[Unicode]

Football Manager ဂိမ်းကို တရားစွဲလိုက်တဲ့ မန်ချက်စတာ ယူနိုက်တက်

 

မန်ချက်စတာ ယူနိုက်တက် (မန်ယူ) အသင်းဟာ Football Manager ဂိမ်းရဲ့ ဖြန့်ချိသူနဲ့ ထုတ်လုပ်သူ ကုမ္ပဏီများဖြစ်ကြတဲ့ Sega Publishing နဲ့ Sports Interactive (SI) တို့ကို မကြာသေးမီက တရားစွဲဆိုလိုက်ပါတယ်။ Football Manager ဂိမ်းအတွင်းမှာ မန်ယူအသင်းရဲ့ ပုံရိပ်ကို မူပိုင်ခွင့် ချိုးဖောက်ပြီး အသုံးပြုထားတဲ့အတွက် ယခုလို တရားစွဲဆိုရတာဖြစ်ကြောင်းကိုလည်း ကြေညာခဲ့ပါတယ်။

မန်ယူအသင်းရဲ့ အဆိုအရတော့ Sega နဲ့ SI တို့ဟာ ဂိမ်းအတွင်းမှာ မန်ယူအသင်းရဲ့ တရားဝင် အမှတ်တံဆိပ်ကို မသုံးပဲ အနီရောင်နဲ့ အဖြူရောင်အစင်းကြောင်းများ ပါဝင်တဲ့ ရိုးရှင်းတဲ့ တံဆိပ်တစ်ခုကို အသုံးပြုထားတယ်လို့ ဆိုပါတယ်။ ဒါဟာ ကလပ်အသင်းရဲ့ အမှတ်တံဆိပ်ခွင့်ပြုချက်နဲ့ ပတ်သက်ပြီး ချိုးဖောက်ထားတာဖြစ်ကြောင်း မန်ယူအသင်းဘက်က ပြောကြားခဲ့ပါတယ်။

Sega နဲ့ SI တို့ကတော့ သူတို့အနေနဲ့ မန်ယူအသင်းကို ကိုယ်စားပြုတဲ့ ပုံရိပ်များကို ဘောလုံးဂိမ်းအတွင်း ထည့်သွင်း အသုံးပြုနေခဲ့တာကြာပြီဖြစ်ကြောင်း၊ Football Manager ဂိမ်းမတိုင်မီ ၁၉၉၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ Championship Manager ဂိမ်းထဲမှာတည်းက အသုံးပြုနေခဲ့တာဖြစ်ကြောင်း၊ ဒါပေမယ့် ယခုလို တရားစွဲတိုင်ကြားခံခဲ့ရခြင်းများ တစ်ခါမှ မရှိခဲ့ဖူးကြောင်း ပြောကြားခဲ့ပါတယ်။

ManU Logo and Squad at FM 2020 Mobile

မန်ယူအသင်းဟာ ယင်းတို့ရဲ့ နာမည်ကို ခွင့်ပြုချက်နဲ့သာ ဂိမ်းကုမ္ပဏီများကို အသုံးပြုစေချင်နေတာဖြစ်ပြီး ဒါဟာ ဘောလုံးဗီဒီယိုဂိမ်းများကို အပြင်လောက က အနေအထားများအတိုင်း ပုံစံတူပြုလုပ်ဖန်တီးဖို့ မဖြစ်နိုင်အောင် ပိတ်ပင်တားမြစ်ချင်နေတာဖြစ်ကြောင်းကိုလည်း Sega နဲ့ SI တို့က ပြောသွားခဲ့ပါတယ်။

မန်ယူအသင်းရဲ့ ရှေ့နေဖြစ်သူ Simon Malynicz QC ကတော့ မန်ယူအသင်းရဲ့ အမှတ်တံဆိပ်ဟာ တစ်ကမ္ဘာလုံးမှာ လူသိအများဆုံးနဲ့ တန်ဖိုးအရှိဆုံး အမှတ်တံဆိပ်များထဲက တစ်ခုဖြစ်ကြောင်း၊ ယင်းတို့ရဲ့ နာမည်နဲ့ အမှတ်တံဆိပ်မူပိုင်ခွင့်ကနေရရှိတဲ့ဝင်ငွေကလည်း များပြားကြောင်း၊ မန်ယူအသင်းဆီက ခွင့်ပြုချက်ရယူပြီး အသုံးပြုနေကြတဲ့ ကုန်ပစ္စည်းများနဲ့ လုပ်ငန်းများဟာလည်း အသင်းရဲ့အရှိန်အဝါနဲ့ အောင်မြင်မှုများ ရရှိနေကြကြောင်း၊ ယခုအချိန်မှာတော့ Football Manager ဂိမ်းအတွင်းက မန်ယူအသင်းရဲ့ နာမည်ဘေးမှာ တရားဝင်အမှတ်တံဆိပ်ကို မတွေ့ရတဲ့အတွက် မှားယွင်းတဲ့အသုံးပြုမှုတစ်ခုဖြစ်နေကြောင်း၊ ယခုတရားစွဲဆိုမှုဟာ ပြုလုပ်သင့်တဲ့အရာတစ်ခုဖြစ်ကြောင်း အစရှိသဖြင့် ပြောကြားသွားခဲ့ပါတယ်။

