[Unicode]

၂၀၁၉ ဆီးဂိမ်း ရဲ့ Esports ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု (၂) ခု မှန်းထားတဲ့ လက်ရွေးစင် Esports အသင်း

 

မလေးရှား နေရှင်နယ် Esports အသင်းမန်နေဂျာ Firdaus Hashim က သူတို့ အသင်းဟာ လာမယ့် ဆီးဂိမ်းရဲ့ Dota 2 နဲ့ Hearthstone တို့မှာ ရွှေတံဆိပ်နှစ်ခု ရရှိဖို့ မျှော်မှန်းထားကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် Starcraft II, Mobile Legends: Bang Bang, Arena of Valor နဲ့ Tekken 7 တို့မှာလည်း ငွေတစ်ခုနဲ့ ကြေး ၃ ခုစီ မှန်းထားကြောင်းလည်း ပြောခဲ့ပါတယ်။

Manager and Coaches from Malaysia SEA Games Esports Team

ပြိုင်ပွဲဝင်မယ့် မလေးရှားအသင်းမှာ အဖွဲ့ဝင် စုစုပေါင်း ၂၄ ယောက် ပါဝင်ပြီး အရန်ကစားသမား ၃ ယောက် ပါဝင်မှာဖြစ်ကြောင်း၊ National Esports trials ရဲ့ Tekken 7 မှာ runners up ဆုရရှိခဲ့တဲ့ Abdul Rahim Abdul Shukor ကို လည်း အသင်းထဲမှာ ထည့်သွင်းဦးမှာဖြစ်ပြီး ဒီလိုပြုလုပ်နိုင်ဖို့အတွက် မလေးရှားအိုလံပစ်ကောင်စီ (OCM) ရဲ့ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေကြောင်းတို့ကိုလည်း ပြောသွားခဲ့ပါတယ်။

“ပြင်ဆင်မှုတွေကတော့ အဆင်ပြေချောမွေ့နေပါတယ်။ အချို့ပြိုင်ပွဲဝင်မယ့်သူတွေက ကျောင်းသားတွေဖြစ်နေလို့ သူတို့ကို စောင့်နေရတာတော့ ရှိပါတယ်။ နောက်လမှာတော့ စုံစုံညီညီ စုစည်းနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။” အစရှိသဖြင့်လည်း ပြောခဲ့ပါသေးတယ်။

ဒီအကြောင်းတွေကို Firdaus Hashim က မလေးရှားနိုင်ငံ Wangsa Maju မှာ ရှိတဲ့ Orange Esports Cyber Cafe မှာ ပြောသွားခဲ့တာပါ။ ပြောကြားချိန်မှာ ၂၀၁၉ ဆီးဂိမ်းအတွက် မလေးရှားရဲ့ deputy Chef de Mission (CDM) II အဖြစ်တာဝန်ယူထားတဲ့ Nurul Huda Abdullah လည်း ရောက်ရှိနေခဲ့ပါတယ်။ Nurul Huda Abdullah ဟာ ဆီးဂိမ်းပြိုင်ပွဲများရဲ့ ရေကူးအားကစားမှာ ရွှေတံဆိပ် ၂၂ ခုအထိ ရယူထားနိုင်ခဲ့တဲ့ အားကစားမယ် ချန်ပီယံဟောင်းလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ကစားသမားများဟာ တစ်နေ့ကို ၁၂ နာရီကြာအောင် လေ့ကျင့်မှုများ ပြုလုပ်နေကြပါတယ်။ ရွှေတံဆိပ်များ မှန်းထားကြောင်း ကြားသိခဲ့ရတဲ့ Nurul Huda က “အသင်းရဲ့ မန်နေဂျာနဲ့ နည်းပြဆီကနေ ကစားသမားများဟာ တစ်နေ့ကို ၁၂ နာရီ လေ့ကျင့်ချိန်ယူပြီး အားသွန်ခွန်စိုက်ကြိုးစားနေကြကြောင်းလည်း ကြားသိခဲ့ရလို့ အလွန်ဝမ်းမြောက်မိပါတယ်။ Esports ဟာ တစ်ခြား အားကစားများနဲ့ မတူလို့ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုများလည်း အထူးပြုလုပ်ဖို့ လိုအပ်ပါတယ်။” လို့ ပြောသွားခဲ့ပါတယ်။

၂၀၁၉ ဆီးဂိမ်းမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် မလေးရှားနိုင်ငံကိုယ်စားပြု Dota 2 အသင်းကတော့ Team Unicorn ပါ။ Team Unicorn ဟာ SEA Games Qualifier ရဲ့ Grand Final မှာ YameteH နဲ့ Ohaiyo တို့ ပါဝင်တဲ့ Felix+4 ကို အနိုင်ရရှိခဲ့လို့ ယခုလို တက်လာနိုင်ခဲ့တာဖြစ်ပါတယ်။ YameteH ဟာ Dota 1 ခေတ်ထဲက ထင်ရှားခဲ့တဲ့ကစားသမားဖြစ်သလို Ohaiyo ဟာလည်း TI3 ကို Fnatic အသင်းကနေ ဝင်ရောက်ယှဉ်ပြိုင်ဖူးသူပါ။

