[Unicode]

မလေးရှားနိုင်ငံမှ ၂၀၂၀ ခုနှစ်အတွက် Esports ဘတ်ဂျက် ရင်းဂစ် သန်း (၂၀) (ဒေါ်လာ ၄.၈ သန်းခန့်) လျှာထားခြင်းခံရ

 

မလေးရှားအစိုးရဟာ နိုင်ငံရဲ့ အီလက်ထရောနစ်အားကစားထွန်းကားလာရေးအတွက် အစွမ်းကုန် ကြိုးပမ်းလျက်ရှိပါတယ်။ ယခုလည်း ၂၀၂၀ ခုနှစ်အတွက် Esports ဘတ်ဂျက်ငွေ ရင်းဂစ် သန်း (၂၀) (အမေရိကန်ဒေါ်လာ ၄. ၈သန်း) (မြန်မာကျပ်ငွေ သိန်းပေါင်း ၇သောင်း၃ထောင် ကျော်) သုံးစွဲနိုင်ရန် လျှာထားကြောင်းကို မလေးရှားဘဏ္ဍာရေးဝန်ကြီး Lim Guan Eng က အတည်ပြုပြောကြားခဲ့ပါတယ်။

မလေးရှားဘဏ္ဍာရေးဝန်ကြီး Lim Guan Eng

ဒီအကြောင်းကို မကြာသေးမီက မလေးရှားပါလီမန်အတွင်းမှာ ပြုလုပ်ခဲ့တဲ့ Malaysia Budget 2020 မှာ ပြောကြားသွားခဲ့တာပါ။ ၂၀၁၉ ဆီးဂိမ်းမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ပြိုင်ပွဲဝင်များ အောင်နိုင်ရေးအတွက်လည်း Lim Guan Eng က ဆုမွန်ကောင်းတောင်းပေးခဲ့ပါသေးတယ်။

၂၀၂၀ အတွင်း မလေးရှား Esports ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြိုင်ပွဲကျင်းပရေးတို့အတွက် အစိုးရက ထုတ်ပေးတဲ့ ဘတ်ဂျက်ငွေကို အသုံးပြုပြီး ဆောင်ရွက်နိုင်ကြမှာပါ။ မလေးရှားနိုင်ငံရဲ့ နေရှင်နယ် Esports လိဂ် (Malaysia’s National Esports League) ကို ၂၀၂၀ က စပြီး ကျင်းပမှာ ဖြစ်ကြောင်းကိုလည်း မကြာသေးမီက ကြေညာခဲ့ပါတယ်။ ယခုကြေညာချက်ကိုတော့ မလေးရှား လူငယ်ရေးရာနဲ့ အားကစားဝန်ကြီး Syed Saddiq က ပြောကြားသွားခဲ့တာပါ။

မလေးရှား လူငယ်ရေးရာနဲ့ အားကစားဝန်ကြီး Syed Saddiq

လိဂ်ပွဲစဉ်တစ်လျှောက်မှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကစားသမားများကို စွမ်းဆောင်ချက်အပေါ် မူတည်ပြီး အဆင့်များ ခွဲခြားသတ်မှတ်ထားမှာပါ။ ဒီလိုအဆင့်များခွဲခြားသတ်မှတ်ထားခြင်းအားဖြင့် နိုင်ငံကိုယ်စားပြု လက်ရွေးစင်ကစားသမားများကို ရွေးထုတ်နိုင်မှာဖြစ်သလို ဆီးဂိမ်း (South East Asian Games) များမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့လည်း အထောက်အကူပြုမှာပါ။

မလေးရှားနိုင်ငံရဲ့ Esports ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သတ်တဲ့ အခြားအစီအစဉ်များကိုလည်း Syed Saddiq က ပြောကြားခဲ့ပြီး ယင်းတို့ထဲမှာ နိုင်ငံတစ်ဝှမ်း Esports လေ့ကျင့်ရေးစခန်းများ ဖွင့်လှစ်မယ့် အစီအစဉ်လည်း ပါဝင်ပါတယ်။ လာမယ့် Sukan Malaysia 2020 (SUKMA 2020) မှာ Esports ကို ထည့်သွင်းဖို့ Johor Sports Council က ဆုံးဖြတ်ထားတဲ့အကြောင်းကိုလည်း ပြောကြားသွားခဲ့ပါတယ်။

Syed Saddiq ဟာ မလေးရှားနိုင်ငံရဲ့ ဝန်ကြီးတစ်ဦးဖြစ်ပေမယ့် အသက် ၂၆ နှစ်သာ ရှိသေးတဲ့ လူငယ်တစ်ဦးပါ။ နိုင်ငံရဲ့ Esports ကိစ္စရပ်များကို အလေးပေးဆောင်ရွက်သူတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ Dota 2 ရဲ့ Kuala Lumpa Major 2018 ကိုလည်း ကိုယ်တိုင်တက်ရောက်ခဲ့ပါတယ်။

