[Unicode]

PUBG ဆော့ပြီး လစဉ် ငွေကျပ်၆၅ သိန်းကျော် ရရှိနေတဲ့ မလေးရှား အိမ်ရှင်မ

 

တိုးတက်နေတဲ့ ယနေ့ခေတ်ကြီးမှာ အိမ်ရှင်မများဟာလည်း နိစ္စဓူဝ အိမ်မှုကိစ္စများ ဆောင်ရွက်ရုံသာမက အချိန်ပိုင်းအလုပ်များကိုပါ လုပ်ကိုင်ပြီး တစ်ဖက်တစ်လမ်းက ဝင်ငွေရှာလာကြတာကို တွေ့ရပါတယ်။ ယခုလည်း မလေးရှားနိုင်ငံက အိမ်ရှင်မတစ်ယောက်ဟာ အားလပ်ချိန်များမှာ PUBG ကစားရင်း တစ်လဝင်ငွေ ကန်ဒေါ်လာ ၄,၄၀၀ ကျော် (မလေးရှားရင်းဂစ် ၁၈,၀၀၀ ကျော်, မြန်မာငွေ ၆၅ သိန်းကျော်ခန့်) အထိ ရရှိလို့နေပါတယ်။

သူမရဲ့ အမည်အရင်းဟာ Roslinda Embran ဖြစ်ပေမယ့် လူအများက သူမကို Lynda Embran သို့မဟုတ် Miss Rose လို့ ခေါ်ဝေါ်ကြပါတယ်။ ဇနီးတစ်ယောက်ဖြစ်သလို မိခင်တစ်ယောက်လည်းဖြစ်တဲ့ သူမဟာ အိမ်ရှင်မဘဝရဲ့ အားလပ်ချိန်များမှာ PUBG ကစားနေရင်း facebook streamer တစ်ဦးအဖြစ် ရပ်တည်ဖို့ ဆုံးဖြတ်ခဲ့သူပါ။

Streamer အဖြစ် စတင်ခဲ့ချိန်မှာ ကြည့်ရှုသူ ၅ ဦးသာ ရှိခဲ့ပေမယ့် ယနေ့အချိန်အထိ အားမလျော့ပဲ ကြိုးပမ်းလာခဲ့တယ်လို့ သူမက ဆိုပါတယ်။ မိမိကိုယ်ကို တိုးတက်လာအောင် အခြား streamer များဆီက လေ့လာသင်ယူခဲ့သလို ကိုယ်တိုင် စူးစမ်းရှာဖွေမှုများ အမြဲမပြတ် ပြုလုပ်ကြောင်းကိုလည်း ပြောခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကြိုးစားမှုရဲ့ ရလဒ်အဖြစ် ပမာဏများပြားတဲ့ လစဉ်ဝင်ငွေကို ပထမဆုံးအကြိမ် ရရှိလာနိုင်ခဲ့တာပါ။

Streamer ဘဝမှာ အခက်အခဲပေါင်းများစွာ ကြုံခဲ့ရတဲ့အကြောင်းကိုလည်း သူမက ပြောပါတယ်။ အထူးသဖြင့် အချို့သူများဟာ သူမရဲ့ အိမ်ရှင်မဘဝနဲ့ ပတ်သက်ပြီး ဝေဖန်တဲ့ comment များရေးကာ အတိုက်အခံပြုလုပ်တတ်ကြတယ်လို့ ဆိုပါတယ်။ ထိုအချိန်များမှာတော့ ယင်းတို့ကို လျစ်လျူရှုနိုင်ဖို့ ကြိုးစားခဲ့ရကြောင်း၊ တစ်ခါတစ်ရံတော့ “ဂိမ်းကစားခြင်းဟာ ကျွန်မရဲ့ အလုပ်ဖြစ်ပါတယ်၊ ဒီအလုပ်နဲ့ ကျွန်မဘဝ ရပ်တည်နိုင်ပြီး မိသားစုကိုလည်း ထောက်ပံ့နိုင်အောင် ကြိုးပမ်းပါတယ်” စသဖြင့် တုံ့ပြန်ပြောဆိုခဲ့ကြောင်းတို့ကိုလည်း သူမက ပြောခဲ့ပါတယ်။

ယခင်က ခင်ပွန်းသည် ယောကျ်ားဖြစ်သူဆီကသာ ငွေရဖို့ မျှော်လင့်နိုင်ခဲ့ပေမယ့် ယခုအချိန်မှာတော့ ကိုယ့်ဘဝကိုယ် ရပ်တည်နိုင်နေပြီဖြစ်ကြောင်းကိုလည်း ပြောခဲ့ပါတယ်။ Stream ကို ကြည့်ရှုသူများပြားရင် များပြားသလောက် ဝင်ငွေရနေကြောင်း၊ နေ့စဉ် stream လွှင့်သူများကို facebook က partner အဖြစ် ကမ်းလှမ်းဖို့ ဆက်သွယ်ကြောင်း စ တာတွေကိုလည်း ပြောခဲ့ပါတယ်။

