[Unicode]

လေဆိပ်က TV ကို PS4 နဲ့ ချိတ်ဆက်ပြီး ဂိမ်းဆော့ခဲ့သူတစ်ဦး

 

လေကြောင်းကို အသုံးပြုပြီး ခရီးသွားလာသူများဟာ လေဆိပ်မှာ ခေတ္တစောင့်ဆိုင်းနေရချိန်များမှာ စာအုပ်ဖတ်ခြင်း၊ ဖုန်းအသုံးပြုခြင်း၊ ခဏတစ်ဖြုတ်အိပ်စက်အနားယူခြင်း စ တာတွေကို ပြုလုပ်တတ်ကြပါတယ်။ ဒါပေမယ့် အမေရိကန်ပြည်ထောင်စု အော်ရီဂွန်ပြည်နယ် ပို့ထ်လန်းလေဆိပ်မှာ စောင့်ဆိုင်းခဲ့တဲ့ ခရီးသည်တစ်ဦးကတော့ အများနဲ့ မတူပဲ တစ်မူထူးခြားတဲ့ အရာတစ်ခုကို မကြာသေးမီက ပြုလုပ်ခဲ့ပါတယ်။

အဲဒါကတော့ လေဆိပ်မှာ ပြသဖို့ထားတဲ့ TV တစ်လုံးကို အသုံးပြုပြီး ဗီဒီယိုဂိမ်းကစားနေခဲ့တာပါ။ သူဟာ ခရီးသွားရာမှာ PS4 ဂိမ်းစက်တစ်လုံးကိုပါ သယ်ဆောင်လာခဲ့ပုံရပြီး ယင်းဂိမ်းစက်ကို လေဆိပ်မော်နီတာမှာ တပ်ဆင်ပြီး ကစားနေခဲ့တာဖြစ်ပါတယ်။ သူ ကစားနေခဲ့တဲ့ဂိမ်းကတော့ လက်ရှိအချိန် battle royale gamer များကြားမှာ ရေပန်းစားနေတဲ့ Apex Legends ပါ။

တကယ်တော့ သူ ဂိမ်းကစားနေခဲ့တဲ့ မော်နီတာဟာ ခရီးသည်များအတွက် လေဆိပ်ရဲ့ စားသောက်ဆိုင်၊ restroom စ တဲ့ တည်နေရာများကို ပြသလမ်းညွှန်ဖို့ ရည်ရွယ်ထားတာပါ။ ဂိမ်းကစားနေတာကို တွေ့မြင်ခဲ့တဲ့ ခရီးသည်တစ်ဦးက ဂိမ်းကစားသူဟာ နားကြပ်ကို အသုံးပြုပြီး သူ့အသင်းဖော်များကိုတောင် စကားပြောနေခဲ့သေးတယ်လို့ ဆိုပါတယ်။

လေဆိပ်မှ တာဝန်ရှိသူများဟာ ဂိမ်းကစားသူအနီးကို ချည်းကပ်ပြီး ဂိမ်းစက်ကို မော်နီတာကနေ ဖြုတ်ဖို့ ပြောဆိုခဲ့ကြပါတယ်။ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Kama Simonds ရဲ့ အဆိုအရ ဂိမ်းကစားသူဟာ ဂိမ်းတစ်ပွဲပြီးတဲ့ ကစားဖို့ ယဉ်ယဉ်ကျေးကျေး ခွင့်တောင်းခဲ့ပါသေးတယ်။ ဒါပေမယ့် တာဝန်ရှိသူများကတော့ ခွင့်မပြုခဲ့ကြပါဘူး။

ဂိမ်းကစားခဲ့သူဟာ မည်သူမည်ဝါ ဆိုတာကို ဖော်ပြထားခြင်း မရှိသလို ကြီးမားတဲ့အပြစ်ဒဏ်ပေးခြင်းမျိုးလည်း မရှိကြောင်း သိရပါတယ်။ လေဆိပ်ကိုရောက်ရင် အားသွင်းဖို့ ခွင့်ပြုထားတဲ့ ပလပ်ပေါက်များကလွဲရင် အခြားမည်သည့်အရာကိုမှ ပလပ်ထိုး အသုံးမပြုသင့်ကြောင်းကိုလည်း Kama Simonds က ပြောခဲ့ပါသေးတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။

source: cnn, slashgear


[Zawgyi]

ေလဆိပ္က TV ကို PS4 နဲ႔ ခ်ိတ္ဆက္ၿပီး ဂိမ္းေဆာ့ခဲ့သူတစ္ဦး

 

