုးတက်လာမှာဖြစ်သလို ဈေးကွက်အတွင်း ရလဒ်များလည်း ပိုမိုကောင်းမွန်လာမှာဖြစ်ကြောင်း ကျွန်တော်တို့ ယူဆပါတယ်။

“Chiefs Esports Club အဖွဲ့အစည်းဟာ မျိုးဆက်သစ် gamer များနဲ့ ပရိသတ်များ တိုးပွားသည်ထက် တိုးပွားလာအောင် အဓိကထားဆောင်ရွက်လျက် ရှိပါတယ်။ ကျွန်တော်တို့ဟာ ဒေသရဲ့ Esports ဆုံမှတ်ကြီးတစ်ခုအဖြစ် ဆက်ရှိနေဦးမှာပါ” အစရှိသဖြင့် ပြောသွားခဲ့ပါတယ်။

ယခုလ အစောပိုင်းတုန်းကလည်း Chiefs Esports Club ဟာ သြစတေးနိုင်ငံရဲ့တက္ကသိုလ်တစ်ခုဖြစ်တဲ့ Bond University ရဲ့ ပူးပေါင်းမှုကို စတင်ခဲ့ပါတယ်။ ဒီပူးပေါင်းမှုမှာတော့ အဖွဲ့အစည်း ၂ ခုဟာ သြစတေးလျရဲ့ Esports ဈေးကွက်တိုးတက်ရေးနဲ့ Esports ဆိုင်ရာ လေ့လာသင်ကြားရေးတို့ကို အဓိကထား ဆောင်ရွက်ဖို့ ရည်ရွယ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က Marvel ဟာ Team Liquid နဲ့ ပူးပေါင်းမှု ပြုလုပ်ခဲ့ဖူးပါတယ်။ ထိုစဉ်ကတော့ Team Liquid အသင်းသားများဟာ Spider-Man, Captain America, Iron Man စတဲ့ Avengers ဟီးရိုးဇာတ်ကောင်တို့ရဲ့ ဟန်ပန်အငွေ့အသက်များနဲ့ ပြုလုပ်ထားတဲ့ co-branded ဂျာစီအကျီ ၤများကို ဝတ်ဆင်ပြသပြီး ရောင်းချခဲ့ဖူးပါတယ်။

Marvel x Team Liquid

ယခုလို Cheifs Esports Club နဲ့ Marvel တို့ရဲ့ ပူးပေါင်းခြင်းဟာ ယခင် Team Liquid နဲ့ Marvel တို့ ပူးပေါင်းခဲ့စဉ်ကလို ပရိသတ်စိတ်ဝင်စားမှု များပြားမယ်လို့ ယူဆရပါတယ်။ Esports နယ်ပယ်နဲ့ အခြားစီးပွားရေးနယ်ပယ်တို့ရဲ့ ပူးပေါင်းမှုများကတော့ ယခင်နှစ်များအတိုင်း အရှိန်အဟုန်နဲ့ တိုးပွားလျက်ရှိပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။
source: esportsinsider


[ZawGyi]

ဒုတိယအႀကိမ္ Esports အသင္းနဲ႔ ပူးေပါင္းမႈေတြ ျပဳလုပ္ခဲ့တဲ့ Marvel

 

ၾသစေတးလ် Esports အဖြဲ႔အစည္းတစ္ခုျဖစ္တဲ့ Chiefs Esports Club ဟာ Marvel နဲ႔ ၂ ႏွစ္တာ အက်ိဳးတူပူးေပါင္းမႈ စတင္ျပီျဖစ္ေၾကာင္း မၾကာေသးမီက ေၾကညာလိုက္ပါတယ္။ Chiefs Esports Club ဟာ ေအာင္ျမင္တဲ့ CS: GO နဲ႔ League of Legends အသင္းမ်ား ပိုင္ဆိုင္ထားသလို Oceania ေဒသရဲ႕ နာမည္ေက်ာ္အဖြဲ႔အစည္းတစ္ခုအျဖစ္လည္း ရပ္တည္လ်က္ရွိပါတယ္။