Team Unicorn

ဒီလို ဝါရင့်ကစားသမားများကို အနိုင်ရခဲ့တဲ့ Team Unicorn ဟာ သာမန်အသင်းတစ်သင်းတော့ မဟုတ်ကြောင်း ထင်ရှားလျက်ရှိပါတယ်။ Team Unicorn မှာ Mercury, Jolly, KaNG, czy နဲ့ TrazaM တို့ ပါဝင်ပြီး Jolly က ခေါင်းဆောင်နေရာကို တာဝန်ယူထားပါတယ်။ Qualifier များမှာ အောင်နိုင်ခဲ့လို ဝမ်းမြောက်ကြောင်းနဲ့ ၂၀၁၉ ဆီးဂိမ်းမှာ အကောင်းဆုံး ကြိုးစားသွားမှာဖြစ်ကြောင်းတို့ကို Jolly က ပြောခဲ့ဖူးပါတယ်။

မကြာမီ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပတော့မယ့် ၂၀၁၉ ဆီးဂိမ်းမှာ Esports ဟာ ဆုတံဆိပ်ချီးမြှင့်မယ့် အားကစားအဖြစ် ပထမဆုံးအကြိမ် ပါဝင်လာတာပါ။ သမိုင်းတွင်မယ့် ဒီပြိုင်ပွဲကို အကြိတ်အနယ် ဝင်ရောက်ယှဉ်ပြိုင်ကြဖို့ နိုင်ငံစုံမှ ကစားသမားများက ကြိုးပမ်းလေ့ကျင့်လျက်ရှိကြပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။

Source: Malaymail, Kakuchopurei


[Zawgyi]

၂၀၁၉ ဆီးဂိမ္း ရဲ႕ Esports ၿပိဳင္ပြဲမွာ ေရႊတံဆိပ္ဆု (၂) ခု မွန္းထားတဲ့ လက္ေရြးစင္ Esports အသင္း

 

မေလးရွား ေနရွင္နယ္ Esports အသင္းမန္ေနဂ်ာ Firdaus Hashim က သူတို႔ အသင္းဟာ လာမယ့္ ဆီးဂိမ္းရဲ႕ Dota 2 နဲ႔ Hearthstone တုိ႔မွာ ေရႊတံဆိပ္ႏွစ္ခု ရရွိဖုိ႔ ေမွ်ာ္မွန္းထားေၾကာင္း ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ ဒါ့အျပင္ Starcraft II, Mobile Legends: Bang Bang, Arena of Valor နဲ႔ Tekken 7 တို႔မွာလည္း ေငြတစ္ခုနဲ႔ ေၾကး ၃ ခုစီ မွန္းထားေၾကာင္းလည္း ေျပာခဲ့ပါတယ္။

Manager and Coaches from Malaysia SEA Games Esports Team

ျပိဳင္ပြဲဝင္မယ့္ မေလးရွားအသင္းမွာ အဖြဲ႕ဝင္ စုစုေပါင္း ၂၄ ေယာက္ ပါဝင္ျပီး အရန္ကစားသမား ၃ ေယာက္ ပါဝင္မွာျဖစ္ေၾကာင္း၊ National Esports trials ရဲ႕ Tekken 7 မွာ runners up ဆုရရွိခဲ့တဲ့ Abdul Rahim Abdul Shukor ကို လည္း အသင္းထဲမွာ ထည့္သြင္းဦးမွာျဖစ္ျပီး ဒီလိုျပဳလုပ္ႏိုင္ဖုိ႔အတြက္ မေလးရွားအိုလံပစ္ေကာင္စီ (OCM) ရဲ႕ ခြင့္ျပဳခ်က္ကို ေစာင့္ဆိုင္းေနေၾကာင္းတို့ကိုလည္း ေျပာသြားခဲ့ပါတယ္။

“ျပင္ဆင္မႈေတြကေတာ့ အဆင္ေျပေခ်ာေမြ႕ေနပါတယ္။ အခ်ိဳ႕ျပိဳင္ပြဲဝင္မယ့္သူေတြက ေက်ာင္းသားေတြျဖစ္ေနလို႔ သူတို႔ကို ေစာင့္ေနရတာေတာ့ ရွိပါတယ္။ ေနာက္လမွာေတာ့ စုံစုံညီညီ စုစည္းႏိုင္မယ္လို႔ ခန္႔မွန္းထားပါတယ္။” အစရွိသျဖင့္လည္း ေျပာခဲ့ပါေသးတယ္။