မန်ယူဘက်က ရှေ့နေရဲ့ ပြောကြားချက်များအတွင်းမှာ Sega နဲ့ SI တို့ဟာ မန်ယူအသင်းရဲ့ အမှတ်တံဆိပ်များ ပါဝင်တဲ့ ဂိမ်း patch သစ်များနဲ့ mod များကို ဒေါင်းလုတ်ပြုလုပ်နိုင်အောင် ဖြန်ချိခဲ့ကြပြီး ယင်းတို့ကနေ အကျိုးအမြတ်များစွာ ရရှိခဲ့ကြကြောင်း၊ ဒါပေမယ့် ဒီလိုပြုလုပ်ဖို့အတွက် မန်ယူအသင်းဆီက ခွင့်ပြုချက်မယူခဲ့ကြကြောင်းတို့လည်း ပါဝင်ခဲ့ပါတယ်။ လက်ရှိမှာ မန်ယူရဲ့ စုံစမ်းစစ်ဆေးရေးအသင်းဟာ Football Manager ဂိမ်းရဲ့ database ထဲကို ဝင်ရောက်နိုင်ဖို့အတွက် SI ကို ဆက်သွယ်ထားကြောင်း ကိုလည်း ပြောသွားခဲ့ပါတယ်။

Sega နဲ့ SI တို့ကတော့ ဗီဒီယိုဂိမ်းအတွင်းက အသင်းတစ်ခုအတွက် ‘Manchester United’ ဆိုတဲ့ စကားလုံးများကို အသုံးပြုနိုင်ဖို့အတွက် ငွေပေးချေရမယ်ဆိုတာ အကျိုးအကြောင်း ဆီလျှော်မှု မရှိလှကြောင်း၊ မန်ယူအသင်းအနေနဲ့ ယခုလိုအခြေအနေမှာ တရားစွဲဖို့ မသင့်လှကြောင်း အစရှိသဖြင့် ပြောကြားသွားခဲ့ပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: skysports


[ZawGyi]

Football Manager ဂိမ္းကို တရားစြဲလိုက္တဲ့ မန္ခ်က္စတာ ယူႏိုက္တက္

 

မန္ခ်က္စတာ ယူႏိုက္တက္ (မန္ယူ) အသင္းဟာ Football Manager ဂိမ္းရဲ႕ ျဖန္႔ခ်ိသူနဲ႔ ထုတ္လုပ္သူ ကုမၸဏီမ်ားျဖစ္ၾကတဲ့ Sega Publishing နဲ႔ Sports Interactive (SI) တို႔ကို မၾကာေသးမီက တရားစြဲဆိုလိုက္ပါတယ္။ Football Manager ဂိမ္းအတြင္းမွာ မန္ယူအသင္းရဲ႕ ပုံရိပ္ကို မူပိုင္ခြင့္ ခ်ိဳးေဖာက္ၿပီး အသုံးျပဳထားတဲ့အတြက္ ယခုလို တရားစြဲဆိုရတာျဖစ္ေၾကာင္းကိုလည္း ေၾကညာခဲ့ပါတယ္။

မန္ယူအသင္းရဲ႕ အဆိုအရေတာ့ Sega နဲ႔ SI တို႔ဟာ ဂိမ္းအတြင္းမွာ မန္ယူအသင္းရဲ႕ တရားဝင္ အမွတ္တံဆိပ္ကို မသုံးပဲ အနီေရာင္နဲ႔ အျဖဴေရာင္အစင္းေၾကာင္းမ်ား ပါဝင္တဲ့ ႐ိုးရွင္းတဲ့ တံဆိပ္တစ္ခုကို အသုံးျပဳထားတယ္လို႔ ဆိုပါတယ္။ ဒါဟာ ကလပ္အသင္းရဲ႕ အမွတ္တံဆိပ္ခြင့္ျပဳခ်က္နဲ႔ ပတ္သက္ၿပီး ခ်ိဳးေဖာက္ထားတာျဖစ္ေၾကာင္း မန္ယူအသင္းဘက္က ေျပာၾကားခဲ့ပါတယ္။

Sega နဲ႔ SI တို႔ကေတာ့ သူတို႔အေနနဲ႔ မန္ယူအသင္းကို ကိုယ္စားျပဳတဲ့ ပုံရိပ္မ်ားကို ေဘာလုံးဂိမ္းအတြင္း ထည့္သြင္း အသုံးျပဳေနခဲ့တာၾကာၿပီျဖစ္ေၾကာင္း၊ Football Manager ဂိမ္းမတိုင္မီ ၁၉၉၂ ခုႏွစ္က ထြက္ရွိခဲ့တဲ့ Championship Manager ဂိမ္းထဲမွာတည္းက အသုံးျပဳေနခဲ့တာျဖစ္ေၾကာင္း၊ ဒါေပမယ့္ ယခုလို တရားစြဲတိုင္ၾကားခံခဲ့ရျခင္းမ်ား တစ္ခါမွ မရွိခဲ့ဖူးေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ManU Logo and Squad at FM 2020 Mobile