Gamer ဘဝမှာ အောင်မြင်မှု ရရှိလာနေပေမယ့် သူမဟာ အိမ်ရှင်မတို့ရဲ့ အလုပ်တာဝန်များကိုလည်း မလစ်ဟင်းရအောင် ကြိုးပမ်းနေသူပါ။ ဇနီးတစ်ယောက်အဖြစ်ရော အိမ်ရှင်တစ်ယောက်အဖြစ်ပါ တာဝန်ကျေပွန်ရင်း streamer အဖြစ် ဆက်လက်ရပ်တည်သွားမှာဖြစ်ကြောင်းကိုလည်း ပြောခဲ့ပါသေးတယ်။

ဂိမ်းဝါသနာရှင်များနဲ့ လူငယ်များအတွက် “အောင်မြင်မှုကို လိုလားရင် တစ်စက္ကန့်တောင် အရှုံးမပေးပါနဲ့။ အကြိမ်ပေါင်းများစွာ ကျရှုံးသွားလည်း ဆက်လက်ကြိုးစားပါ။ ပထမဆုံးအနေနဲ့ ကိုယ်ရဲ့ စိတ်ကူးအိပ်မက်ကို သတ်မှတ်ထားပါ။ ကြိုးစားတာ အမှားမရှိပါဘူး။ ငယ်ရွယ်ပြီး streamer ဖြစ်ချင်သူများဟာ ဆက်လက်ကြိုးစားပြီး အောင်မြင်လာနိုင်ကြောင်း အားလုံးကို သက်သေပြလိုက်ပါ” လို့ သူမက အကြံပြုပြောကြားခဲ့ပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက် ရှိပါတယ်။

source: worldofbuzz


[ZawGyi]

PUBG ေဆာ့ၿပီး လစဥ္ ေငြက်ပ္၆၅ သိန္းေက်ာ္ ရရွိေနတဲ့ မေလးရွား အိမ္ရွင္မ

 

တိုးတက္ေနတဲ့ ယေန႔ေခတ္ႀကီးမွာ အိမ္ရွင္မမ်ားဟာလည္း နိစၥဓူဝ အိမ္မႈကိစၥမ်ား ေဆာင္႐ြက္႐ုံသာမက အခ်ိန္ပိုင္းအလုပ္မ်ားကိုပါ လုပ္ကိုင္ၿပီး တစ္ဖက္တစ္လမ္းက ဝင္ေငြရွာလာၾကတာကို ေတြ႕ရပါတယ္။ ယခုလည္း မေလးရွားႏိုင္ငံက အိမ္ရွင္မတစ္ေယာက္ဟာ အားလပ္ခ်ိန္မ်ားမွာ PUBG ကစားရင္း တစ္လဝင္ေငြ ကန္ေဒၚလာ ၄,၄၀၀ ေက်ာ္ (မေလးရွားရင္းဂစ္ ၁၈,၀၀၀ ေက်ာ္, ျမန္မာေငြ ၆၅ သိန္းေက်ာ္ခန႔္) အထိ ရရွိလို႔ေနပါတယ္။

သူမရဲ႕ အမည္အရင္းဟာ Roslinda Embran ျဖစ္ေပမယ့္ လူအမ်ားက သူမကို Lynda Embran သို႔မဟုတ္ Miss Rose လို႔ ေခၚေဝၚၾကပါတယ္။ ဇနီးတစ္ေယာက္ျဖစ္သလို မိခင္တစ္ေယာက္လည္းျဖစ္တဲ့ သူမဟာ အိမ္ရွင္မဘဝရဲ႕ အားလပ္ခ်ိန္မ်ားမွာ PUBG ကစားေနရင္း facebook streamer တစ္ဦးအျဖစ္ ရပ္တည္ဖို႔ ဆုံးျဖတ္ခဲ့သူပါ။

Streamer အျဖစ္ စတင္ခဲ့ခ်ိန္မွာ ၾကည့္ရႈသူ ၅ ဦးသာ ရွိခဲ့ေပမယ့္ ယေန႔အခ်ိန္အထိ အားမေလ်ာ့ပဲ ႀကိဳးပမ္းလာခဲ့တယ္လို႔ သူမက ဆိုပါတယ္။ မိမိကိုယ္ကို တိုးတက္လာေအာင္ အျခား streamer မ်ားဆီက ေလ့လာသင္ယူခဲ့သလို ကိုယ္တိုင္ စူးစမ္းရွာေဖြမႈမ်ား အၿမဲမျပတ္ ျပဳလုပ္ေၾကာင္းကိုလည္း ေျပာခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ ႀကိဳးစားမႈရဲ႕ ရလဒ္အျဖစ္ ပမာဏမ်ားျပားတဲ့ လစဥ္ဝင္ေငြကို ပထမဆုံးအႀကိမ္ ရရွိလာႏိုင္ခဲ့တာပါ။