နေရှင်နယ် Esports လိဂ် နဲ့ SUKMA 2020 ပွဲစဉ်များမှာ ထည့်သွင်းယှဉ်ပြိုင်စေမယ့် ဂိမ်းများကိုတော့ ယခုအချိန်ထိ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။ ဒါပေမယ့် လက်ရှိမှာ ခေတ်စားနေတဲ့ Dota 2, Tekken 7 နဲ့ FIFA တို့ ပါဝင်မယ်လို့ ကျွမ်းကျင်သူများက ခန့်မှန်းကြပါတယ်။

လာမယ့် ဒီဇင်ဘာလအတွင်း ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပမယ့် ၂၀၁၉ ဆီးဂိမ်းမှာ Esports ကို ထည့်သွင်းယှဉ်ပြိုင်စေမှာဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက် အရှေ့တောင်အာရှနိုင်ငံများရဲ့ Esports ဖွံ့ဖြိုးရေးကြိုးပမ်းမှုများဟာ ပိုမိုများပြားလာခဲ့ပါတယ်။ အချိန်နဲ့အမျှတိုးတက်နေတဲ့ Esports လောကမှာ ပြင်ဆင်မှုရှိတဲ့ ခေတ်မီနိုင်ငံများကတော့ ကမ္ဘာမှာ ရင်ဘောင်တန်းနိုင်ကြမှာပဲဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။

Source: malaymail.com, lowyat.net


[Zawgyi]

မေလးရွားႏိုင္ငံမွ ၂၀၂၀ ခုႏွစ္အတြက္ Esports ဘတ္ဂ်က္ ရင္းဂစ္ သန္း (၂၀) (ေဒၚလာ ၄.၈ သန္းခန္႔) လွ်ာထားျခင္းခံရ

 

မေလးရွားအစိုးရဟာ ႏိုင္ငံရဲ႕ အီလက္ထေရာနစ္အားကစားထြန္းကားလာေရးအတြက္ အစြမ္းကုန္ ၾကိဳးပမ္းလ်က္ရွိပါတယ္။ ယခုလည္း ၂၀၂၀ ခုႏွစ္အတြက္ Esports ဘတ္ဂ်က္ေငြ ရင္းဂစ္ သန္း (၂၀) (အေမရိကန္ေဒၚလာ ၄. ၈သန္း) (ျမန္မာက်ပ္ေငြ သိန္းေပါင္း ၇ေသာင္း၃ေထာင္ ေက်ာ္) သုံးစြဲႏိုင္ရန္ လ်ွာထားေၾကာင္းကို မေလးရွားဘ႑ာေရးဝန္ၾကီး Lim Guan Eng က အတည္ျပဳေျပာၾကားခဲ့ပါတယ္။

မေလးရွားဘ႑ာေရးဝန္ၾကီး Lim Guan Eng

ဒီအေၾကာင္းကို မၾကာေသးမီက မေလးရွားပါလီမန္အတြင္းမွာ ျပဳလုပ္ခဲ့တဲ့ Malaysia Budget 2020 မွာ ေျပာၾကားသြားခဲ့တာပါ။ ၂၀၁၉ ဆီးဂိမ္းမွာ ဝင္ေရာက္ယွဥ္ျပိဳင္ၾကမယ့္ ျပိဳင္ပြဲဝင္မ်ား ေအာင္ႏိုင္ေရးအတြက္လည္း Lim Guan Eng က ဆုမြန္ေကာင္းေတာင္းေပးခဲ့ပါေသးတယ္။

၂၀၂၀ အတြင္း မေလးရွား Esports ဖြံ႕ျဖိဳးတိုးတက္ေရးနဲ႕ ျပိဳင္ပြဲက်င္းပေရးတို့အတြက္ အစိုးရက ထုတ္ေပးတဲ့ ဘတ္ဂ်က္ေငြကို အသုံးျပဳျပီး ေဆာင္ရြက္ႏိုင္ၾကမွာပါ။ မေလးရွားႏိုင္ငံရဲ႕ ေနရွင္နယ္ Esports လိဂ္ (Malaysia’s National Esports League) ကို ၂၀၂၀ က စျပီး က်င္းပမွာ ျဖစ္ေၾကာင္းကိုလည္း မၾကာေသးမီက ေၾကညာခဲ့ပါတယ္။ ယခုေၾကညာခ်က္ကိုေတာ့ မေလးရွား လူငယ္ေရးရာနဲ႔ အားကစားဝန္ၾကီး Syed Saddiq က ေျပာၾကားသြားခဲ့တာပါ။

