[Unicode]

Ceb နဲ့ Madara တို့ OG မှာပါဝင်လာမယ့် WeSave! ပရဟိတ Dota2 ပြိုင်ပွဲ

 

လွန်ခဲ့တဲ့ ရက်ပိုင်းက ကြေညာခဲ့တဲ့ WePlay! က ကျင်းပတဲ့ WeSave! Charity Play ပြိုင်ပွဲဟာ ယနေ့ စတင်ကျင်းပမှာ ဖြစ်ပါတယ်။ Region 6 ခုက အသင်း (၄) သင်းစီ ပါဝင်ကြမှာဖြစ်ပြီး ဆုကြေးဒေါ်လာ ၁၂၀,၀၀၀ ပေးအပ်မှာ ဖြစ်ပါတယ်။ Online ပွဲစဉ်ဖြစ်တာကြောင့် Region တူတဲ့ အသင်းအ​ချင်းချင်းသာ ယှဉ်ပြိုင်ကြမှာပါ။

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ရန်ပုံငွေ ရှာဖွေဖို့ တကမ္ဘာလုံးက အကောင်းဆုံးအသင်းတွေ ပါဝင်ယှဉ်ပြိုင်ကြတာ TI ၂ နှစ်ဆက် ချန်ပီယံ OG လည်း အပါအဝင်ပါပဲ။ လက်ရှိသိထားရသလောက် အသင်းအများစုဟာ ပုံမှန် လူစာရင်းနဲ့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပေမယ့်လည်း OG ကတော့ လူစာရင်း ၂ ဦး အပြောင်းအလဲ လုပ်ထားတာကို တွေ့ရပါတယ်။

OG ဟာ သူတို့ရဲ့ Offlane နဲ့ Carry ဖြစ်တဲ့ MidOne နဲ့ Topson တို့နေရာမှာ ဝါရင့် Legend တစ်ဦးဖြစ်တဲ့ ကစားသမား​ဟောင်း Ceb ရယ် ဒုတိယအသင်း OG Seed က Madara ရယ် ပါဝင်လာမှာ ဖြစ်ပါတယ်။ OG ဖက်က တရားဝင် သတင်းမထုတ်ပြန်သေးပေမယ့် WePlay! ရဲ့ Website က OG ကစားသမား စာရင်းမှာတော့ ပြောင်းလဲထားပါတယ်။

MidOne က တော့ ကိုရိုနာ ဗိုင်းရပ်စ်ကိစ္စကြောင့် သူ့ရဲ့မွေးရပ်မြေ မလေးရှားနိုင်ငံကို ပြန်တာဖြစ်နိုင်ပြီး Topson ကတော့ သူရဲ့ ချစ်သူရှိရာ မလေးရှားကိုပဲ သွားရောက် လည်ပါတ်နေတယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် OG ပရိသတ်တွေအတွက်တော့ Ceb ပါဝင်လာခြင်းဟာ အရာအားလုံးကို မေ့လျော့စေမှာပါ။

Topson with his gf Mawar Remy

ပြိုင်ပွဲတွေကိုတော့ ယနေ့ည ၅:၃၀ မှာ GeekFam နဲ့ BOOM Eaports တို့က စတင်ယှဉ်ပြိုင်မှာ ဖြစ်ပြီး OG ကတော့ မနက်ဖြန် စနေနေ့ ည ၁၁:၃၀ မှာ Team Liquid နဲ့ စတင်ယှဉ်ပြိုင်ရမှာပါ။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။


[ZawGyi]

Ceb နဲ႔ Madara တို႔ OG မွာပါဝင္လာမယ့္ WeSave! ပရဟိတ Dota2 ၿပိဳင္ပြဲ

 

လြန္ခဲ့တဲ့ ရက္ပိုင္းက ေၾကညာခဲ့တဲ့ WePlay! က က်င္းပတဲ့ WeSave! Charity Play ၿပိဳင္ပြဲဟာ ယေန႔ စတင္က်င္းပမွာ ျဖစ္ပါတယ္။ Region 6 ခုက အသင္း (၄) သင္းစီ ပါဝင္ၾကမွာျဖစ္ၿပီး ဆုေၾကးေဒၚလာ ၁၂၀,၀၀၀ ေပးအပ္မွာ ျဖစ္ပါတယ္။ Online ပြဲစဥ္ျဖစ္တာေၾကာင့္ Region တူတဲ့ အသင္းအ​ခ်င္းခ်င္းသာ ယွဥ္ၿပိဳင္ၾကမွာပါ။

ကို႐ိုနာဗိုင္းရပ္စ္ တိုက္ဖ်က္ေရးအတြက္ ရန္ပုံေငြ ရွာေဖြဖို႔ တကမာၻလုံးက အေကာင္းဆုံးအသင္းေတြ ပါဝင္ယွဥ္ၿပိဳင္ၾကတာ TI ၂ ႏွစ္ဆက္ ခ်န္ပီယံ OG လည္း အပါအဝင္ပါပဲ။ လက္ရွိသိထားရသေလာက္ အသင္းအမ်ားစုဟာ ပုံမွန္ လူစာရင္းနဲ႔ ယွဥ္ၿပိဳင္ၾကမွာ ျဖစ္ေပမယ့္လည္း OG ကေတာ့ လူစာရင္း ၂ ဦး အေျပာင္းအလဲ လုပ္ထားတာကို ေတြ႕ရပါတယ္။

OG ဟာ သူတို႔ရဲ႕ Offlane နဲ႔ Carry ျဖစ္တဲ့ MidOne နဲ႔ Topson တို႔ေနရာမွာ ဝါရင့္ Legend တစ္ဦးျဖစ္တဲ့ ကစားသမား​ေဟာင္း Ceb ရယ္ ဒုတိယအသင္း OG Seed က Madara ရယ္ ပါဝင္လာမွာ ျဖစ္ပါတယ္။ OG ဖက္က တရားဝင္ သတင္းမထုတ္ျပန္ေသးေပမယ့္ WePlay! ရဲ႕ Website က OG ကစားသမား စာရင္းမွာေတာ့ ေျပာင္းလဲထားပါတယ္။

MidOne က ေတာ့ ကို႐ိုနာ ဗိုင္းရပ္စ္ကိစၥေၾကာင့္ သူ႔ရဲ႕ေမြးရပ္ေျမ မေလးရွားႏိုင္ငံကို ျပန္တာျဖစ္ႏိုင္ၿပီး Topson ကေတာ့ သူရဲ႕ ခ်စ္သူရွိရာ မေလးရွားကိုပဲ သြားေရာက္ လည္ပါတ္ေနတယ္လို႔ ယူဆရပါတယ္။ ဒါေပမယ့္ OG ပရိသတ္ေတြအတြက္ေတာ့ Ceb ပါဝင္လာျခင္းဟာ အရာအားလုံးကို ေမ့ေလ်ာ့ေစမွာပါ။

Topson with his gf Mawar Remy

ၿပိဳင္ပြဲေတြကိုေတာ့ ယေန႔ည ၅:၃၀ မွာ GeekFam နဲ႔ BOOM Eaports တို႔က စတင္ယွဥ္ၿပိဳင္မွာ ျဖစ္ၿပီး OG ကေတာ့ မနက္ျဖန္ စေနေန႔ ည ၁၁:၃၀ မွာ Team Liquid နဲ႔ စတင္ယွဥ္ၿပိဳင္ရမွာပါ။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။