Streamer ဘဝမွာ အခက္အခဲေပါင္းမ်ားစြာ ႀကဳံခဲ့ရတဲ့အေၾကာင္းကိုလည္း သူမက ေျပာပါတယ္။ အထူးသျဖင့္ အခ်ိဳ႕သူမ်ားဟာ သူမရဲ႕ အိမ္ရွင္မဘဝနဲ႔ ပတ္သက္ၿပီး ေဝဖန္တဲ့ comment မ်ားေရးကာ အတိုက္အခံျပဳလုပ္တတ္ၾကတယ္လို႔ ဆိုပါတယ္။ ထိုအခ်ိန္မ်ားမွာေတာ့ ယင္းတို႔ကို လ်စ္လ်ဴရႈႏိုင္ဖို႔ ႀကိဳးစားခဲ့ရေၾကာင္း၊ တစ္ခါတစ္ရံေတာ့ “ဂိမ္းကစားျခင္းဟာ ကြၽန္မရဲ႕ အလုပ္ျဖစ္ပါတယ္၊ ဒီအလုပ္နဲ႔ ကြၽန္မဘဝ ရပ္တည္ႏိုင္ၿပီး မိသားစုကိုလည္း ေထာက္ပံ့ႏိုင္ေအာင္ ႀကိဳးပမ္းပါတယ္” စသျဖင့္ တုံ႔ျပန္ေျပာဆိုခဲ့ေၾကာင္းတို႔ကိုလည္း သူမက ေျပာခဲ့ပါတယ္။

ယခင္က ခင္ပြန္းသည္ ေယာက်္ားျဖစ္သူဆီကသာ ေငြရဖို႔ ေမွ်ာ္လင့္ႏိုင္ခဲ့ေပမယ့္ ယခုအခ်ိန္မွာေတာ့ ကိုယ့္ဘဝကိုယ္ ရပ္တည္ႏိုင္ေနၿပီျဖစ္ေၾကာင္းကိုလည္း ေျပာခဲ့ပါတယ္။ Stream ကို ၾကည့္ရႈသူမ်ားျပားရင္ မ်ားျပားသေလာက္ ဝင္ေငြရေနေၾကာင္း၊ ေန႔စဥ္ stream လႊင့္သူမ်ားကို facebook က partner အျဖစ္ ကမ္းလွမ္းဖို႔ ဆက္သြယ္ေၾကာင္း စ တာေတြကိုလည္း ေျပာခဲ့ပါတယ္။

Gamer ဘဝမွာ ေအာင္ျမင္မႈ ရရွိလာေနေပမယ့္ သူမဟာ အိမ္ရွင္မတို႔ရဲ႕ အလုပ္တာဝန္မ်ားကိုလည္း မလစ္ဟင္းရေအာင္ ႀကိဳးပမ္းေနသူပါ။ ဇနီးတစ္ေယာက္အျဖစ္ေရာ အိမ္ရွင္တစ္ေယာက္အျဖစ္ပါ တာဝန္ေက်ပြန္ရင္း streamer အျဖစ္ ဆက္လက္ရပ္တည္သြားမွာျဖစ္ေၾကာင္းကိုလည္း ေျပာခဲ့ပါေသးတယ္။

ဂိမ္းဝါသနာရွင္မ်ားနဲ႔ လူငယ္မ်ားအတြက္ “ေအာင္ျမင္မႈကို လိုလားရင္ တစ္စကၠန႔္ေတာင္ အရႈံးမေပးပါနဲ႔။ အႀကိမ္ေပါင္းမ်ားစြာ က်ရႈံးသြားလည္း ဆက္လက္ႀကိဳးစားပါ။ ပထမဆုံးအေနနဲ႔ ကိုယ္ရဲ႕ စိတ္ကူးအိပ္မက္ကို သတ္မွတ္ထားပါ။ ႀကိဳးစားတာ အမွားမရွိပါဘူး။ ငယ္႐ြယ္ၿပီး streamer ျဖစ္ခ်င္သူမ်ားဟာ ဆက္လက္ႀကိဳးစားၿပီး ေအာင္ျမင္လာႏိုင္ေၾကာင္း အားလုံးကို သက္ေသျပလိုက္ပါ” လို႔ သူမက အႀကံျပဳေျပာၾကားခဲ့ပါတယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္ တင္ဆက္ေပးလ်က္ ရွိပါတယ္။

source: worldofbuzz