ေလေၾကာင္းကို အသုံးျပဳျပီး ခရီးသြားလာသူမ်ားဟာ ေလဆိပ္မွာ ေခတၱေစာင့္ဆိုင္းေနရခ်ိန္မ်ားမွာ စာအုပ္ဖတ္ျခင္း၊ ဖုန္းအသုံးျပဳျခင္း၊ ခဏတစ္ျဖဳတ္အိပ္စက္အနားယူျခင္း စ တာေတြကို ျပဳလုပ္တတ္ၾကပါတယ္။ ဒါေပမယ့္ အေမရိကန္ျပည္ေထာင္စု ေအာ္ရီဂြန္ျပည္နယ္ ပို႔ထ္လန္းေလဆိပ္မွာ ေစာင့္ဆိုင္းခဲ့တဲ့ ခရီးသည္တစ္ဦးကေတာ့ အမ်ားနဲ႔ မတူပဲ တစ္မူထူးျခားတဲ့ အရာတစ္ခုကို မၾကာေသးမီက ျပဳလုပ္ခဲ့ပါတယ္။

အဲဒါကေတာ့ ေလဆိပ္မွာ ျပသဖုိ႔ထားတဲ့ TV တစ္လုံးကို အသုံးျပဳျပီး ဗီဒီယိုဂိမ္းကစားေနခဲ့တာပါ။ သူဟာ ခရီးသြားရာမွာ PS4 ဂိမ္းစက္တစ္လုံးကိုပါ သယ္ေဆာင္လာခဲ့ပုံရျပီး ယင္းဂိမ္းစက္ကို ေလဆိပ္ေမာ္နီတာမွာ တပ္ဆင္ျပီး ကစားေနခဲ့တာျဖစ္ပါတယ္။ သူ ကစားေနခဲ့တဲ့ဂိမ္းကေတာ့ လက္ရွိအခ်ိန္ battle royale gamer မ်ားၾကားမွာ ေရပန္းစားေနတဲ့ Apex Legends ပါ။

 

တကယ္ေတာ့ သူ ဂိမ္းကစားေနခဲ့တဲ့ ေမာ္နီတာဟာ ခရီးသည္မ်ားအတြက္ ေလဆိပ္ရဲ႕ စားေသာက္ဆိုင္၊ restroom စ တဲ့ တည္ေနရာမ်ားကို ျပသလမ္းညႊန္ဖုိ႔ ရည္ရြယ္ထားတာပါ။ ဂိမ္းကစားေနတာကို ေတြ႕ျမင္ခဲ့တဲ့ ခရီးသည္တစ္ဦးက ဂိမ္းကစားသူဟာ နားၾကပ္ကို အသုံးျပဳျပီး သူ႔အသင္းေဖာ္မ်ားကိုေတာင္ စကားေျပာေနခဲ့ေသးတယ္လို႔ ဆိုပါတယ္။

ေလဆိပ္မွ တာဝန္ရွိသူမ်ားဟာ ဂိမ္းကစားသူအနီးကို ခ်ည္းကပ္ျပီး ဂိမ္းစက္ကို ေမာ္နီတာကေန ျဖဳတ္ဖုိ႔ ေျပာဆိုခဲ့ၾကပါတယ္။ တာဝန္ရွိသူတစ္ဦးျဖစ္တဲ့ Kama Simonds ရဲ႕ အဆိုအရ ဂိမ္းကစားသူဟာ ဂိမ္းတစ္ပြဲျပီးတဲ့ ကစားဖုိ႔ ယဥ္ယဥ္ေက်းေက်း ခြင့္ေတာင္းခဲ့ပါေသးတယ္။ ဒါေပမယ့္ တာဝန္ရွိသူမ်ားကေတာ့ ခြင့္မျပဳခဲ့ၾကပါဘူး။

ဂိမ္းကစားခဲ့သူဟာ မည္သူမည္ဝါ ဆိုတာကို ေဖာ္ျပထားျခင္း မရွိသလို ၾကီးမားတဲ့အျပစ္ဒဏ္ေပးျခင္းမ်ိဳးလည္း မရွိေၾကာင္း သိရပါတယ္။ ေလဆိပ္ကိုေရာက္ရင္ အားသြင္းဖုိ႔ ခြင့္ျပဳထားတဲ့ ပလပ္ေပါက္မ်ားကလြဲရင္ အျခားမည္သည့္အရာကိုမွ ပလပ္ထိုး အသုံးမျပဳသင့္ေၾကာင္းကိုလည္း Kama Simonds က ေျပာခဲ့ပါေသးတယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။

source: cnn, slashgear