ယင္းပူးေပါင္းခ်က္အရ Chiefs Esports Club ရဲ႕ ကစားသမားမ်ားဟာ နာမည္ေက်ာ္ Marvel ဟီးရိုးဇာတ္ေကာင္မ်ားရဲ႕ ဟန္ပန္အေငြ႔အသက္မ်ားပါဝင္တဲ့ co-branded ထုတ္ကုန္မ်ားကို ဝတ္ဆင္ေၾကာ္ျငာျပီး အဓိကေရာင္းခ်သြားမွာျဖစ္ေၾကာင္း ယူဆရပါတယ္။ ဒီပူးေပါင္းမႈအေၾကာင္းကို ယခုလ ၂၄ ရက္ေန႔မွာ စတင္ျပီး မတ္လ ၁၅ ရက္ေန႔မွာ ျပီးဆုံးမယ့္ QV Gaming Dome အတြင္းမွာ ပြဲဦးထြက္ ထုတ္ျပသြားမယ္လို့ ဆိုပါတယ္။

ဒီအေၾကာင္းနဲ႔ ပတ္သက္လုိ႔ Chiefs Esports Club ရဲ႕ ဥကၠဌျဖစ္သူ Nick Bobir က “ဒါဟာ ကြ်န္ေတာ္တို႔ေဒသရဲ႕ ဗီဒီယိုဂိမ္းနဲ႔ Esports ဆိုင္ရာ သမိုင္းဝင္ပူးေပါင္းမႈတစ္ခုပါ။ ဒီပူးေပါင္းမႈေၾကာင့္ အနာဂတ္ Esports event မ်ား ပိုမိုတိုးတက္လာမွာျဖစ္သလို ေစ်းကြက္အတြင္း ရလဒ္မ်ားလည္း ပိုမုိေကာင္းမြန္လာမွာျဖစ္ေၾကာင္း ကြ်န္ေတာ္တို႔ ယူဆပါတယ္။

“Chiefs Esports Club အဖြဲ႔အစည္းဟာ မ်ိိဳးဆက္သစ္ gamer မ်ားနဲ႔ ပရိသတ္မ်ား တိုးပြားသည္ထက္ တိုးပြားလာေအာင္ အဓိကထားေဆာင္ရြက္လ်က္ ရွိပါတယ္။ က်ြန္ေတာ္တို့ဟာ ေဒသရဲ႕ Esports ဆုံမွတ္ၾကီးတစ္ခုအျဖစ္ ဆက္ရွိေနဦးမွာပါ” အစရွိသျဖင့္ ေျပာသြားခဲ့ပါတယ္။

ယခုလ အေစာပိုင္းတုန္းကလည္း Chiefs Esports Club ဟာ ၾသစေတးႏိုင္ငံရဲ႕တကၠသိုလ္တစ္ခုျဖစ္တဲ့ Bond University ရဲ႕ ပူးေပါင္းမႈကို စတင္ခဲ့ပါတယ္။ ဒီပူးေပါင္းမႈမွာေတာ့ အဖြဲ႔အစည္း ၂ ခုဟာ ၾသစေတးလ်ရဲ႕ Esports ေစ်းကြက္တိုးတက္ေရးနဲ႔ Esports ဆိုင္ရာ ေလ့လာသင္ၾကားေရးတို႔ကို အဓိကထား ေဆာင္ရြက္ဖုိ႔ ရည္ရြယ္ခဲ့ပါတယ္။

ျပီးခဲ့တဲ့ႏွစ္က Marvel ဟာ Team Liquid နဲ႔ ပူးေပါင္းမႈ ျပဳလုပ္ခဲ့ဖူးပါတယ္။ ထုိစဥ္ကေတာ့ Team Liquid အသင္းသားမ်ားဟာ Spider-Man, Captain America, Iron Man စတဲ့ Avengers ဟီးရိုးဇာတ္ေကာင္တုိ႔ရဲ႕ ဟန္ပန္အေငြ႕အသက္မ်ားနဲ႔ ျပဳလုပ္ထားတဲ့ co-branded ဂ်ာစီအက်ီ ၤမ်ားကို ဝတ္ဆင္ျပသျပီး ေရာင္းခ်ခဲ့ဖူးပါတယ္။

Marvel x Team Liquid

ယခုလို Cheifs Esports Club နဲ႔ Marvel တို႔ရဲ႕ ပူးေပါင္းျခင္းဟာ ယခင္ Team Liquid နဲ႔ Marvel တို့ ပူးေပါင္းခဲ့စဥ္ကလို ပရိသတ္စိတ္ဝင္စားမႈ မ်ားျပားမယ္လို႔ ယူဆရပါတယ္။ Esports နယ္ပယ္နဲ႔ အျခားစီးပြားေရးနယ္ပယ္တို႔ရဲ႕ ပူးေပါင္းမႈမ်ားကေတာ့ ယခင္ႏွစ္မ်ားအတိုင္း အရွိန္အဟုန္နဲ႔ တိုးပြားလ်က္ရွိပါတယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။
source: esportsinsider