မေလးရွား လူငယ္ေရးရာနဲ႔ အားကစားဝန္ၾကီး Syed Saddiq

လိဂ္ပြဲစဥ္တစ္ေလွ်ာက္မွာ ဝင္ေရာက္ယွဥ္ျပိဳင္ၾကမယ့္ ကစားသမားမ်ားကို စြမ္းေဆာင္ခ်က္အေပၚ မူတည္ျပီး အဆင့္မ်ား ခြဲျခားသတ္မွတ္ထားမွာပါ။ ဒီလိုအဆင့္မ်ားခြဲျခားသတ္မွတ္ထားျခင္းအားျဖင့္ ႏိုင္ငံကိုယ္စားျပဳ လက္ေရြးစင္ကစားသမားမ်ားကို ေရြးထုတ္ႏိုင္မွာျဖစ္သလို ဆီးဂိမ္း (South East Asian Games) မ်ားမွာ ဝင္ေရာက္ယွဥ္ျပိဳင္ဖုိ႔လည္း အေထာက္အကူျပဳမွာပါ။

မေလးရွားႏိုင္ငံရဲ႕ Esports ဖြံ႕ျဖိဳးတိုးတက္ေရးနဲ႔ ပတ္သတ္တဲ့ အျခားအစီအစဥ္မ်ားကိုလည္း Syed Saddiq က ေျပာၾကားခဲ့ျပီး ယင္းတို႔ထဲမွာ ႏိုင္ငံတစ္ဝွမ္း Esports ေလ့က်င့္ေရးစခန္းမ်ား ဖြင့္လွစ္မယ့္ အစီအစဥ္လည္း ပါဝင္ပါတယ္။ လာမယ့္ Sukan Malaysia 2020 (SUKMA 2020) မွာ Esports ကို ထည့္သြင္းဖုိ႔ Johor Sports Council က ဆုံးျဖတ္ထားတဲ့အေၾကာင္းကိုလည္း ေျပာၾကားသြားခဲ့ပါတယ္။

Syed Saddiq ဟာ မေလးရွားႏိုင္ငံရဲ႕ ဝန္ၾကီးတစ္ဦးျဖစ္ေပမယ့္ အသက္ ၂၆ ႏွစ္သာ ရွိေသးတဲ့ လူငယ္တစ္ဦးပါ။ ႏိုင္ငံရဲ႕ Esports ကိစၥရပ္မ်ားကို အေလးေပးေဆာင္ရြက္သူတစ္ဦးျဖစ္ျပီး ျပီးခဲ့တဲ့ႏွစ္က က်င္းပခဲ့တဲ့ Dota 2 ရဲ႕ Kuala Lumpa Major 2018 ကိုလည္း ကိုယ္တိုင္တက္ေရာက္ခဲ့ပါတယ္။

ေနရွင္နယ္ Esports လိဂ္ နဲ႔ SUKMA 2020 ပြဲစဥ္မ်ားမွာ ထည့္သြင္းယွဥ္ျပိဳင္ေစမယ့္ ဂိမ္းမ်ားကိုေတာ့ ယခုအခ်ိန္ထိ ထုတ္ေဖာ္ေျပာၾကားျခင္း မရွိေသးပါဘူး။ ဒါေပမယ့္ လက္ရွိမွာ ေခတ္စားေနတဲ့ Dota 2, Tekken 7 နဲ႔ FIFA တို႔ ပါဝင္မယ္လို႔ ကြ်မ္းက်င္သူမ်ားက ခန္႔မွန္းၾကပါတယ္။

လာမယ့္ ဒီဇင္ဘာလအတြင္း ဖိလစ္ပိုင္ႏိုင္ငံမွာ က်င္းပမယ့္ ၂၀၁၉ ဆီးဂိမ္းမွာ Esports ကို ထည့္သြင္းယွဥ္ျပိဳင္ေစမွာျဖစ္ေၾကာင္း ေၾကညာခဲ့ျပီးေနာက္ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားရဲ႕ Esports ဖြံ႕ျဖိဳးေရးၾကိဳးပမ္းမႈမ်ားဟာ ပိုမိုမ်ားျပားလာခဲ့ပါတယ္။ အခ်ိန္နဲ႔အမွ်တိုးတက္ေနတဲ့ Esports ေလာကမွာ ျပင္ဆင္မႈရွိတဲ့ ေခတ္မီႏိုင္ငံမ်ားကေတာ့ ကမၻာမွာ ရင္ေဘာင္တန္းႏိုင္ၾကမွာပဲျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။

Source: malaymail.com, lowyat.net