ဒီအေၾကာင္းေတြကို Firdaus Hashim က မေလးရွားႏိုင္ငံ Wangsa Maju မွာ ရွိတဲ့ Orange Esports Cyber Cafe မွာ ေျပာသြားခဲ့တာပါ။ ေျပာၾကားခ်ိန္မွာ ၂၀၁၉ ဆီးဂိမ္းအတြက္ မေလးရွားရဲ႕ deputy Chef de Mission (CDM) II အျဖစ္တာဝန္ယူထားတဲ့ Nurul Huda Abdullah လည္း ေရာက္ရွိေနခဲ့ပါတယ္။ Nurul Huda Abdullah ဟာ ဆီးဂိမ္းျပိဳင္ပြဲမ်ားရဲ႕ ေရကူးအားကစားမွာ ေရႊတံဆိပ္ ၂၂ ခုအထိ ရယူထားႏိုင္ခဲ့တဲ့ အားကစားမယ္ ခ်န္ပီယံေဟာင္းလည္း ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ ကစားသမားမ်ားဟာ တစ္ေန႔ကို ၁၂ နာရီၾကာေအာင္ ေလ့က်င့္မႈမ်ား ျပဳလုပ္ေနၾကပါတယ္။ ေရႊတံဆိပ္မ်ား မွန္းထားေၾကာင္း ၾကားသိခဲ့ရတဲ့ Nurul Huda က “အသင္းရဲ႕ မန္ေနဂ်ာနဲ႔ နည္းျပဆီကေန ကစားသမားမ်ားဟာ တစ္ေန႔ကို ၁၂ နာရီ ေလ့က်င့္ခ်ိန္ယူျပီး အားသြန္ခြန္စိုက္ၾကိဳးစားေနၾကေၾကာင္းလည္း ၾကားသိခဲ့ရလုိ႔ အလြန္ဝမ္းေျမာက္မိပါတယ္။ Esports ဟာ တစ္ျခား အားကစားမ်ားနဲ႔ မတူလို႔ စိတ္ပိုင္းဆိုင္ရာ ေလ့က်င့္မႈမ်ားလည္း အထူးျပဳလုပ္ဖုိ႔ လိုအပ္ပါတယ္။” လို႔ ေျပာသြားခဲ့ပါတယ္။

၂၀၁၉ ဆီးဂိမ္းမွာ ဝင္ေရာက္ယွဥ္ျပိဳင္မယ့္ မေလးရွားႏိုင္ငံကိုယ္စားျပဳ Dota 2 အသင္းကေတာ့ Team Unicorn ပါ။ Team Unicorn ဟာ SEA Games Qualifier ရဲ႕ Grand Final မွာ YameteH နဲ႔ Ohaiyo တို႔ ပါဝင္တဲ့ Felix+4 ကို အႏိုင္ရရွိခဲ့လို႔ ယခုလို တက္လာႏိုင္ခဲ့တာျဖစ္ပါတယ္။ YameteH ဟာ Dota 1 ေခတ္ထဲက ထင္ရွားခဲ့တဲ့ကစားသမားျဖစ္သလို Ohaiyo ဟာလည္း TI3 ကို Fnatic အသင္းကေန ဝင္ေရာက္ယွဥ္ျပိဳင္ဖူးသူပါ။

Team Unicorn

ဒီလို ဝါရင့္ကစားသမားမ်ားကို အႏိုင္ရခဲ့တဲ့ Team Unicorn ဟာ သာမန္အသင္းတစ္သင္းေတာ့ မဟုတ္ေၾကာင္း ထင္ရွားလ်က္ရွိပါတယ္။ Team Unicorn မွာ Mercury, Jolly, KaNG, czy နဲ႔ TrazaM တို႔ ပါဝင္ျပီး Jolly က ေခါင္းေဆာင္ေနရာကို တာဝန္ယူထားပါတယ္။ Qualifier မ်ားမွာ ေအာင္ႏိုင္ခဲ့လို ဝမ္းေျမာက္ေၾကာင္းနဲ႕ ၂၀၁၉ ဆီးဂိမ္းမွာ အေကာင္းဆုံး ၾကိဳးစားသြားမွာျဖစ္ေၾကာင္းတို့ကို Jolly က ေျပာခဲ့ဖူးပါတယ္။

မၾကာမီ ဖိလစ္ပိုင္ႏိုင္ငံမွာ က်င္းပေတာ့မယ့္ ၂၀၁၉ ဆီးဂိမ္းမွာ Esports ဟာ ဆုတံဆိပ္ခ်ီးျမွင့္မယ့္ အားကစားအျဖစ္ ပထမဆုံးအၾကိမ္ ပါဝင္လာတာပါ။ သမိုင္းတြင္မယ့္ ဒီျပိဳင္ပြဲကို အၾကိတ္အနယ္ ဝင္ေရာက္ယွဥ္ျပိဳင္ၾကဖုိ႔ ႏိုင္ငံစုံမွ ကစားသမားမ်ားက ၾကိဳးပမ္းေလ့က်င့္လ်က္ရိွၾကပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။

Source: Malaymail, Kakuchopurei