မန္ယူအသင္းဟာ ယင္းတို႔ရဲ႕ နာမည္ကို ခြင့္ျပဳခ်က္နဲ႔သာ ဂိမ္းကုမၸဏီမ်ားကို အသုံးျပဳေစခ်င္ေနတာျဖစ္ၿပီး ဒါဟာ ေဘာလုံးဗီဒီယိုဂိမ္းမ်ားကို အျပင္ေလာက က အေနအထားမ်ားအတိုင္း ပုံစံတူျပဳလုပ္ဖန္တီးဖို႔ မျဖစ္ႏိုင္ေအာင္ ပိတ္ပင္တားျမစ္ခ်င္ေနတာျဖစ္ေၾကာင္းကိုလည္း Sega နဲ႔ SI တို႔က ေျပာသြားခဲ့ပါတယ္။

မန္ယူအသင္းရဲ႕ ေရွ႕ေနျဖစ္သူ Simon Malynicz QC ကေတာ့ မန္ယူအသင္းရဲ႕ အမွတ္တံဆိပ္ဟာ တစ္ကမာၻလုံးမွာ လူသိအမ်ားဆုံးနဲ႔ တန္ဖိုးအရွိဆုံး အမွတ္တံဆိပ္မ်ားထဲက တစ္ခုျဖစ္ေၾကာင္း၊ ယင္းတို႔ရဲ႕ နာမည္နဲ႔ အမွတ္တံဆိပ္မူပိုင္ခြင့္ကေနရရွိတဲ့ဝင္ေငြကလည္း မ်ားျပားေၾကာင္း၊ မန္ယူအသင္းဆီက ခြင့္ျပဳခ်က္ရယူၿပီး အသုံးျပဳေနၾကတဲ့ ကုန္ပစၥည္းမ်ားနဲ႔ လုပ္ငန္းမ်ားဟာလည္း အသင္းရဲ႕အရွိန္အဝါနဲ႔ ေအာင္ျမင္မႈမ်ား ရရွိေနၾကေၾကာင္း၊ ယခုအခ်ိန္မွာေတာ့ Football Manager ဂိမ္းအတြင္းက မန္ယူအသင္းရဲ႕ နာမည္ေဘးမွာ တရားဝင္အမွတ္တံဆိပ္ကို မေတြ႕ရတဲ့အတြက္ မွားယြင္းတဲ့ အသုံးျပဳမႈ တစ္ခုျဖစ္ေနေၾကာင္း၊ ယခုတရားစြဲဆိုမႈဟာ ျပဳလုပ္သင့္တဲ့အရာတစ္ခုျဖစ္ေၾကာင္း အစရွိသျဖင့္ ေျပာၾကားသြားခဲ့ပါတယ္။

မန္ယူဘက္က ေရွ႕ေနရဲ႕ ေျပာၾကားခ်က္မ်ားအတြင္းမွာ Sega နဲ႔ SI တို႔ဟာ မန္ယူအသင္းရဲ႕ အမွတ္တံဆိပ္မ်ား ပါဝင္တဲ့ ဂိမ္း patch သစ္မ်ားနဲ႔ mod မ်ားကို ေဒါင္းလုတ္ျပဳလုပ္ႏိုင္ေအာင္ ျဖန္ခ်ိခဲ့ၾကၿပီး ယင္းတို႔ကေန အက်ိဳးအျမတ္မ်ားစြာ ရရွိခဲ့ၾကေၾကာင္း၊ ဒါေပမယ့္ ဒီလိုျပဳလုပ္ဖို႔အတြက္ မန္ယူအသင္းဆီက ခြင့္ျပဳခ်က္မယူခဲ့ၾကေၾကာင္းတို႔လည္း ပါဝင္ခဲ့ပါတယ္။ လက္ရွိမွာ မန္ယူရဲ႕ စုံစမ္းစစ္ေဆးေရးအသင္းဟာ Football Manager ဂိမ္းရဲ႕ database ထဲကို ဝင္ေရာက္ႏိုင္ဖို႔အတြက္ SI ကို ဆက္သြယ္ထားေၾကာင္း ကိုလည္း ေျပာသြားခဲ့ပါတယ္။

Sega နဲ႔ SI တို႔ကေတာ့ ဗီဒီယိုဂိမ္းအတြင္းက အသင္းတစ္ခုအတြက္ ‘Manchester United’ ဆိုတဲ့ စကားလုံးမ်ားကို အသုံးျပဳႏိုင္ဖို႔အတြက္ ေငြေပးေခ်ရမယ္ဆိုတာ အက်ိဳးအေၾကာင္း ဆီေလွ်ာ္မႈ မရွိလွေၾကာင္း၊ မန္ယူအသင္းအေနနဲ႔ ယခုလိုအေျခအေနမွာ တရားစြဲဖို႔ မသင့္လွေၾကာင္း အစရွိသျဖင့္ ေျပာၾကားသြားခဲ့ပါတယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

source: skysports